ကျေးဇူးတရားမေ့မထားနဲ့
ဟိုးရှေးအခါတုန်းက ဗာရာဏသီပြည်မှာ ဒဠဓမ္မ မင်းစိုးစံနေတယ်. . . ထိုမင်းမှာ ဩဠဗျာဒိ ဆိုတဲ့ ဆင်မတစ်ကောင်ရှိတယ်. . .
အဲဒီဆင်မက ယူဇနာ တစ်ရာခရီးကို နေ့ချင်းပေါက်ရောက်အောင် သွားနိုင်တယ် . . ခြေမြန်တမန်တော် အမှုကို ကောင်းမွန်စွာ
ပြုလုပ်ပေးနိုင်ပါတယ်. . . ရန်သူတို့ကိုလည်း အောင်မြင်အောင် နှိမ်နင်း စစ်ထိုးနိုင်တယ်. . . ဒီတော့ မင်းကြီးဟာ ဆင်မကို
အခြွေအရံတွေများစွာ ပေးထားပြီး ကောင်းစွာ ချီးမြှောက်ထားတယ်. . .
ဆင်မကြီး အိုမင်းလာတဲ့အခါမှာ ဘုရင့်အမှုတော်ကို ငယ်စဉ်တုန်းကလို တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လတ်လတ်
မထမ်းဆောင်နိုင်တော့ဘူး. . . ဆင်မကြီးကို အသုံးမချတော့ဘူး . . ပေးထားတဲ့ အခြွေအရံတွေကိုလည်း
ပြန်လည်ရုတ်သိမ်းလိုက်တယ်. . . . . ဆင်မကြီးဟာ တောအရပ်မှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေကိုသာ
ရှာဖွေစားသောက် အသက်မွေးနေရရှာတယ်. . .
တစ်နေ့ မင်းကြီးဟာ အိုးထိန်းသည် တစ်ယောက်ကို ခေါ်ယူလိုက်တယ်. . “ငါ့ရဲ့ နန်းတော်ထဲမှာ အိုးတွေ မလုံမလောက်
ဖြစ်နေတယ်. . . အိုးတွေ အမြန်လုပ်ပြီးယူလာခဲ့လော့. . . . ” ဟု အမိန့်ပေးလိုက်တယ်. . . .အိုးထိန်းသည်က “အရှင်မင်းကြီး
အိုးဖုတ်ဖို့အတွက် လောင်စာ နွားချေးတိုက်လိုပါတယ်. . . နွားချေးတိုက်ယူရန် လှည်းဆွဲမဲ့နွား မရှိပါဘူး. . . ”
လို့လျှောက်တင်လိုက်ပါတယ်. . .
“ဩဠဗျာဒိ ဆင်မအိုကြီးရှိတယ်မလား သူ့ကို ယူပြီးတိုက်လေ . . “ဟု မင်းကြီးက မိန့်လိုက်ပါတယ်. .
တစ်ချိန်က လျှမ်းလျှမ်းတောက် ချီးမြှောက် ခြင်းခံခဲ့ရတဲ့ ဆင်မကြီးဟာ ခုတော့ နွားချေးလှည်း ဆွဲနေရပါတယ်. . ဆင်မကြီးဟာ
တွေးကြည့်ရင်း ဝမ်းနည်းလာပါတယ်. . .တစ်နေ့တော့ ပညာရှိ အမတ်ကြီးနဲ့ ဆုံဆည်းမိတဲ့အခါ ငိုကြွေးပြီး ရှိခိုး
ဦးတင်လျှောက်ထားလိုက်ပါတယ်. .
“အမတ်ကြီး ကျွန်ုပ် နုပျိုသန်စွမ်းစဉ်က စည်းစိမ်တွေ အခြံအရံတွေ ပေးထားပါတယ်. . အိုမင်းလာတဲ့ အခါမှာ စည်းစိမ်၊
အခြံအရံတွေ ပြန်လည် ရုပ်သိမ်းသွားပါတယ်. . . ကျွနုပ်ကိုလည်း အမှတ်မရကြတော့ပါ. . . ကျွန်ုပ်ဟာ တောထဲမှာ
ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေစား အသက်မွေးနေရပါတယ်. . . ဒီထက်ပိုဆိုးတာက ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာကိုမှ မ
ထောက် ယခုအခါ နွားချေးလှည်း ဆွဲခိုင်းထားပါတယ်. . . ကျွန်ုပ်ကို သနားကြင်နာရင် အရင်ကလို စည်းစိမ်နဲ့ အခြံအရံတွေ ြ
ပန်ရအောင် မင်းကြီးကို လျှောက်တင်ပေးပါ . . .” ဟု ပြောလေသည်. .
နောက်တစ်နေ့ ညီလာခံတွင် “အရှင်မင်းကြီး လူတွေဟာ မိမိအတွက် အကျိုးပြုနိုင်သူကို ၊ အသုံးချလို့ရတဲ့ အချိန်မှာ အသုံးချပြီး ၊
အသုံးမဝင်တော့တဲ့အခါမှာ ဩဠဗျာဒိဆင်မလို လျစ်လျူရှုစွန့်ပစ်ထားလိုက်ကြတယ်. . . ရှေးက မိမိအပေါ် အကျိုးစီးပွား
ဆောင်ရွက်ခဲ့သူအား တုန့်ပြန်ကြည့်ရှု စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်. . . ကျေးဇူး မသိတတ်ကြသူတွေ
ကြံစည်လုပ်ဆောင်သမျှ ပျက်စိးတတ်ကြပါတယ်. . ကျေးဇူးဆပ်ရမှာကို သိတဲ့သူတွေက ကသာ အကျိုးစီးပွား
တိုးတက်ဖြစ်ထွန်းကြပါတယ်. . . ယခုမင်းပရိသတ် အပေါင်းဟာလည်း သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်ပြီး
ကျေးဖူးဆပ်ကြမယ်ဆိုရင် နတ်ပြည်ကို ရောက်က နတ်စည်းစိမ်ကို ကြာရှည်စွာ ခံစားနေနိုင်ကြပါလိမ့်မယ်. . .” လို့
အမတ်ကြီးက လျှောက်တင်လိုက်ပါတယ်. . .
မင်းကြီးဟာ ပြန်လည်သတိရလာတယ် . . . ဩဠဗျာဒိ ဆင်မအိုကြီးအား ယခင်းအတိုင်း ပေးမြဲအခြံအရံနဲ့ စည်းစိမ်တွေကို
ထပ်မံပေးလိုက်ပါတယ်. . မင်းကြီးနဲ့တကွ အမတ်အားလုံးဟာ အမတ်ကြီးရဲ့ ဆုံးမစကားနဲ့ အညီ နေထိုင်သွားကြတာမို့
ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ ရောက်ခဲ့ကြရပါတယ်. . .
(ဒဠဓမ္မဇာတ်)
“ကျေးဇူးတရားအပေါ် ထောက်ထားညှာတာခြင်းဟာ
လူသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်.