Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မမေ့နိုင်သော ဆရာတစ်ဦး Teacher

weiweiDecember 29, 20101min88112

အရိုက်အလွန်ကြမ်းသော စတုတ္ထတန်းမှ ဆရာတစ်ဦးကို ကျွန်မတစ်သက် ဘယ်လိုမှမေ့လို့မရပါ။ သူက ကျွန်မ (၄) တန်းတုန်းက အတန်းပိုင်ဆရာဖြစ်ပါတယ်။ ကျွန်မတို့ (၄) တန်းကျောင်းသားအားလုံး သူ့ရဲ့နောက်ဆုံးတပည့်တွေလဲဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ ၄ တန်းဖြေပြီးတဲ့ နွေရာသီမှာပဲ ဆရာကွယ်လွန်သွားလို့ ဖြစ်ပါတယ်။
ဆရာက သချင်္ာကို အဓိကထားသင်ပြီး အဲဒီခေတ်တုန်းက ဘာသာစုံကို ဆရာတစ်ဦးတည်းကသင်ရတဲ့အချိန်မို့လို့ တခြားဘာသာတွေလဲ သူပဲသင်ပါတယ်။ ဒါပေမယ့် သူက သချင်္ာပဲစိတ်ဝင်စားပါတယ်။ ကျောင်းစတက်တဲ့အချိန်တိုင်းမှာ သချင်္ာနဲ့စသင်ပြီး တစ်ခန်းလုံးကို စိတ်မချမ်းမသာဖြစ်အောင်လုပ်တော့တာပဲ။ သချင်္ာတွက်ရင် အယောက် (၂၀) ပြီးလို့ စာအုပ်ထပ်ပြီးတာနဲ့ ကျန်တဲ့ ကျောင်းသား ၅ဝ က စာအုပ်ဆက်တင်ခွင့်မရှိတော့ပဲ ခုံပေါ်မတ်တပ်ရပ်နေရပါတယ်။ စာအုပ်တင်လိုက်တဲ့ ကျောင်းသား ၂ဝ ကလဲ ဘုရားတရားသာတနေပေတော့။ မှားလို့ကတော့ အရိုက်ခံရပါတယ်။ ကြိမ်လုံးအကြီးကြီးနဲ့တော်တော်နာအောင်ရိုက်တဲ့ဆရာပါ။ တစ်နှစ်လုံး အဲဒီနည်းနဲ့ သချင်္ာသင်လို့ ဆရာ့ကိုအလွန်ကြောက်ကြရပါတယ်။ ကျွန်မတစ်ကြိမ်မှ မမှားခဲ့ဖူးပါ။ တစ်ကြိမ်မှာတော့ စာအုပ်တင်လိုက်တဲ့ အယောက် (၂၀) ထဲမှာ ၁၉ ယောက်တိတိမှားပြီး ကျွန်မတစ်ယောက်ထဲ မှန်နေခဲ့ဖူးပါတယ်။ အဲဒီနေ့က ဆရာအလွန်စိတ်ဆိုးပါတယ်။ ဒေါသကြီးလိုက်တာလဲ ကြောက်စရာတောင်ကောင်းပါတယ်။ သူထိုင်တဲ့ထိုင်ခုံကို အတန်းရှေ့ကိုထုတ်ပြီး ကျွန်မကိုထိုင်ခိုင်းပါတယ်။ ပြီးတော့ တစ်တန်းလုံးကကျောင်းသားအားလုံးကို တန်းစီပြီးလက်ပိုက်ခိုင်းပြီး ကျွန်မရှေ့မှာ ခေါင်းငုံ့ပြီး “မမက ကျွန်မ/ကျွန်တော်ထက်တော်ပါတယ်” လို့ပြောခိုင်းပါတယ်။ ဒီနေ့အထိ အဲဒီနေ့က အဖြစ်အပျက်ကို မမေ့သေးပါဘူး။ သူ့ကြိမ်လုံးကိုလွတ်တဲ့သူကလဲ တခန်းလုံးမှာ ကျွန်မတစ်ယောက်ထဲရှိခဲ့ဖူးပါတယ်။

နောက်တစ်ခု ဆရာ ကျွန်မတို့ကို ပဟေဌိဖြစ်စေတာကတော့ နာရီဖြစ်ပါတယ်။ သူ့မှာ နာရီမရှိပါဘူး။ လက်မှာ မပတ်ထားတာတော့ သေချာပါတယ်။ ကျွန်မသူငယ်ချင်းကောင်မလေးက နာရီပတ်ထားပါတယ်။ ဆရာက နာရီကို မိနစ်အတိအကျနဲ့ပြောနိုင်ပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် တစ်ခါမှ မလွဲဖူးပါဘူး။ ကျွန်မတို့ကတော့ ဆရာ့ကို အထူးအဆန်းတစ်ယောက်လို အံ့ဩနေခဲ့ပါတယ်။
ဆရာ့မှာ ပန်းနာရင်ကြပ်ရောဂါလိုမျိုးရှိပါတယ်။ ပရုတ်ဆီကို ကလော်ပြီး အာခေါင်ထဲထည့်တာကို ခဏခဏတွေ့ရလို့ ကျွန်မစိတ်ထဲမှာ တအံ့တဩဖြစ်ခဲ့ဖူးပါတယ်။ သူက ကျွန်မတို့ ထမင်းဗူးထဲက ဟင်းတွေကို မှန်အောင်ပြောနိုင်ပါတယ်။ နေ့တိုင်းတော့ မပြောဘူး။ မေးလိုက်တိုင်း ဖြေချင်မှဖြေပေမယ့် သူဖြေလိုက်တိုင်းမှန်နေပါတယ်။ သူ့မျက်နှာက ပြုံးနေလေ့ရှိပါတယ်။ ကျွန်မတို့ကျောင်းသားတွေက ဆရာ့ကိုအရမ်းအထင်ကြီးပါတယ်။ အကြားအမြင်ရနေတယ်လို့တောင် ထင်မိခဲ့ကြတယ်။ စာမေးပွဲတစ်ခါဖြေပြီးတိုင်း ရတဲ့အဆင့်အတိုင်း ယောက်ျားလေး မိန်းကလေးရောထိုင်ရလို့ ဆရာ့ကို တော်တော်မကျေနပ်လဲဖြစ်ဖူးပါတယ်။

နှစ်တွေပြောင်း အတန်းတွေကြီးလာချိန်အထိ သချင်္ာကို မကြောက်ခဲ့တာ အဲဒီဆရာကြောင့်ပဲလို့ တွေးမိတော့ ဆရာ့ကို ကျေးဇူးတင်စိတ် ယနေ့အထိရှိနေခဲ့ပါတယ်။ ဒါပေမယ့် (၄) တန်းက မြို့နယ်စစ် စာမေးပွဲမှာ အဆင့် (၁၀) အတွင်း မဝင်ခဲ့တာကလဲ ဆရာ့ကြောင့်ပါလားလို့ နောက်ပိုင်းတော့ တွေးနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်တွေးမိတာတော့ အဆင့်ဆိုတာက တကယ်တန်းတော့ အရေးမပါပါလား။ အရေးပါတာက စာတစ်ခုကို နားလည်တတ်မြောက်ခြင်းပဲလို့လဲ တဖြည်းဖြည်းနားလည်လာခဲ့ပါတယ်။

ဆရာ့နံမည်ကတော့ ဦးအေးသွင် ဖြစ်ပါတယ် …..

12 comments

  • weiwei

    December 29, 2010 at 3:18 pm

    အဘနီပို့စ်တင်တဲ့နည်းကို အလျှင်အမြန် အတုခိုးလိုက်တယ် … 🙂

    • eros

      December 29, 2010 at 3:27 pm

      မဝေ ဘယ်လိုလဲဗျ။ ရှယ်ပါဦး။

  • ဆူး

    December 29, 2010 at 3:27 pm

    တော်ပါပေ့ တတ်ပါပေ့.. အတုခိုးတာ မြန်လိုက်တာ.. အခုမှ သင်မလို့.. စာအုပ်ပိုက်ပြီး ဘောပင် ရှာတုန်း ကူးရေးပြီး အိမ်မှာ အလွတ်ကျက်ပြီးမှ သင်ထားတဲ့ ပညာ အသုံးချမလို့.. အဟီး..

    • weiwei

      December 29, 2010 at 4:34 pm

      စာအုပ်နဲ့ လက်တွေ့ မှာ လက်တွေ့က ပိုအသုံးတည့်ကြောင်း လက်တွေ့ပြလိုက်တာ … 😛

      eros ရေ .. အခုနည်းက အရင်က ပို့ရေးပြီး မတင်ပဲ သိမ်းထားဖူးမှ draft ကိုပြန် edit လို့ရတာ …

  • ဆူး

    December 29, 2010 at 3:49 pm

    မမေ့နိုင်တဲ့ ဆရာဆိုလို့.. ဆရာမ တယောက်ကို သတိရမိတယ်။
    ၅တန်းတုန်းက အင်္ဂလိပ်စာ သင်တဲ့ ဆရာမ.. ကျောင်းမှာ ဖောင်တခု ဖြည့်ခိုင်တယ် ကျောင်းသူတိုင်း မဖြည့်မနေရ.. အဲဒီနေ့ ဓါတ်ပုံယူလာရမယ် ကျောင်းမပျက်ရဘူးလို့ မှာလိုက်တယ်။ နိုင်ငံခြားသား သားသမီးမှ အပ မြန်မာ နိုင်ငံသားတွေရဲ့ သားသမီးတွေ အဲဒီဖောင်ကို ဖြည့်ရမယ်။ ထိုနေ့ ဆူးတော့ ကျောင်းသွားတယ်။ အရိုက်ခံရမှာ ကြောက်လို့.. ဆရာမက ကြိမ်လုံး ၃လုံးပြူးကြီးနဲ့ ကျောင်းသူတွေကို ဆုံးမလေ့ ရှိတော့ အသားနာမှ ကြောက်တာ အမှန်ဘဲ။ ထိုနေ့ သူငယ်ချင်း တယောက် ကျောင်းမလာဘူး သူ့ အဘွားနေမကောင်းလို့ ကျောင်းမတက်တာ အဲဒီ ဖောင် ဖြည့်တဲ့ နေ့ မလာရကောင်းလား ဆိုပြီး ၃လုံးပူးချည်ထားတဲ့ ကြိမ်လုံးနဲ့ နောက်နေ့ ကျောင်းတက်တော့ ရိုက်လိုက်တာ စကတ် အပေါ်ကနေ ချတာ အသားနီတောင် လန်တယ်။ သူငယ်ချင်းက ငါ မထိုင်နိုင်ဘူးဟယ် ဘာဖြစ်နေလဲ ကြည့်ပေးပါတဲ့.. သနားစရာ တော်တော် ကောင်းတယ် အဲဒီ ဖြစ်ရပ် ဘယ်တော့မှ မမေ့ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 29, 2010 at 4:41 pm

    ကိုယ်ပိုင်စာ ချရေးပါ

    တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။

    ၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
    Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။

    ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။

    ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
    တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
    ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။

    မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။

    သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
    ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။

    ၂) စာတင်နေသူများ ခင်ဗျား။
    ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။

    သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
    အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
    (တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
    သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
    မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။

    ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
    သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။ ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
    event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။

    ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင် Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။

    ( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)

    ==================

    စည်းကမ်းများ

    မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

    Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
    မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
    ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
    သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
    လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
    ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
    မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
    ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။

    အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။

    အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။

    ပွိုင့်ပေးစံနစ်ဖြည့်စွက်

    တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁ဝခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
    တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀ဝ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
    ========================

    ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
    – ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
    Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
    မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
    ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
    အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
    – စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
    – Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
    – စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
    – Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
    – နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)

  • weiwei

    December 29, 2010 at 4:45 pm

    ကိုအောင်ပု သတိပေးတာကို ကျေးဇူးတင်ပါတယ် …

  • search123

    December 30, 2010 at 2:52 am

    မဝေလိုပဲ မေ့လို့မရတဲ့ ဆရာနှစ်ယောက် ဘဝမှာ ရှိခဲ့ပါတယ်။
    ၈ တန်း သချင်္ာဆရာမနဲ့ ၉ တန်းဓါတုဗေဒ ဆရာပါ။
    တွေးလိုက်တိုင်း အမှတ်ရစရာတွေနဲ့ပါ။
    အခုခေတ်မှာတော့ မရှိနိုင်တော့ဘူးထင်ပါရဲ့။

  • etone

    December 30, 2010 at 3:48 am

    မဝေရေ draft ထဲကိုရောက်ဖို့မပြောနဲ့ new post form ပါတဲ့ စာမျက်နှာတောင်မတက်လာလို့ ဒုက္ခရောက်နေတာ 🙁

  • နီလေး

    December 30, 2010 at 4:46 am

    ဆရာကောင်းတွေရှိသလို ——— တွေလဲအများကြီးပါပဲ

  • kai

    December 31, 2010 at 12:27 am

    မဝေက သတိရသလိုပဲ ကျန်တဲ့ ကျောင်းသား ၆၉ယောက် က သတိရမှာပဲထင်တယ်..။
    ကြမ်နဲ့ရိုက်ခဲ့တဲ့ အတွက် သူတို့မှာ စိတ်ဒဏ်ရာတွေကျန်နေဦးမှာပဲ..။

    ဒီခေတ်မှာ ကလေးဆုံးမပုံကိုစံနစ်တကျပြုစုလေလာထားကြတာမှာ ..ရိုက်ဆုံးမတာဟာ မှားတယ်လို့ဆိုပါတယ်.။
    ဆိုတော့..
    ဒီဆရာရဲ့ ဆုံးမ သင်ပြနည်းက ..မှားတယ်ထင်ပါကြောင်း..။

  • weiwei

    March 9, 2012 at 12:30 am

    အန်တီပဒုမ္မာပို့စ်ကနေ related post မှာ ဒိပို့စ်မြင်လိုက်လို့ ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်သတိရသွားတယ် …. ဆရာရဲ့ကြိမ်လုံးကြီးက အလုံးကြီးတယ် ရှည်တယ် … အရမ်းကြောက်စရာကောင်းပါတယ် … ကျွန်မအကြောက်ဆုံးသက်မဲ့ပစ္စည်းတစ်ခုဖြစ်ခဲ့ဖူးတယ် … သချင်္ာတစ်ခါမှ မမှားဖူးလို့ အရိုက်မခံရပေမယ့် တစ်နေ့မှာ ကံဆိုးစွာနဲ့ ကြိမ်လုံးဒါဏ်ကို မိခဲ့တယ် … အဆော့မက်တဲ့ကိစ္စတစ်ခုနဲ့ ဆရာက အပြစ်ပေးလိုက်တာက သေရာပါဖြစ်အောင် စိတ်ထဲစွဲသွားခဲ့တယ် … အဲဒီနေ့ကစပြီး ဆရာ့ကို ပိုကြောက်ခဲ့တယ် …
    ကလေးတွေကို ရိုက်နှက်ဆုံးမတာကို ကျွန်မ မကြိုက်ဘူး … တကယ်တော့ ကျွန်မတစ်သက်လုံးမှာ အဲဒီတစ်ကြိမ်ပဲ အရိုက်ခံခဲ့ရဖူးပါတယ် …

Leave a Reply