Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Venues Protection အကြောင်း သိကောင်းစရာ

kaiDecember 8, 20101min1610

Venues Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂိ္ဂုလ်တွေနဲ့ ခေါင်းဆောင်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါ venues protection အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ venues ဆိုတာမှာ နေထိုင်ရာ အဆောက်အဦး၊ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ညစာစားပွဲ၊ လူထုအစည်းအဝေး၊ အခမ်းအနား စတာတွေ ပါဝင်ပါတယ်။ venues ပေါ်မှာ အခြေပြုပြီး သက်ရောက်လာနိုင်တဲ့ အန္တရာယ်တွေကတော့ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း၊ လူချင်းဝင်လုံးပြီး ဓားဖြင့်ထိုးခြင်း၊ စနိုက်ပါတပ်ဆင်ထားသော သေနတ်ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ဓာတုပစ္စည်းများဖြင့် တိုက်ခိုက်ခြင်း၊ ဇီဝပိုးမွှားများဖြင့် တိုက်ခိုက်ခြင်း၊ လူထုအစည်းအဝေးပွဲများတွင် အဓိကရုဏ်းဖြစ်အောင် ပြုလုပ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဓိကရုဏ်းဖြစ်ပြီး ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေဆိုတာ ခေါင်းဆောင်ရဲ့ အသက်ကို ရန်ရှာခံနိုင်ရမှု ရာခိုင်နှုန်း အမြင့်မားဆုံး အခြေအနေဖြစ်ပါတယ်။ ဒီအချိန်မှာ ခေါင်းဆောင်ရဲ့ close protection အဖွဲ့ဟာ ဘေးကင်းရာကို ခေါင်းဆောင်ကို အမြန်ဆုံးဆွဲထုတ်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူထုခေါင်းဆောင်တွေဟာ အခင်းဖြစ်ပွားရာ နေရာဒေသကို မစွန့်ခွာလိုကြပါဘူး။ ဒါကြောင့် close protection အဖွဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာဖို့ထက် ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်ကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။

venues protection ဆိုင်ရာ အခြေခံအချက်များ

*

စနစ်တကျ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရမည်
*

သွားရောက်မည့် နေရာ၏ အနီးဝန်းကျင် လုံခြုံရေးကို လေ့လာစုံစမ်းရမည်
*

လူထုအစည်းအဝေးများ၊ အဖွဲ့အစည်း အခမ်းအနားများတွင် ဝင်ပေါက်၊ ထွက်ပေါက်များကို စနစ်တကျ သတ်မှတ်ရမည်
*

close protection အဖွဲ့ဝင်မဟုတ်သော မည်သူမဆို ခေါင်းဆောင်အနီးသို့ ကပ်လာပါက သတိထားရမည်။
*

close protection အဖွဲ့ဝင် အချင်းချင်းသာ သိနိုင်သော သင်္ကေတများ ထားရှိရမည်
*

သတ်မှတ်ဝတ်စုံဝတ်ထားသော close protection အဖွဲ့ဝင်များအပြင် undercover အဖွဲ့ဝင်များလဲ ထားရှိရမည်
*

မည်သည့်နေရာသို့သွားသည်ဖြစ်စေ အရေးပေါ်အခြေအနေအတွက် ကြိုတင်စဉ်းစား ပြင်ဆင်ထားရမည်
*

close protection အဖွဲ့ဝင်များ အချင်းချင်း အရေးပေါ်အခြေအနေ ထွက်ပေါက်ကို သတ်မှတ်ထားရှိရမည်
*

အရေးပါပုဂိ္ဂုလ်နှင့် ခေါင်းဆောင်များအား ဖရိုဖရဲအခြေအနေများကြားမှ ဆွဲထုတ်ခေါ်သွားနိုင်မည့် safe haven သတ်မှတ်ချက် ရှိရမည်။

Outer perimeter protection

venues protection မှာ နေရာသတ်မှတ်ချက် နှစ်ခုရှိပါတယ်။ ပထမတခုက သက်ဆိုင်ရာ နေရာရဲ့ ပြင်ပ နဲ့ ဝင်ပေါက်နေရာ (outer perimeter) ဖြစ်ပြီး၊ ဒုတိယတခုက သက်ဆိုင်ရာ နေရာ၊ အဆောက်အဦးအတွင်း (inner perimeter) မှာ ဖြစ်ပါတယ်။

Outer perimeter protection ကို များသောအားဖြင့် advanced team ကို တာဝန်ယူခိုင်းလေ့ရှိပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်တဲ့ အဖွဲ့ဝင်များအနေနဲ့

*

အရေးပါပုဂ္ဂိုလ်သွားမယ့်နေရာကို ကြိုတင်ရောက်ရှိပြီး ဝန်းကျင်အနေအထားကို လေ့လာရပါမယ်
*

ကားရပ်မည့်နေရာကို သေချာကြည့်ရှုဖို့ လိုအပ်ပါတယ်
*

အရေးပါပုဂိ္ဂိုလ်စီးနင်းလိုက်ပါတဲ့ ကားရဲ့ ယာဉ်မောင်းကို ကားအနီးမှာ အချိန်ပြည့်ရှိစေရပါမယ်။ ယာဉ်မောင်းက တခြားတနေရာကို သွားဖို့ လိုလာရင် တခြားအဖွဲ့ဝင်တယောက်ယောက်က ကားအနီးမှာ သွားနေရပါမယ်
*

လူအဝင်အထွက်ကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရပါမယ်
*

စောင့်ကြည့်လေ့လာတဲ့နေရာ (observation posts) များ သတ်မှတ်ရပါမယ်
*

အရေးပါပုဂိ္ဂုလ် ပြန်လည်ထွက်ခွာမယ့် ထွက်ပေါက်နဲ့ အနီးဝန်းကျင်လုံခြုံရေးကို သတိပြုရမယ်
*

မီဒီယာ သတင်းထောက်တွေရဲ့ သတင်းထောက် အိုင်ဒီကတ်တွေကို စစ်ဆေးရပါမယ်
*

ကင်မင်ရာ၊ ဗွီဒီယိုစတဲ့ media equipment တွေကို လိုအပ်ရင် ကြည့်ရှုစစ်ဆေးရပါမယ်
*

အရေးကြီးတဲ့ strategic points တွေအားလုံးမှာ ကိုယ့်ဘက်တော်သားတွေပဲ ရှိနေဖို့ ပြင်ဆင်တာဝန်ပေးရပါမယ်။

Inner perimeter protection

Inner perimeter protection နဲ့ ပတ်သက်ပြီး personal escort အဖွဲ့ငယ်ကို တာဝန်ပေးလေ့ရှိပါတယ်။ တာဝန်ရှိသူများဟာ

*

အိမ်၊ ရုံး အဆောက်အဦး (သို့မဟုတ်) အခမ်းအနားကျင်းပရာ ကွင်းပြင်အတွင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်
*

အရေးပါပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရပါမယ်။ သို့ပေမယ့် တကောက်ကောက် ဘေးမှာ လိုက်နေရမှာကို ဆိုလိုတာ မဟုတ်ပါ။ အရေးပါပုဂိ္ဂိုလ်နဲ့ မိတ်ဆွေများရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးသည်အထိ မပြုလုပ်ရပါ
*

undercover (covert) လုံခြုံရေးတာဝန်ယူသူများကို တာဝန်ပေးဖို့ လိုအပ်ပါတယ်
*

အဆောက်အဦးအတွင်းမှာ safe haven နေရာ သတ်မှတ်ချက် ရှိရပါမယ်

အဆောက်အဦးအား ရှာဖွေခြင်း

လုံခြုံရေးအတွက် အဆောက်အဦးကို ရှာဖွေတဲ့အခါမှာ အပြင်မှ အတွင်းသို့ ရှာဖွေခြင်း၊ အောက်မှ အထက်သို့ ရှာဖွေခြင်း၊ ပုန်းအောင်နိုင်ဖွယ်ရာ နေရာများအား ရှာဖွေခြင်းဆိုပြီး နည်းလမ်း သုံးမျိုး ရှိပါတယ်။ ဒီလိုရှာဖွေတဲ့အခါမှာ ရှာဖွေရေးအဖွဲ့ရဲ့ လူအင်အား လေးပုံတပုံက ပြင်ပမှာ ရှာဖွေရပါမယ်၊ လူအင်အားလေးပုံတပုံက အများပြည်သူတွေ ဝင်ထွက်သွားလာလေ့ရှိတဲ့ နေရာတွေကို ရှာဖွေပြီး၊ ကျန်အင်အားတဝက်က အဆောက်အဦးမှာ ရှိတဲ့ အခန်းများကို ပတ်စိပ်တိုက်ရှာဖွေရပါမယ်။

ပြင်ပရှာဖွေခြင်း (external searching) ပြုလုပ်တဲ့အခါ အဆောက်အဦးရဲ့ ၂၅ မီတာဝန်းကျင်ကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေတဲ့အခါ ground level အနေနဲ့ အမှိုက်စွန့်ပစ်ရာ နေရာများ၊ ပန်းအိုးများ၊ ရေပန်းများ၊ ရပိုက်များနဲ့ အနီးမှာ ရပ်ထားတဲ့ ကားများကိုပါ စောင့်ကြည့်ရပါမယ်။ ပြီးတဲ့အခါ ground to roof level အနေနဲ့ ပြတင်းပေါက်ဘောင်များ၊ လေအေးပေးစက်များ၊ မီးကြိုးများနဲ့ ခေါင်းမိုးကို ရှာဖွေရပါမယ်။ ဒီလိုရှာဖွေပြီးတာနဲ့ အရေးကြီးနေရာများမှာ လူအဝင်အထွက် ထပ်မံပြုလုပ်ခြင်းကို တားဆီးခြင်း၊ အစောင့်ချထားခြင်း ပြုလုပ်ရပါမယ်။

အများပြည်သူဝင်ထွက်သွားလာမယ့်နေရာများအား ရှာဖွေခြင်း (searching for public places) ကို ပြုလုပ်တဲ့အခါ ဧည့်ခန်းဆောင်၊ လျှပ်စီးမီး၊ ပန်းအိုး၊ ကုလားထိုင်၊ စားပွဲ၊ မီးသတ်ဗူး၊ ဓာတ်လှေကား၊ ရေအိမ်များ၊ ဗွီဒိုများ၊ စတိုခန်းနဲ့ လျှပ်စစ်သုံးစက်ကိရိယာများကို ရှာဖွေရပါမယ်။

တခန်းဝင်တခန်းထွက် ရှာဖွေခြင်း (room to room searching) ကို ပြုလုပ်တဲ့အခါ ပထမဦးဆုံး အမြင်အာရုံကို အသုံးပြုပြီး လှည့်ပတ်ကြည့်ရပါမယ်။ ပြီးတဲ့အခါ အခန်းထဲမှာ လျှောက်ကြည့်ပြီး ခေတ္တခဏရပ်ခြင်းကို အခါခါပြုလုပ်ရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မူမှန်မဟုတ်တဲ့ အသံတွေကို ကြားရနိုင်ပါတယ်။ အခန်းကို ရှာဖွေတဲ့အခါ searching level လေးဆင့်ရှိပါတယ်။ ပထမတဆင့်က floor to hip level ပါ။ ဒီအဆင့်မှာ ကော်ဇော၊ ကုလားထိုင်၊ စားပွဲ၊ ဗွီဒိုအသေး၊ မီးခလုတ် စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်က hip to eye levelပါ။ ဒီအဆင့်မှာ ဗွီဒိုကြီး၊ မီးခလုတ်၊ လေအေးပေးစက်၊ မီးခလုတ်နဲ့ စာအုပ်စင်စတာတွေ ပါဝင်ပါတယ်။ နောက်တဆင့်ကတော့ eye level to the ceiling ဖြစ်ပါတယ်။ ဒီအဆင့်မှာ အမြင့်မှာတပ်ဆင်ထားတဲ့ လေအေးပေးစက်၊ အသံချဲ့စက်၊ ပန်ကာ၊ မီးကြိုးများ စတာတွေ ပါဝင်ပါတယ်။ နောက်ဆုံးတဆင့်ကတော့ ceiling ဖြစ်ပါတယ်။ ceiling မှာ ရေးထားတဲ့ စာတွေအပါအဝင် ရှိသမျှကို ကြည့်ရှုစစ်ဆေးရပါမယ်။

ရုံးခန်းလုံခြုံရေး

venues protection မှာ အရေးပါပုဂ္ဂိုလ် ရုံးထိုင်တဲ့ ရုံးခန်းဟာလဲ အလွန်အရေးကြီးပါတယ်။ ရုံးခန်းဟာ အောက်ဆုံးအထပ်မှာ မရှိသင့်ပါဘူး။ အရေးပါပုဂ္ဂိုလ်ရဲ့ရုံးခန်းကို သွားမယ်ဆိုရင် အခြားရုံးခန်းတွေရှေ့က (သို့မဟုတ်) ရုံးသူရုံးသားအများရှိနေသော စားပွဲများရှေ့က ဖြတ်သွားမှသာ ရောက်နိုင်ရပါမယ်။ ရုံးခန်းမှာ ပြတင်းပေါက်တွေရှိရင် ခန်းဆီးများတပ်ရပါမယ်။ အရေးပါပုဂ္ဂိုလ် ရုံးထိုင်နေတာကို ပြင်ပကနေ အလွယ်တကူ မြင်နိုင်ခြင်း မရှိစေရပါဘူး။

ဧည့်သည်များနဲ့ တွေ့ဆုံတဲ့အခါ ကြိုတင်ပြီး appointment ယူခိုင်းရပါမယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ ရုံးခန်းအတွင်းကို ဝင်ရောက်စေတာထက် အများနဲ့ တွေ့ဆုံရမယ့် outside office ဖန်တီးထားသင့်ပါတယ်။ အဲဒီမှာ အရေးပေါ်ခေါင်းလောင်း တပ်ဆင်ထားသင့်ပါတယ်။ ရုံးအဝင်အထွက် နေရာများနဲ့ ရုံးတွင်းက အရေးကြီးတဲ့ နေရာများ၊ အချိုးအကွေ့နေရာများမှာ CCTV များ တပ်ဆင်ထားသင့်ပါတယ်။ ရုံးခန်းတံခါးတွေမှာ အမည်များ၊ ရာထူးများ သတ်မှတ်ရေးသားထားတာရှိရင် ဖယ်ရှားပြီး နံပါတ်များနဲ့ အစားထိုးရပါမယ်။ စတိုခန်းနဲ့ ရေအိမ်များမှာ လုံခြုံရေး ခလုတ်များနဲ့ ဖွင့်ရမယ့် တံခါးများ ရှိသင့်ပါတယ်။ ဧည့်သည်များနဲ့ အများပြည်သူသုံး ရေအိမ်ကို သီးခြားထားသင့်ပါတယ်။ ရုံးအတွင်းမှာ အရေးပေါ်အချိန်မှာ နေထိုင်ရမယ့် safe room ထားရှိပြီး ဆက်သွယ်ရေးကိရိယာများ၊ အစားအစာနဲ့ ဆေးဝါးများကို အဆင်သင့်ထားရှိပါမယ်။

နိဂုံး

ကမ္ဘာတဝှမ်းက အရေးပါပုဂ္ဂိုလ်တွေကို လုပ်ကြံခံရမှုတွေမှာ ရုံးခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အစည်းအဝေးခန်းမ၊ လူထုအစည်းအဝေး တွေရဲ့ လုံခြုံရေးအခြေအနေ အားနည်းချက်တွေက အဓိက ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် venues protection ဆိုင်ရာ အခြေခံအချက်အလက်များကို အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့်သူများနဲ့ အခြေအနေက တောင်းဆိုလို့ အရေးပေါ်တာဝန် ယူလိုက်ရမယ့် သူများအနေနဲ့ သိရှိနားလည်ထားဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၈၊ ၁၂၊ ၂၀၁၀)