Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Mandalay Gazette သို့အိတ်ဖွင့်ပေးစာ

petitelapineDecember 16, 20101min84156

ခုတလော Mandalay Gazette  မှာ စာဖတ်ရတာ တော်တော်ပျင်းစရာကောင်းလာတယ်..အရင်ကလောက် သတင်းတွေ မမြိုင်တော့သလိုပဲ..ထင်တာတော့ copy တွေ ပျောက်သွားလို့ ထင်တယ်..အဲဒါ တစ်ခုက ကောင်းလည်း ကောင်းတယ်..မကောင်းလည်း မကောင်းဘူး ဘာလို့လည်းဆိုတော့ တစ်ချို့ သတင်းတွေ မဖတ်ရတော့ဘူးလေ..ဖြစ်နိုင်ရင် copy တွေလည်း ပြန်တင်ပေးစေချင်ပါတယ်.အမှတ်ပေးတာ မပေးတာတော့ Admin တွေရဲ့ အပိုင်းပေါ့နော်..ကျွန်မတို့ကတော့ သတင်းတွေ(ဖြစ်နိုင်ရင် အရေးပါတာတွေ) ဖတ်ချင်ပါတယ်..အမှတ်ရရင်ပြီးရောဆိုပြီး ဘာမှ မဟုတ်တာတွေ တင်နေတာကတော့ စာဖတ်သူကို အချိန်ပုတ်စေပါတယ်..ကျွန်မ အကုန်လုံးကို မဆိုလိုဘူးနော်..တကယ်ဖတ်လို့ကောင်းတဲ့ ကိုယ်တိုင်ရေး post တွေလည်း ရှိပါတယ်..ဒီတော့ Admin တွေအနေနဲ့ နည်းနည်းစဉ်းစားဖို့ ကောင်းပါပြီ

56 comments

  • manawphyulay

    December 16, 2010 at 7:59 am

    ပျင်းတာ မပျင်းတာထက် ကိုယ်ပိုင်မူ ကိုယ်ပိုင်အရေးသားတွေ သီးသန့်ဖြစ်သွားတော့ နည်းနည်းသန့်သွားသလို ခံစားမိပါတယ်။ သတင်းဆိုတာကလည်း ဆိုက်တိုင်းမှာ ပြန့်နေတာတွေ ဒီမှာထပ်တင်နေတော့ သိပ်လည်း မထူးတော့ဘူးဖြစ်နေပါတယ်။ ဒီတော့ ကိုယ်ပိုင်အရေးအသားများကို များများတင်ပေးကြရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်ရှင်။

    • petitelapine

      December 17, 2010 at 8:20 am

      site တိုင်းမှာ ပြန့်နေတယ်ဆိုပေမယ့် site တိုင်းကို လိုက်မကြည့်နိုင်တဲ့လူတွေ အများကြီးပါ..အခုရော..Mandalaygazette မှာ ကိုယ်ပိုင်အရေးအသားတွေချည်းပဲမှ မဟုတ်တာ..ကိုယ်ပိုင်အရေးအသားဆိုပြီး တန်ဖိုးမရှိတာတွေဆိုရင်တော့ ကြာရင် Mandalaygazette က အမှိုက်ပုံလို ဖြစ်လာလိမ့်မယ် ထင်ပါတယ်..

  • fatty

    December 16, 2010 at 9:17 am

    ဒီမှာက ကွန်ဒီရှင် သိပ်မကောင်းလို့ပါ ခါတိုင်းလိုစုံအောင်မတင်နိုင်ဘူးလေ .. post တခုတင်ဖို့ နာရီဝက်လောက် တခါတခါ ၂ နာရီလောက်ကြာတယ်။

  • char too lan

    December 16, 2010 at 10:36 am

    ဟုတ်တယ် ကျနော်ဆိုဓာတ်ပုံတွေတင်ပေးဖို့ကြိုးစားနေတာ တော်တော်ကြာပီ ကြိုးစားလိုက် error တက်လို့ပျောက်သွားလိုက်နဲ့ တကယ်ကိုမလွယ်တော့ဘူး 🙁

  • PaukPhaw

    December 16, 2010 at 10:38 am

    MG မှာ အရေမရ အဖတ်မရတဲ့ Post တွေ ,Comment တွေ အားကြီးပဲ တွေ ့ရဒယ်ဂျာ..ဘာတွေမှန်းလဲ မသိဘူး..အာရုံနောက်ဒယ်
    Own-tune ဆိုပြီး ထမင်းစား၊ရေသောက်၊အီးပါ..ဘာညာ အာပလာ ဖြတ်ညှပ်ကပ်တွေတင်..
    Copy ကျတော့လဲ ဘိုးတော်ဘုးရားလေးဘက်ထောက်က သတင်းတွေ၊ပို ့စ်တွေ တင်..
    ၁ ယောက်နဲ ့ ၁ယောက် စောင်းမြောင်းပြီး တင်..
    ဘာဒွေမှန်းလဲ သိဘူး..အာရုံဒွေ
    တို ့များဘဝက ဝင်ကြည့်ပြန်သွားနဲ ့တင် ပြီးနေဒယ်..
    အားရီးစိတ်ပိန်ဒယ်ဂျာ..

    • etone

      December 17, 2010 at 3:05 am

      သတင်းတွေတင်တာကောင်းပေမဲ့ ပို့စ်တစ်ခုထဲကို ဒီတစ်ဆိုက်ထဲမှာပဲ နှစ်ယောက်သုံးယောက်ရေးနေရင် ဖတ်ရတဲ့လူလည်း မကောင်းဘူး ။ ဂေဇက်က သတင်းတွေ၊ အတင်းတွေချည်းပဲ စုထားတာမဟုတ်သလို စိတ်ကူးယာဉ်ဝထ္ထုတွေ ဇာတ်လမ်းတွေ ချည်းပဲရေးတဲ့နေရာလည်း ဟုတ်မှမဟုတ်တာကိုး ။ ဆူးပြောခဲ့ သလိုပဲ စကားဝိုင်းလေးတစ်ခုလို့ပဲမြင်ကြည့်ရင် အဆင်ပြေပါတယ် ။ PaukPhaw လည်း မန်ဘာတယောက်ပဲလေ .. တစ်တပ်တစ်အား နဲ့ ” အရေမရ အဖတ်မရတဲ့ Post တွေ ,Comment တွေ အားကြီးပဲ တွေ ့ရဒယ်ဂျာ..ဘာတွေမှန်းလဲ မသိဘူး..အာရုံနောက်ဒယ်
      Own-tune ဆိုပြီး ထမင်းစား၊ရေသောက်၊အီးပါ..ဘာညာ အာပလာ ဖြတ်ညှပ်ကပ်တွေတင်..
      Copy ကျတော့လဲ ဘိုးတော်ဘုးရားလေးဘက်ထောက်က သတင်းတွေ၊ပို ့စ်တွေ ” မဟုတ်တာမျိုး တင်ကြည့်ပါလား ။ ဆိုက်အတွက်အားဖြည့်ပေးရာရောက်တာပေ့ါ .. စောင့်ဖတ်ပါ့မယ် ။

  • paukpauk

    December 16, 2010 at 1:56 pm

    သတင်းထူးတာလေးတွေ ပေးတင်လိုက်ပါဗျာ။
    ဦးဦးဖျားဖျား တစ်နေရာတည်း သိရတာပေါ့။
    အဲဒီသတင်းလေးတွေပေါ် ဝေဖန်အကြံပြုကြတာတွေ ကစိတ်ဝင်စားဘို့ကောင်းပါတယ်။
    အတွေ့အကြုံ ဖလှယ်သလိုမျိုး
    တစ်ချို့ဆို အရမ်းအတွေ့အကြုံများတော့ ရေးထားတာတွေက
    ဖတ်ရတဲ့ ငယ်သူတွေလဲ အတော်လေးဗဟုသုတရတာပေါ့။

  • PaukPhaw

    December 17, 2010 at 3:58 am

    ကောင်းကောင်းလေးတွေ တင်နိုင်အောင်ကြိုးစားပါ့မယ် မမေဇော်ဟန်ရေ..
    အဲလိုကောင်းကောင်းလေးတွေ မတင်နိုင်သေးလို ့လဲ ..
    လိုက်ဖတ် ထွက်သွားပဲ လုပ်နေသေးတာပါဂျာ..

    • ဆူး

      December 17, 2010 at 7:54 am

      ပိုစ်ကောင်းကောင်း မတင်နိုင်တော့ မတင်ဘဲ ပြန်ထွက်သွားတဲ့ လူတွေကြီးဘဲ ဖြစ်နေရင် သရဲ ခြောက်ကုန်မှာပေါ့.. သရဲ မခြောက်ရအောင်.. စည်ကားအောင် အရေမရ အဖတ်မရ ပိုစ်တွေကို ငပေါလို့ လူအထင်ခံပြီး ရေးပေးတာ။ ဆူး ဒီဆိုက်ကို စရေးခါစတုန်းက ပိုစ်အသစ်တခု တက်ဖို့ တော်တော် ကြာသလို တင်သူမရှိ မန်းသူမရှိ.. ဆူး လိုက်ရေးပြီး စည်ကားအောင် လိုက်နောက်လို့.. အခုတော့ အားလုံး ပါလာကြပြီး ပိုစ်တွေ ဝိုင်းတင်ကြတယ်။ အခု အရေမရ အဖတ်မရ တင်တယ်လို့ ပြောတဲ့ စကားလုံးတွေ ထွက်လာတဲ့ အထိပါဘဲ။ ဆူး လည်း နောက်ပိုင်း လျော့မန်းမှဘဲ.. အပျင်းပြေ သာကူတင်တာ.. စာဘဲရေးပါလို့ ပြောတဲ့ လူက ရှိသေးတယ်။ ဘာရယ်တော့ မဟုတ်ပေမဲ့ လူတွေမှာ မတူညီတဲ့ စိတ်ကူးတွေ မတူညီတဲ့ ခံစားချက်တွေ လူကြီးကော လူငယ်ကော ဝါသနာမျိုးစုံရှိနေကြတာ ဆိုတော့.. အားလုံး အပျင်းပြေ သဘောမျိုးပေါ့.. စိတ်ကူးတည့်ရင် တည့်သလို အီးပေါက်တာတောင် ရီရအောင် ရေးနိုင်ရင် ရီရပါတယ်.. ဖော်ထုတ်တဲ့ လူရဲ့ အရေအချင်းဘဲကွာတယ်။ ဆူး အတွေးကတော့ တခုတည်းကို အာရုံစိုက်နေတာထက်.. အားလုံးပါဝင်စေချင်တဲ့ ဆန္ဒပါဘဲ။ သတင်းစာဖတ်ရင် တချို့က ခေါင်းကြီး စာမျက်နှာကို အရင်ဖတ်တယ်။ တချို့က နာရေးက စဖတ်တယ်။ တချို့ ကြေညာကို ဖတ်တယ်။ သတင်းစာ တခုတည်းမှာ သတင်းကော ကြေညာကော ဘာညာကွိကွ စုံစုံလင်လင်ပါတော့ မပျင်းရဘူးထင်တာဘဲ.. မလိုတာ ကျော်ဖတ်လို့ရတဲ့ အခွင့်အရေးရှိတယ်။ စာမျက်နှာ အပြည့် တခုလုံး မသင့်တော်တာတွေကြီးဘဲ ဖြစ်နေမယ်ဆိုရင်တော့ ဒီသတင်းစာ မဖတ်သင့်တော့ဘူးလို့ ဆုံးဖြတ်ချက်ရပြီး ထွက်ခွာရမှာဘဲ။ ယခင်ကလည်း မဖတ်သင့်တဲ့ ဆိုက်တခု အဖြစ် မရောက်စေဖို့ တိုက်တွန်းကြိုးပမ်းမှုတွေ လုပ်ခဲ့ဘူးတယ်။ ဝိုင်းပံ့ပိုးရေးသားပေးတဲ့ မန်ဘာတွေ အားလုံး ဘယ်သူကိုမှ မသိပါဘူး။ မထင်မှတ်ဘဲ တူညီတဲ့ ဆန္ဒနဲ့ တညီတညွတ်တည်း ဝိုင်းပြောကြတော့ အများ ဆန္ဒဖြစ်လာတာပေါ့.. တခြား မန်ဘာတွေကလည်း သဘောမကျတဲ့ အကြောင်း တွေကို အကြောင်းကြောင်းကြောင့် ထုတ်ဖော်ရေးသား တာမျိုးမဟုတ်ခဲ့ပေမဲ့ ဆူးက လူစွာ လုပ်ပြီး ရေးခဲ့တာပါ။ အခု လက်ရှိဖတ်နေတဲ့ ဆိုဒ်ကတော့ ပွိုင့်ရချင်လို့ ကော်ပီ တင်တဲ့ လူတွေ သိပ်မရှိတော့ နဲနဲခြောက်ကပ်သွားပေမဲ့.. မသိတာကို သိအောင် စေတနာ ရှေ့ထား တင်ပေးတဲ့ လူတွေကို ကျေးဇူး တင်ပါတယ်။ ဒီဆိုက်က နိုင်ငံရေး အဓိက ရေးသွားရင်လည်း အပိတ်ခံရနိုင်တယ်။ အားလုံး အစုံပါနေတော့.. ဘာမှ မဟုတ်တော့ဘူး.. သတိမထား မိတော့ဘူး။ အချက်အလက် ဆိုတာ အများကြားက ရှာရပေမဲ့ အားကိုးတကြီး ဝင်ရောက် ကြည့်နေတဲ့ သူအဖို့ အလျှင်အမြန် သိစေတဲ့ အကျိုးကျေးဇူးတွေ ရှိမယ်လို့ ထင်ပါတယ်။ ဥပမာ ပြောမယ် ဆိုရင်.. တရုတ်တွေ မန်ချူးကို တော်လှန်တာ လမုန့်ပွဲ အကြောင်းပြုပြီး တရုတ်တွေ အနိုင်ယူခဲ့တာ.. လမုန့်ပွဲ မှာ စားဖို့ မုန့်ထဲမှာ စာထည့်ထားပြီး စည်းရုံးခဲ့လို့ တချိန်တည်းမှာ တညီတညွတ်တည်း ဖြစ်စေခဲ့လို အောင်ပွဲ ဆိုတာ ဖြစ်ခဲ့ရတဲ့ သမိုင်းရှိဘူးတယ်။ ထိုခေတ်က တရုတ်ပြည်မှာ အိမ်တိုင်း ဓါးဆိုတာ မရှိရဘူး မရှိရ ဆိုလား.. ဟင်းစားခုတ်ချင်ရင် လမ်းထိပ်က လူကြီး စပိုင် အိမ်မှာ သွားခုတ်ရတယ် ဆိုလား.. အတိအကျသိချင်ရင်တော့ တရုတ်ပြည်ရောက် ကိုကို မမ ဦးဦး ဒေါ်ဒေါ်တွေကို မေးမြန်းစူးစမ်းကြည့်ပါ။ ကျန်တာတော့ သိပ်မပြောလိုပါဘူး။ အဓိက ဆူး ဒီမှာ စာရေးတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်လည်း ပျော်ချင်တယ်။ သူများကိုလည်း ပျော်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကလေးဆန်ဆန် လျောက်ရေးနေတာပါ။ ကြီးမားတဲ့ ရည်ရွယ်ချက်ကတော့ ပွိုင့် ၁သိန်းပြည့်ရင် ရွာမှာ ခြံဝိုင်းဝယ်ပြီး တိုက်ဆောက်နေမလို့.. သိကြပြီနော်.. ဒါကြောင့် ရွာက ခြံဝိုင်း ကို စရံတောင် မရိုက်နိုင်သေးလို့ အမြင်ကတ်လည်း ခွင့်လွတ်ပါလို့ ပြောချင်ပါ၏ အားလုံး စိတ်ထဲမှာ အဆင်ပြေချောမွေ့ကြပါစေ။
      ကဲ….ခြံဝိုင်းဝယ်ပြီး တိုက်ဆောက်ဖို့ ၁ဝ အရယူလိုက်သည်။

  • လင်းဝေကျော်

    December 17, 2010 at 8:08 am

    ဆူးရေ စိတ်မရှိပါနဲ့
    ကြော်ငြာ လို့ပြောမှ မှန်လိမ့်မယ်။
    ကြေညာ ဆိုတာက နောက်တစ်မျိုးပါ။

    • ဆူး

      December 17, 2010 at 8:20 am

      အသင်လေးမို့.. ခွင့်လွတ်ပါ ရှင့်..
      နောက် ဆို ကြော်ငြာ လို့ သုံးမယ်နော်။ နောက်လည်း မှားတိုင်း ထောက်ပြပေးမယ်ဆိုရင် ကျေးဇူး တင်ပါတယ်။ မှားပြီးသား ထပ်မှားရင်တော့ ထုံတယ်လို့ သဘောထားပြီး မဆူနဲ့နော်.. ခဏခဏ အဆူခံရတာ များသွားလို့ ထုံသွားတာလို့ သဘောထားပြီး ခွင့်လွတ်ပေးနော်။

      ခွင့်လွတ်စာ အကြောင်းပြုပြီး ခြံဝိုင်းဝယ်ပြီး တိုက်ဆောက်ဖို့ ၁ဝ ရှာယူ သွားပါတယ်။

    • petitelapine

      December 17, 2010 at 8:28 am

      ဆူးရေ
      အပျင်းပြေဖို့အတွက်နဲ့တော့ အရေမရ အဖတ်မရတွေ မဖတ်ပါရစေနဲ့ ညီမလေးရေ..ဟင်းချက်နည်းတွေကတော့ အပြင်က အဟောင်းတန်းမှာ တစ်အုပ် ၂၀ဝ လောက်နဲ့တောင် ရနိုင်ပါတယ်..အခုက စာဝင်ဖတ်တယ်ဆိုရင် အနည်းဆုံး ၁နာရီကို ၄၀ဝ ပါ..အဲဒီအချိန်အတွင်းမှာ သတင်းလည်း မဟုတ်..ဘာမှန်းလည်း မသိတဲ့ စာတွေကို မြင်ရတာ (ဖတ်တာ မဟုတ်ဘူးနော်) တော်တော်ဆိုးပါတယ်..ဆူးလည်း ရေးအားကောင်းတဲ့သူပဲလေ..ဒီထက်ကောင်းတာတွေ ဖန်တီးနိုင်မှာပါ..စောင့်နေပါ့မယ်…

  • char too lan

    December 17, 2010 at 8:09 am

    ဆြာဆူးရဲ ့၁ဝ ကအပေါ်က ၈ဝ နဲ့ယှဉ်ရင် ၁၆ဝ – 240 ဖိုးလောက်ရှိတယ်
    မတန်ဝူး 🙁 ဒါပေမယ့်ကြိုက်ဒယ်

  • R Ga

    December 17, 2010 at 8:24 am

    ကျွန်တော်အမြင်ပြောရရင်….။ သတင်းတွေရှိတာလည်းကောင်းပါတယ်။
    နောက် copy သတင်းပဲဆိုပါတော့ ။ တစ်ချို့ သတင်းတွေက လူအများသိသင့်တယ် လို့ ဖြန့်ဝေတဲ့ copy မျိုးဆိုရင်လည်း တန်ဖိုးထားတတ် ရင် တန်ဖိုးရှိပါတယ်။ ဒီဆိုဒ်က ပြည်ပက မြန်မာတွေအတွက်ဆိုပေမဲ့ ပြည်တွင်း ကလူတွေ အတွက် အချို့ ဖတ်လို့မရတဲ့ သတင်းတွေ ဒီမှာ မကျော်မခွပဲနဲ့ ဖတ်လို့ ရနိုင်ပါတယ်။
    နောက် မန်ဘာအချင်းချင်း အပျော်အပျက်နဲ့ ရင်းနှီးချစ်ခင်အောင်လုပ်တဲ့ ပိုစ့်တွေကိုလည်း ကြိုဆိုပါတယ်။ ကိုယ်ပိုင်အရေးအသား စဉ်းစားတွေခေါ်မှုတွေနဲ့ ဟာသအမြင်လေးတွေပါ ဖြည့်စွက်ထားတာလေးတွေ တွေ့တော့ ပီတိ ဖြစ်ရပါတယ်။ တစ်ချို့ကလည်း ဒီပိုစ့်တွေကို ပေါတယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ဒါပေမဲ့ ပေါတယ်ဆိုတာ အပြောလွယ်ပေမယ့် ကိုယ်တိုင်ပေါပြ၊ပေါကြည့်ဖို့က တော်ကိုခက်တဲ့အလုပ်တစ်ခုပါ။ဒီတော့ ဒီပိုစ့်လေးတွေကလည်း လိုအပ်ပါတယ်။ နောက် ဒီမှာ ရေးတဲ့ လူအများစု က ပိုက်ဆံလိုချင်လို့ရေးနေတဲ့ လူတွေမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ပိုစ် တစ်ခုတင်မှ ၈ဝကျပ် ၊ Comment တစ်ခုမှ ၁ဝ ကျပ် ပဲရတာပါ။ လူတစ်ယောက်တစ်နေ့ ပိုစ် ၃၊၄ ခုထက်ပိုမတင်နိုင်ကျပါဘူး။ အဲဒီလိုတင်လို့ ရတဲ့ငွေကလည်း ကိန်းဂဏန်းတစ်ခုအဖြစ်ပဲရတာပါ။ ချက်ခြင်းလက်ငင်းရတာလည်းမဟုတ်ပါဘူး။လောလောဆယ် ပိုစ်တင်တဲ့ မန်ဘာ တစ်ယောက် ကုန်သွားတာက အင်တာနတ်အသုံးပြုခနဲ့ သူရဲ့ ကိုယ်ပိုင်အချိန်တွေပါပဲ။ ရှင်းရှင်းပြောရရင် ကိုယ့်(ပိုစ့်တင်တဲ့လူ)ဘက်က အရင်ဆုံး ပေးလိုက်ရတာပါပဲ..။ပြန်ရမယ်ဆိုတဲ့ တစ်သိန်းဆိုတာကတော့ အတော်ဝေးကွာလှတဲ့ ခရီးတစ်ခုလိုပါပဲ။ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ပိုစ်တင်တုန်းက ကုန်ထားတဲ့ အချိန်နဲ့ ငွေကို ပြန်တွက်ကြည်ရင် အခုကိုယ်ရထားတဲ့ ပှိုင့်ထက် ပိုကျော်နေမှာ သေချာပါတယ်။ ဒီတော့ ပြောရမယ်ဆိုရင် အားလုံးက အချိန်တွေ ငွေတွေ အကုန်ခံပြီး ဒီမှာရေးသားနေကျ၊ ပိုစ့်တွေတင်နေကျတဲ့ လူတွေဖြစ်တဲ့ ဆိုတာ ကျွန်တော်ကတော့ သိနေတဲ့ အတွက် မည်သည် အဓိပ္ပါယ်ရှိတဲ့ ပိုစ့် မဆို ဖတ်ရတဲ့အတွက် မပျင်းပါကြောင်းနှင့် ပျင်းပြေပါကြောင်းပါခင်ဗျ..။ အကောင်းမြင် တတ်သောစိတ်ကလေးတွေနဲ့ ကိုယ့်အတွက် လိုအပ်တာယူဆောင်သွားပြီး မလိုအပ်တာများကို ချန်ထားရစ်နိုင်ပါတယ်။ ဒီအတွက်လည်း ဘာမှ အပန်းကြီး မသွားလောက်ပါဘူးလို့ ထင်မြင်မိပါကြောင်း။

  • cobra

    December 17, 2010 at 8:57 am

    ကျွန်တော်တို့ကတော့သိပ်ဂရုမစိုက်ဘူး..ကျွန်တော်ဒီနေ ့မှာသိရတဲ့သတင်းကို mandalay gazette မှာရှိတဲ့သူတွေအကုန်သိစေချင်တယ်..ဒါကြောင့်တင်တယ်ကျွန်တော်တင်တာတော်တော်များများကCOPY များတယ်ဒါပေမယ့်သတင်းတွေချည်းဘဲတင်တာနော်COPY တင်တဲ့post ကိုပွိုင့်မပေးဘူးဆိုလည်းကျွန်တော်ကတော့တင်နေဦးမှာဘဲ ဒီဆိုက်ထဲမှာကနိုင်ငံတော်တော်များများကမြန်မာတွေရှိနေတယ်လေ…ဒီတော့ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတာတွေ
    ကိုသူတို့လည်းသိချင်ကြမှာဘဲ…ကျွန်တော်အခုတလောကရင်နဲ့တိုက်ပွဲတွေအကြောင်းတင်ပေးတယ်…
    ခေါင်းစဉ်မြင်လိုက်ကတည်းက စိတ်ဝင်စားတဲ့သူကဝင်ဖတ် မဝင်စားရင်ဝင်မဖတ်နဲ့ ပြောချင်တာကတော့
    COPY ဆိုပီးတော့အထင်မသေးပါနဲ့..အရမ်းလည်းမဝေဖန်ကြပါနဲ့ဗျာ…။
    ကျွန်တော်ကတော့ဝေဖန်လည်းတင်နေဦးမှာဘဲနော်…။

  • kai

    December 17, 2010 at 9:29 am

    ကောင်းပါတယ်..။
    ဆက်ဆွေးနွေးကြပါ..။
    အယ်ဒီတာတွေကတော့ ..
    ပထမ.. မန်းတဲ့စာတိုင်းရဲ့အောက်က Like or Dislike: ကိုကြည့်ပါမယ်..။
    ဒုတိယ.. မန်ဘာတွေရဲ့ရထားပြီးသားပွိုင့်ကိုကြည့်ပါမယ်..။
    ( ပွိုင့်ဟာ ဒီဝက်ဘ်ဆိုက်အပေါ် ဘယ်မန်င်ဘာက ဘယ်လောက်လုပ်ပေးခဲ့ပြီးသလဲကိုလည်း မီတာအနေနဲ့ပြနေတာပါ)
    တတိယ .. ဝက်ဘ်ဆိုက်ရဲ့ ဆောင်ပုဒ် ..“မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ” ကိုကြည့်ပါမယ်..။

    ကျေးဇူးတင်ပါတယ်နော..။ ဒီစာကိုတော့ ..Dislike: မလုပ်ပါနဲ့နော…။ 🙂

  • weiwei

    December 17, 2010 at 11:02 am

    စာဖတ်ပရိတ်သတ်တစ်ယောက်နေရာကနေကြည့်မယ်ဆိုရင်တော့ သူဝါသနာပါရာကို ရွေးဖတ်ပါလိမ့်မယ် … ကျွန်မဆိုရင်လဲ မဖတ်ချင်တာ စိတ်မဝင်စားတာကို မဖတ်ပါဘူး … ပရိတ်သတ်ကလဲ အမျိုးမျိုးရှိပါတယ် … ဒီဆိုဒ်မှာက categories တွေ အမျိုးမျိုးခွဲထားတော့ ကိုယ်ကြိုက်ရာရွေးကြည့်လို့ရတော့ အဆင်ပြေါတယ် …

    ပို့စ်တင်သူအနေနဲ့ပြောရရင်တော့ သိလောက် တတ်သလောက်ကိုပဲ သူများ သိစေချင် ဖတ်စေချင်တဲ့ စေတနာနဲ့ ရေးကြပါတယ်။ copy သမားကလဲ သူ့စိတ်ထဲမှာ သိပ်ကောင်းတယ်ထင်လို့ သူများကိုပြန်ပြချင်လို့ လာတင်တာပါပဲ … ကျွန်မကတော့ ကိုယ့်အသက်အရွယ် အတွေ့အကြုံအရ ကိုယ်ကြုံခဲ့တာတွေကို နောက်လူတွေ သိပါစေတော့ဆိုတဲ့ စေတနာနဲ့ အချိန်ကုန်ခံပြီး ရေးပါတယ် … အယ်ဒီတာ ကိုခိုင်တစ်ယောက် စိတ်ညစ်နေချိန်မှာ ပျော်ရပါစေတော့ဆိုတဲ့ စေတနာနဲ့ ရီစရာ ပေါတောတော ဇာတ်လမ်းဆင်ပြီး အားလုံးပျော်အောင် ကြိုးစားပါတယ် … ဟင်းချက်နည်း ဘယ်မှာဝယ်ဖတ်ဖတ်ရပေမယ့် အလွယ်နည်းဆိုပြီး တစ်ခါတစ်ရံ ကိုယ်ချက်တာကို ဓါတ်ပုံရိုက်ထားပြီး မျှဝေပါတယ် … အဲဒါက ဗမာပြည်ကလူတွေအတွက်မဟုတ်ပါဘူး … နိုင်ငံခြားမှာ အချိန်မပေးနိုင်လို့ အလွယ်လုပ်နည်းလေးတွေကို စေတနာနဲ့ပြဖြစ်ပါတယ် … အဲဒီအတွက် ပိုက်ဆံလဲကုန် အချိန်လဲကုန်ပါတယ် … မတောက်တခေါက် ကဗျာရေးမိရင်လဲ ပို့စ်တင်ပြီး ပီတိဖြစ်ရပါတယ် … အရေမရ အဖတ်မရလို့ ထင်စရာရှိပေမယ့် ကြိုးစားအားထုတ်ထားသူမှာတော့ အဲဒါတွေက မလွယ်ပါဘူး …

    ဒီနေရာက မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ ဆိုလို့ တွေးချင်သလို ရေးချင်သလို ရေးကြမှာပါပဲ။ အနဲဆုံးတော့ စာရေးသူရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ မဖတ်ချင်ရင်တောင်မှ အမှိုက်ဆိုပြီး ရေးမိသူကို စိတ်ဓါတ်ကျအောင်တော့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ စာရေးချင်တဲ့သူ ဘယ်သူမဆို လွတ်လပ်စွာ ရေးခွင့်ရှိသလို စာဖတ်သူတွေလဲ နှစ်သက်ရာကိုရွေးဖတ်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် နားလည်မှုလေး ထားပေးပါလို့ပဲ ပြောချင်ပါတယ် …

  • snique

    December 17, 2010 at 11:18 am

    ကျွန်တော်ကတော့ လောလောဆယ် ရွာထဲ မှာ မီးဖိုချောင် နံ ့မွှေးနေတာ ပဲ သိတယ် ဟင်းချက်ပြိုင်ပွဲကြီးလုပ်နေကြတယ်လေ း)

  • blackchaw

    December 17, 2010 at 11:28 am

    ”စည်ကားအောင် အရေမရ အဖတ်မရ ပိုစ်တွေကို ငပေါလို့ လူအထင်ခံပြီး ရေးပေးတာ” ဆိုတဲ့ ညီမလေးကိုနည်းနည်းဆွေးနွေးခွင့်ပြုပါ။ အဲဒီလောက်တော့ ကိုယ့်ကိုယ်ကို အနစ်နာမခံပါနဲ့ခင်ဗျာ။ ပုံမှန်ရေးရိုးရေးစဉ်အတိုင်းသာ ပို့စ်တွေကို တင်ပေးကြပါ။ အရေမရအဖတ်မရတွေကိုတော့ ငပေါလို့ အထင်ခံပြီး မရေးကြပါနဲ့ဗျာ။

  • naywoonni

    December 17, 2010 at 12:52 pm

    ကိုခိုင်ရေ
    …ဒီစာကိုdislike မလုပ်ပါနဲ့ ဆိုလို့ like လုပ်ပေးလိုက်တာ လေး ငါး ခါပြန်လုပ်လိုက်ရတယ် ။ပို့တင်လို့မရတာက ဘာဖြစ်လို့ မှန်းမသိရဘူး။
    Internal Server Error
    The server encountered an internal error or misconfiguration and was unable to complete your request.

    Please contact the server administrator to inform of the time the error occurred and of anything you might have done that may have caused the error.

    More information about this error may be available in the server error log.

    Web Server at myanmargazette.net
    ဆိုတာချည့်ပဲပေါ် ပေါ်နေတယ် ။ ကျွန်တော့ကို ပို့စ်တင်လို့မရအောင် လုပ်ထားသလား လို့တောင် ထင်ရတယ်

  • kopauk mandalay

    December 17, 2010 at 3:03 pm

    (1) တော်တော်ပျင်းစရာကောင်းလာတယ်.
    မန်ေးလးဂေဇက်လို အထဲမှာ တော့ ပျင်းစရာကောင်းတဲ့စာတွေလဲပါမယ် ရီစရာစာတွေလဲပါမယ်။
    ကျနော်ကိုယ်တိုင်ကိုယ်က ပျင်းစရာကောင်းတဲ့စာတွေကို အပိုင်းခွဲပြီးရေးနေလို့ပါဘဲ။
    ဥပမာ( မလွမ်းစကောင်း လွမ်းစကောင်း) လိုစာမျိုး မန်းလေးနဲ့ မသက်ဆိုင်တဲ့ သူများက မရေးပါနဲ့တော့ လို့ပြောပေမယ့် နှစ်သက်သူများက တော့ ရေးပါဦးလို့ပြောပါတယ်။
    ဒီလိုကော်မင်းပေးလို့ ကျနော်မရေးဘဲနေမယ်မထင်ပါနဲ့။
    ကျနော်တို့စာရေးနေသူမှန်သမျှ အင်တာနက်ဆိုင်မှာရေးရေး အိမ်မှာဘဲရေးရေး မန်းလေးးဂေဇက်က ပြန်ပေးတာထက်ကုန်တာမကုန်တာ အပထား ဒီစာလေးတပုဒ်ဖြစ်လာရဘို့ပေးတဲ့အချိန်တွေအများကြီးပါ။
    စာတပုဒ်ဖြစ်ဖို့ ဘယ်လိုစဥ်းစားတယ်ဆိုတာထက် အခုရက်လို တင်လိုက်ပျောက်လိုက်ဆို ရေးသမျှအလားကားဖြစ်လို့ စိတ်တွေလေရပါတယ်။
    (ဒါကိုကြည့်ရင် ဘယ်လိုစာမျုးိရေးရေး ကြိုက်တာ မကြိုက်တာ ကို်ယ့်ခံစားချက်ဆိုတာသိလာရပါတယ်။)
    ဒီတော့ ပျင်းတယ်မပျင်းတယ်ဆိုတာ တစ်ကိုယ်တော်ခံစားချက်လို့သတ်မှတ်လို့ရပါတယ်။
    ဒီတော့ ရေးတာက ရေးသူအကြိုက်ဖြစ်ပါတယ်.
    ဒီတော့ ဖတ်တာက ဖတ်သူတာဝန်ဖြစ်ပါတယ်။
    ကိုယ်ကြိုက်မှ ကိုယ်ဖတ်ရတာဖြစ်ပြီး မကြိုက်ရင်လဲ ကျော်သွားလို့ ရတဲ့ ပြဿနာမရှိဘူးလို့ထင်ပါတယ်။
    ဘာလို့လဲဆိုတော့ ရေးတဲ့သူကသာ ပိုက်ဆံအကုန်ခံပြီးရေးပေးနေတာဖြစ်ပြီး
    ဖတ်သူကတော့ စာတပုဒ်ဖတ်ခကို သီးသန့်မပေးရဘူးလေ။
    ဒီတော့ ပျင်းတယ်ထင်ရင်ကျော်သွားလိုက်ပါ။
    (ဆက်ရေးအုံးမှာနော်)

    • petitelapine

      December 18, 2010 at 4:29 am

      ကိုပေါက်ရေ
      မလွမ်းစကောင်းလွမ်းစကောင်းလိုစာမျိုးကတော့ ကျွန်မတို့လည်း ကြိုက်ပါတယ်..
      ဆရာတော် ဦးသုမင်္ဂလကတော့ ပြောထားပါတယ်..(မနှို်င်းကောင်း နှိုင်းကောင်းပါ)..နိုင်ငံထဲမှာ သူခိုးနဲ့ ဂျပိုးတွေချည်းပဲလို့ပြောတယ်တဲ့ အဲဒီအခါမှာ သူတော်ကောင်းတွေက နာကြတယ်ပေါ့လေ..အဲဒီတော့ ဆရာတော်က ဘာပြန်ပြောလဲဆိုတော့ သူပြောတာ သူခိုးနဲ့ ဂျပိုးတွေကိုပဲ ပြောတာပါတဲ့ ..သူတော်ကောင်းဆိုရင် နာစရာမလိုပါဘူးတဲ့ရှင်..ဒါလေးက ဝေမျှတာပါ
      စာတစ်ပုဒ်အတွက် အချိန်တွေ အများကြီးပေးရတယ်ဆိုတာကို ကျွန်မက ကောင်းကောင်းလက်ခံပါတယ်..ကျွန်မကိုယ်တိုင်သာ မရေးဖြစ်ပေမယ့် စာတွေကတော့ ဖတ်ဖြစ်နေတာပဲလေ
      စာရေးသူက အချိန်ကုန်သလိုပဲ စာဖတ်တဲ့သူအတွက်လည်း အချိန်ကုန်ပါတယ်..MG ဆိုရင် Page တစ်ခုကနေ တစ်ခုသွားဖို့ အရမ်းကြာပါတယ်..ကျော်ဖတ်ပေါ့ဆိုတဲ့ စကားကလွယ်ပါတယ်..Page 1 မှာ စိတ်ဝင်စားစရာမပါလို့ Page 2 ကို သွားဖို့ရာ ကျွန်မတို့မှာ တော်တော်ကြီးစောင့်ရပါတယ်..အဲဒီအတွက် ကျွန်မတို့လည်း ပိုက်ဆံကုန်ပါတယ်..
      ဖတ်ချင်ဖတ်၊ မဖတ်ချင်နေဆိုရင်တော့ လူထုကို ကိုယ်စားပြုတဲ့ စာရေးသူဖြစ်လာနိုင်မယ် မထင်ပါဘူး..
      ဟုတ်ပါတယ်..ကြိုက်တာ မကြိုက်တာ ကိုယ့်ခံစားချက်ပါ..ဒါပေမယ့် အရင်က MG ကို ကြိုက်ခဲ့ပြီး အခုမှ ဖတ်လို့ မကောင်းတော့တာ ဘာကြောင့်ပါလဲ..ကျွန်မထပ်ပြောပါဦးမယ်..

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 17, 2010 at 3:13 pm

    INN INN INN
    ပညာရှင် teacher big တွေဂ ဝေဘန်လာB ဆိုdog ကာ အဖေနဲ ့အမေdance ဘယ်လိုmadeပြီး မွေးလိုက်တယ်မသိ
    ပေါcat cat ကျုပ်ကတော့ ပေါcat cat စာတွေduck ရေးမိတာ တော်တော်မျက်နှာငယ်ရတာduck
    ခင်ဗျားတို ့လို ပညာတွေမတတ်ဆို ကျုပ်က လောက်စာလုံးဘဲလုံးတတ်တာကိုးမကြိုက်ရင် နောက်မရေးတော့ပါဘူးဂျာ 🙁
    ဘာဖစ်ဖစ်ပါ ကျုပ်ရဲ ့ပေါcat cat စာတွေအတွက်တော့ Do & Don’t – Rules for Writers – Must Read! မှာ မလိုရင်ဖျက်ပြစ်ဘို ့ပြောထားပြီးပါပြီ
    အခုမှ မဟုတ်ပါဘူး ရက်စွဲနဲ ့ပြန်စစ်ကြည့်ရင် သိမှာပါ
    ဒါပေမယ့်ပေါ့ဗျာ ခင်ဗျားတို ့တော့မသိဘူးဗျ ကျုပ်ကတော့ ( ကျုပ်ရေးပြီးတင်ထားတာကို ဘာလို ့ခေါ်သတုံး) အဲ့ဒါကို တော်တော်
    အားကြိုးမာန်တက်ရေးထားရတယ်ဗျ ခင်ဗျားတို ့တွက် အနှေင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ
    ဒါနဲ ့စကားမစပ်ဗျာ
    http://myanmargazette.net/35924/economic-news-international-news-news-industry-people-in-the-news-us-news-news
    အဲ့သည်နေရာမှာ စကားပြောတဲ့ ပုဂ္ဂိုလ်တွေကို နည်းနည်းပါးပါး ဝေဖန်ကြည့်ပါလား
    ခင်ဗျားနာမည်လဲမတွေ ့ဘူး ကျုပ်နာမည်လဲ မရှိဘူးလေ မရှိဆို
    ကျုပ်က ခင်ဗျားတို ့လို ဆရာမှ မဟုတ် တာ
    ခင်ဗျားတို ့ဆရာကြီးတွေအရာဘဲဂလား
    နည်းနည်းပါးပါးဝေဖန်ပါဗျ ဘယ်သူမှ မမှတ်သားရင်တောင် ကျုပ်မှတ်သားတယ် မယုံမရှိနဲ ့လိမ်ပြောရင်
    နေပြည်တော်က ဆင်ဖြူကြီးနင်းပြီး အီE ထွက်ပြီးသေပါစေဗျာ
    အဟီး goat မဆိုးနဲ ့နော်
    နော်က ကြပ်မပြေ ့ဘူး ဆေးသောက်ရင် ပုလင်းလှုပ်ယုံတင်ဟုတ်ဘူး ပုလင်းလိုက်ကို ဝါးစားတာ
    ရေးခွင့်မရရင် မရေးတော့ဘူးနော် ဒါပေမယ့်ဖတ်တော့ဖတ်မယ် မကြိုက်ရင်တော့ မမှတ်သားဘူး
    ကြိုက်ရင်တော့ copy လုပ်ပြီး သိမ်းထားတယ် ကိုယ်ကြိုက်တာကြီးဘဲရမည်လို ့တော့မထင်
    ရမယ်လို ့ထင်ရင်တော့ လုပ်ကြည့်လိုက်ပေါ့
    ဘာဘဲဖြစ်ဖြစ် ဒီလိုလေး အမုန်းခံပြီး ဝင်ပြောလိုက်တော့ နည်းနည်းတော့ စီစီစစ်စစ်လေးဖြစ်လာမယ်ထင်တယ်
    သူတို ့ပြောတာတွေကလည်းဟုတ်သလိုဘဲ
    ခင်ဗျားပြောတာလဲ မှန်တာဘဲ
    ကျွန်တော်ပြောတာလဲ မဆိုးပြန်ဘူးဗျ 🙂
    ဆိုးတာက ရွာသဂျီး
    ဒါပေမယ့် ခင်ဗျား
    အများအကျိုးတွက် အဝေဖန်ခံနိုင်တာဘဲ အငယ်ခံတော့ ဆယ်အိမ်ဂေါင်းလုပ်သင့်တယ်
    တစ်ခါတစ်လေ သူ ့အကျိုးသယ်ပိုးတဲ့သူဟာ ဒီလိုလဲဖြစ်တတ်တယ်ဗျ
    ကျွန်တော်က တောသားဆိုတော့ ရွာဥပမာပေါ့ဗျာ
    ခြံတစ်ခြံထည်းဝင်ရင် ခွေးဟောင်တယ်ဗျ တစ်ကယ်တော့ခွေးက အပြင်လူတွေခြံထည်းကို ဝင်လာတာ ခြံရှင်ကို
    သိစေခြင်လို ့ဟောင်တာဗျ အိုက်ဒီကြရင် လူတွေက
    အာ…..ဒီခွေးကလည်း ခြံထည်းဝင်ရင် ခြံရှင်တောင် မကြောက်ရဘူး ခွေးကိုကြောက်နေရတယ် အိုက်ဒီလို ပြောကုန်ရောဗျ
    ခုလိုပြောလိုက်လို ့ဟို ………
    အဲ့ဒီအကောင်နဲ ့နှိုင်းလိုက်တာ မဟုတ်ဘူးနော် ဥပမာက ဒါဘဲသိတယ်ဗျ
    ခင်ဗျား ကတော့ ဆိုက်ရဲ ့စာပေ အနှစ်သာရရှိစေရေးတွက် စေတနာနဲ ့ဝေဖန်ပြတာလေ
    တင်တဲ့သူတွေဖက်ကလည်း သူတို ့ခံစားချက်အနေအထားလေးတွေကရှိကြသေးတယ် ဆိုတော့
    တော်တော်တော့ဂွအကျသား
    ဒါကြောင့်
    ခင်ဗျားပြောတာလဲမှန်တယ်
    သူတို ့ပြောတာလဲမှန်တယ်
    ကျုပ်ပြောတာလဲမှန်တယ်
    ဒါပေမယ့် ခင်ဗျားနဲ ့သူတို ့ပြောတာ မှန်ပေမယ့် ခင်ဗျားတို ့အီးက နံတယ်
    ကျုပ်အီးက မွှေးတယ်
    သကြီးလဲ အီးနံမယ့်ပုံဘဲ
    ( အရကားနောက်တာ နော် တစ်ရွာထည်းသားတွေ ဖေးဖေးမမလေး တစ်ယောက်ကိုတစ်ယောက် နားလည်ပေးကြဘို ့တိုက်တွန်းပါတယ်)

  • unclegyi1974

    December 17, 2010 at 3:15 pm

    ဘူဖေးစားသလိုပေါ့ဗျာ
    စားပွဲပေါ်တင်ထားတာမှန်သမျှနဲနဲစီလိုက်မြည်း
    လို့လဲရတယ်
    ကိုယ်ကြိုက်တာအဝစားလို့လဲရတယ်
    မစားဘဲတော်လိုက်လို့လဲရတယ်
    စားတဲ့လူရဲ့ဆန္ဒပေါ့ဗျာ

  • kopauk mandalay

    December 17, 2010 at 3:21 pm

    (2) (အရင်ကလောက် သတင်းတွေ မမြိုင်တော့သလိုပဲ..ထင်တာတော့ copy တွေ ပျောက်သွားလို့ ထင်တယ်..အဲဒါ တစ်ခုက ကောင်းလည်း ကောင်းတယ်..မကောင်းလည်း မကောင်းဘူး ဘာလို့လည်းဆိုတော့ တစ်ချို့ သတင်းတွေ မဖတ်ရတော့ဘူးလေ..ဖြစ်နိုင်ရင် copy တွေလည်း ပြန်တင်ပေးစေချင်ပါတယ်)

    အမှန်ပြောရရင် မန်းလေးဂေဇက်ကို အရင်က သတင်းကိုဦးစားပေးတဲ့ဆိုက်လို့ ကျနော်လဲမြင်ပါတယ်။
    ဒါပေမယ့် မန်းလေးဂေဇက် က ကော်လံစား သတင်းထောက်ခန့်မထားတော့ လဲ ခက်ပြန်ရော။
    ဒီမှာတင်သူအားလုံးက ကိုယ့်သဘောနဲ့ကိုယ်ရေးချင်တာကို ရေးပြီး ကိုယ်ကြိုက်တာတင်ကြတာကိုး။
    ဒီက သူကြီးကလဲ ကော်ပီမတင်ရလို့ မသတ်မှတ်ပါဘူး။
    တင်ချင်ရင်တင်ပါ ဒါပေမယ့် ဘယ်ကရတယ်ဆိုတာလို့ ပဲပြောခိုင်းတာပါ။
    ဘာလို့ဒီလိုပြောရသလဲဆိုတော့ မန်းလေး ဂေဇက်ဆိုက်ကို သူခိုးလက်ခံနေတဲ့ ဆိုက်လောက်အထိအပြောခံရလို့ သတ်မှတ်ပေးလိုက်ရတာပါ။
    သတင်းနှစ်သက်သူအတွက် သတင်းချည်းသီးသန့်ပါတဲ့ဆိုက်တွေလည်းရှိပါတယ်။
    စာရေးသူတော်တော်များများက သူတို့ရေးတာကို ဆိုက်လေးငါးခြောက်ခု တစ်ပြိုင်တည်းတင်ပေးတတ်ကြပါတယ်။

    (ကော်ပီဆိုလို့ ရွှေအမြုတေ magazine ထဲက ဝတ္တု ( မာယာငွေ) ကိုဒီဆိုက်မှာတစ်ယောက်က ခပ်တည်တည်
    ကူးပြီးတင်တာကို တွေ့ဘူးပါတယ်။)
    အဲတော့ ဒီဆိုက်မှ သတင်းမမြိုင်တာ ကော်ပီ ကန့်သတ်လို့ မဟုတ်ဘူးလို့ကျနော်ကယုံကြည်ပါတယ်။
    သူများနဲ့တော့ အမြင်တူချင်မှတူပါမယ် မတူလဲရပါတယ်။
    ဒါက ကျနော့် အမြင်ကိုဗျ။

  • kopauk mandalay

    December 17, 2010 at 3:33 pm

    (3) အမှတ်ပေးတာ မပေးတာတော့ Admin တွေရဲ့ အပိုင်းပေါ့နော်..ကျွန်မတို့ကတော့ သတင်းတွေ(ဖြစ်နိုင်ရင် အရေးပါတာတွေ) ဖတ်ချင်ပါတယ်..

    အရေးပါတဲ့ သတင်းဆိုတာက ဘယ်လိုသတင်းမျိုးလဲဆိုတာ နည်းနည်းလောက်ပြေပေးစေချင်ပါတယ်။
    ဒီမှာတင်လိုက်တဲ့ သတင်းအားလုံးကိုလဲ အမှန်လို့ ယုံကြည်လို့မရပါဘူး။
    ဘာလိုလဲဆိုတော့ ရေးချင်တဲ့သူရေးတင်တာ မှန်တယ် မှားတယ်လို့ပြောနိုင်လောက်တဲ့ အထောက်အထားမရှိလို့ပါဘဲ။
    ဒီမှာသတင်းတွေနည်းသွားတာ အမှတ်ပေးတာ မပေးတာကြောင့် မဟုတ်ဘူးလို့ယုံကြည်ပါတယ်။
    ဒီဆိုက်မှာ အမှတ်မပေးလို့ မရေးဘူးဆိုရင ်ကျန်တဲ့ ဘယ်ဆိုက်မှာရော ဒီမန်းလေးဂေဇက်လို အမှတ်ပေးတယ်ဆိုတာ သိရင်ပြောပြပေးစေချင်ပါတယ်။
    သတင်းရေးရင် ဓါတ်ပုံတင်မှ ပြည့်စုံတယ်လို့ထင်ပါတယ်။
    အခုရက် ဓါတ်ပုံမပြောနဲ့ စာတောင်ရှည်ရှည်ရေးလို့မရအောင်အခက်အခဲတွေတွေ့နေပါတယ်။
    ဒီတော့ သတင်းလည်းနည်းမှာပါဘဲ။
    အမှတ်မပေးလို့ သတင်းတွေတက်မလာဘူးဆိုတဲ့အချက်ကလဲ မရေရာတဲ့ ခန့်မှန်းချက်လို့ ဘဲ ယုံကြည်ပါတယ်။

  • kopauk mandalay

    December 17, 2010 at 4:19 pm

    (4) (အမှတ်ရရင်ပြီးရောဆိုပြီး ဘာမှ မဟုတ်တာတွေ တင်နေတာကတော့ စာဖတ်သူကို အချိန်ပုတ်စေပါတယ်.)

    ဒီစာသားလေးကတော့ မပြောသင့်တဲ့ စကားလုံးလေးလို့ယူဆပါတယ်။
    အပွင့်လင်းဆုံးပြောရရင် ဒီမန်းလေးဂေဇက်ဆိုက်မှာ အမှတ်အများဆုံးနေရာမှာ ကျနော်ရပ်တည်နေပါတယ်။
    ဒီအမှတ်တွေ ဒီလိုများအောင် ဘယ်လိုရေးခဲ့ရတယ်ဆိုတာကိုတော့ “ငါသာဆိုရင် အမှတ်ရအောင် ဘယ်လိုရေးရင်ကောင်းမလဲ)
    နည်းနည်းလောက်စဉ်းစားကြည့်ရင ်စာရေးသူတွေကို ကိုယ်ချင်းစာနာတတ်လာမယ်ထင်ပါတယ်။

    ဒီမှာရေးတဲ့ သူတွေမှာ အမှတ်လိုချင်သူရှိသလို အမှတ်မမက်လို့ လော့အင်တောင် မဝင်သူတွေလဲရှိပါတယ်။
    ကျနော်ကတော့ အမှတ်မက်ပါတယ်။
    အမှန်အတိုင်းပြောတာပါ၊ကိုယ်ရေးလို့ အမှတ်ကလေးများလာတာတွေရင ်ကိုယ်စိုက်တဲ့ သစ်ပင် လေးက အရွက်ထွက်လာသလို အပွင့်ပြလာသလိုခံစားရပါတယ်။
    (ဒါပေမယ့် သူကြီးပေးမယ့် ပိုက်ဆံက ရန်ကုန်မှာ အသိမရှိတဲ့ ကျနော်လိုမန်းလေးက တောသားဘယ်လိုထုတ်ရမယ်တောင် မသိပါဘူး)

    ဒီဆိုက်မှာရေးနေသူများက အမှတ်ရရင်ပြီးရောဆိုတဲ့ အတွေးတိမ်တိမ်နဲ့ ဘာမှ မဟုတ်တာတွေတင်နေတာကတော့ လုံးဝမဟုတ်ပါဘူးလို့ အများစုကိုယ်စားကျနော်ကပြောချင်ပါတယ်။
    ဒီဆိုက်မှာ လူပေါင်းစုံရှိတယ်ဆိုပေမယ့် အများအားဖြင့်လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်နေသူအများကြီးပါပါတယ်။
    နောက်လုပ်ငန်းခွင်မှာ ဟိတ်ကြီးဟန်ကြီးနဲ့ တာဝန်ထမ်းဆောင်နေရသူများလဲ ပါဝင်မယ်လို့ ထင်ပါတယ်။
    ဒီတော့ သူ့ကိုယ်မသိ ကိုယ့်သူမသိဆိုတဲ့နေရာလေးမှာ အညည်းပြေ ရီစရာမောစရာဖြစ်အောင် ဟာသလုပ်ကြ
    ရန်ဖြစ်ပြကြ စိတ်ဆိုးချင်ယောင်ဆောင်ကြ စကြ နောက်ကြတာလဲပါ ပါတယ်။
    အရင် ကစာမရေးရဲသူကလည်း သူသိသလောက်လေးစမ်းပြီး အရဲစွန့်ရေးတာကို ဝိုင်းပြီးကော်မင်းတွေပေး
    ဟာသတွေဝို်င်းပြောရင်း ရေးချင်တာလေးကို ရေးရဲသွားတာလဲ အမှန်ပါဘဲ။
    ကျနော်လဲ ဒီဘဝက တက်လာတာပါ။
    ရေးချင်စိတ်ရှိလို့ ရေးတာလေးကို စမ်းသပ်ပြီးရေးတာကိုကော်မင်းတွေဝိုင်းပေး အားပေးကြဆွေးနွေးကြတာကနေ အခုလိုအများကြီးရေးတတ်သွားတာပါ။
    ကြွားတယ်လို့တော့ မထင်ပါနဲ့။
    ကျနော်စာတပုဒ်ရေးရင် ဆိုရှယ်ဆိုုက် (10)ခုလောက်တစြ်ပုင်တည်းတင်ပါတယ်။
    ကျန်တဲ့ဆုိုက်တွေမှာ လူငယ်တွေများတော့ ဖန်စီလေးတွေတင်ရင် ဝင်ဖတ်သူလဲအများကြီး ကော်မင်းတွေပေးတာဖွေးနေတာပါဘဲ၊
    အလုပ်ကိစ္စလိုမျိုးဆိုရင်ဝင်ဖတ်သူနည်သလို ကော်မင်းပေးပြီး ဆွေးနွေးသူနည်းပါတယ်။

    ဒီမန်းလေးဂေဇက်မှာ အလုပ်ကိစ္စလို တကယ်ရေးတဲ့စာတွေကိုဆွေးနွေးရင် တကယ်ကို မတူသောအမြင်တွေကို စိတ်ပါလက်ပါနဲ့ ဖတ်ပြီးဆွေးနွေးရုံတင်အားမရလို့ ပိုစ်တပုဒ်သီးသန့်ရေးတင်တာမျုးိကိုရော သတိထားမိဘူးပါသလား။
    ဒီထဲမှာ စာပေါင်းစုံကို မတူသောအမြင်နဲ့ရေးနေကြပါတယ်။
    ကျနော်ကိုယ်တိုင်လဲ တစ်ခါတစ်လေ လူငယ်ကြိုက်ဖန်စီလေးတွေရေးပါတယ်။
    ဘာလို့လဲဆိုတော့ လူငယ်စာဖတ်ပရိတ်သတ်က ကိုယ်ရေးတာဖတ်လာအောင် မျှားခေါ်တာပါ။
    ဒီလိုဖန်စီလူငယ်ကြိုက်ရေးပေးပြီး ဆွဲဆောင်တာကိုရော အမှတ်ရရုံသက်သက်ရေးတယ်
    ဘာမဟုတ်တာတွေရေးတင်နေတယ်လို့ သတ်မှတ်မှာပါ။
    လူပေါင်းစုံကို ရေးခွင့်ပြုထားတဲ့ ဆိုက်မှာ စာပေါင်းစုံတွေ့တာကို ဘာမဟုတ်တာတွေရေးနေတယ်ဆိုတာလို့တော့ အပြစ်မမြင်စေချင်ပါဘူးနော်။
    ဘာသာရေးစာပေကြိုက်ရင် ဘာသာရေးစာပေတင်တဲ့ဆိုက်ကိုသီးသန့်ဝင်ဖတ်ပါ။
    ကဗျာကြိုက်ရင် ကဗျာဆိုက်ကို သီးသန့်ဝင်ဖတ်ပါ။
    အတွေးအမြင်ကြိုက်ရင် အတွေးအမြင်ဆိုက်ကို သီးသန့်ဝင်ဖတ်ပါ။
    သတင်းဖတ်ချင်ရင် သတင်းတွေရေးတဲ့ဆိုက်ကို သီးသန့်ဝင်ဖတ်ပါ။
    ဒီမှာစာရေးသူကျနော်အပါအဝင်အများစုက ပရော်ဖက်ရှင်နယ်(ကျွမ်းကျင်သူကြေးစား)များမပါတဲ့အတွက်
    လေးလေးနက်နက်ဖတ်ချင်သူအတွက် အဆင်ပြေမှာမဟုတ်ပါဘူ။
    အက်ဒမင်ကလဲ ကျနော်တို့လိုရေးသူတွေကို ဘာမှလုပ်လို့မရပါဘူး။
    (1)ကျနော်တို့ရေးနေတာလူတစ်ဦးတစ်ယောက်ထိခိုက်တာမပါဘူး
    (2)ရီစရာမောစရာလို စတာကလွဲလို့ မရိုင်းဘူး မဆဲဘူး (အများစုကိုပြောတာပါ)
    ကျနော်ရေးတာ ကျနော်အမြင်ဖြစ်တဲ့အတွက် အမြင်မတူသူများကျနော်အခုပြောတာကို တစ်ချက်စီကို ချေပနိုင်ပါတယ်။
    ဒါကိုသာ ပိုစ်ရေးတင်ပြီး ပြန်ရင် အမှတ်(80)တိုးမှာ မလိုချင်လို့ တစ်ဆယ်တန်လေးပုဒ် လေးဆယ်နဲ့ကျေနပ်လိုက်ပါတယ်။
    စိတ်တိုင်းကြ ချေပနိုင်ပါတယ်။

  • လင်းငယ်

    December 17, 2010 at 5:38 pm

    ဟုတ်ပါတယ်။ တကယ်တမ်း ပြောရရင် ပို့စ်တစ်ခုကို တင်ဖို့ဆို ကျွန်တော်တို့ သုံးနေတဲ့ ကွန်နက်ရှင်းနဲ့ က သိ်ပ်ပြီး အဆင်မပြေပါဘူး။ အချိန်အများကြီး ကုန်ပါတယ်။ ဒါကြောင့်လည်း နည်းသွားတာ ဖြစ်နိုင်ပါတယ်။

  • su

    December 17, 2010 at 6:29 pm

    ဆူးရဲ့သာကူကိုမြင်ပြီး ထညက်မရနိုင်လို့ သကြားနဲ့တောင် လုပ်စားလိုက်သေးတယ်။ မဝေကျေးဇူးကြောင့်လဲ တို့ဖူးကြော်စားလိုက်ရတယ်။ ဆက်လက်အားပေးနေမှာဘဲ။ ဘာပြောပြော။

  • weiwei

    December 17, 2010 at 7:05 pm

    ကိုပေါက်ပြောတာတွေကို ထောက်ခံကြောင်းပြောရင်း ၁ဝ ဝင်ယူလိုက်အုန်းမယ် …

    ကျွန်မကတော့ ဒီဆိုဒ်ကို လက်တည့်စမ်းတဲ့နေရာဆိုပြီး အရမ်းသဘောကျပါတယ် … တစ်ခုမှ ကျွမ်းကျွမ်းကျင်ကျင်မတတ်ပေမယ့် လိုင်းပေါင်းစုံကို အကုန်လျှောက်စမ်းကြည့်လို့ရတယ် … ကိုပေါက်ပြောသလို စာဖတ်သူအားလုံးကို ဖတ်စေချင်တာနဲ့ အမျိုးစုံလျှောက်ရေးကြည့်ပါတယ် … သရော်စာလိုမျိုး ပေါကြောင်ကြောင်စာရေးရတာ အခက်ဆုံးပါပဲ … ဒီမှာရေးနေတဲ့သူတွေရော လာဖတ်နေတဲ့သူတွေရောကို ရွာသူရွာသားတွေဆိုပြီး တစ်ခါတစ်လေ ခင်မင်စိတ်နဲ့စနောက်တယ် … တစ်ခါတစ်လေ ကလေးတွေကို ပုံပြောပြတယ် … တစ်ခါတစ်လေတော့ အတင်းပြောသလိုပြောတယ် … တစ်ခါတစ်လေတော့ ချက်နည်းပြုတ်နည်းပြောပြတယ် … တစ်ခါတစ်လေ ခံစားချက်တွေပြောပြတယ် … သူတို့ကပြောရင်လဲ အကုန်လိုက်ခံစားပေးတယ် … ကိုယ်သိတာတွေကို ကွန်မန့်ပေးတယ် … ဒါလဲပဲ စည်းလုံးညီညာတဲ့ စိတ်ဓါတ်လို့ ခံစားရလို့ အခုတော့ အားလုံးကိုခင်ပြီး ပျော်နေပါပြီ … တခြားသူတွေကိုလဲ အဲဒီလိုပဲ ပျော်စေချင်ပါတယ် …
    အားလုံး အပျင်းပြေပြီး ပျော်ရွှင်နိုင်ကြပါစေ ….

  • meelay

    December 18, 2010 at 3:38 am

    ဒီပို့စ်ကိုစဖတ်မိကတည်းက ပြန်ပြောချင်နေတာ.. ကိုယ်က စာလဲသိပ်မရေးတတ်တော့ ပြန်မပြောနိုင်ဘူးဖြစ်နေတာ…. အခု လေးပေါက်တို့၊ မဝေတို့၊ မဆူးတို့ ပြောတာတွေက ကိုယ့်စိတ်ထဲက ပြောချင်နေတာတွေနဲ့ တစ်ထပ်တည်းကျနေလို့ သူတို့ပြောတာတွေကို ထောက်ခံလိုက်ပါတယ်… မီးလဲ ဒီဆိုဒ်ကို သိတာကြာပြီ… မန်ဘာဝင်တာကတော့ မဆူးတို့၊ မဝေတို့ ရေးတာတွေကို ကြည့်ပြီးအားကျလာလို့ မန်ဘာဝင်ပြီး နည်းနည်းပါးပါး ဝင်မန်းတာပဲ ရှိတယ်.. ကော်ပီတွေ တင်တယ်ဆိုတာကလည်း မြန်မာပြည်မှာက ဆိုဒ်တွေ အကုန်နည်းပါး ပိတ်ထားသလိုဖြစ်နေတာ။ MG က အလွယ်တကူဝင်လို့ရတဲ့အတွက် တခြားဆိုဒ်က သတင်းတွေကို အလွယ်တကူဖတ်လို့ရအောင် တင်ပေးတာပဲရှိပါတယ်… အခုလိုဝိုင်းပြီး ကိုယ့်စိတ်ထဲက ရှိတဲ့ဟာတွေကို ပြောရင်လဲ ဒီဆိုဒ်ထဲကို မလာရဲအောင် ဝိုင်းပြီးဆော်တယ်ဆိုတာ ဖြစ်နေအုံးမယ်.. အရင်တစ်ခါလဲ ဖြစ်ဖူးပါတယ်…

  • white

    December 18, 2010 at 8:18 am

    ကိုပေါက်ရဲ့ လေးခုမြောက် comment ဟာ မှန်ကန်ပါကြောင်းထောက်ခံရင်း နည်းနည်းပြောချင်ပါတယ်။
    ကျွန်တော်ကိုယ်တိုင် အရင်က MG site မှာ မန်ဘာမဝင်ဖြစ်သေးဘဲ စာတွေပဲ လိုက်ဖတ်နေခဲ့တာ လပေါင်း မနည်းတော့ပါဘူး။
    နောက်တော့ တွေးမိတာတစ်ခုက ကိုယ်သိထားတာတွေ၊ ကိုယ့်ရဲ့ စိတ်ကူးအချို့ကို လူတွေနဲ့ဆွေးနွေးကြည့်ချင်တဲ့အခါ MG site မှာ
    တော်တော်လေးအဆင်ပြေတာ တွေ့ရပါတယ်။ စာရေးဖို့ စိတ်ကူးဖူးတာတွေ လက်တွေ့ကွင်းဆင်းကြည့်လို့ရတဲ့နေရာလို့လဲ ထင်မိပါတယ်။
    MG site တည်ထောင်သူကလည်း ကိုယ်ပိုင်အတွေးနဲ့ စာရေးတတ်သူတွေဖြစ်လာစေဖို့ ရည်ရွယ်ထားတာကိုး။ ဒါ့အပြင် ပွိုင့်ပါ ပေးဦးမယ်ဆိုတော့ နှစ်သက်မိတာပေါ့ဗျာ။
    ကိုယ်ရေးထားတဲ့စာတစ်ပိုဒ်ကို comments တွေနဲ့ ထင်မြင်ချက်တွေပေးကြတာ ဘယ်လောက်သဘောကျဖို့ ကောင်းလဲဗျာ။ တစ်ခါတစ်လေ ကွဲလွဲတဲ့သဘောထားတွေ၊ အမြင်တွေ ရှိတာတော့တစ်ပိုင်းပေါ့ဗျာ။ ကိုယ်တိုင်ရေး ပို့စ်တင်တဲ့ သူတွေက ဒီခံစားချက်ကို သိကြမှာပါ။
    ဒီ site ကို စဖတ်ကာစမှာ သတင်းတွေကော၊ အတင်းတွေကော၊ စိတ်ကူးအမျိုးမျိုးနဲ့ စာရေးသားတဲ့ ပုံစံမျိုးစုံကိုလည်း တွေ့ရပါတယ်။ စာရေးသူပြောသလို ဘာမဟုတ်တာကို
    ရေးထားတာတွေလဲ ပါချင်ပါမှာပေါ့။ category တွေ ခွဲထားတဲ့အတွက် ကိုယ်နှစ်သက်ရာကိုလည်း ရွေးဖတ်လို့ ရတာကိုတော့ မမေ့သင့်ဘူးလို့ ထင်ပါတယ်ဗျာ။
    နောက်ဆုံးပြောချင်တာကတော့ MG site ကို Forum သဘောမျိုး ကြည့်မြင်ခဲ့မယ်ဆိုရင် အားလုံးအဆင်ပြေသွားမယ်လို့ ထင်မြင်မိပါတယ်။

  • photwenty

    December 18, 2010 at 9:39 am

    ဝုတ်တယ်ဝုတ်တယ်
    ကျုပ်တို.ကတို.ရွာထဲကိုနောက်မှဝင်တယ်ဆိုပေမယ်. အားလုံးကိုအားပေးတယ်
    အားလုံးကိုကြိုက်တယ် ( ပို.စ် တွေကိုပြောတာပါ)

  • manawphyulay

    December 18, 2010 at 11:08 am

    ရန်အောင်မောင်မောင် ပြောသလို စကားနဲ့ ပြောရရင်တော့ “အားလုံးကောင်းကြပါသည်ခင်ဗျာ” ဒါပါပဲလေ လူတိုင်း စိတ်ထဲရှိတာတွေ ချပြနိုင်တဲ့နေရာလေးမှာ ပျော်ရွှင်စွာ လည်ပတ်နေတယ်ဆိုရင် Admin ကြီးလည်း ဝမ်းသာမယ်လို့ ထင်ပါတယ်။

  • kopauk mandalay

    December 18, 2010 at 11:58 am

    (ဖတ်ချင်ဖတ်၊ မဖတ်ချင်နေဆိုရင်တော့ လူထုကို ကိုယ်စားပြုတဲ့ စာရေးသူဖြစ်လာနိုင်မယ် မထင်ပါဘူး..)
    ဒီစကားလေးက သိပ်ကိုမှန်တာပေါ့။
    ဒါပေမယ့် စာဖတတ်နာတဲ့သူက နာမယ်ကိုမြင်တာနဲ့ကိုယ်ဖတ်ချင်သူလား မဖတ်ချင်သူလားဆိုတာ ခွဲခြားလို့ သိနိုင်ပါတယ်။
    ဒီပိုစ်က အစက ဝင်ပြောဘို့ စိတ်ကူးမရှိပါဘူး။
    အချိန်လုပြီးစာရေးနေတာနဲ့ မဖတ်ဖြစ်ပါဘူး။
    ဒါပေမယ့် စာဖတ်သူတော်တော်များများက ရှည်ရှည်မရေးပါနဲ့ တိုတိုရေးပါ။
    ဟိုဟာ မရေးပါနဲ့ ဒီဟာမရေးပါနဲ့ ကန့်သတ်လာတာတွေလည့်းရှိပါတယ်။
    ပိုုဆိုးတာက ဆိုက်ကို ဝင်ဖတ်တာ ပိုက်ဆံကုန်တဲ့အကြောင်းပြောလို့ ဝင်ပြောရတာပါ။
    ဖတ်သူထက် ရေးသူက ပိုကုန်ပါတယ်။
    (ဦးနှောက်အကြောင်း စာရိုက်တဲ့အကြောင်းမပါသေးဘူး)
    စာတပုဒ်တင်ဘို့ ရေးတာ အနည်းဆုံး သုံးနာရီနဲ့လေးနာရီကြားမှာ ကြာ ပါတယ်။
    အခုလိုရေးတာ ဦးသုမင်္ဂလ ပြောသလို နာလို့ ဝင်ပြောတာမဟုတ်ပါဘူး။
    နာစရာ မရှိပါဘူး။
    ိကျနော်ရေးတဲ့စာ မှန်သမျှ စကားလုံးတစ်လုံးခြင်းစီကိုတောင်မှ သတိထားရေးတာပါ။
    ကိုယ့်စေတနာကို ကိုယ်အသိဆုံးပါ။
    ဖတ်ချင်ဖတ်မဖတ်ချင်နေလို့ မသတ်မှတ်ပေမယ့် ဖတ်စေချင်လို့ ပါဆိုတောင်မှ ဖတ်ချင်မှ ဖတ်ကြမှာပါ ။
    လောက မှ ကိုယ့်သဘောကိုယ်ဆောင်ပါ။
    သူများကိုပြောဘို့လွယ်ပြီး ကိုယ်တိုင်ကျင့်သုံးဘို့ ခက်ပါတယ်။
    ကဲသူများလုပ်ပြတာ မကြိုက်ရင် ကိုယ်တိုင်လုပ်ပြတာပိုသဘာဝကျတယ်။
    ကောင်းသော ဖတ်သင့်သော အကျိုးရှိသော ပျင်းစရာမကောင်းသော ဆိုတာနဲ့ ပြည့်စုံသောစာလေးတွေ ရေးပြကြပါဗျာ။
    နမူနာယူပြီး လိုက်ရေးပါမယ်။
    တကယ့် စိတ်ရင်းအမှန်နဲ့ကိုပြောတာပါ။
    အားလုံးကိုလေးစားပါတယ်။
    ကိုပေါက ်(မန္တလေး)

    • petitelapine

      December 18, 2010 at 12:43 pm

      ကိုပေါက်ရေ…

      ဘယ်စာရေးဆရာ၊ဘယ်စာဖတ်သူကမှ ငါရေးတာမကြိုက်ရင် နင်ရေးပြလို့ ငါတကော ကောသံပါတဲ့ စကားမျိုး မပြောကြပါဘူး..စာဖတ်နာတယ်..စာဖတ်မနာဘူးဆိုတာကိုလည်း MG တစ်ခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး..
      ဘယ်လိုစာအကြောင်းကို ပြောချင်လဲ..ကျွန်မအကုန်ထိုင်ဆွေးနွေးနိုင်ပါတယ်…ဓါးတွေ တုတ်တွေ မဆွဲလာဘူးဆိုရင်ပေါ့လေ..
      ကျွန်မကတော့ MG ကို Mandalay ဆိုတဲ့ စကားလုံးကြောင့်ကို စပြီး စိတ်ဝင်စားခဲ့တာ..ဒေသစွဲလို့ ပြောရမလားပဲ..
      စာအရေးကျင့်နိုင်တဲ့နေရာဆိုတာလည်း လက်ခံပါတယ်..ဒါပေမယ့် အဓိပါ္ပယ်မရှိတာတွေကိုတော့ သီးမခံနိုင်ပါဘူး..စာအုပ်တွေ၊ Magazine တွေမှာက Editor ရှိပါတယ်..ခုကဘယ် Editor ကမှ မတည်းဖြတ်ဘဲ
      ရောက်လာတာတွေလေ..
      ကိုပေါက်တစ်ခုမေ့နေတာက စာရေးတဲ့သူဆိုတာ အဝေဖန်ခံနိုင်ရပါတယ်..ပြောလာသမျှကို
      မခံနိုင်ရင်တော့ ရေးပြီးသား စာတွေကို အိမ်မှာပဲ သိမ်းထားလိုက်ပါတော့..ခုဖြစ်လာတာက MG က ဝိုင်းအာကြသလို ဖြစ်နေပြီ..အဝေဖန်မခံနိုင်ကြရင်တော့ ဘာမှ မလုပ်ကြပါနဲ့..အဲဒီတော့ ကျွန်မ အနေနဲ့ online ပေါ်တက်ပြီးတော့ ဒီ အရေမရ၊ အဖတ်မရတွေကို ဝင်မဖတ်တော့ပါဘူး..မကြိုက်တာကျော်ဖတ်တဲ့ အနေနဲ့ site တစ်လုံးကို ကျော်ဖတ်ပါမယ်..လုံးဝမဝင်တော့ပါဘူး..Mandalay Gazette ဆိုတဲ့ နာမည်နဲ့ တည်ထောင်သူတွေရဲ့အားကိုတော့ နှမျောမိပါတယ်
      နောက်ဆုံးကောက်ချက်ချလို့ရတာကတော့ MG က ဈေးတန်းကြီးဖြစ်နေတယ် ဆိုတာပါပဲ..တစ်ပုဒ်ကို အမှတ်ဘယ်လောက်..တစ်နေ့ ဘယ်နှစ်ပုဒ်ရေးရင် ဘယ်လောက်ဆိုပြီးတော့လေ..အဲဒီတော့ ဈေးသည်ကြီးတို့ရေ..ဆက်ရောင်းကြပါ..ကျွန်မကတော့ နောက်ထပ်ဝင်တော့မှာလည်း မဟုတ်ပါဘူး..တုန့်ပြန်လာတဲ့ ရန်တွေ့စာ..ခနဲ့စာတွေကိုလည်း ကျွန်မ ဂရုမစိုက်နိုင်တော့ပါဘူး..တင်္နလာနေ့ကစပြီး ကျွန်မက ခရီးထွက်ပါပြီ..ဝိုင်းပြောလိုက်ကြလို့ ထပ်မလာရဲတော့ဘူးထင်ရင်လည်း ဘယ်လိုမှ သဘောမထားပါဘူး..
      ဝင်ဖတ်စရာ သတင်း site တွေ အများကြီးပါ..
      နောက်ထပ်ဘယ်ရန်တွေ့စာကိုမှလည်း အရေးတယူ စာမပြန်တော့ကြောင်း ကိုပေါက်တို့ကို သတင်းပါးလိုက်ပါတယ် ..

  • cobra

    December 18, 2010 at 12:57 pm

    ကိုပေါက်ကသူများကိုပညာပါပါနဲ့ပြောတဲ့နေရာမှာတော့ဆရာတင်လောက်ပါတယ်..။
    ကျွန်တော်ပြောချင်တာကဘယ်သူ…
    ဘယ်သူကိုမှမဝေဖန်ဘဲကိုယ်ကောင်းတယ်ထင်တာလေးတွေကိုလုပ်နေကြရင်မကောင်းဘူးလား…။
    အခုဟာကတဖြည်းဖြည်းနဲ ့အဖွဲ ့လိုက်စာရိုက်ပြီးစစ်ဖြစ်နေသလိုဘဲ..
    ဘေးကဝိုင်းလှော်တဲ့သူတွေကလည်းလှော်ကြတယ်…
    နည်းနည်းလောက်စဉ်းစားကြပါဦး….ဘာလုပ်သင့်လဲဆိုတာ…
    ဒီဆိုက်မှာအကုန်လုံးကဆရာတွေချည်းဘဲလား..။
    တယောက်နဲ့ယောက်မြင်ဖူးကြတာလည်းမဟုတ်..သိတာလည်းမဟုတ်ဘဲနဲ့..ဘာလို့စိတ်ဆင်းရဲခံပြီးရန်ဖြစ်နေကြတာလဲဗျာ
    တခြားဆိုက်ကသူတွေသိရင်ရှက်ဖို ့ကောင်းပါတယ်…။
    တော်သင့်ကြပါပီ..။

  • kopauk mandalay

    December 18, 2010 at 2:57 pm

    ညီလေးညီမလေးများ
    အခုလိုဖြစ်ရတာကိုတော့ မဖြစ်ချင်ပါဘူး။
    ကျနော်က စာလေးတွေကိုဘဲအေးအေးဆေးဆေးရေးနေချင်တာပါ

    (ဆရာတော် ဦးသုမင်္ဂလကတော့ ပြောထားပါတယ်..(မနှို်င်းကောင်း နှိုင်းကောင်းပါ)..နိုင်ငံထဲမှာ သူခိုးနဲ့ ဂျပိုးတွေချည်းပဲလို့ပြောတယ်တဲ့ အဲဒီအခါမှာ သူတော်ကောင်းတွေက နာကြတယ်ပေါ့လေ..အဲဒီတော့ ဆရာတော်က ဘာပြန်ပြောလဲဆိုတော့ သူပြောတာ သူခိုးနဲ့ ဂျပိုးတွေကိုပဲ ပြောတာပါတဲ့ ..သူတော်ကောင်းဆိုရင် နာစရာမလိုပါဘူးတဲ့ရှင်..ဒါလေးက ဝေမျှတာပါ)
    ကျနော်က တရားမျှတစွာ သူ့ဖက်ကိုယ့်ဖက်မျှရေးတာကို မဆိုင်တဲ့ ဘာသာရေးနဲ့ကိုင်ပေါက်ပြီးပြောလာလို့ ဆက်ရေးရတာပါ။
    တစ်ခြားဆိုက်မှ ကျနော်ရေးတာကို ငါနဲ့တောင်ကိုင်တုတ်ပြီးဆဲတာတောင်မှ ပြန်မပြောပါ။
    ခံနိုင်ရည်ရှိပါတယ်။
    ကျနော်က ဘယ်သူနဲ့ပြောပြော ခိုင်လုံသောအချက်နဲ့သာထောက်ပြတာပါ။

    ကျနော်ဘယ်သူကိုမှ မဝေဖန်ပါဘူး၊
    ကျနော်ပို့စ်တွေမှာရေးတာတောင် ဆရာကြီးလေသံနဲ့ တစ်ခါမှမရေးပါ။
    စကားလုံးအသုံးအနုံးကစ ဂရုစိုက်ရေးပါတယ်။
    သူများမထိခိုက်အောင်လဲ ရေးပါတယ်။
    ဒီအကြောင်းပြောတာ ဒီတစ်ခါနောက်ဆုံးပါ။
    ဒီပိုစ်ပေါ်မှာရေးထားခဲ့တဲ့ ကော်မင်းများအတွက်ကတော့ ဘယ်တော့ မှနောင်တမရပါ။
    အားလုံးက အမှန်တရားကိုလက်ကိုင်ထားပြီးရေးထားလို့ပါခင်ဗျာ။

  • meelay

    December 19, 2010 at 3:53 am

    ရွာသူ ရွာသား အပေါင်းတို့လေး… ” အနှောင့်အယှက်ကို အပြုံးလေးတစ်ပွင့်ပေးပါ” ဆိုတဲ့ အတိုင်း နေသွားကြပါစို့လား… 🙂 🙂 🙂

  • PaukPhaw

    December 19, 2010 at 4:30 am

    (“petitelapine wrote “ခုဖြစ်လာတာက MG က ဝိုင်းအာကြသလို ဖြစ်နေပြီ.)

    ဒီမှတ်ချက်လေးကတော့ တစ်ကယ်မှန်တယ်ဗျာ
    အဲသလို ဝိုင်းအ အာကောင်းလို ့လဲ နုတ်ထွက်တဲ့ မန်ဘာတွေလဲ ထွက်ခဲ့ကြပြီးပြီ
    နောက်ထပ်လဲ ထွက်ကြပြန်ဘီ

    မှန်တာပြောတော့ ချိတ်ချိုးကြတာပေါ့ဗျာ
    တက်ညီလက်ညီ လဲ Desklike လုပ်ပေး ကြဒယ်
    ထို ့ကြောင့်.
    သင်တို ့စိတ်ဓာတ်များ အလွန်ပင် ချစ်ဖို ့ကောင်းပေသည်ပေါ့။
    :O

  • ကြယ်လေး

    December 19, 2010 at 5:46 am

    ဘာ ကို ဝိုင်း အာတာလဲ?

    အများနဲ့ တယောက် ဖြစ်သွားတာကို ဝိုင်း အာတယ် ပြောတာလား

    တက် ညီ လက်ညီ Dislike လုပ်တယ်ပြော ရ အောင်

    dislike ဝိုင်း လုပ်ပေး ပါဆိုပြီးလိုက် စည်းရုံး တာခံရဘူးလို့လား

    နှုတ်ထွက်တဲ့ မန်ဘာတွေ က ဘာလို့ နှုတ်ထွက်တာလဲ?

    ကိုယ့်ခံယူချက်နဲ့ကိုယ် စာရေးနေတာမဟုတ်ကြဘူးလား

    အဓိကက ကိုယ်ရေးတာစာဖတ်ဖို့ စာဖတ်သူ များများ ရှိဖို့ ဝေဖန်အကြံပြုချက်များများရဖို့ မဟုတ်ဘူးလား

    ခု တာ့ နေ့ တနေ့ Page view ဘယ်လောက်တက်နေလဲကြည့်ကြည့်ပါလား လူဖတ်မဖတ်သိရအောင်

    အများသူငှါသုံးတဲ့ ဆိုက်မှာ ငါဖြစ်ချင်သလိုမဖြစ်လို့ ငါပြောသလိုမလုပ်လို့ ဆို ပြီးစိတ်ဆိုးစိတ်ကောက်တာကြီးကတော့ ကလေးဆန်လွန်:ပါတယ်

    ကိုယ်ရေးချင်တာ ကိုယ်ဖြစ်ချင်တာ သီးသန့်လိုချင် ရင် ကိုယ်ပိုင်ဆိုက် ထောင်လိုက်ပါ

    Blogspot နဲ့လုပ်မလား

    WordPress နဲ့ လုပ်မလား

    Joomla နဲ့လုပ်မလား

    Free Domain ,Free Host နဲ့ နာရီပိုင်း အတွင်းလုပ်လို့ရတယ်

    လိုချင်ရင် မြန်မာလို ရေးထားတဲ့ Ebook တွေ ရှိတယ် video tutorial တွေရှိတယ် လွယ်မှလွယ်

    ကိုယ်ဖတ်ချင်တာပဲ သီးသန့်ဖတ်ချင်တယ် စာမျက်နှာတခုပြီး တခုသွားရတာငွေကုန်တယ် ဆိုတဲ့စာဖတ်သူ

    Google reader ထဲ မှာ ဖတ်ချင်တဲ့ ဆိုက်ကို Addပြီး တမျက်နှာထဲမှာ အားလုံးဖတ်လို့ရတယ် try ကြည့်ပါ

    အများကို ကိုယ့်စိတ်တိုင်းကြလိုက်ပြင်မည့်အစား ကိုယ်ဖြစ်ချင်တဲ့ပုံစံ ကိုယ့်ဖာသာလုပ်လိုက်ပါ

    လူ့ အသိုင်းဝိုင်းထဲနေမယ် ဆိုရင်တော့ လူတန်းစားပေါင်းစုံနဲ့ နေတတ်အောင်ကျိုးစားထားဖို့လိုမယ်

    • PaukPhaw

      December 19, 2010 at 7:40 am

      နှုတ်ထွက်တဲ့ မန်ဘာတွေ က ဘာလို့ နှုတ်ထွက်တာလဲ? ဟုတ်စ
      အဲတာလဲ မင်းပါးပါးတွေ မားမားတွေကိုပဲ မေးကြည့်ပါ
      တည်းဖြတ်သူကိုယ်တိုင်က ဘာမှမပြောတာတောင် မင်းပါးပါး မားမားတွေ ဝိုင်းအာလို ့..
      မင်းတို ့လို ကိုယ့်မျက်ချေးကိုယ် မမြင်ပဲ ဘူဘူ ချင်း (၁) ပိုချင်တဲ့ ဟာတွေကြောင့်..
      ဖီးကွေးပြီး ဒိုးကုန်တာပဲ.. မှတ်ထား

  • PaukPhaw

    December 19, 2010 at 7:25 am

    မင်းဘာတွေဖတ်ခဲ့သလဲ..
    မင်းဘာတွေသိခဲ့သလဲ..ပြောပါဦး..
    သူများအလှည့်တုန်းက တစ်မျိုးပြော ကိုယ့်အလှည့်ကျတော့ တစ်မျိုးပြောနေကြတဲ့ ဟာတွေ
    မင်းဖတ်ခဲ့ဖူးလား..

  • ကြယ်လေး

    December 19, 2010 at 8:34 am

    ဪ ပေါက်ပြီ

    လိင်တူချစ်သူတွေ ကို တော့ ကန့်ကွက်ပြီး

    ကိုယ့် အလာပ သလာပ post ကို ကန့်ကွက် တော့ မကြိုက် ဘူး လို့ ပြောချင်တာကိုး

    အမေ ညီမ အမ ရှိတဲ့ သူ ဆို ဘယ်လို လုပ် အိမ်မှာ ဂေဇက် ဖွင့်ကြည့်ရပ

    အင်တာနက်ကဖေးမှာ ဂေဇက် ဖွင့်ကြည့်ရင် ရှက်ရှက် ကိုယ်ပဲ အခြောက်လိုလိုဘာလို လို ကြီး

    အိမ်ထောင်ရှိတဲ့ သူ ဆို မိန်းမက သို့လောသို့လောတွေးနေအုံးမယ် ဂေဇက်က လိင်တူpost တွေ နေ့တိုင်းဝင်ကြည့်လို့ဆိုပြီး

    ကိုယ့် မိဘ ဆရာ သူငယ်ချင်း ချစ်သူ မောင်နှမ သားသမီး တွေ ကို ဘယ်လိုမျက်နှာနဲ့ ဂေဇက်ကို ညွှန်းရပါ့

    မကြိုက်လို့ ကန့်ကွက် တာ မှ မဟုတ်တာ မသင့်တော်လို့ကန့်ကွက်တာ

    အများလက်ခံဖို့အရေးကြီးပါတယ်

    အချက်အလက်နဲ့ကန့်ကွက်လေ အ များလက်ခံရင် သူကြီး က အများ အလိုကြဖြစ်အောင်လုပ် ပေး ပါလိမ့်မယ်

    အဒီ Gay post တွေ ကို သူ ကြီး က ရေး ခွင့်ပေးထား သားပဲ Front Page မှာ မပေါ်တာတခုပဲ

    အဒါကို တန်းတူအခွင့်ရေးမရလို့ ကောက်တော်မူတာ လေ

    ကျနော် ဘာတွေဖတ်ခဲ့လဲဆိုတော့ တနှစ် ကျော် ပြီ စိတ်ဝင်စားရင်ဖတ်တယ်
    မဝင်စားရင်ကျော်တယ်

    ဘာတွေ သိ လဲ ဆို တော့ လူလိုသိ လူလို နားလည်တယ်

    လူ့ အသိုင်းဝိုင်းထဲနေမယ် ဆိုရင်တော့ လူတန်းစားပေါင်းစုံနဲ့ နေတတ်အောင်ကျိုးစားထားဖို့လိုမယ်
    လူ့ပတ်ဝန်းကျင်နဲ့ ဆန့်ကြင်တဲ့ လုပ်ရပ် မျိုး မလုပ်မိဖို့တော့ လို လိမ့်မယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 19, 2010 at 9:48 am

    အငယ်လည်းတော်
    အကြီးလည်းတော်
    မတော်ခြင်ရင်လည်း ဆက်ဆော်ကြကွာ
    ဘာဖြစ်ဖြစ် ဒီဆိုက်ကိုမှ မဟုတ်ဘူး ဘယ်ဆိုက်ဖြစ်ဖြစ် ဖတ်ခြင်ရင်ဖတ်မယ် မဖတ်ခြင်ရင်မဖတ်ဘူး
    ကြီးကြီးကျယ်ကျယ်တွေကို ဟန်တစ်လုံး ပန်တစ်လုံးနဲ ့ပြောနေကြတာ စိတ်မလေဘူးကြဘူးလား ဟေ
    ပြောကြတမ်းဆိုကွာ ကိုယ့်ဖက်ကနေ
    ဒီဆိုက်ကို မရေးရမဖတ်ရလို ့ဘာဖြစ်သွားမှာလဲ ဘာမှမဖြစ်သွားဘူး ဆိုက်တွေအများကြီး
    ဆိုက်ဖက်ကနေကြည့်ရင်လည်း ကိုယ်မရေး မဖတ်လို ့ ဆိုက်ဘာမှ မဖြစ်သွားဘူး မန်ဘာတွေအများကြီး
    အရေးကြီးတာက ကိုယ့်ဘာသာ ဘာကိုစားပြီး စောက်ဖင်ဂေါင်းလာကျယ်နေတာလဲ စိတ်လေတယ် ရေချိန်မကိုက်ရတဲ့အထဲမှာ
    လူပေါင်းဆုံအတွေးပေါင်းစုံနဲ ့ရေးနေဖတ်နေကြတဲ့ဥစ္စာကို အတိမ်းအစောင်းတွေတော့ရှိမှာပေါ့
    ကိုယ့်အကြိုက်ဘဲဖြစ်အောင်တော့ စွတ်မပြောသင့်ဘူးကွာ ပြောခြင်ရင်လဲပြော တစ်ခါမန်းရင် ten kyats ဘဲ
    အိုက်ဒီ ဟို ဖြိုးဖြိုးတုန်းကလည်း ဒီလိုဘဲပြောကြတာဘဲ ငါလဲပြောတယ်ကွာ
    ဘာသာရေးရှုထောင့်ထည်းကနေပြောတယ်ကွာ ကျန်တာသူ ့ကိစ္စ
    ခုလဲဘဲ ဘာကိုစောက်ဖြစ်လာသဲနေကြတာလဲ
    ပြောတဲ့သူကလည်းစေတနာနဲ ့ပြောရာကနေ နည်းနည်းကြီးကျယ်သွားလို ့ဖြစ်မှာပါ ကြီးကျယ်တာမိန်းမတွေရဲ ့သဘာဝလေကွာ
    ပိုစ်တင်တဲ့လူတွေဖက်မှာလဲ လက်တည့်စမ်းတာတွေပညာသင်တာတွေရှိမှာပေါ့ အားလုံးမှာ သူ ့ဟာနဲ ့သူဥစ္စာကို
    ရသပေါင်းစုံတင်လို ့ရတယ်လို ့ ဇာတ်ဆရာ (ဒါ ငါခေါ်တဲ့စတိုင်လ်အသစ် ဘူမှ လိုက်မခေါ်နဲ ့ 🙁 ) ကိုယ်တိုင်ပြောတာဘဲဂလားနော
    နောက်ဆုံး ဘာမှမဟုတ်ဘူး ရေးချင်ရင်ရေးဖတ်ခြင်ရင်ဖတ်
    သိပ်မကြီးကျယ်နေကြနဲ ့ ကိုယ်မရေးမဖတ်လို ့ ဘာဖြစ်သွားမှာလဲ
    ကိုယ်တို ့ကတော့ အချိန်ရရင် အဆင်ပြေတဲ့ဆိုက်ကိုအားလုံးဖတ်တယ် ဖတ်ခြင်ရင်ဖတ်တယ် မဖတ်ခြင်ရင်မဖတ်ဘူး
    ပို ့စ်တင်တဲ့လူဖက်လည်းမလိုက်ဘူး ဝေဖန်ကြတဲ့လူတွေဖက်လည်းမလိုက်ဘူး ငါ့ဘာသာ ကျောင်းဆရာဆိုင်မှာ အကြွေးခြောက်ပက် ချထားတာ
    လကုန်ရင်ဆပ်မယ်
    ဘယ်ခွေးမှ လူမထင်ဘူး
    ( တစ်ယောက်နဲ ့တစ်ယောက်သိကြတာလဲမဟုတ်ဘူး တိုင်းပြည်တွက်လည်း မဟုတ်ဘူး လူမျိုးဘာသာတွက်လည်းမဟုတ်ဘူး
    နောက်ဆုံး အခြောက်တွက်တောင်မဟုတ်ဘဲနဲ ့တော်တော်အားနေကြရင် ကိုကိုကြောင်ကို ရေဝိုင်းချိုးပေးဂျ)

  • naywoonni

    December 19, 2010 at 3:39 pm

    တို့တော့ ဘာမှ မပြောဘူး နော် မပြောချင်တော့လို့ ဟိုတစ်ခါအပြောခံရပြီးကတည်းက စကားများများမပြောချင်တော့ဘူးလေ ပြေပါများရင် အမှားပါတတ်လို့

Leave a Reply