နိုင်ငံပိုင်မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းအား ဧပြီလ ၁ရက်နေ့မှစ၍ တရားဝင်လွှဲပြောင်း

introApril 10, 20101min983

နိုင်ငံပိုင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတစ်ခုသို့ ဧပြီလ ၁ ရက် နေ့ မှစ၍ တရားဝင် စတင်လွှဲပြောင်း လုပ်ပိုင်ခွင့်ပေးလိုက်ကြောင်း သတင်း ရရှိပါသည်။
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမှ အချို့ဝန်ထမ်း များအား ပင်စင်၊ လုပ်သက်ဆုများ၊ အချို့ကို လုပ်ခလစာပျမ်းမျ နှစ်လစာပေးကာ ဧပြီလ ၁ ရက်နေ့မှ စတင်၍ အစိုးရဝန်ထမ်းအဖြစ်မှ လွှဲပြောင်းရယူသည့် ကုမ္ပဏီဝန်ထမ်း အဖြစ်သို့ ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။
မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းပိုင် သင်္ဘောများတွင် အလုပ်လုပ်ကိုင်နေသည့် သင်္ဘောသားများကိုလည်း လက်ရှိ အစိုးရလစာနှုန်းထားအတိုင်း ဧပြီလ ၁ ရက်နေ့မှ အများဆုံးရက် ပေါင်း ၆ဝ ဆက်လက် လုပ်ကိုင်ရမည် ဖြစ်ကြောင်းသိရသည်။
ရက်ပေါင်း ၆ဝ လုပ်ကိုင်ပြီး သည့်နောက်တွင် ဆက်လက်လုပ်ကိုင် လိုသော သင်္ဘောသားများကို အပြည်ပြည်ဆိုင်ရာ သင်္ဘောဝန်ထမ်းများအား ပေးသည့်လစာနှုန်းထားများနှင့် ညှိနှိုင်း၍ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ကာလသတ်မှတ်ချက်ပါရှိသည့် contract  စာချုပ် ချုပ်ဆို ခန့်အပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ဆက်လက်တာဝန်မထမ်းဆောင်လိုသည့် သင်္ဘောသားများကိုလည်း မိမိဆန္ဒသဘောထား နှင့်အညီ နုတ်ထွက်ခွင့်ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီမှ မြန်မာ့ကြယ်ငါး ပွင့်သင်္ဘောလုပ်ငန်းကို လွှဲပြောင်းရယူမှုတွင် လက်ရှိမြန်မာ့ကြယ်ငါးပွင့် ရုံးချုပ်အဆောက်အအုံ၊ ပိုင်ဆိုင်ပြေး ဆွဲနေသည့် သင်္ဘောအားလုံး ပါဝင်ကြောင်းသိရသည်။

Ref: Eleven Media Group

3 comments

  • susunosuki

    April 17, 2010 at 2:06 pm

    ပုဂ္ဂလိက ကိုလွဲတာတွေ တော်တော်များလာပြီ
    လေဆိပ်ကို လည်း ဦးတေ ဇ ယူလိုက်တယ်
    လုပ်သက် ငါးနှစ်အောက်နဲ့ အသက်ငါးဆယ်အထက်ဝန်ထမ်းအားလုံး ထွက်ရတယ်

  • zawinaing

    March 30, 2011 at 4:47 am

    လေဆိပ်ကို ဦးတေဇ ယူတာမဟုတ်ပါဘုူး….
    asia world ကယူသွားတာပါ…….

  • လင်းဝေကျော်

    March 30, 2011 at 10:11 am

    အခုလည်း ယူသွားတာက ဦးပိုင်ပါ

Leave a Reply