ပုံပြင်မဟုတ်ပါ
အရာရှိဖြစ်ရတာလည်းမနိပ်ပါဘူးဗျာ… ရဲဘော်ဘဝတုန်းကမှ အဆင်ပြေသေးတယ်။”
“ဘာဖြစ်လို့လဲဗိုလ်ကြီးရ …”
“ဘာဖြစ်ရမတုုံး……ရဲဘော်ဘဝမှာတုန်းက ကျနော့်မိန်းမက တပ်ထဲမှာ အသုပ်စုံရောင်း တယ်။ ရတဲ့အမြတ်အစွန်းလေးနဲ့ အပိုမစုမိပေမဲ့ ဆွဲရေး (စားရေးသောက်ရေး) အဆင် ပြေတယ်။ ကလေးကျောင်းစရိတ်လည်း သိပ်မပူရဘူး။ ခုတော့ဗျာ… အရာရှိကတော် ဖြစ်နေတော့ အရင်ကလို အသုပ်ရောင်းလို့လည်း မသင်တော်ဘူး။ ရိပ်သာက အခြားအ ရာရှိကတော်တွေကြားမှာ မျက်နှာငယ်ရတယ်။ အဆင်မပြေတာကို ဒီအတိုင်းပဲ ကြိတ် မှိတ် နေရတယ်ဗျာ။”
ဒီလိုဒီလိုမျိုးမကြာခဏ ညည်းတွားပြောဆိုတတ်သူကတော့ တပ်မတော် (ရေ) အရာရှိ တဦး ဖြစ်တဲ့ ဗိုလ်ကြီးမျိုးသန်း (ရေ/ ၃၉၁၆) ဖြစ်ပါတယ်။ သူနဲ့ ကျနော် အရင်က မသိ ကျွမ်းဖူးခဲ့ပါ။ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုကို သူပြောင်းရွှေ့ရောက်ရှိလာတဲ့နောက် ပိုင်းမှာ သန်လျင်ဘက်ကိုသွားဖို့ ဘတ်စ်ကားစောင့်ရင်း မကြာခဏဆုံတွေ့ဖြစ်ရာက ရင်း နှီးလာတာပါ။ ရေတပ်မှာ ကြိုပို့ယာဉ်အလုံ အလောက်မရှိတာမို့ အောက်ခြေအရာရှိများ နဲ့ စစ်သည်အများစုဟာ လိုင်းကားစီးပြီး ရုံးတက်ရပါတယ်။
အဲဒီထဲမှာ ကိုယ်ပိုင်ကားမရှိတဲ့ ဗိုလ်မှူးအချို့လည်း ပါဝင်ပါတယ်။ တခါတရံ လိုင်းကား အဆက်ပြတ်တဲ့ အခါမျိုးမှာ ကျနော်တို့ နီးစပ်ရာလက်ဘက်ရည်ဆိုင် ထို်င်တတ်ကြပါ တယ်။ အဲဒီအခါမျိုးမှာ သူ့အကြောင်း ကိုယ့်အကြောင်း စပ်မိလို့ ပြောဖြစ်ကြတာတွေ ရှိ ပါတယ်။ လက်ဘက်ရည်သောက်တဲ့ အကြိမ်အများစုမှာ ကျသင့်ငွေကို ဗိုလ်ကြီး မျိုးသန်း က ဒိုင်ခံရှင်းပေး တတ်ပါတယ်။ အခြားသူကရှင်းပေးတာကို မလိုလားပါဘူး။
ကျနော်တို့ရေတပ်မှာ အချင်းချင်း understood ဖြစ်နေတဲ့ ထုံးစံတခု ရှိပါတယ်။ အဲဒါက လမ်းကြုံလို့ လက်ဘက်ရည်အတူသောက်ကြတဲ့အခါ ရာထူးကြီးသူက ကျသင့်ငွေ ကို ရှင်းပေးတတ်တဲ့ အလေ့အထပါ။ (သို့ပေမဲ့ ထုံးစံ မလိုက်နာသူ အချို့လည်း ရှိပါသေး တယ်)
ဗိုလ်ကြီးမျိုးသန်း ဟာ ရေငုပ်စစ်သည် ဘဝက အရာရှိဖြစ်လာသူပါ။ ၁၉၉၄-လောက်မှာ ခေတ်မီတပ်မတော်တရပ် ထူထောင်ဖို့ ရည်မှန်းချက်နှင့်အတူ (ကြည်း/ ရေ / လေ) တပ် ဖွဲ့စည်းပုံကို တိုးချဲ့လုပ်ဆောင်ပါတယ်။ အဲဒီအခါမှာ အရာရှိအင်အားပြည့်မီရေးအတွက် ရေတပ်ဗိုလ်လောင်း သင်တန်းဖြေဆိုခွင့် သတ်မှတ်ချက်ကို ယာယီလျှော့ချလိုက်ပါ တယ်။ ယခင်က သိပ္ပံဘွဲ့ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) နဲ့ ဝိဇ္ဇာဘွဲ့(ဥပဒေ) ရရှိပြီး အ သက် (၃ဝ) နှစ်အောက် စစ်သည်များသာ ဗိုလ်လောင်းသင်တန်း လျှောက်ခွင့်ရခဲ့ ပေမဲ့ ယာယီပြင်ဆင်ချက် အရ အသက် (၃၅) နှစ် အောက်ဘွဲ့ရပြီးသူအားလုံး ဗိုလ်သင်တန်း လျှောက်ခွင့် ရလာပါတယ်။
အထက်ပါစီမံချက်နဲ့အတူ ရဲဘော်မျိုးသန်း လည်း ဗိုလ်ကြီးမျိုးသန်းဖြစ်လာပါတယ်။ သို့ သော် ဗိုလ်မှူးမျိုးသန်း တော့ ဖြစ်ခွင့်မရှိပါ။ နဝတအစိုးရ လက်ထပ်မှာ ရဲဘော်ဘဝမှ အ ရာရှိဖြစ်လာသူတွေကို စစ်ရေယာဉ်မှူးငယ်သင်တန်း တက်ခွင့်မပြုတော့လို့ အဲဒီအရာရှိ တွေဟာ ဗိုလ်ကြီးဘဝမှာပဲ ကျောက်ချရပ်နားလို်က်ကြရပါတယ်။
တနေ့မနက်မှာတော့ ကားစောင့်နေတုန်း အံ့ဩစရာ သတင်းတခုကို ကျနော် ကြားလိုက် ရ ပါတယ်။ လက်နက်ရောင်းဝယ်မှုနဲ့ ဗိုလ်ကြီးမျိုးသန်း အဖမ်းခံလိုက်ရပြီတဲ့။ စိတ်လှုပ် ရှားအံ့အားသင့်သွားရတဲ့အပြင် ကြားရတဲ့သတင်း ဖြစ်နိုင်ချေရှိမရှိ ဆက်စပ်စဉ်းစားမိပါ တယ်။ ဗိုလ်ကြီးမျိုးသန်းဟာ အနေအထိုင်အေးဆေးတည်ငြိမ်ပြီး သူတပါးအပေါ် စာနာ စိတ်ထားရှိသူတဦး ဖြစ်ပါတယ်။ ပိုပြီးထူးဆန်းတာက သူ့မှာ သေနက်တလက် ပိုင်ဆိုင် တယ် ဆိုတဲ့ကိစ္စပါ။ နောက်တော့မှ ဟိုတစဒီတစနဲ့ အကြောင်းစုံကို သိရပါတော့တယ်။
ပစ္စတိုသေနက် တလက်ကို ငွေကျပ်သိန်း (၅ဝ) နဲ့ ရောင်းဖို့ရှိတယ်လို့ ဗိုလ်ကြီးမျိုးသန်း က အရပ်သားတဦးကို ကမ်းလှမ်းတဲ့အခါ အဲဒီအရပ်သားက စံပြဈေးအနီးမှာရှိတဲ့ စား သောက်ဆိုင်တခုမှာတွေ့ဆုံဖို့ ချိန်းပါတယ်။ ချိန်းဆို ထားတဲ့နေရာမှာ အရောင်းအဝယ် ကိ်စ္စပြောဆိုနေစဉ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ဖမ်းပါတယ်။
နောက်တော့ ထောက်လှမ်းရေး (၂၆) ကို လွှဲပေးလိုက်ပြီး ဗိုလ်ကြီးမျိုးသန်း က ဟုတ်မှန်း ကြောင်းဝန်ခံကာ သေနတ်ထည့်ထားတဲ့ သေတ္တာသော့ကို ထောက်လှမ်းရေး အရာရှိထံ အပ်နှံလိုက်ပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်အချို့ အဏ္ဏဝါ အရာရှိရိပ်သာမှာရှိတဲ့ ဗိုလ်ကြီးမျိုးသန်း ရဲ့ အခန်းကို ရောက်ရှိသွားတဲ့အခါ ဗိုလ်ကြီးမျိုးသန်းရဲ့ ဇနီးက အခန်း တံခါးဝမှာရပ်နေတဲ့ သူစိမ်းတွေကို အတန်ကြာအောင် ငေးကြည့်နေပြီးမှသမီးဖြစ်သူကို ဖျာတချပ်ခင်းစေကာ ဧည့်သည်တွေကို ထိုင်ဖို့ ပြောရပါတယ်။
အထင်နဲ့အမြင် တက်တက်စင်လွဲ နေပြီဖြစ်တဲ့ အိမ်ခန်းအဆင်အပြင်ကို တွေ့ရတော့ ထောက်လှမ်းရေးတွေလည်း စိတ်မကောင်းနိုင်ကြတော့ပါ။
အခန်းထဲမှာ အရာရှိအဆောင် အယောင်ဆိုလို့ တန်းမှာချိတ်ထားတဲ့ ယူနီဖောင်းတစုံက လွဲပြီး ဆက်တီမရှိ၊ အပေါ်စက်အောက်စက်မရှိ၊ ရေခဲသေတ္တာမရှိ၊ အဝတ်အစား ကောင်း ကောင်းမရှိ ယုတ်စွအဆုံး ဆန်ပုံးထဲမှာ ဆန်အလုံအလောက် မရှိ။ ထောက်လှမ်းရေး အ ရာရှိက အိမ်ရှင်ထံခွင့်ပန်ပြီး “ဒုဗိုလ်မျိုးသန်း (ရေ-၃၈၁၆)” လို့ စာရေးထားတဲ့ ထင်းရှူး သေတ္တာကို ဖွင့်လိုက်တဲ့အခါ ယူနီဖောင်းအသစ်တစုံနှင့် အရပ်ဝတ်နှစ်စုံခေါက်ပြီး ထည့် ထားတာကို တွေ့လိုက်ရပါတယ်။ အဝတ်တွေရဲ့အောက်မှာတော့ ပလပ်စတနဲ့ အသေအ ချာထုပ်ထားတဲ့ ပစ္စတိုသေနတ်တလက်ကနေ ရာယူထားပါတယ်။
အဲဒီသေတ္တာရဲ့သော့ကို ဗိုလ်ကြီးမျိုးသန်း က အမြဲသိမ်းထားပြီး ဇနီးဖြစ်သူကိုလည်း သေတ္တာသန့်ရှင်းရေးလုပ်ခွင့် မပြုပါ။ ဇနီးသည်လည်း သူတလျှောက်လုံး သံသယဖြစ်နေ ခဲ့တဲ့ သေတ္တာရဲ့လျှို့ဝှက်ချက်နဲ့ ပတ်သတ်ပြီး ဇာတ်ရည်လည် သွားပါတော့တယ်။
အမှုကိစ္စဆက်လက်ဆောင်ရွက်ဖို့ ထောက်လှမ်းရေးတပ်မှူးနဲ့ ဗျူဟာ စစ်ရေယာဉ်စုမှူး ဗိုလ်မှူးကြီး သက်တင်လှိုင် တို့ ဆွေးနွေးပြီး ညတွင်းချင်း အစီရင်ခံစာ တင်ပါတယ်။ တပ် မတော်သားချင်း ကိုယ်ချင်းစာ၍ ထင်ပါရဲ့ထောက်လှမ်းရေး အစီရင်ခံစာထဲမှာ ဗိုလ်ကြီး မျိုးသန်း ထံမှ သိမ်းဆီးရမိသော သေနတ်အကြောင်းကို ချန်လှပ်ကာ လိမ်လည်ကြံစည် မှုအဖြစ်သာ တင်ပြထားပါတယ်။
အမှုပေါ့စေရန် ဖြစ်ပါတယ်။ သို့သော် အမှုဖြစ်စဉ်ကို သိရှိသွားတဲ့ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်စိုးသိန်းက အမှုဖြစ်စဉ်မှန်ကို ပြန်လည်တင်ပြရန် တောင်းဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်စိုးသိန်း ကိုယ်တိုင်လည်း တပ်မှုးဘဝမှာတုန်းက တပ်ရင်းကင်းမှ သေနတ်တ လက် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး တရားမဝင်အစားထိုး ဖြေရှင်းနိုင်ခဲ့လို့သာ ဗိုလ်ချုပ်အ ဆင့်ထိ ရာထူးမြဲခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးမျိုးသန်း သင်တန်းသား အရာရှိဘဝမှာ စစ်ရေယာဉ်- ၅၅၂ ၏ ပဲ့စင်အရာရှိငယ် အဖြစ်နဲ့ ပင်လယ်ပြင် လုံခြုံရေးတာဝန် ထမ်းဆောင်ရပါတယ်။ အဲဒီမှာ တရားမဝင် ထိုင်း ငါးဖမ်းလှေများကို ဖမ်းဆီးရင်း ငါးဖမ်းလှေတစီးပေါ်မှ ပစ္စတိုသေနတ်တလက်ကို အမှတ် မထင် ရရှိလိုက်ပါတယ်။
သူက သေနတ်ကို စစ်ရေယာဉ်မှူးထံ မအပ်ဘဲ သိမ်းထားလိုက်ပါတယ်။ နှစ်ပေါင်းများစွာ တယုတယ သိမ်းထားပြီးမှ မိသားစုဝမ်းရေး အခက်အခဲနဲ့ သားသမီး ပညာရေးအတွက် လုပ်မိလုပ်ရာ လုပ်လိုက်ပုံ ရပါတယ်။ အဲဒီအချိန်မှာ သူ့သမီးအကြီးဆုံးက အင်္ဂလိပ်စာ အဓိကနဲ့ တက္ကသိုလ် တက်နေပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်ကြီးမျိုးသန်း ထောင်တနှစ်ခွဲ ကျသွားပါတယ်။ မူလပြစ်ဒဏ်က ထောင် ငါးနှစ်ဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့် အမိန့်နဲ့ တနှစ်ခွဲ ဖြစ်သွားတာလို့ သိရပါတယ်။
အမှုနဲ့ပတ်သတ်ပြီး မှန်တယ်မှားတယ် တရားတယ် မတရားဘူး စသည်ဖြင့် ပြောဆိုမှု တွေ သိပ်မကြားရပေမဲ ့ မိသားစုချင်းကိုယ်ချင်းစာနာပြီး စိတ်မကောင်း ဖြစ်ကြရပါတယ်။
သူ့ရဲ့လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေတချို့က သူ့မိသားစုကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီ ထောက်ပံ့ကြပါတယ်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကလည်း ထောက်ပံ့တယ် လို့ သိရပါတယ်။
အမှန်တကယ်တော့ တပ်မတော်သားဆိုတာ နိုင်ငံ့ဝန်ထမ်းတွေပါပဲ။ နောက်ခံအလွှာ အ သီးသီးကနေ အကြောင်းအမျိုးမျိုးနဲ့ တပ်ထဲကို ရောက်လာကြတာပါ အခြားအရပ်ဖက် ဝန်ထမ်းတွေနဲ့ မတူတာက တပ်ထဲကို အဝင်လွယ်ပြီး အထွက်ခက်တဲ့ ကိစ္စပါ။ တပ်မ တော်သား အများစုဟာ လူ့ဂုဏ်သိက္ခာတရားနှင့်အညီ နေထိုင်လိုကြပါတယ်။
ဒါပေမဲ့ ပြောမယုံကြုံဖူးမှသိဆိုသလို ဘဝတွေက ကြမ်းတမ်းခက်ထန်လှပါတယ်။ တပ် မိ သားစုတွေကို ထုတ်ပေးတဲ့ရိက္ခာဟာ ဒုက္ခသည်စခန်းမှာပေးတဲ့ ရိက္ခာရဲ့ ငါးပုံတပုံ လောက်ကောင်းမွန်မယ်ဆိုရင် စစ်သည်တွေ အတော်ဝမ်းသာရမှာပါ။ မိသားစု စားဝတ် နေရေး မပြေလည်ပေမဲ့ နှုတ်ထွက်ခွင့်လည်းမရ တပ်ကထွက်ပြေးရင်လည်း ရာဇဝတ်မှု ကျုးလွန်မိသလို ထောင်ဒဏ်ကျခံရမှာဖြစ်တာကြောင့် မိသားစုအသိုင်းအဝိုင်း မျက်နှာ ကိုထောက်ထားပြီး အခက်အခဲတွေကို ကျိတ်မှိတ်ခံနေသူတွေ အများစုရှိနေဆဲ ဖြစ်ပါ တယ်။
အဲဒီတော့ မိသားစုဝမ်းရေးအတွက် ဆိုက်ကားနင်း၊ ညစောင့်လုပ်၊ ချဲထီရောင်း၊ လူမှောင် ခိုလုပ် စတဲ့နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းနေကြရပါတယ်။
အတ္တကိုဗဟိုပြုလွန်းတဲ့ အာဏာရှင်စနစ်မှာ အကျိုးအမြတ်ခံစားခွင့်ဆိုတာ ဗိုလ်မှူးကြီး အဆင့်ကနေ အထက်မှာပဲ စုပြုံနေတာပါ။ အောက်ခြေက လူအများစုအတွက်တော့ လူ တန်းစေ့နေထိုင်ရေးနဲ့ လူ့ဂုဏ်သိက္ခာ တရားဆိုတာ ပြောင်းပြန်အချိုးကျနေပါတယ်။ ဒီ လိုဖြစ်အောင် အာဏာရှင်ကြီးတွေက တမင်ဖန်တီးထားတာပါ။ ရဲဘော်တွေရဲ့ဘဝဟာ တုုံးအောက်က ဖား ဆိုတော့လည်း ပြားနေ အောင်ခံရတာပေါ့။
ဒါပေမဲ့ အထက်မှာ ဆိုခဲ့သလို တပ်မတော်သားအများစုဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ အမှောင်ထု အတွင်းကနေ တဦးချင်းလည်း ရုန်းမထွက်နို်င်။ အားလုံး လွတ်မြောက်ရေး အတွက် ထွက်ပေါက်ကိုလည်း မမြင်နိုင်ကြရှာသေးဘဲ အာဏာရှင် ဝန်ထုပ်ဝန်ပိုးကြီးကို မနိုင်မနင်းထမ်းကာ နေဝင်ရာအရပ်ဆီကို တရွေ့ရွေ့ လျှောက်လှမ်းနေကြတုန်း ဆိုလေ တော့ …။
တပ်ကြပ်ကြီး – နေမင်းသူ
naytthit.net မှဖော်ပြပါသည် ။
6 comments
search123
December 27, 2010 at 9:22 am
မိသားစု အတွက်ဆိုတော့ လည်း ….
kai
December 27, 2010 at 11:04 am
ထောင်ကျတယ်ဆိုတော့ ..ကျန်ရစ်တဲ့မိသားစုတော့ ဒုက္ခပဲနော..။
ပိုဆိုးကုန်မှာပေါ့..။
ပြောရရင် … အဲဒီစာထဲပါတဲ့.. ထောက်လှမ်းရေးက လူတွေ.. အရာရှိကြီးတွေခမျာလည်း … အမည်တွေနဲ့ ဒီအချိန်မှာ ပြန်တိုက်ကြည့်ရင် … အကုန်လိုလို ဒုက္ခတွေချည်းနဲ့ ဖြစ်နေလောက်ပါပြီ။
စံနစ်ကြောင့်ပဲဆိုပါတော့..။
ရင်လေးပါတယ်.။
nyimalay
December 27, 2010 at 12:00 pm
မကြာတော့ပါဘူး သူတို့အလှည့်လာရောက်လာတော့မှာပါ….. 🙁
အဲ့ဒီအခါကျရင် ပိစိကွေးလေးက ရှေ့ဆုံးကသွားကြည့်ပြီးလက်ခုပ်တီးနေမှာ 😛
ဘယ်သူလိုက်ကြအုံးမလဲ…… လိုက်ချင်တဲ့သူစာရင်းပေးကြနော်……
အယောက် 20 ပဲခေါ်မှာနော်……. 😛
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
December 27, 2010 at 6:53 pm
စိတ်မကောင်းလိုက်တာ။ တစ်ခါလေးခိုးစားတာနဲ့ မိသွားရော။ တကယ်တော့ ကျွန်တော်လည်း သူခိုးတစ်ယောက်ပါပဲ။လျှပ်စစ်မီး အမြဲခိုးသုံးတယ်။ ခိုးကူးခွေ အမြဲအားပေးတယ်။ ခုမှပြန်တွေးကြည့်ရင် ကြောက်စရာကြီး။ ကျွန်တော်သေရင် အောက်ပဲ။ ကျွန်တော် ခိုးသုံးတာ သိန်း၅ဝ ဘိုုးတောင်မကတော့ဘူးထင်တယ်။
Tettoe Aung
December 28, 2010 at 4:05 am
It reminded me of Sayagyi Shwe-U-Daung’s words. He said, “The real test of your will and morality depends on the situation one is in; if one can keep his or her morality intact in a crisis situation then one can be regarded as a moral person.” We have a saying in Burmese that , ‘hsankho mami; phwe-kho mi’ (the thief who stole rice was not caught but the thief who stole chaff was caught). We have a very big thief who stole enough to buy Manchester United for his grandson need not have a worry to get caught but an naval officer who tried to sell a pistol was caught and punished. Where is justice one might ask. As one karma ripens no one can prevent them from facing the justice they deserved. At present they are know to the world as thieves no matter what they might think of themselves. That’s the justice that they are facing right now.
R Ga
December 28, 2010 at 8:27 am
အော် ဘဝ……..မရှိတော့ လည်း…ရှိအောင်လုပ်ရတာနဲ့ ဒုက္ခတွေ့ ။
ရှိတော့ လည်း ပိုရှိရအောင်လုပ်နေရတာနဲ့ ဒုက္ခ….။ (တရားပေါက်သွားသောလေသံဖြင့်)