“ဝါသနာနဲ့ဝမ်းရေး ဘာကိုရွေးပါမယ့် ဘယ်လိုရွေးပါမယ့် (အပိုင်းနှစ်)

ဘူဇွာက မှန်ကြောင် မုန့်မှာတာကိုလဲကြားရော
“မင်းကွာ ဘိုက်ဆာတာများ ပြောနေသေးတယ် မင်းဘဲ ကဗျာရှိရင် ဘာမှမလိုဘူး ဆို မှာမနေနဲ့ “လို့ ခပ်ငေါ့ငေါ့လေးပြောလိုက်တော့ စားပွဲထိုးလေးခမျာ မှာလည်း မှန်ကြောင်မှာတဲ့ မုန့်ကို မှာရမှာလား မမှာရဘူးလားဆိုတာကို
ဝေခွဲလို့မရဖြစ်နေပါတယ်။
အဲဒီအခါမှာ မှန်ကြောင်က ” ဒါက တင်စားတာလေကွာ နောက်ပြီး အခုမှာတာက မင်းပါးစပ်နဲ့ငါစားမှာမဟုတ်ဘူး ငါ့ပါးစပ်နဲ့ ငါစားမှာ မင်းအပူမပါဘူး”လို့ပြန်ပြောတဲ့အခါ
“အေး မင်းပါးစပ်နဲ့မင်းစားတာတော့ ဟုတ်တယ်
ဒါပေမယ့် မင်းပိုက်ဆံနဲ့ မင်းစားတာ မဟုတ်ဘူး သူများရှာထားတဲ့ပိုက်ဆံနဲ့မင်းအမြဲစားတာ “လို့ ပြောတဲ့အခါမှာ
မှန်ကြောင် တော်တော်လေးကို အခံရခက်သွားတော့ ပြန်ပြောမလို့ ပါးစပ်ပြင်နေတုန်းရှိသေးတယ် ဘူဇွာကဆက်ပြီး
” မင်းတို့လိုကောင်တွေက စာရေးဆရာ အစစ်ဖြစ်ချင်တဲ့လူမဟုတ်ဘူး စာပေကို ဗန်းပြပြီး အချောင်ခိုနေတဲ့ကောင်တွေ ”
လို့ပြောလိုက်တဲ့အခါ မှန်ကြောင်က “မင်းဒါ ငါတို့ စာပေသမားတွေကို စော်ကားတာ “ဆိုပြီးဒေါကြီးမောကြီးနဲ့ပြောပါတယ်။
အဲဒီတော့မှာ ဘူဇွာက ဆက်ပြီး
“အေး ပြောလိုက်ရင် မင်းတို့က အားလုံးနဲ့ရန်တိုက်ပေးတော့တာဘဲ
စာရေးဆရာ ကဗျာဆရာကြီးတွေထဲမှာ နိုင်ငံတာဝန်တွေထမ်းဆောင်ရင်း မိသားစုအလုပ်တွေကို မနေမနားလုပ်နေရင်း စာကောင်းပေးကောင်းတွေ ရေးထားခဲ့တဲ့ ရေးနေတဲ့ ဆရာ ဆရာမကြီးတွေအများကြီးရှိတယ် လက်ချုးိရေလို့တောင်မရဘူး၊အများကြီးမှ အများကြီး။
အေး တစ်ချို့လဲ စာရေးတာနဲ့ ဘဲ အသက်မွေးဝမ်းကျောင်း လုပ်တယ် ဒီပြင်စီးပွားရေးကို မလုပ်ဘူး ဒါပေမယ့် မင်းတို့လို လပ်ယားလပ်ယား လမ်းပေါ်သွားလိုက် လက်ဖက်ရည်ဆိုင်မှာ လူထူထူတွေ့ပြီဆိုင်ရင် အနောက်နိုင်ငံက လူတိုင်းမသိနိုင်တဲ့ နာမယ်တွေရွတ်ပြလိုက် လွန်လွန်ကဲကဲတွေပြောလိုက် သူများကြွေးတာစားလိုက်
အရက်ဆိုင်မှာ သူများတွေ ဘယ်လိုဖြစ်နေမယ်မစဉ်းစားဘူး မူးပြီဆိုတာနဲ့ ကဗျာတွေရွတ်
ကိုယ့်ဝမ်းစာလဲကိုယ်ရှာမစားဘူး ကို်ယ့်မိသားစု အရေးလဲထည့်မတွက်ဘူး မင်းတို့က မင်းတို့ အတ္တကိုယ် ကြီးသထက်ကြီးအောင် မွေးနေတဲ့ တစ်ကိုယ်ကောင်းသမား ” လို့ဒေါနဲ့မာန်နဲ့ပြောတဲ့အခါ
မှန်ကြောင်က ဒေါမာန်တွေထပြီး ဘူဇွာကို လက်သီးနဲ့ထိုးမယ်လုပ်တော့ အားလုံးကို ဝိုင်းဆွဲကြရပါတော့တယ်။
တကယ်လို့များဖြစ်ရင်လဲ မှန်ကြောင်ခံရမှာပါ။
သူကလူကောင်သေးသေး ဟိုက နည်းတဲ့ကောင်မဟုတ်ဘူး ။
အဲဒီမှာ ဝိုင်းဖြန်ဖြေလဲပြီးရော ဘူဇွာကလဲ ဝုန်းဒိုင်းဆိုပြီး ထပြန်သွားပါတယ် သိပ်မကြာခင် မှန်ကြောင်လဲ ငိုက်စိုက်ငိုက်စိုက်နဲ့ပြန်သွားပါတယ်။
သူတို့လဲပြန်သွားရော ကျနော်တို့ ကျန်နေတဲ့သူတွေ ကဆက်ပြိး ငြိကြပါတော့တယ်။
တစ်ချို့ကလဲ ငယ်သူငယ်ချင်းအချင်းချင်း ဒီလိုပြောတာ ဘူဇွာမှားတယ်ပေါ့။
တစ်ချို့ကတော့ လဲ အလကားနေရင်းလေ နေတဲ့ကောင် ဒီလိုပြောမှ အချိုးပြင်မှာပေါ့။
တစ်ချို့ကလဲ ဘူဇွာက ဒီဝိုင်းကို သူအမြဲတမ်းရှင်းရတယ်ဆိုပြီး မောက်မာတာပေါ့။
တစ်ချို့ကတော့ လဲ မဆိုင်ဘူး သူပြောတာ တရားနည်းလမ်းကျတယ် မှန်ကြောင်က အပိုတွေပြောတယ်ပေါ့။
တစ်ချို့ကတော့ လဲ သူ့ခံစားချက်နဲ့သူနေတာ မှန်ကြောင် ထမင်းစားဘို့အလုပ်မလုပ်တာကလွဲရင် ဘယ်သူမှ မထိခိုက်ဘူးပေါ့။
တစ်ချို့ကလဲ ထမင်းစားဘို့ အလုပ်မလုပ်ချင်ရင် သူများကြွေးတာမစားနဲ့အငတ်နေ ဒါဆိုသူများပြောတာ မခံရတော့ ဘူးပေါ့။
ဆိုပြီး အမျိုးမျိုး ပြောပြီးသဘောထားတွေကွဲကုန်ကြပါတော့တယ်။
ကဲ မိတ်ဆွေတို့ရော ဘယ်ဘက် နေချင်ပါသလဲ ကြားနေဘဲလား ?
တကယ်လို့များပြတ်ပြတ်သားသား တစ်ဖက်ဖက်ကနေပါဆိုရင်ရော ?
ဒါကိုမြင်တော့ ကျနော်နဲ့ဆုံခဲ့ဘူးတဲ့ “ကိုထက်”ဆိုတဲ့ လူငယ်လေးတစ်ယောက်ကို သွားသတိရပါတယ်။
သူကတော့ ချမ်းသာတယ်လို့မဆိုနို်င်ပေမယ့် အတော်အသင့်ချောင်လည်တယ်ဆိုတဲ့ မိသားစုကပေါက်ဖွားတာပါ။
သူတို့ မိသားစုက ကျောက်မျက်ရတနာလုပ်ငန်းကို လုပ်ပါတယ်။
တစ်အိမ်လုံးက အပြင်စာဖတ်တာကို အပိုအလုပ်တွေလို့ ယူဆတဲ့မိသားစုလဲဖြစ်ပါတယ်။
သူတို့အိမ်မှာ စာစောင်ဆိုလို့ သတင်းစာတောင်မထားပါဘူး။
ဖြစ်ချင်တော့ ကိုထက် က စာဖတ်တာ ဝါသနာပါရုံတင်မကဘူး သီချင်းလဲရေးချင် ကဗျာလဲရေးချင်စာလဲရေးချင်တယ်ဆိုတဲ့ ပိုးလေးကလဲ တစထက်ထက်တစ် ရင့်လာပါတယ်။
အဲဒီမှာ အဖေအမေနဲ့ရော အကိုအမတွေနဲ့ပါ တကျက်ကျက်နဲ့ပေါ့။
အဲဒီမှာ သူ့တို့အိမ်က ဆယ်တန်းမအောင်မချင်းဒီအပိုအလုပ်တွေမလုပ်နဲ့ အောင်လို့ တက္ကသို်လ်ရောက်ပြီဆိုရင် မင်းသဘောဆိုပြီး သဘောတူညီချက်ရလိုက်ပါတယ်။
အဲဒီတုံးက ကိုထက်က 9တန်းကျောင်းသားပါ။
ကိုထက်လဲ ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်အောင်လုပ်မယ်ဆိုပြီး ဝုန်းရတော့တာပေါ့။
ဒါပေမယ့်လဲ ကျောင်းပိတ်ရက်တွေမှာဆိုရင ်သူ့အဖေခိုင်းတဲ့ မိသားစုလုပ်ငန်းဖြစ်တဲ့ ကျောက်မျက်ရတနာလုပ်ငန်းကို ကူညီပြီးလုပ်ရ ရုံတင်မက ဘူး နွေရာသီကျောင်းပိတ်ရက်မှာ သူ့အဖေသူငယ်ချင်းအိမ်မှာ ပညာသင်အနေနဲ့သွားနေရပါတယ်။
အဲလိုသွားနေရင်းကိုထက် ရင်ထဲရောက်လာတဲ့ အသိတရားက ဝမ်းရေးအတွက်က ကဏ္ဍတစ်ခု
ဝါသနာက ကဏ္ဍတစ်ခုဆိုတာ မြင်လာပါသတဲ့။
သူကသာ ပညာသင်ဆိုပြိးအပျော်သဘောနဲ့လာပေမယ့် ပါတ်ဝန်းကျင်မှာက ကျောက်သွေးကျောက်ဖြတ် ကျောက်ပွဲစား အထည်ကိုင် စတဲ့လူပေါင်းစုံက မနက်မိုးလင်းက မိုးချုပ်ထမင်းတစ်လုတ်အတွက် တကုတ်ကုတ်လုပ်နေကြရတာ နေ့စဉ်မြင်တွေ့လာလို့ပါဘဲ။
တိုတိုပြောရမယ်ဆိုရင် အဲဒီကတည်းက ကိုထက်က ဒီပညာကို ရအောင်ကြုးိစားလို့ သင်ပါတော့ တယ်။
ဒီလိုနဲ့ဘဲ ကိုထွေးဆယ်တန်းအောင်လို့ တက္ကသို်လ်ရောက်တဲ့အခါ သူလိုဝါသနာတူ သူငယ်ချင်းတွေနဲ့ပေါင်းသင်းမိတဲ့အခါ သီချင်းတွေလဲ စမ်းရေ နံရံကပ်စာစောင်တွေလုပ် ကဗျာစာအုပ်တွေထုတ်လို့ ဝါသနာပါတာတွေလည်း လုပ်။
ကျောင်းပိတ်ရက်အားတယ်ဆိုရင် လည်း အဖေ့ရတနာလုပ်ငန်းတွေကူလုပ်လို့ အဖေ့အမွေကိုယူပါသတဲ့။
နောက်ကိုထွေးကျောင်းပြီးတော့ သူ့အိမ်နားလေးမှာ အခန်းလေးငှားလို့ စာအုပ်အငှားဆိုင်လေးထောင်ပါသတဲ့။
သူ့က အပျော်ဖတ်တွေရော ဖတ်သင့်တဲ့စာအုပ်တွေရော သူဖတ်ချင်တာတွေရော စုံအောင်တင်ထားတော့ ပြောရရင်တော့ မကိုက်ပါဘူး။
တစ်ခါတစ်လေ တန်ဘိုးကြီးကြီးပေးထားရပေမယ့် တစ်ယောက်နှစ်ယောက်ထက်ပိုမငှားတဲ့ အရင်းပြန်မရတဲ့စာအုပ်လဲ အများကြီးပါတဲ့။
ကိုထက်က သူ့အဖေလိုအရောင်းအဝယ်သိပ်ဝါသနာမပါတော့ သူစာအုပ်ဆိုင်ဘေးမှာ ကျောက်မျက်သင်တန်းလေးဖွင့်ပါတယ်။.
နောက်ကျောက်မျက်အထည်လေးတွေကိလဲ အချောကိုင်ပါတယ်။
အဲဒီဘက်က ရလာတဲ့ငွေလေးတွေ ကို အရုံးပေါ်တဲ့စာအုပ်ဆိုင်ဘက်ထည့် ။
စာအုပ်အသစ်တွေ ထွက်တဲ့ နေ့ဆိုရင် ညမအိ်ပ်နိုင်ဘဲ စာအုပ်တွေတကုတ်ကုတ်နဲ့ချုပ်။
ငွေသိပ်လိုရင် အမတွေဆီမှာ ဆွဲ နဲ့ ဝါသနာနဲ့ဝမ်းရေးကို ကံကောင်းထောက်မစွာအချိုးညီညီတွဲလုပ်နိုင်ခဲ့ပါတယ်။

ဒီလိုနဲ့အိမ်ထောင်ရက်သားကျသွားတော့ လဲ ဒီလိုဘက် ဆက်လက်ချီတက်စမြဲပါတဲ့။
တစ်ခါတစ်လေ နှစ်ဘက်လုံးအလုပ်ဆုံကျလို့ပင်ပန်းလို့ ညည်းများညည်းမိရင် သူ့ မိန်းမ မညိုက
” ကိုထက် ရှင်ရွေးတဲ့ လမ်းလေ “လို့ပြောလိုက်ရင် သွားဖြဲလေးနဲ့ ရီပြလိုက်ရပါသတဲ့။
ကဲ ကိုထက်လို ဝါသနာနဲ့ ဝမ်းရေး အချိုးညီအောင်တွဲနိုင်ဘို့ ဆိုတာကတော့ ရှိတော့ ရှိတယ် ရှားတယ်လို့ဘဲပြောလိုက်ချင်ပါတယ်နော်.။

11 comments

  • winkyawaung

    January 5, 2011 at 4:04 pm

    ဆရာကိုပေါက်ရေ လူငယ်တွေအတွက် ဗဟုသုတ ရစေချင်ပါတယ်။ အခြားဆိုဒ်မှာ တဆင့်ကူးယူဖော်ပြခွင့်ပြုပါဆရာ။

  • weiwei

    January 5, 2011 at 5:46 pm

    ညီမျှရင်တော့ အကောင်းဆုံးပေါ့ …

  • zaw min

    January 5, 2011 at 6:59 pm

    ကျွန်တော်ကတော့ ဘူဇွာကိုထောက်ခံတယ်။ ဝါသနာကိုအရင်းခံပြီး လုပ်မယ်ဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ်အောင်မြင်မှာပါ။ဇွဲ၊လုံ့လ၊ဝရိယ ရှိဖို့တော့ လိုမှာပေါ့။

  • shweminthar

    January 5, 2011 at 7:32 pm

    ဝါသနာ ကို အရင်းတည်ပြီး ဝမ်းရေး အတွက် ကြိုးစားရင် ဘယ်လိုနေမလဲ
    ဒါမှ မဟုတ်
    ဝမ်းရေး ပေါ်မှာ ဘဲ ဝါသနာ ထားပြီး ကြိုးစားရင် ကော ?
    ………………………………………………………………….

  • MaMa

    January 6, 2011 at 12:31 am

    ဝမ်းရေးနဲ့ ဝါသနာနဲ့ ကိုက်ညီရင်တော့အကောင်းဆုံးပေါ့။ မဟုတ်ရင်တော့ နှစ်ဖက်ကိုချိန်ညှိရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဝမ်းဗိုက်ကလည်း မစားလို့မရသလို၊ စိတ်ချမ်သာဖို့အတွက်လည်း ဝါသနာကို လုပ်ခွင့်ရချင်တယ်။ ဒါပေမယ့် ဝါသနာအတိမ်အနက် ကွာသလို၊ ပါရမီကလည်း ကွာလိမ့်မယ်ထင်တယ်။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် ကဗျာရေးတာ ဝါသနာပါတယ်။ ဒါပေမယ့် သူရေးလိုက်တဲ့ ကဗျာတွေကို သူငယ်ချင်း အချင်းချင်းမညှာမတာ ဝေဖန်ကြတော့ ကြာတော့ ရေးတဲ့သူလည်း စိတ်ပျက်လက်ပျက်နဲ့ အားပျက်သွားရှာတယ်။ နောက်ပိုင်းတော့ ပညာရေးကိုဘဲ အားစိုက်လုပ်ရင်း ခုဆို ကဗျာက မရေးဖြစ်သလောက်အောင်ကို အရမ်းအလုပ်များတဲ့ နိုင်ငံခြားမှာ ဆရာတစ်ယောက်ဖြစ်နေပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေအတွက်ရေးပေးခဲ့တဲ့ သူ့ကဗျာလေးတွေကတော့ ခုချိန်မှာ တကယ့်အမှတ်တရပါဘဲ။ လွမ်းစရာလေးတွေပေါ့။

  • kopauk mandalay

    January 6, 2011 at 2:16 am

    winkyawaung

    ကျနော်စာရေးရခြင်းရည်ရွယ်ချက် က လူငယ်တွေများများ ဖတ်စေချင်တဲ့ဆန္ဒနဲ့
    အတွေးလေးတွေ ကို မျှပေးတာပါ။
    ကိုဝင်းကျော်အောင်က အခုလိုပိုပျံ့နှံ့အောင်လုပ်ပေးမယ်ဆိုတော့
    အတိုင်းထက်အလွန်ကောင်းပါတယ်။
    ကျေးကျေးပါ

  • bigcat

    January 6, 2011 at 3:02 am

    တဦးချင်းစီရဲ့ ခံယူချက် လုပ်ဆောင်ချက်တွေအရဆိုရင် စာသမားမှားပြီး လက်တွေ့သမားမှန်ပါတယ်။ စကားများရန်ဖြစ်တဲ့ ဖြစ်ရပ်မှာတော့ လက်တွေ့သမားလွန်ပါတယ်။ ကဗျာသမားက သူ့ပိုက်ဆံနဲ့ သူစားတာလေ၊ မကြိုက်ရင် ရှောင်ထွက်သွားပေါ့။ ဒါမျိုးဆိုတာ များသောအားဖြင့် မကျေနပ်ချက်တွေ တဖြည်းဖြည်းချင်းစုလာပြီး တချိန်ချိန်မှာ ပေါက်ကွဲတတ်လေ့ရှိပါတယ်။

  • နီလေး

    January 6, 2011 at 4:10 am

    အားလုံးကကို့ခံယူချက်နဲ့ကိုပါပဲ နှစ်ဖက်စလုံးမှန်ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 6, 2011 at 5:15 am

    အာပါ ပါး
    ဒီပွဲကတော့ နည်းနည်းကျပ်တယ်ဗျို ့ နည်းနည်းတောင်မဟုတ်ဘူး တော်တော်ကို ကျပ်တယ်
    ဘာဘဲပြောပြော ပါ
    ( ဝါသနာအရင်းခံဆိုတာရှိပါတယ် )
    ဒါကတစ်ကြောင်းသပ်သပ်ပါ
    တစ်ချို ့က ဝါသနာပါရာကို တစ်စိုက်မတ်မတ်လုပ်တတ်ကြတယ်
    ဝါသနာဆိုလို ့ဝါသနာရဲ ့အကြောင်းကို ခံစားတာခြင်းကတော့ မတူကြတော့ဘူးဂလား ဟရို ့
    အိုင်ဒီအကြောင်းကို တစ်ဖက်သပ်ပြောပြီး စိတ်လိုက်မာန်ပါလုပ်ကြ ရင်တော့
    ကမ္ဘာစစ်ကြီးတောင် မီးဟုန်းဟုန်းတောက်သွားနိုင်တယ်
    မိုနာလီဆာ ဆိုတဲ့အမျိုးသမီးပုံ ပန်းချီကားကို ဒေါ်လာသန်းချီပေးရတယ်ဆိုဘဲ
    (အိုက်ဒီ ဒေါ်လှတွေနဲ ့နမ အကောင်တစ်ထောင် လောက်ဝယ် နို ့ညှစ် အကြိုက်သောက်)
    မြေကြီးထဲက ကျောက်ခဲတွေကို အပင်ပန်းခံပြီး သဘာဝ ရေမြေတွေကို ဖျက် တူးဆွပြီး
    ရတနာဆိုပြီး ဈေးကြီးပေးကြသတဲ့ ( ကျောက်ခဲတွေကိုများ)
    ရှေးဟောင်း အဆောက်အဦးတွေဆိုပြီး ထိမ်းသိမ်းလိုက်ကြတာ
    ကမ္ဘာဦးအစကတည်းက တဖြည်းဖြည်း တိုးတက်လာတဲ့ ခေတ်အလိုက်
    ယာဉ်ကျေးမှုဆိုတဲ့ လူနေအဆောက်အဦးတွေကို မဖျက်ဘဲသာ ထိမ်းသိမ်းထားရရင်
    သစ်ပင်အောက်တို ့ကျောက်ဂူတို ့ထဲမှာ အိပ်ရတဲ့ဘဝတွေက လွတ်မြောက်မည်မထင်
    ( ရေခဲသတ္တာတို ့ အဲယားကွန်းတို ့တီထွင်တဲ့လူတွေ လွန်တာပေါ့ )
    ကျန်တာတွေ ဆက်ပြောရင်တော့ အိမ်ပြန်လမ်းမှားသွားနိုင်တာမို ့..( ဝါသနာပါရင် ဆက်လို ့ရပါသှ် )
    ( ကိုယ်ဝါသနာပါရာ အလုပ်ကိုလုပ်တာဟာ ဦးစွာပထမ မိမိကိုယ်တိုင် စိတ်ကြေနပ်ရမည်ဖြစ်ပါပြီး
    မိမိကိုယ်ကိုမိမိ ကြေနပ်၍ ငြိမ်ငြိမ်နေနိုင်လျှင်နေ မနေနိုင်ဘဲ ပတ်ဝန်းကျင်နှင့်ချိတ်ဆက်လျှင်
    ( ရံခါ ပတ်ဝန်းကျင်က လာရောက်ချိတ်ဆက်သည်လည်းရှိပါသည်)
    မိမိပြုလုပ်ပြီးတဲ့နောက် အနည်းဆုံး လူတစ်ဦး သို ့မဟုတ် အဖွဲ ့စည်းတစ်ခု က လက္ခံမှသာ မှန်သည်ဟူ၍ အကြမ်းဖျင်းဆုံးဖြတ်နိုင်ပါလိမ့်မည် ဤတွင်ပင် အကြောင်း မညီညွတ်ပါက လက္ခံသူ လက္မခံသူ ဟူ၍ အုပ်စု အဖွဲ ့စည်း အရေတွက် အင်အားကိုလိုက်၍ ပြဿနာများ ရှိနိုင်ပါသေး၍
    သူများတော့မသိ
    ဤအမှုကို လက်သည်တရားခံမပေါ်သေးသော အမှုဟူ၍ ပလပ်လိုက်သည်။
    ပုံ……

  • naywoonni

    January 6, 2011 at 8:06 am

    ဝါသနာနဲ့ သက်မွေးဝမ်းကြောင်း အလုပ် မကိုက်ညီကြတာများပါတယ်။ ဒီတော့ ဝါသနာကတစ်ခြား သက်မွေးဝမ်းကြောင်းက တစ်ခြားနဲ့ အခြားတာဝန်မရှိရင် တော့ ဝါသနာ ပါတဲ့အရကို နဲနဲလုပ်နိုင်သေးတာပေါ့လေ

  • bigbird

    January 6, 2011 at 3:49 pm

    ကိုမှန်ကြောင်ကြီးကနည်းနည်းလွဲချော်နေတာပါ၊အသက်မွေးဝမ်းကြောင်းအလုပ်နဲ ့ဝါသနာကိုအလျှင်းသင့်သလိုတွဲသွားလို ့ရပါတယ်။
    အပြင်မှာဒီလိုလူမျိုးဟာ တစ်ချိန်ချိန်မှာသူတပါးရဲ ့အငြိုအငြင်ခံရမှာ
    မလွဲပါဘူး လို ့..ယူဆမိပါကြောင်း

Leave a Reply