Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သိတာနဲ့ မသိတာ ဘယ်ဟာပိုကောင်းလဲ ?

weiweiJanuary 5, 20111min64733

သိတာနဲ့ မသိတာ ဘယ်ဟာပိုကောင်းလဲ ??

ကျွန်မတို့ မောင်နှမနှစ်ယောက် ရောက်တက်ရာရာပြောကြရင်း သူ့ကို မေးခွန်းတစ်ခုမေးလိုက်ပါတယ်။
“အကုသိုလ်ကို သိရက်နဲ့ လုပ်တဲ့သူနဲ့ မသိပဲနဲ့ လုပ်တဲ့သူ ဘယ်သူက ပိုအပြစ်ကြီးမယ်ထင်သလဲ”
သူသေသေချာချာစဉ်းစားပြီးတော့မှ ဖြေတယ် ….
“သိရက်နဲ့ လုပ်တဲ့သူက ပိုအပြစ်ကြီးတယ်”…

ကဲ … အခုဒီစာကို ဖတ်မိတဲ့သူတွေလဲ အဖြေတစ်ခုခုတော့ ရှိမှာပါ … ဘယ်လိုထင်သလဲ ???

ကျွန်မကလဲ သူအဲဒီလိုပဲ ဖြေမယ်လို့ ကြိုသိနေပါတယ်။ အဲဒါနဲ့ ပြန်ရှင်းပြလိုက်တယ် …
“မဟုတ်ဘူး … မသိပဲနဲ့လုပ်တဲ့သူက ပိုအပြစ်ကြီးတယ်” လို့ …
“မသိလို့အမှားလုပ်တာ အပြစ်မှမရှိတာပဲ … ဥပဒေမှာတောင်မှ မရည်ရွယ်ပဲနဲ့ ပြစ်မှုကျူးလွန်ရင် အပြစ်ပေါ့တယ်လေ” သူက အချက်အလက်နဲ့ အမြဲပြန်ငြင်းလေ့ရှိပါတယ်။

“ငါပြောနေတာက အပြင်က ဥပဒေကိုပြောတာမဟုတ်ဘူး။ ဥပဒေက ခွင့်လွှတ်ပေမယ့် အကုသိုလ်ကံဆိုတာက လုပ်လိုက်တိုင်းဖြစ်နေတာ။ မသိနားမလည်လို့ ခွင့်လွှတ်တယ်ဆိုတာမရှိဘူး။ ဥပမာနဲ့ရှင်းပြမယ် … လမ်းမပေါ်မှာ သံချောင်းတစ်ချောင်းကို မီးဖုတ်ပြီး သွားချထားတယ်ဆိုပါစို့။ လူ ၂ ယောက်ကတွေ့တယ်။ ဖယ်မယ်ပေါ့။ တစ်ယောက်က အပူကြီးဆိုတာကိုမသိဘူး၊ တစ်ယောက်က ပူနေမှန်းသိတယ်။ အဲဒါဆို သူတို့နှစ်ယောက် ဘယ်လိုကိုင်မလဲ” ..

“မသိတဲ့သူက ဒီအတိုင်း ကောက်ကိုင်လိုက်မှာပေါ့” …
“သိတဲ့သူကတော့ တစ်ခုခုနဲ့ခံပြီးမှ ကိုင်မှာပေါ့” ..

“အေး .. အဲဒါ အဖြေပဲလေ .. မသိပဲကိုင်မိရင် ပိုပူတာပေါ့။ သိတဲ့သူကတော့ ကိုင်ပေမယ့် နဲနဲတော့ သက်သာအောင် ကြိုးစားတတ်တယ်လေ .. အကုသိုလ်လုပ်နေတဲ့သူတွေလဲ အဲဒီအတိုင်းပဲ၊ အကုသိုလ်မှန်းမသိတော့ ပျော်ပျော်ပါးပါး အားရပါးရ ကျူးလွန်ကြတယ်။ သူတို့မသိပေမယ့် အပြစ်ကကြီးတယ်။ အကုသိုလ်မှန်းသိပြီး လုပ်တဲ့သူကတော့ သူ့စိတ်ထဲမှာ အားရပါးရဖြစ်တဲ့စိတ်မရှိဘူး။ မဖြစ်မနေလုပ်ရပေမယ့် စိတ်ထားတတ်အောင် အပြစ်တော့ သက်သာတာပေါ့”

ကျွန်မမောင်လေးကတော့ လက်ခံသွားပါတယ် … သူက ကလေးဆိုတော့ စာအုပ်ထဲကစာနဲ့ ရုပ်ရှင်ထဲက သူသိထားတာနဲနဲကလွဲရင် ပိုမသိပါဘူး … အကျိုးအကြောင်း ဆီလျှော်ရင်တော့ သူက လိမ်လိမ်မာမာနဲ့ နားထောင်လေ့ရှိပါတယ် …

33 comments

  • weiwei

    January 5, 2011 at 1:34 pm

    တစ်ယောက်ထဲ တင်နေတယ်လို့ မထင်နဲ့နော် .. ဘယ်သူမှ အသစ်တင်တာမတွေ့တာနဲ့ စိတ်ကူးတည့်တာရေးပြီး တင်ထားတာ … 😛

  • monmon

    January 5, 2011 at 2:07 pm

    မဝေ..
    မွန်လည်း စာတင်ချင်လို့… ဘယ်လိုတင်ရမလဲဟင်…

  • weiwei

    January 5, 2011 at 2:09 pm

    အမက ရတဲ့အချိန်တုန်းက draft ထဲမှာ သိမ်းထားလိုက်တာ … ခက်တဲ့အခုလိုအချိန်မှာ ပြန် edit လိုက်တာ ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 5, 2011 at 2:39 pm

    အဟမ်းအဟမ်း
    ဒီမေးခွန်းကို ဘဒ္ဒ န္တ ဆရာတော်အောင်ပုမှ ဖြေကြားရမယ်ဆိုရင်
    အဟမ်း အဟမ်း (လူရှိန်အောင်ချောင်းဟန် ့တာ)
    သံချောင်းမီးဖုတ်တာကတော့ မိလိန္ဒ ဇာတ်တော်ဆိုတာ အားလုံးသိကြတာမို ့
    ဆိုပါရစေဗျ
    ဒီခေတ် ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေတော်တော်များတယ်
    မဆီမဆိုင်ပြောရလျှင်တော့ ရှေးအခါဝယ်(ရှင်တော်မြတ်စွာဘုရားလက်ထက်တော်အခါပေါ့ဗျာ)
    ရှင်တော်မြတ်စွာဘုရား၏ အာဂမတော်မြတ် စာတစ်လုံး ဘုရားတစ်ဆူ ဆိုပြီး ကြည်ညိုခဲ့ကြလေရဲ ့
    ခုခေတ်က မဟုတ်တော့ဘူးဗျို ့ သုံးပုံပိဋိကတ်တော်မြတ် တွေဟာ ဆဲဗင်းဟန်ဒရက် မီဂါဗိုက်တောင် မပြည့်တဲ့ မှတ်ဉဏ်ထဲမှာ( ကံအကျိုးပေးလဲ ပါပေမပေါ့) အလွယ်တကူ ဆောင်ယူလို ့ရနေကြလေတော့ တော်တော် ဖတ်ကြ မှတ်ကြသဗျ ( သို ့သော် အပြည့်ဝ ကျင့်ကြံမည်ဟု မထင်)
    မရှိတာထက် မသိတာခက်ဆိုဘဲဗျ
    (အသိတရားတွေပိုလာရင် ဘောင်ကျဉ်းတာလားဘာလား) အိုက်ဒါက မမ မနောဖြူတို ့ကို မေးကြည့်
    (အသိဉာဏ်အမြင့်မားဆုံးအပိုင်းကိုရောက်သူတွေဟာ အာရုံခံစားမှုတွေနောက်ကို လုံးဝ မလိုက်တော့ပြန်ပါဘူး။) အိုက်ဒါက အာရှတိုက်ရဲ ့ ဘိုးဘိုးကြီးကို မေးကြည့်
    http://myanmargazette.net/37519/economic-news-international-news-news-industry-people-in-the-news-us-news-news အိုက်ဒီမှာ တညင်ကလူ လျှောက်တာကို ဆရာတော်က ဒကာလေးပြောတာမှန်ပါတယ်။ စိတ်က အရေးအကြီးဆုံးပါဘဲ။ အရေးအကြီးဆုံးစိတ်ကို ပဲထိန်းနိုင်ဘို့ အတော်လေးမလွယ်ပါဘူး။
    အိုက်ဒီမှာမှ ပြန်လာပြီ သိတာနဲ့ မသိတာ ဘယ်ဟာပိုကောင်းလဲ ? ဆိုတော့
    လမ်းပြန်တည့်ပေးလိုက်မယ် ဘာမှ မလုပ်တော့ အကြောင်းမကြီးသေးဘူး
    လုပ်ပြီဗျ သိလို ့လုပ်တာနဲ ့ မသိလို ့လုပ်တာ ဘယ်ဟာက ??????
    သုခ မေတ္တာသုတ်မှာ ( ဥဇူစ = ဖြောင့်မတ်ရမည် (သူတစ်ပါးကို မလိမ်ခြင်းမျှမဟုတ်ဘဲ မိမိကိုယ်မိမိ မလိမ်ခြင်းထိ ဖြောင့်မတ်ရမည် ) အဲ့သည်လို ဖွင့်ဆိုတယ်ခင်ဗျ။
    အားလုံးပြောပြီးမှ ဆရာတော် အောင်ပု မှ ဆက်ဟောပြောမည် ဖစ်ပါဂျောင်း……
    အင်မတန်ချစ်လို ့အတိတ်စိမ်းလေးတွေ ပေးထားတာနော်။
    (ပြောသာပြောတာပါ အခြားဘဒ္ဒန္တတွေ ဖြေလိမ့်မဗျ)
    မွန်ဆိုတာက မွန်လူမျိုးလား
    မငေးရအောင်
    ရှစ်ပုံးတောရဟမ်း
    aa

    • weiwei

      January 6, 2011 at 4:35 am

      ဆရာတော်အောင်ပုစာကို ဖတ်ပြီး တော်တော်မူးသွားတယ် .. အဲဒါနဲ့ ဘာစဉ်းစားမိလဲဆိုတော့ … သူက ပညာနဲ့ရေးထားတာဖြစ်မယ် … ပညာရှိတွေမှ နားလည်အောင် ခပ်မြင့်မြင့်ရေးထားတာနေမှာဆိုပြီး ထပ်ခါထပ်ခါ ဖတ်ကြည့်ရတယ် … ပိုပိုပြီး မူးတယ် .. 😛
      မသောက်ရပဲ မူးတယ်ဆိုတာ ဒါမျိုးလား မသိဘူး 🙂

  • unclegyi1974

    January 5, 2011 at 3:13 pm

    မဝေက ဝိနည်းတတ် ကြက်သတ်လို့ရတယ်ပေါ့လေ

  • The Reds

    January 5, 2011 at 3:52 pm

    အင်း ဒီ လို ဆို .. ဒီ ထဲ မှာ မ ဝေ က အ ပြစ် အ ကြီး ဆုးံ ပဲ …. ဟီး ဟီး .. သံ ချောင်း ကို မီး ဖုတ် ပြီး လမ်း မှာ ချ မယ် ဆို တော. …………. ဟီး ဟီး 😛

  • kopauk mandalay

    January 5, 2011 at 4:03 pm

    ကျနော်အမြင်ကတော့ အပြစ်ကြိးတယ် မကြီးဘူးဆိုတာကို သူပြုမူဆောင်ရွက်ခဲ့တဲ့ အမှားရဲ့ ပမာဏနဲ့ဘဲတိုင်းတာချင်ပါတယ်။
    သိလို့ဘဲလုပ်လုပ် မသိလို့ဘဲလုပ်လုပ် အပြစ်က အပြစ် ဘဲလို့ထင်ပါတယ်။

  • kai

    January 5, 2011 at 5:30 pm

    မဝေက Milindapañha ထဲကစာကို တမျိုးပြန်ရေးထားတာလို့ထင်တယ်..။
    ကျုပ်တော့ … အဲဒါအပြည့်အဝတော့ …သဘောမတူသေးဘူး..။

    ကိုပေါက်ပြောတာကို ပိုလက်ခံတယ်.။
    The end justifies the means.

  • weiwei

    January 5, 2011 at 5:41 pm

    အကုသိုလ်ဖြစ်မယ့် ပမာဏတူရင်တောင် သိပြီးလုပ်တာက နဲနဲသက်သာတဲ့အကြောင်းပါ … ဆရာတော်တစ်ပါးဟောတဲ့ တရားကို ကျွန်မမောင်လေးကို ပြန်ပြောပြတာ … နံမည်တွေ အတိအကျမမှတ်မိပေမယ့် အကြောင်းအရာကို စိတ်ထဲစွဲနေလို့ အခုလို ပြန်ရေးလိုက်တာ …

  • zaw min

    January 5, 2011 at 7:29 pm

    မသိတာက အဝိဇ္ဇာ၊သိတာက ဝိဇ္ဇာ။သိပြီးတော့ လုပ်တယ်ဆိုတာကစိတ်။ဒါကိုလုပ်ရင် အပြစ်ဖြစ်မယ်။ဥပမာ…လမ်းသွားရင်းနဲ့ခရုလေးတစ်ကောင်ကို မမြင်လို့နင်းမိသွားမယ်…မြင်ရက်နဲ့ သေပေစေကွာလို့ တက်နင်းလိုက်မယ်…ဘယ်ဟာက ပိုပြီးအပြစ်ဖြစ်မလဲ…ကုသိုလ် ဆိုတာဘာလဲ…အကုသိုလ် ဆိုတာဘာလဲ…

  • MaMa

    January 6, 2011 at 1:11 am

    သိသိကြီးနဲ့ သေပေစေကွာဆိုပြီး ခရုကိုသေအောင် တက်နင်းရင် ပါဏာတိပါတာကံ အသေအချာထိုက်ပါတယ်။ ကံ၅ပါးလုံးပြည်စုံလို့ပါ။ (အသက်ရှိသော၊ အသက်ရှိမှန်းလဲသိသော၊ သေစေလိုသောစေတနာလည်းပါသော၊ သေအောင်လဲသတ်သော၊ သေလည်းသေသွားသောကြောင့်ပါ။)

  • bigcat

    January 6, 2011 at 2:26 am

    မီညောင်မီညောင်… ဘဒန္တဆလာပု လုပ်သလို တော်တန်တိတ်အာဏာရှင် မဟာကြောင် စကားမစခင် ချောင်းဟန့်တာပါ။
    မဝေပြောတာ မီးကိုပူမှန်း သိလျက်နဲ့ကိုင်သူနဲ့ မသိဘဲနဲ့ ကိုင်သူ နှစ်ဦးမှာ သိသိနဲ့ကိုင်သူက ပိုမို်က်တယ်ဆိုတာမျိုး ထင်ပါတယ်။ မိုက်ကယ်အောင်ပု ဘုန်းကြီးဝတ်နဲ့ မိုးဟေကိုဗီဒီယိုခွေကြည့်ပြီး သင်္ကန်းခေါင်းမှီးခြုံအိပ်တာနဲ့ သဂျီးမင်း ရွာသူလေးတွေနဲ့ တူတူပုန်းတမ်း ကစားပြီး ကောက်ရိုးပုံပေါ်မှာ စက်တော်ခေါ်နေသလိုမျိုး ဖြစ်မယ်လို့ထင်ပါတယ်။ ကိလေသာထပြီး အိပ်တာခြင်းအတူတူ သာသနာဖျက်ကိုအောင်ပုက သိသိနဲ့လုပ်သူမို့ ပိုမိုက်တွင်းနက်ပါတယ်။
    တဖက်ကကြည့်ပြန်တော့လည်း အသိတရားလေးနဲ့ လုပ်ကိုင်စားသောက်တတ်ရင် အပြစ်ပေါ့နိုင်ပါတယ်။ ဥပမာ ခိုးမယ်ဗျာ၊ လိမ်မယ်ဗျာ ဒါပေမဲ့ လူရွေးပြီးလုပ်မယ်။ ရလာတာတွေကို လောကီ လောကုတ္တရာဖြာမှာ ပြန်သုံးမယ်ဗျာ။ ဘုရားဟောခဲ့တာ စေတနာသည်ကံ။ ရလာတဲ့ပစ္စည်း မစင်ကြယ်ပေမဲ့ မလှူခင်၊ လူစဉ်၊ လှူပြီးနောက် ကာလသုံးပါးမှာ စိတ်ထားတတ်ရင် မြတ်ပါတယ် ကုသိုလ်ရပါတယ်။ ခိုး၊လိမ်လို့ အကုသိုလ်ရယ် ပြန်လှူလို့ကုသိုလ်ရယ် နှစ်ခုစလုံး ရတာပေါ့ဗျာ။ (သင်္ခါရကြောင်းကျိုးသဘောအရ သူခိုးဖြစ်လိုက် အိမ်ရှင်ဖြစ်လိုက်မိုလို့ ဗုံပျံတလှည့် ငါးပျံတလှည့်လို့ ဆင်ခြင်နိုင်ပါတယ်။ သံသရာပြတ်ချင်ရင် ကိုယ်ခံရတဲ့ အလှည့်ကစလို့ ရပ်ရပါမယ်။ ပညတ်လောကီနယ်မှာမဖြစ်နိုင်လို့ ပရမတ်သစ္စာလို့ခေါ်ပါတယ်)။
    အဲဒီလိုမဟုတ်ဘဲ ဘုရားပစ္စည်းကိုခိုးမယ်ဗျာ၊ ဘုန်းကြီးကျောင်းဖောက်မယ်၊ သူတော်ကောင်းကို နှိပ်စက်မယ်၊ ရလာတာတွေနဲ့ ပျော်ပါးနေမယ်ဗျာ။ အဲဒါ သိသိနဲ့လုပ်သူနဲ့ မသိဘဲနဲ့လုပ်သူနှစ်ဦး ဥပမာပါ။
    မသိလို့လုပ်သူက ငရဲမင်းဆီရောက်ရင် သဂျီးမင်း စောဒကတက်လေ့ရှိသလို မတရားဘူး၊ မမှန်ဘူး လုပ်လို့မရပါဘူး။ သိသိမသိသိ မီးသည်ပူတတ်တဲ့သဘော၊ အကုသိုလ်သည် ဆင်းရဲဒုက္ခကို ပေးတတ်တဲ့သဘောရှိလို့ ခံရပါမယ်။
    ဒီတော့ ၁၀ဝဖိုး အပြစ်လုပ်ပြီး ၁၀ဝဖိုးပြန်ခံမလား။ အခန့်မသင့် စိတ်မထားတတ်ရင် ၁သန်းဖိုး ၁ဘီလျံဖိုးလည်း ပြန်ခံသွားရနိုင်ပါတယ်။ ဒါမှာမဟုတ် ကြီးဒေါ်ဝေပြောသလို ၁၀ဝဖိုး အပြစ်လုပ်ပြီး ၅ဝဖိုးစီ ခံ၊စံမလား၊ အခန့်သင့်ရင် စိတ်ထားတတ်ရင် ၁သန်းဖိုး ၁ဘီလျံဖိုး အဆမတန် ကောင်းကျိုးစံစားနိုင်ပါတယ်။

  • manawphyulay

    January 6, 2011 at 3:39 am

    “အကုသိုလ်ကို သိရက်နဲ့ လုပ်တဲ့သူက ပိုအပြစ်ကြီးမယ်ထင်ပါတယ်။

  • koyinmaung

    January 6, 2011 at 3:47 am

    ချုပ်ချုပ်မှူးကြီးကျတော့ တိလို့လုပ်တာလါး မတိလို့လုပ်တာလါးဟင်…ဘုရားတွေလဲတည် ကောင်းမှူတွေကလဲအရမ်းလုပ်ဆိုတော့ ဘယ်ထဲမှာပါလဲ..ပြောကြပါအုံး။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 6, 2011 at 5:45 am

    ဒါတောင် ဘီရိုထဲမှာ
    မဖတ်ဘဲ သိမ်းထားတဲ့
    စာအုပ်နှစ်အုပ်ကျန်သေးတယ်

    • weiwei

      January 6, 2011 at 6:34 am

      သိမ်းထားတဲ့ စာအုပ်ကို ဘုန်းကြီးကျောင်းသွားလှူပြီး ဆရာတော်အောင်ပုကတော့ တောထွက်ပြီး တရားအားထုတ်သင့်ကြောင်းပါ ….

  • naywoonni

    January 6, 2011 at 6:31 am

    အကြောင်းရှာတော့ ×××ခေါင်းမှာချာချာလည် ××××× အခုပဲသိတယ် ×××ခုပြန်ပြင်ရမလိုကွယ်×××် ကွန်မန်းတွေက တစ်ယောက်တစ်မျိုး ပေးတတ်ကြပါတယ်×××

  • weiwei

    January 6, 2011 at 6:33 am

    လူအမျိုးမျိုး စိတ်အထွေထွေတဲ့ …. လူတွေအကြောင်းသိချင်ရင် ရွာထဲသာဝင်ကြည့်လိုက် …

  • bigbird

    January 6, 2011 at 4:35 pm

    မဝေပြောချင်တာရည်ညွှန်းတာကိုကျနော်သဘောပေါက်ပါတယ်။မဝေ ပေးလိုက်တဲ့ဥပမာက နဲနဲလေးအားပျော့သွားလို ့ပါ၊ မဝေပြောတာကို
    ထောက်ခံတဲ့အနေနဲ ့ ကျနော်ပေးမဲ ့ဥပမာက – ( ရှင်ဘုရင်တပါးမှာ အာဏာ
    ပါးကွက်သား ၂ ယောက်ရှိတယ်ဆိုပါတော့ အဲဒီနှစ်ယောက်မှာ တစ်ယောက်က
    သူ ့အသက် သက်တာအပြစ်ရှိမှန်းသိတယ်၊ ကျန်တယောက်ကမသိဘူးဆိုပါတော့၊ အဲ့ဒီတော့ရှင်ဘုရင်ကရာဇဝတ်သား
    တွေကိုသက်ခိုင်းတဲ ့အခါမှာ အပြစ်ရှိတာကိုသိတဲ ့သူက ဒီလူကို သေစေ၊သက်
    စေလိုသောစိတ်အနည်းငယ်မျှမရှိပါ..တာဝန်အရသက်ရခြင်းဖြစ်ပါတယ်လို ့နှ
    လုံးသွင်းသတဲ ့။ကျန်တစ်ယောက်က ရဲရဲပူနေတဲ့ သံချောင်းကို အားရပါးရဆုပ်
    ကိုင်သလိုမျိုး ထိုရာဇဝတ်သားရဲ ့အသက်ကို မြိန်ရယ်ရှိက်ရယ် သက်ပါတယ်၊)
    အဲ့ဒီ၂ယောက်မှာဘယ်သူက ဘယ်သူကအပြစ်ပိုကြီးမယ်လို ့ထင်ပါသလဲ?

  • နီလေး

    January 7, 2011 at 4:18 am

    တစ်ယောက်တစ်မျိုးရေးထားတဲ့commentတွေဖတ်ပြီး ဘယ်လိုcomment ပြန်ပေးရမှန်းတောင်မသိတော့ဘူး မူး မူူးလာပြီ ဆရာဝန်အမြန်ခေါ်မှ

  • intro

    January 7, 2011 at 2:18 pm

    သိသိရက်နဲ့ လုပ်လိုက်တာက အပြစ်ပိုရှိသလား မသိဘဲနဲ့ လုပ်လိုက်တာက အပြစ်ပိုရှိသလားဆိုတာက ကျွန်တော့်အထင်ပြောရရင် အခြေအနေပေါ်မှာ မူတည်ပါတယ်… အမြဲတမ်းကြီး ပုံသေကားချပ် တွက်လို့မရပါဘူး။ အပြစ်ဆိုတာက မှန်ပါတယ်၊ အပေါ်က ဥပမာ ပေးသွားကြသလို
    ခရုငယ်ဥပမာမှာ – ခရုတစ်ကောင်ကို မသိလို့ နင်းမိတာနဲ့ သိသိကြီးနဲ့ တမင်တက်နင်းတဲ့ ကိစ္စဆိုရင် ဘယ်ဟာက အပြစ်ဖြစ်သလဲ?
    သားသတ်သမား ဥပမာမှာ – တာဝန်အရမလွှဲသာလို့ သတ်ရတာနဲ့၊ သေစေချင်တဲ့ စိတ်ပါပြီး သတ်ရတာ ဘယ်ဟာက ပိုအပြစ်ဖြစ်ပါသလဲ?

    ဘယ်အရာမှ ပုံသေတွက်လို့မရပါဘူး၊
    Which one is more ??? Depending on situation. <<< I think!

  • 49 yr old female

    January 7, 2011 at 4:00 pm

    အကုသိုလ်အရာမှာ ဒါလုပ်ရင် အကုသိုလ်ရဲ့ အကျိုးပေးတွေ လာမယ်လို့ မသိထားတဲ့သူ (ကံ-ကံရဲ့အကျိုးပေးဆိုတာ နားမလည် မယုံကြည်တဲ့သူ) တွေဟာ အကုသိုလ်တွေကို အားရပါးရကြီး လုပ်တတ်တဲ့ အတွက်ကြောင့် အပြစ်ပိုကြီးတယ်လို့ ဆိုပါတယ်၊ ဥပမာ ရဲရဲနီနေတဲ့ သံတွေခဲကို ပတမြားခဲ ထင်တဲ့သူက အားရပါးရ ဆုပ်ကိုင်တဲ့အတွက် ပိုပူသလိုပါဘဲ၊ သိခြင်မသိခြင်းကို defnition ဖွင့်ရာမှာ ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားလို့ သိတာကိုဆိုလိုပါတယ်၊ ခရုကို ခရုထို့ မသိဘဲ တက်နင်းလို့သေသွားရင် သေစေလိုတဲ့ စိတ်မရှိလို့ ပါဏာတိပါတကံ မမြောက်ပါဘူး။ လူသေမှုဟာ လူသတ်မှုလောက် အပြစ် မကြီးသလိုပေါ့။

  • zaw min

    January 7, 2011 at 8:41 pm

    ဗဒုံမာ..ပြောသွားတာမှန်ပါတယ်…မိမိပြုသည့်အလုပ်သည် အကုသိုလ်လား…ကုသိုလ် ဆိုတာကိုသိဖို့အရေးကြီးပါတယ်…အဲဒီမှာ သိဖို့ဆိုတဲ့စိတ်..စိတ်..စိတ်….ဟော် စိတ်တွေလာပြီ….စိတ်ဆိုတာဘာလဲ….စိတ်ဆိုတာ မိမိရဲ့အာရုံထဲမှာ ပေါ်လာတဲ့အသိ…တနည်းအားဖြင့် အာရုံကို သိတတ် ကြံတတ်တာ စိတ်….အဲဒါကြောင့် မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သော ပဌာန်းဒေသနာတော်၌ စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဌာနာနံ ရူပါနံ အတိ္ထပစ္စယေန ပစ္စယော။

  • MaMa

    January 8, 2011 at 12:04 am

    ဗဒုံမာ လို့ရေးလိုက်တော့ ပဒုမာလေး တော်တော်စိတ်ညစ်သွားမယ်။ ပါဌ်ဆင့် ရေးမရလို့ `မာ´ အောက်က `မ´ ရေးမရတာ ခွင့်လွှတ်ပါ။ ပါဌ်ဆင့် ဘယ်လိုရေးရတာလဲ သိသူများ ရေးနည်းလေး မျှဝေပေးကြပါအုံး။ ကျေးဇူးပါ။

    • bigcat

      January 8, 2011 at 2:20 am

      စာလုံးအကုန်တော့ မဟုတ်သေးဘူး ဒါပေမဲ့ ၉၀%ကျော်တော့ ကာဗာဖြစ်ပါတယ်။
      က – U
      ္က- ~+U
      ခ -C
      ္ခ-~+C
      ဂ -shift+8
      ္ဂ-~/shift+8
      ဃ -shift+C
      ္ဃ-~/shift+C
      င -I
      စ -P
      ္စ-~+P
      ဆ -Q
      ္ဆ -~+Q
      ဇ -shift+Z
      ္ဇ-~/shift+Z
      ဈ -shift+>
      ည -N
      ဉ -~+N
      တ -W
      ္တ-~+W
      ႖ -~+shift+E
      ထ -X
      ္ထ-~+X
      ဒ -‘
      ္ဒ-~+’
      ဓ -shift+’
      ္ဓ-~/shift+’
      န -E
      ္န-~+E
      န-shift+E
      ပ -Y
      ္ပ-~+Y
      ဖ -ဇ
      ္ဖ- ~+Z
      ဘ -B
      ္ဘ-~+B
      ဗ -shift+A
      ္ဗ-~/shift+A
      မ -R
      ္မ-~+R
      ဏ -shift+P
      ္ဏ-~/shift+P
      ဏ္ဍ-shift+2
      ဌ -shift+X
      ဠ -shift+V
      ဋ္ဌ -shift+\
      ဎ -~+<
      ဋ -shift+3
      ္ဋ-~/shift+3
      ဍ -shift+1
      ဍ္ဍ- ~+1
      ၌-shift+4
      ၎င်း-~+4
      ရ -shift+7
      ရ -~/shift+7
      ၍ -~+I
      ယ -<
      လ -V
      ္လ-~+V
      ဝ – shift
      ဲ -shift+J
      ့ -H
      ံ- shift+H
      `ံ-~+shift+H
      `့-~+H
      ု -K
      ှူ – ~+K
      ှု-shift+I
      ူ -~+L
      ူ -shift+L
      ု -shift+K

      ၊ -shift+?
      ။ -?
      ှ-Shift+S
      ှ-~/shift+S
      ျှ -shift+Q
      ျွှ -shift+W
      ျွ -shift+R
      ္ဈ- ~/shift+>
      ွှ -shift+T
      ွ -shift+G
      ိ-D
      ိံ-~+D
      ျ -S
      ျ -~+S
      ါ် – shfit+;
      င်္ -shift+F
      ြ – shift+B
      ြ – shift+N
      ြ – ~+shift+N
      ြ -shift+M
      ြ – ~/shift+M
      ြ – ~+J
      ြ – J

  • zaw min

    January 8, 2011 at 1:59 am

    ဟုတ်ကဲ့ပါဆရာမ…သားကအလွယ်ရေးမိသွားလို့ခွန့်လွှတ်ပါ။Shift+Tide >key (OR) Ctrl+Alt+Shift+key Zawgyi Myanmar Unicode System ကို Download ရယူလျှင်လည်း သိရှိနိုင်ပါသည်။

  • ဆူး

    January 8, 2011 at 7:30 am

    ဖတ်တုန်းကတော့ အဟုတ်သား.. အောက်က ကွန်မန်းတွေ အလှည့်ရောက်တော့.. ဟိုလူက ဟိုဘက်ဆွဲ.. ဒီလူက ဒီဘက်ဆွဲနဲ့.. အရင်တုန်းက ကျိုက်ထီးရိုး သွားတုန်း ဘုရားဆောင်းတန်းက ထမင်းဆိုင်ခန်းတွေ ဘက်ကိုသွားသလိုဘဲ.. လူတွေတာနဲ့ အတင်း ဆွဲတော့တာဘဲ.. အဲလို ဖြစ်နေတယ်။
    ကိုယ်ဖြစ်ကိုယ်ခံ.. ဒီထက် ရှင်းအောင် မပြောတတ်တော့ဘူး။ များများ မခံချင်ရင် မခံရအောင် လေ့လာ.. သူယူ မှတ်သား။

  • nature

    March 29, 2011 at 5:48 pm

    Mandalay Gazette မှာစကားနပန်း ပြိုင်ပွဲလုပ်ပါလား။

  • nigimi77

    March 29, 2011 at 6:53 pm

    ကျုပ်က နင်းလိုက်မိတဲ့ ပုရွက်ဆိတ်ကို သေချိန် ကျွတ်ချိန်တန်ပြီလို ့မှတ်မယ်။
    ကျုပ်က မနင်းလိုက်မိတဲ့ ပုရွက်ဆိတ်ကို ကံ၊ ကံ၏ အကျိုးကြောင့် ဘေးအန္တရာယ်မှ ကင်းလွတ်သည်လို ့ မှတ်မယ်။ ကျုပ်က နင်းမိလိုက်တဲ့ ပုရွက်ဆိတ်ကို မတော်တဆ နင်းမိသော်လည်း သေစေလိုတဲ့ စိတ်
    အလျင်းမရှိဟု မှတ်မယ်။ ကျုပ်က မနင်းမိလိုက်တဲ့ ပုရွက်ဆိတ်ကို သူတပါး အသက် သတ်ခြင်းမှ ရှောင်ကျဉ်ထားသဖြင့် လို ့ မှတ်မယ်။

  • nature

    March 29, 2011 at 11:30 pm

    သတ္တဝါဆိုတာလူချွတ်မှကျွတ်တာလို့ပြောတာကြားဘူးပါတယ်။လူဆိုတာလဲသက်ရှိ သတ္တဝါတစ်မျိုးပဲ၊ကိုယ့်ထက်အားကြီးတဲ့သူကကိုယ့်ကိုလာချွတ်ရင်လက်ခံနိုင်မလား၊ ကိုယ့်စိတ်ကူးထဲရှိတာရေးတာဖြစ်လို့ သဘောထားခြင်းမတိုက်ဆိုင်တာ မှားတာရှိရင်
    ခွင့်လွတ်ပါ။မဟတ်ကြေး။
    သူကြီးကလည်းဒီမိုကရေစီ အပြည့်ပေးထားလို့ပါ၊(တိုးတိုးလေးသူကြီးမကြားအောင်ပြောမယ်-သူ့ကို ဝိုင်းတွယ်နေတာတောင် ၊ငါ့ကိုစော်ကားတယ် မင်းအကောင့်ကို တစ်ပတ်ပိတ်မယ် ပွိုင့်ဖြတ်မယ် မရှိဘူး၊ဟီးဟီး)

  • babymay

    March 30, 2011 at 7:18 am

    သတ္တဝါဆိုတာ လူချွတ်မှ ကျွတ်တာဆိုပေမယ့် ကိုယ် ဝဋ်မလည်ချင်ရင် ကိုယ်မကျူးလွန်ဖို့ပါပဲ။ လူတွေမှာ သတ္တဝါတွေကို ချွတ်ကိုချွတ်ရမယ် ဆိုတဲ့ တာဝန်မရှိလို့ပါ ။ အကုသိုလ်ကိုလည်း သိရဲ့သားနဲ့ ကျူးလွန်သည် ဖြစ်စေ ၊ မသိလို့ကျူးလွန်သည် ဖြစ်စေ ခံရမယ့် အပြစ်က အတူတူပါပဲ။ ဥပမာပြောရရင် ညနေ နေဝင်ရီတရော မှာ မြွေကိုက်မိတယ် ဆိုပါစို့ ။ မြွေဟာ ဘာမြွေမှန်း သိသည် ဖြစ်စေ ၊ မသိသည် ဖြစ်စေ မြွေဆိုး ဖြစ်နေရင် မြွေဆိပ်တတ်ပြီး သေမှာပါပဲ။
    ကိုယ် သိသလောက်ရေးပြတာဖြစ်ပါတယ်။ အမှားပါရင်လည်း ဆောရီးပါ။။

Leave a Reply