Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမတစ်ယောက်ရဲ့အရည်အသွေး

manawphyulayJanuary 8, 20111min43415

မိန်းမတစ်ယောက်ရဲ့ အသိဉာဏ်ဟာ တီထွင်ဖန်တီးဖို့ မဟုတ်ဘူး။
ချိုသာစွာ အမိန့်ပေးတတ်ဖို့ ဖြစ်တယ်။ စနစ်တကျဖြစ်အောင် စီမံတတ်ဖို့နှင့်
အရည်အသွေးကို နားလည်တတ်ရမယ်။ ပြီးတော့ အသုံးကျမှုကိုသိဖို့နဲ့
ဘေးအန္တရာယ်နဲ့ ဖျားယောင်းမှုက လွတ်ကင်းနေရမယ်။ မိန်းမကောင်း မိန်းမမြတ်ဟာ
အမှားကင်းပြီး သွေဖည်ခြင်းကင်းရမယ်။ အင်းနောက်တော့ ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံနေရမယ်။
ဘဝင်မြင့်ပြီး အကြင်နာကင်းတဲ့မာနက ကင်းရမယ်။ မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်။အေးချမ်းတည်ငြိမ်တဲ့
စိတ်နှင့်ပြည့်စုံပြီး မေတ္တာစိတ် ဆင်ခြင်စိတ်ရှိအောင် အတွေးအခေါ်နဲ့ ပညာ ပြီးတော့ လောကဓံတရားကို
ကောင်းကောင်းသဘောပေါက်သူ၊ သမိုင်းကို ထက်မြက်တဲ့စိတ်ကူးဉာဏ်နဲ့ ဖတ်နိုင်စွမ်း၊ နားလည်နိုင်စွမ်း
နှင့် ဘေးဒုက္ခတွေကို နှလုံးသွင်းတတ်တဲ့ ရင့်ကျက်စိတ်ရှိရမယ်။ မိန်းမတွေမှာ ပင်ကိုရှိနေတဲ့ နဂိုဗီဇစိတ်၊ ပါရမီစိတ်၊ သတိ၊ မေတ္တာ၊ သစ္စာတရားတွေဟာ ဘဝရဲ့ မဏ္ဍိုင်တွေ ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲ
ယုံကြည်ပြီး အောင်မြင်ထွန်းပေါက်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ ဖြစ်နေစေရမယ်။

15 comments

  • naywoonni

    January 8, 2011 at 3:31 pm

    အင်း.. ရှိသင့်ပါတယ်။ ဒါပေမဲ့ ဆမ္မားဆက်မွန်ကတော့ရေးဖူးတယ်။
    (ဝမ်းမင်း ဒစ်လိုက်ခ် အင်တယ်လ်ဂျန့် ဟင်းဆမ်း )တဲ့ စာလုံးပေါင်းတာလွဲနေမှာစိုးလို့ အသံထွက်အတိုင်းရိုက်ပြတာ ။ အဓိပ္ပါယ်ကတော့ အမျိုးသမီးတွေဟာ သိပ်ပြီးးထူးချွန်ထက်မြက်တဲ့ ယောက်ျားတွေကိုမနှစ်သက်ဘူးလို့ ဘာသာပြန်ရမလားပဲ
    ဒီပို့စ်ကိုဖတ်မိတော့ ခေါင်းထဲတန်းရောက်လာတဲ့ စာသားလေးပါ ။ ဖတ်ဖူးပြီး ကြိုက်လို့ဆိုပြီးအလွတ်ကျက်ထားခဲ့တာ အသုံးဝင်သွားပြီ 😛

  • Gipsy

    January 8, 2011 at 4:31 pm

    ဘယ်လိုများကျင့်ကြံအားထုတ်ခဲ့လို့…ဒီလောက်ရေးတတ်၊ပြောတတ်ရတာလဲ…
    အိမ်က lady အတွက်..ကျေးဇူးပါကွယ်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 8, 2011 at 5:00 pm

    မိန်းမတစ်ယောက်ရဲ့အရည်အသွေး သည် လင်ယူသားမွေးဖြစ်ပါ၏
    အဟီးးးးးးးးးးး
    အရကား နောက်တာ

  • zaw min

    January 8, 2011 at 6:52 pm

    For naywoonni,”Women didn’t like Intelligence handsome”.ကမ္ဘာပေါ်မှာ စွမ်းဆောင်ရည်မြင့်မားသော အမျိုးသ္မီးတွေ အများကြီးပါ။ဥပမာ။ ။ဒေါ်အောင်ဆန်းစုကြည်၊္ဒ အိနိ္ဒယာဂန္ဓီ၊ဆေးပညာနဲ့ နိုဘယ်(လ်)ဆုတွေ ရထားတာလည်း အမျိုးသမီးတွေပါပဲ။

    • kai

      January 9, 2011 at 9:27 am

      မိန်းမတယောက်ရဲ့ ..အထင်ရှားဆုံးအရည်အသွေးကတော့…

      ဘယ်လောက်ကြီးမြတ်တဲ့… ယောက်ျားဖြစ်ဖြစ်… (ဂေါတမဗုဒ္ဓဖြစ်ဖြစ်.. ယေရုခရစ်တော်ဖြစ်ဖြစ်..။ တမန်တော်မိုဟာမက်ဖြစ်ဖြစ်..)
      မိန်းမက မွေးလိုက်လို့သာ.. လူဖြစ်ကြရတာပဲဖြစ်ပါတယ်..။

  • အသံထွက်ကို အင်္ဂလိပ်လို မှန်းပြီးစာလုံးပေါင်းရတာ မလွယ်ဘူး။ ကျွန်တော့်အထင် Women didn’t like intelligent handsome(s) များလားမသိဘူး။ ဒါမှ ဦးနီပြောတဲ့ မြန်မာပြန်နဲ့ကိုက်မှာ။ (တော်တဲ့ယောက်ျားတွေကို အမျိုးသမီးတွေ သိပ်မကြိုက်ဘူး။)
    အဲဒါကြောင့်ထင်တယ်၊ ကျွန်တော်လည်း သိပ်မတော်ဘူး။

  • monmon

    January 9, 2011 at 2:25 pm

    မွန် သိထားတာကတော့ ယောက်ျားတွေက တော်တဲ့မိန်းမတွေကို မကြိုက်ကြဘူးတဲ့… သူတို့ကို ဆရာလုပ်မယ့် မိန်းမမျိုးကို အလိုမရှိကြဘူး… မိန်းမတစ်ယောက်အတွက်ကတော့ ကိုယ့်ထက်ညံတဲ့ယောက်ျားတစ်ယောက်ကို လိုချင်ပါ့မလား…
    တွေးကြည့်တာနော်… မွန်ကတော့ ငယ်သေးတယ်… အဲဒါတွေမစဉ်းစားသေးဘူး… ဟိဟိ

    • etone

      January 11, 2011 at 8:52 am

      ဟုတ်ပါတယ် မိန်းမတစ်ယောက်က အရမ်းတော်နေရင်ပဲ သူ့ဘေးမှာ နေရတဲ့ယောကျာ်းက အလိုလိုသိမ်ငယ်လာတာပါ ..။ သိပ်တော်တဲ့ မိန်းမဖြစ်ရင်တောင် တစ်ခါတစ်ခါ နုံချင်ယောင်ဆောင်နေလိုက်ပါ ..။
      မနောရေးထားတဲ့ အချက်တွေ အကုန်ပြည့်စုံတဲ့ မိန်းမဆိုတာ ရှိတော့ရှိမှာပေါ့.. ဒါပေမဲ့ရှားပါတယ် ။ တော်တဲ့ မိန်းမကျပြန်တော့လည်း ကိုယ့်ဒူးကိုယ်ချွန်နေပြီး ယောကျာ်းမယူတော့ဘူးလေ …။ တော်သင့်တဲ့နေရာမှာ တော်ပြီး တုံးချင်ယောင်ဆောင်သင့်တဲ့နေရာမှာ ဆောင်မှဖြစ်မှာပါ ။

  • unclegyi1974

    January 9, 2011 at 4:14 pm

    မွန်လေးရေ မိန်းမတယောက်ကကိုယ့်ထက်ညံ့တဲ့
    ယောကျာ်းကိုလိုချင်သလားဘာလားတော့မသိဘူး
    အဲလိုအိမ်ထောင်တွေအများကြီးတွေ့ဖူးတယ်နော်
    မနောရေ နင်ရေးတဲ့အချက်တွေမှတ်ပြီးငါလဲ
    လိုက်ရှာဖူူးတယ် နောက်ဆုံးတော့အများကြီးလျော့
    ပြီးယူလိုက်ရတာပါဘဲ
    နောက်မို့ဒီတသက်မိန်းမ မရတော့ဘူးလေ

  • ဆူး

    January 9, 2011 at 4:32 pm

    အချစ်မှာ မျက်စိ မရှိဘူး။
    ဖူးစာ ပါတော့ ညားတာပေါ့။

  • char too lan

    January 10, 2011 at 8:14 am

    ဖူးစာဆိုတာ ဦးရာလူပါ~~~ 🙂

  • pyaesone

    January 10, 2011 at 9:34 am

    အော် တို့များလဲ တော်တဲ့ မိန်းမကို ယူပီ ခိုင်းစားလိုက်အုန်းမယ်
    ဟိ

  • yuyu

    January 11, 2011 at 9:34 am

    ဘာပဲဖြစ်ဖြစ်လေ မနောပြောပြသလိုလေးတော့မိန်းကလေးတွေမှတ်သားကျင့်ကြံသင့်ပါတယ်။ ပြည့်ဝမြင့်မြတ်တဲ့စိတ်ဓာတ်က မိန်းကလေးဖြစ်ပါစေ၊ ယောကျာ်းလေးဖြစ်ပါစေထားရှိသင့်ပါတယ်

  • naywoonni

    January 12, 2011 at 2:31 am

    အပေး အယူ သူနဲ့ကျွန်မ အစစ ညီပါရင်×××× ဆိုတာလိုဖြစ်ရင်တော့အကောင်းဆုံးပေါ့။ အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားလေးစားတတ်ဖို့ လိုတယ်လို့ထင်ပါတယ်။

  • manawphyulay

    January 12, 2011 at 3:30 am

    အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားလေးစားတတ်ဖို့ လိုတယ်လို့ထင်ပါတယ်။
    Good Right! U Ni…….

Leave a Reply