ကွမ်း (ထွီ မဟုတ်သော ..ဗျစ်)
လူတိုင်းပြောလွန်းလို ့ ရိုးအီနေသည်။ ကွမ်း ဆိုသော အရာ စားသင့် မစားသင့် နှင့် ငြင်းကြ ခုန်ကြဖူးပြီ။
ပြည်တွင်းမှာ အသာထား ဟိုနိုင်ငံတွင်ရှိစဉ်က ကြုံရဖူးသော အကြောင်းအရာတခု။ ဟိုနိုင်ငံ အထိရောက်အောင် ကွမ်းယာ ရောင်းကြသော ကျေးဇူးရှင် မြန်မာဆိုင်များကြောင့် ကွမ်းငတ်နေသော ဆရာကြီးများ တန်ဖိုးကြီးမားစွာ ပေးပြီး အားပေးကြလေ သတတ်။ တစ်ခု သော ကားဂိတ်တွင်၊ အနှီ ဆရာကြီးများ အထဲမှ တစ်ယောက်သော သူသည် ကားဂိတ်တိုင်းတွင် ပြုလုပ်ပေးထားသော အမှိုက်စွန် ့ပစ်ပုံး အတွင်းသို ့ တဗျစ်ဗျစ်နှင့် ကွမ်းသွေးများ(တံတွေး အညစ်အကြေးများ) အား၊ အားရပါးရထွေးလေစဉ်၊ တစ်ယောက်သော အမျိုးသမီးသည် အရေးပေါ်ဋ္ဌာနသို ့ ဖုံးဆက်ပြီး နိုင်ငံခြားသား တစ်ယောက် ကားဂိတ်တွင် သွေးအန်နေသည်ဟု အကြောင်းကြားလေသည်…။ ပုံပြင် မဟုတ် ကိုယ်တွေ ့ဖြစ်သည်။
ကုလားများမှ ဆင်းသက်လာသည့်(ဟု ထင်ရသော) အဆိုပါ ကွမ်းဝါးသည့် ယဉ်ကျေးမှုသည် မြန်မာပြည်တွင် အလွန်ပင် ခိုင်မြဲစွာ အမြစ်တွယ်နေပေပြီ။ ဟုတ်ပြီ…။ ကွမ်းကြိုက်ပါတယ်ဆိုမှ ကွမ်းမစားရလို ့တားရတာက ခက်သား။ ကွမ်းယာအပေါ် အမှီပြုသော သာမန်လူတန်းစားများ၏ ဝင်ငွေလမ်း ပိတ်ပြန်လျင်လည်း မဖြစ်သေး။
တခုတော့ရှိသည်။ ပြုပြင်ပြောင်းလဲခြင်းဟူသည် ကာလ တခုအတွင်း နစ်နာမှု တစုံတရာတော့ ရှိစမြဲ။ သနားစိတ်နှင့် ဘာသာရေးကို အခြေခံသောကြောင့် ဟိုငဲ့ဒီငဲ့နှင့် ပြင်းထန်ထိရောက်စွာ မလုပ်တာလားဟုဆိုတော့လဲ ပရိယာယ် ကြွယ်ဝသော နိုင်ငံရေး သဘောတရားအရ ပြန်တွေးကြည့်သော်၊ အစစအရာရာ ကျပ်တည်းသော လူတန်းစားများ အား ရသေ့စိတ်ဖြေ ဆေး တစ်မျိုးဖြင့် ကျေနပ်နေစေရန်ဟု ယူဆရန်ရှိသည်။
တကယ်တန်း မြန်မာနိုင်ငံသားများသည် အလွန်အမင်း လွတ်လပ်မှုအား ခုံမင်မြတ်နိုးကြသည်။ ချုပ်ချယ်တားဆီးမှုအား မနှစ်သက်။ မချစ်သော်လည်း အောင့်ကာ နမ်းနေကြသည်။ အမြဲတစေ ချုပ်ချယ်မှုအား ဆန် ့ကျင်လိုသည့် သဘောတရားရှိသည်။
ဥပမာပြမည်။ ကွမ်းမထွေးရဟု ရေးထားသော နံရံတခုအားမြင်လျင် သင်ဘာလုပ်မည်လဲ။ ကွမ်းမစားတတ်သူဆိုလျင်တော့ ကိုယ်နှင့် မဆိုင်သောကြောင့် ဒီအတိုင်း အမှုမဲ့ အမှတ်မဲ့ ဖြတ်ကျော်သွားမည်။
ကွမ်းစားတတ်သူ သည် ဗျစ်ခနဲ ထွေးလိုက်ပေလိမ့်မည်။ ထွေးထုတ်စဉ် ဖြစ်နိုင်ချေရှိသည့် အကြောင်းများအား သရုပ်ခွဲကြည့်ကြမည်။
(၁) ကွမ်းဝါးသူ အားလုံးသည် ကွမ်းသွေး မိမိအား မပေကျံစေရန် အလွန် ဂရုစိုက်ကြသည်။
(၂) ထို ကြောင့် ကွမ်းသွေးထွေးထုတ်ရာတွင် နံရံကဲ့သို ့၊ လှေကားထောင့်ကဲ့သို ့ အလွယ်တကူ အဖိတ်အစင်မရှိပဲ စီးဆင်းသွားနိုင်သော နေရာများသို ့ ထွေးကျသည်။
(၃) မိမိ နှင့် ဝေးနိုင်သမျှဝေးအောင် အားစိုက်ပြီး ထွေးထုတ်တတ်ကြသည်။
(၄) ခွေးများ (ဆဲခြင်းမဟုတ်ပါ တင်စားခြင်းဖြစ်ပါကြောင်း) နံရံအား ရွေးပြီး နှိပ်ကွပ်သကဲ့သို ့(သူတို ့သည် နယ်မြေ သတ်မှတ်ခြင်းသာ) ကွမ်းဆရာများသည်လည်း အများအားဖြင့် နံရံ(ထောင့်) တွင် သာ ရွေးထွေးကြသည်။
(၅) အလွန်တရာပင် ချုပ်ချယ်မှုအား မနှစ်သက်လှသော၊ ဆန် ့ကျင်တွန်းလှန်လိုသော မြန်မာစိတ်ဓါတ် (မယောင်ရာ ဆီလူး၊ တလွဲ ဆံပင် ဂေါင်း) ဖြင့် “ကွမ်း မထွေးရ” ဟု ရေးသားထားသော စာသားအားမြင်လျင် ထွေးဖြစ်အောင်ထွေးကြသည်။
ဒါဆို ဘယ်လိုလုပ်မလဲ….????။။။
“ကွမ်း မထွေးရ” လို ့ရေးထားတဲ့ နေရာမှာ “ကွမ်းထွေးရန်နေရာ” လို ့ပြောင်းရေးမလား။
ဒါမှမဟုတ် အဲဒီနေရာမှာ ကွမ်းထွေးဖို ့အတွက် အထူးအစီအမံနဲ ့ ထွေးခံကြီး ထားရင်ကောင်းမလား။
13 comments
bigcat
January 27, 2011 at 6:10 am
မြန်မာပြည်လိုနေရာမျိုးမှာတော့ အတော်ခက်မယ်။ ကွမ်းထွေးခံထားလည်း တခြားဟာတွေထည့်ကြမှာ၊ လမ်းဘေးသေးခွက် ဖြစ်သွားနိုင်တယ်။ ကျုပ်တို့ဆီမှာတော့ ကုလားတန်းမှာ တကဲ့ကွမ်းယာ တယာကိုတဒေါ်လာနဲ့ရောင်းတဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရှိတယ်။ ကွမ်းကြိုက်မြန်မာအများစုကတော့ ကွမ်းအစားထိုးဆေးရွက်ကြီးမှုန့်၊ ကွမ်းယာမှုန့်အထုတ်လေးတွေ စားတာတွေ့တယ်။ သူတို့လိုပဲ ကွမ်းတံတွေးအထွက်နဲတာကိုပြောင်းစားဖို့ အားပေးရင်ပေး၊ ဒါမှမဟုတ် ကွမ်းတံတွေးထည့်တဲ့ တခါသုံးဗူး၊ အိတ်တွေအလကားဝေ၊ အမှိုက်ပုံးအလုံအလောက်ထား။ တဖက်ကလည်း စည်းကမ်းကြပ်မတ်တာကို အင်နဲ့အားနဲ့လုပ်။ ဒါဆိုရင်တော့ သက်သာမယ်ထင်တယ်။ အကြံပေးထားတဲ့ သုံးခုစလုံးက မြန်မာပြည်ဒီမိုကရေစီရဖို့ထက်တောင် ခက်နေတော့ စိတ်လျော့ထားတာ ကောင်းမယ်ထင်၏။
moethidasoe
January 27, 2011 at 10:12 am
ကွမ်းများများစားလို့ ခံတွင်းကင်ဆာဖြစ်ပြီး ခွဲစိတ်ခံရ .. ဆေးသွင်းခံရ .. ဓါတ်ကင်ခံရတဲ့ လူတွေ အများကြီးတွေ့ဖူးပါတယ် .. သနားပါတယ်လို့ ပြောရင်လဲ ရတယ် .. နောက်ကျတဲ့လူတွေလဲ သေကုန်ပြီ .. တချို့ ဘာဖြစ်သွားမှန်း မသိပဲ သေသွားကြတယ် .. တချို့က ပါးပေါက်နာ ဆိုတဲ့ စကားကို ရွေးသုံးကြတယ် တကယ်က ကင်ဆာပါ ..
ကွမ်းကြောင့် ဖြစ်တယ် ဆိုပြီး မစားကြဖို့ ပြောလဲ ကွမ်းထဲမှာ ပါတဲ့ ဆေးရွက်ကြီးတန်ခိုးကြောင့် မဖြတ်နိုင်ကြပါဘူး .. ဒါကြောင့် မည်သူမပြု မိမိမှု လို့ပဲ ဆိုလိုက်ပါရစေ ..
ဒါက ကျန်းမာရေးရှုထောင့်က ပြောတာ .. လူမှုရေး ရှုထောင့်က ဆိုရင်တော့ အများကြီးပဲ မူရင်း စာမူမှာ ပါပြီးသားလေ ..
etone
January 28, 2011 at 3:24 am
အစ်မပြောတဲ့အထဲမှာ ကျန်နေတဲ့ အချက်တစ်ခု ဖြည့်စွက်ပါရစေ ။ (တစ်ချက်မကလည်း ကျန်နေနိုင်ပါတယ်… ကိုယ်သိတာက တစ်ခုထဲကိုး)
ကွမ်းစားတဲ့ လူတစ်ချို့မှာ ကျောက်တည်တတ်ပါတယ် … ။ ကယ်လစီယမ်ပါတဲ့ ထုံးတွေကြောင့်ပါ … ။ ကျောက်တည်လို့ ခွဲစိပ်ထုတ်ပစ်ပြီးရင် ထွက်လာတဲ့ကျောက်လေးတွေက ထုံးကျောက်လုံးလေးတွေဖြစ်နေတတ်ပါတယ် ။
kai
January 27, 2011 at 10:31 am
၁) အာဏာပိုင်တွေက ..ကွမ်းယာဆိုင်တွေကို ..အမြတ်ခွန် .. ၅ဝရာခိုင်နှုန်းကောက်လိုက်ပါ..။
၂) ကွမ်းယာရောင်းရာတွင် .. ကွမ်းထွေးပလပ်စတစ်အိပ်ပါပေးရန်နှင့် အိပ်တွင် .. ကွမ်းစားခြင်းသည် ပါးပေါက်ပြီသေစေနိုင်သည် ဆိုတာကို .. ထည့်ရိုက်ခိုင်းပါ.။
==
မြန်မာပြည်က ကြည့်ရတာ.. ယူအက်စ်လိုပဲ.. တစ်ကက်စံနစ်လိုနေပြီထင်ပါတယ်.။
အဲဒီစံနစ်က .. မှတ်ပုံတင်နံပါတ်လူတိုင်းမှာရှိတယ်ဆို ..အင်မတန်လုပ်ရလွယ်ပါတယ်..။
ကွမ်းထွေးလိုက်တာကို ရဲကမိပြီဆို ..ရဲစခန်းခေါ်တာတို့.. ငွေတောင်း.ငွေညစ်တာတို့ မလုပ်ရပဲ.. စာရွက်ဖြတ်ပိုင်းပဲပေးလိုက်တာပါ.. ယူအက်စ်မှာတော့ .. Ticket ခေါ်ပါတယ်.။
အဲဒါ.. ဒဏ်ငွေကို ..စာတိုက်ကဖြစ်ဖြစ်..လူကိုယ်တိုင်ဖြစ်ဖြစ်.. နောက်မှသွားသွင်းရတာပါ..။
ဆိုတော့ ..
ရဲလည်း လာဘ်စားဖို့ခက်သွားပြီး နိုင်ငံတော်လည်း ဝင်ငွေပိုရလာတာပေါ့..။
ကားနဲ့ပါတ်သက်တဲ့ တစ်ကက် စံနစ်ကို လေ့လာကြည့်ပါ..။
http://en.wikipedia.org/wiki/Traffic_ticket
moethidasoe
January 27, 2011 at 11:05 am
ဒီမှာ အဲဒီ တစ်ကက် စနစ် လုပ်ကြည့်ဖို့ ကုမ္ပဏီတွေက အစုအဖွဲ့လိုက် ကြိုးစားကြည့်နေတယ် .. အဖွဲ့အစည်းတွေမှာ အောင်မြင်ရင် မြန်မာနိုင်ငံအတွက်လုပ်ချင်တယ် ဆိုတဲ့ လူတွေလဲ ရှိတယ် .. ဒါပေမယ့် .. ကိုယ်ရေးအချက်အလက်တွေ ပါတဲ့ ကဒ်ပြားကို လုပ်ဖို့ လူ တော်တော်များများက လန့်ကြတယ် .. အထူးသဖြင့် သူတို့လို လူတွေပေါ့ .. သူတို့ဆိုတာ သိတယ်နော် ..
အဲဒီလို လုပ်လိုက်ရင် နောက်ကြောင်းတွေ ပေါ်မှာကို ကြောက်တဲ့လူလဲ ရှိတော့ .. ဟဲဟဲ လို့သာ ပြောပါရစေ
မိုက်ကယ်ဂျော်နီအောင်ပု
January 27, 2011 at 3:28 pm
ကွမ်းဆိုလို ့ ပြောရဦးမယ် 🙂
ဟိုတစ်ယောက်အကြောင်း ဘော်ဘော်တစ်ယောက် ဘဲထားပါတော့
မကြာသေးဘူး
တလောတုန်းက
ဆိုပါတော့ လေးငါးဆယ်ရက် ကျော်ကျော်ကလေး
ဒီလောက်ဘဲရှိဦးမှာပါ
အလုပ်မလုပ်တာကြာဘီဆိုဘဲ
အရည်အချင်းတော့ ရှိရှာပါတယ် ကိုယ့်လောက်မတော်တာခက်တယ် 🙂
သူ အရည်ချင်းရှိတာသိတော့
လာခဲ့ပါတဲ့
အလုပ်ပေးမယ်
သို ့သော်
ဒီကွမ်းဝါးတာကြီးကို ရပ်ရပါမယ် တဲ့
အလုပ်မရှိလို ့ထမင်းဘဲငတ်သေတော့မယ် ( သူသေရင် ကိုယ်ပါနာမည်ပျက်ဦးမယ် မြန်မာပြည်သားထမင်းငတ်သေတာ)
ကွမ်းဝါးလို ့မရရင် မလုပ်ဘူးတဲ့
ကွမ်းကို စွဲလိုက်ပုံများ အရည်မရ အဖတ်မရ ဝါးပြီးထွေးတယ် ထွီ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ရှိစေ ဒါက သူ ့ကိစ္စ
ကိုယ်နဲ ့ဆိုင်တဲ့ကိစ္စက
နေတဲ့အပါ့ထ်မန် ့မှာ
ဓာတ်လှေကားထဲမှာ
( ရွာမှာနေတုန်းက နွားလှည်းဘဲမောင်းတတ်တာ ခုတော့ ဓာတ်လှေကား ကောင်းကောင်းမောင်းတတ်သွားပြီ (စကားချပ်))
အဲ့သည်လိုဘဲဗျာ ခုနစ်နှလုံးပြူးပြောသလို
ကွမ်းတံတွေးတွေထွေးထားတာ တော်တော်မိုက်ရိုင်းတယ် လူမသားလို ့ပြောဘို ့တောင်ခက်တယ်
ဘယ်လိုမှ အသိစိတ်မရှိတာလားမသိဘူး
တစ်ချို ့ဆို လုံးဝကိုမကြည်ဘူးနော် တော်တော်အထင်သေးခံရတယ်
တစ်ခုဖြေသာတယ် ကိုယ်က ရုပ်တော်တော်ဖြောင့်လို ့နော် စတိုင်လ်နဲ ့နေတာ
ဒီတော့ကာ ကျုပ်တို ့ဘာလုပ်သင့်လဲ
ဟို…သမ္မတကိုလဲ မပြောနဲ ့ဝန်ကြီးချုပ်ကိုလဲမပြောနဲ ့
ဘယ်လို အသိပေးသင့်သလဲ
သူတို ့ရဲ ့စိတ်ထဲမှာ
( ဘယ်သူမှတွေ ့တာမဟုတ်ဘူး ဂရုစိုက်စရာမလိုဘူး ) အဲ့သည်သဘောကိုဆောင်တယ်
အခြားအကြောင်းတွေလဲရှိပါသေးတယ်။
moethidasoe
January 28, 2011 at 4:16 am
ကွမ်းနဲ့ ပတ်သက်လို့ (အတိအကျ မမှတ်မိသော်လည်း) နရသီဟပတေ့ လက်ထက်မှာလား မသိဘူး .. နန်းတော်က တိုင်တွေမှာ ထုံးရာတွေ ပြည့်နေတတ်လို့ ဘုရင်ကိုယ်တိုင်က အမိန့်ထုတ်တယ် .. နန်းတော် တိုင်မှာ ကွမ်းစားထုံး သုတ်တဲ့လူ အဲဒီ လက်ညှိုး ဖြတ်စေ တဲ့ .. စောင့်ကြည့်ဖို့ တစ်ယောက်ကို တာဝန်ပေးထားတယ် တဲ့ .. နောက်နေ့မှာ အဲဒီ စောင့်ကြည့်သူကို ပြန်မေးတော့ .. ထုံးသုတ်သူက ဘုရင်ကိုယ်တိုင် ဖြစ်နေတယ် တဲ့ .. မှတ်တမ်းနဲ့ တင်ပြတော့ .. (သူ့လက်ကို ဖြတ် မဖြတ် မမှတ်မိတော့ပါ) ..အဲဒီလောက်အထိ ဖြစ်ခဲ့တာ ..
ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းလဲ ကွမ်းအကြောင်းကို ဘုရင့်အကြိုက် ကဗျာတွေ စပ်ခဲ့သေးတယ်လေ ..
မကောင်းမှန်းသိသော်လည်း မင်းအလိုလိုက်ခဲ့ကြတာ .. အခုလဲ ကွမ်းကြိုက်တဲ့လူ အထက်မှာ ရှိနေသေးလားတော့ မသိဘူး (ကျန်းမာရေး ဒုဝန်ကြီး ဦးမြဦး ကိုယ်တိုင်တော့ ကွမ်းကို မကောင်းမှန်းလဲ သိပါတယ် ဆိုပြီး စားနေမြဲပဲ)
nigimi77
January 28, 2011 at 6:38 am
ဆန် ့ကျင်ဖက် ပြန်တွေးကြည့်ရင် ဘုရင်က သူစောင့်ကြည့် ခိုင်းတဲ့သူဟာ တကယ် အလုပ်လုပ် မလုပ် သူကိုယ်တိုင် ထုံးသုတ်ပြီး အဖြေရှာတာ မဖြစ်နိုင်ဘူးလား။
အာဖျံ ကွီး
January 28, 2011 at 9:59 am
မမိုးသီတာစိုးပြောတာ …
ရခိုင်ဘုရင်မင်းထီးအကြောင်းလေဗျာ …
ကိုယ့်ဆရာ ပြောသလို ပြောင်းပြန်စဉ်းစားလို.ရပေမဲ့ ….
ဒီထဲမှာတော့ … အဲလိုမဟုတ်ဘူး ….
အာရာ …. ကိုယ့်လက်ကို တစ်ကယ်ဖြတ်လိုက်တာ …..
စည်းကမ်းလေးက ကွမ်းနဲ.ပတ်သက်ပီးချမှတ်ခဲ့တဲ့ စည်းကမ်းလေး ဖြစ်ပေမဲ့လို. …..
ဘုရင်တစ်ယောက်ရဲ. ကိုယ်ချမှတ်ထားတဲ့ စည်းကမ်းကို ကိုယ်ဘယ်လောက် အလေးထားတရ်ဆိုတဲ့
ပြယုသ်လေးတစ်ခုအဖြစ် …. သမိုင်းတွင်ခဲ့တာပေါ့။
kai
January 28, 2011 at 10:10 am
ကျုပ်လည်း ငယ်ငယ်က ကွမ်းစားတာပဲ..။ သိပ်အစွဲကြီးတော့ မဟုတ်ပါဘူး..။ နည်းနည်းပါးပါးပေါ့..။
ဒီမှာကြုံရင် .. ကုလားဆိုင်က .. အဲဒီကွမ်းယာတွေကို ..အမှုန့်ကြိတ်ပြီး .. အစေ့ပြန်လုပ်ထားတဲ့ ဗူးဝယ်စားသေးတယ်..။
အဲဒါက ..အကုန်မြိုချလိုက်တော့ .. သွေးအန်သလို လိုက်မထွေးနေရတော့ဘူး..။
အဲဒါ မြန်မာပြည်မှာ ရှိသလားမသိဘူး..။
အဲဒါမျိုး … မြန်မာဖြစ်… မြန်မာဆေးနဲ့ ထီထွင်လိုက်နိုင်တဲ့သူတော့ .. မီလီယံနာဖြစ်မှာပဲ..။
ရောင်းကောင်းတဲ့… ကွမ်းယာဆိုင်တဆိုင်ရဲ့ တရက်ဝင်ငွေက … ဘယ်လောက်ထင်ကြသလဲ..။
ဟိုးအရင်ကတည်းက သိန်းချီတယ်..ကြားဖူးတယ်။ အခုဆို .. ဘယ်လောက်တွေများဖြစ်နေမလဲမသိဘူး..။
==
စကားမစပ်… အောက်က သတင်းကို မနှစ်ကတင်ထားတာ… ကွမ်းကိစ္စပဲ..။ ဖတ်ကြည့်ကြပါဦး..။
http://myanmargazette.net/2130/economic-news-international-news-news-industry-people-in-the-news-us-news-news
nigimi77
January 28, 2011 at 10:32 am
ဟုတ်လား။ ကျွန်တော်တော့ အဲဒီလောက် မလေ့လာဖူးတော့ ရာဇဝင် သိပ်မသိဘူး။
ဒါမှ မဟုတ် မမှတ်မိတာလားမသိဘူး။ တကယ်ဆိုရင် လေးစားဖို ့ကောင်းတာပေါ့။
nigimi77
January 28, 2011 at 10:50 am
ကျုပ်ငယ်ငယ်တုံးကတော့ ရေခဲကွမ်းယာ ဆိုတာကို စားတယ်။ အခုထိလဲ ရတုံးပါပဲ။
ယိုတွေနဲ ့လုပ်ထားတာဆိုတော့ ထွေးစရာမရှိဘူး။
nigimi77
January 28, 2011 at 11:15 am
မနေ ့ညက လှည်းတန်းမှာ ဆိုင်ထိုင်ဖြစ်တော့ ဘေးဝိုင်းက ချာတိတ်တွေကို သတိထားကြည့်မိတယ်။ ရုပ်ရည်တော်တော်သန် ့ကြတယ်။ ဝတ်စားထားတာလဲ လုံးဝပြည့်စုံပါတယ်။ မျက်စောင်းထိုးက ချာတိတ်ဆိုရင် ဥပဓိရုပ် ပိုထူးခြားတယ်။ မဆိုးဘူး ကောင်မလေးတွေ တော်တော် သဘောကျမဲ ့ရုပ်ရည်ပဲလို ့ မှတ်ချက်ပေးလို ့ မဆုံးသေးဘူး ဘာကို သဘောကျစရာတွေ ပြောနေကြလို ့လဲ မသိ ရုပ်တရက် ချာတိတ်က သွားတွေပေါ်အောင် ရီ(ရယ်) လိုက်တော့ သူရဲ ့အင်မတန် အကျည်းတန်စွာ ကွမ်းဂျိုးထနေတဲ ့သွားတွေကို တွေ ့လိုက်ရတယ်။ ဘယ်အရွယ်ထဲက တနေ ့ကို ဘယ်လောက်စားလို ့ဒီလို ဖြစ်နေလဲ တော့မသိဘူး။