သူငယ်ချင်းပြောပြသော သူမ၏သူငယ်ချင်းအကြောင်း ၁ (why some girls choose dangerous and awful life A)

အာဖ်ံ ကြီးFebruary 2, 20111min1220

တစ်နေ. … အာဖျံကွီး မာလာဟင်းချက်စားဖို. ဈေးသွားတော့ … ၁ဝတန်းတုန်းက ပြင်ဦးလွင်မှာ ဘော်ဒါအတူတက်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်နဲ.တွေ.တရ်။

ကွီး။ ဟာ … (..)မလား … ငါ့သူငယ်ချင်း တော်တော်ချောလာပါလားဟ။

(..)။ ဟေး (…) … ဘယ်ကလာ။ နင်လဲအတူတူပါပဲနော် … သူငယ်ချင်းချစ်လေး။ ငါ့တို.တွေ မတွေ.ရတာဘယ်လောက်တောင် ရှိပီလဲနော်။

ကွီး။ အေးဟ … တော်တော်ကြာပီနော်။ ငါ့အိမ်ကဒီနားမှာပဲလေ။ ကျောင်းပိတ်ခါနီး ငါရေးပေးခဲ့တဲ့ အော်တိုစာအုပ်ထဲကအတိုင်းပဲ။

ရန်ကုန်ရောက်နေရဲ.သားနဲ. ငါ့ဆီကိုမလာဘူး … မိန်းမ။

(..)။ နင့်လိပ်စာငါမှတ်မိပါတရ်ဟာ …ဒီကြားထဲအဆက်အသွယ်မရှိတော့ လာရမှာခပ်ကြောင်ကြောင်ဖြစ်နေလို.ပါ။ ငါအခုတောင်ကြီးမှာ မနေတော့ဘူး။

ရန်ကုန်မှာနေတရ်။ ငါ့အိမ်လဲ ဒီနားလေးပဲ။ နင်အခုလိုက်ခဲ့ပါလား။

ကွီး။ တကရ် … ဘယ်လမ်းထဲလဲ … ငါ့တို.အိမ်ဘက်ကပတ်ပီးသွားမရ်လေ … အိမ်မှာလဲပြောရအုံးမှာဆိုတော့ …

(..)။ ရပါတရ် … သွားလေ … ငါ့တို.က (..) လမ်းထဲမှာ

အဲဒါနဲ.ပဲ အာဖျံကွီး သူငယ်ချင်းအိမ်ကို လိုက်သွားခဲ့တရ်။

(..)။ (..) … ရော့ကော်ဖီ … ၁ဝ တန်းတုန်းက ငါတို.တွေ အိပ်ငိုက်တော့ ကော်ဖီတွေ တအားသောက်ခဲ့တာသတိရတရ် … ဟဟ။

ကွီး။ အေးနော် … ငါဆိုအရည်ဖျော်တဲ့ အဆင့်တောင် မရောက်ဘူး။ ဒီအတိုင်းပဲ လက်မှာထည့်ပီး လျက်စားခဲ့ရတာ … ဟားဟား။

(..)။ ဟားဟား … နင်ကံကောင်းလို. ရောဂါမဖြစ်တာ … (..)တို.ဆိုရင်ကြည့်ပါလား … ပစ်လဲသွားတာ … နော်… နင်နဲ.ငါတွေ.တော့

တခြားသူငယ်ချင်းတွေကို သတိရလိုက်တာဟာ။ နင် ဘယ်သူတွေနဲ. တွေ.ဖြစ်လဲ။ ငါ(..)တို.နဲ.တွေ.သေးတရ် … မန္တလေးခဏပြန်တုန်းက …

ကွီး။ နင်တောင်တွေ.ဖြစ်သေးတရ်။ ငါဆိုဘယ်သူနဲ.မှ မတွေ.ဖြစ်ဘူး။ စာပန်းအိမ်ကလူတွေနဲ. ပြန်မတွေ.ပဲ … စိုးစံကလူတွေနဲ.ပဲ ရန်ကုန်မှာ ဘော်ဒါ

ဖြစ်နေတာ … ဟားဟား။

(..)။ နင်အခုဘာတွေလုပ် .. ဘာတွေတက်နေလဲ (..)

ကွီး။ ငါလား … အင်း .. ငါအခု (…………..) တွေတက်နေတရ် (..)ရ

(..)။ ဟယ်မိုက်တရ် … အဲဒါက partly သွားတာဆို။ နင်ဘယ် part ထိပီးသွားပီလဲ …

ကွီး။ အင်း .. (……………….) နင်ပါလိုက်တက်ပါလားဟ … (..)ရ။

အာဖျံကွီးတို.နှစ်ယောက် ဟိုပြောဒီပြောနဲ. စကားဝိုင်းက တော်တော်ကောင်းခဲ့တာ …

(..)။ သူငယ်ချင်းတွေထဲမှာ ကြီးလာတော့ ကောင်းကောင်းမွန်မွန် နဲ.ကိုယ့်လုပ်စရာရှိတာ ကိုယ်လုပ်နေတဲ့ သူငယ်ချင်းတွေ ရှိသလို ပျက်စီးသွားတဲ့

သူငယ်ချင်းတွေလဲရှိတရ်ဟာ … (ဝမ်းနည်းသွားတဲ့ မျက်နှာထားနဲ.)

ကွီး။ အံမယ် … မျက်နှာပေးကလဲ … ဘယ်သူလဲ … ဘာဖြစ်သွားလို.လဲ …

(..)။ နင်တော့မသိဘူး။ ငါနဲ.ငယ်ငယ်လေးကတည်းက ခင်လာတဲ့ သူငယ်ချင်းပါ။ ရှမ်းပြည်က။

ကွီး။ အင်း … အဲဒါဘာဖြစ်လို.လဲ … သူက။

(..)။ ခင်တာကတော့ ငယ်ငယ်လေးကတည်းက ခင်တာ။ နောက်ပိုင်း ငါ့အဖေ အလုပ်နဲ.နယ်ပြောင်းရတော့ ၈ တန်းလောက်ကတည်းက ကွဲသွားတာ။

ရန်ကုန်မှာ first year လာတက်နေတုန်း … တစ်ရက်လမ်းမှာသူနဲ. မထင်မှတ်ပဲတွေ.တရ်။ ငါလဲသူ.ကိုတွေ.တော့ အရမ်းပျော်သွားတာပေါ့။

ငါတို.တွေငယ်ငယ်တုန်းက အကြောင်းတွေပြောနဲ.လေ … နောက်ပိုင်း သူငါ့အိမ်မကြာခဏ ဆိုသလို လာလည်တတ်တရ် …

တစ်ခါတစ်လေကျရင်လဲ အမေနဲ.ရန်ဖြစ်လို.၊ အဖေနဲ.ရန်ဖြစ်လို.ဆိုပီး ငါ့အိမ်မှာလာအိပ်တတ်တရ်။ ငါ့ဆီက ပိုက်ဆံ ချေးသုံးတာလဲ ခဏခဏ။ တစ်ရက် သူမလာတာ

နည်းနည်းကြာသွားလို.ဆိုပီးတော့ သူ.အိမ်ကိုသွားတာ … ခေါင်းလောင်းဆွဲလိုက်တော့ သူ.အမေထွက်လာတရ် … အန်တီ (..) ရှိလား၊ သမီးမတက်တော့ဘူး။ ခဏနော်

သမီးဆိုပီးသူ.အမေပြန်ဝင်သွားတရ်။ ဆင်းသွားပီသမီးရယ် … ။ ငါကလဲ လှေကားခြေရင်းကပဲ ရပ်စောင့်နေလိုက်တရ်။ ချက်ချင်းဆိုသလို

သူဆင်းလာတရ် … သူငယ်ချင်းရယ် … သူ.ဘောင်းဘီတိုကို အောက်ရောက်မှ ဇစ်တတ်တရ်ဟာ။ ငါကလဲ …လန်.ဖြန်.ပီး … ဟဲ့ (..) နင်ဘယ်လိုလုပ်နေတာလဲ …

နောက်က လမ်းသွားလမ်းလာထဲမှာ မြင်သွားတဲ့သူများ ရှိသလား။ ငါလဲမလုံမလဲနဲ.။ သူကဂရုတောင်မစိုက်ဘူး။ပီးတော့ .. သူကပြောသေးတရ်။ နင်အခုပြန်လိုက်တော့

..ညနေကျရင် ငါနင့်ဆီကိုလာခဲ့မရ်တဲ့။ ငါလဲ ဘာတွေလဲ … သူဘာဖြစ်နေတာလဲပေါ့။