သူငယ်ချင်းပြောပြသော သူမ၏သူငယ်ချင်းအကြောင်း ၂ (why some girls choose dangerous and awful life B)
ညနေကျတော့ သူရောက်လာတရ် …
– ငါလဲ … စိုးရိမ်တကြီးနဲ. … နင်ဘာတွေလုပ်နေလဲ … ငါ့ကိုပြောပြစမ်းပါဆိုတော့ … မျက်ရည်တွေကျလာတရ် …
– သူငယ်ချင်း နင့်ကိုငါပြောပြမရ် … နင်ငါ့ကိုအခုဘာတွေလုပ်နေလဲ မေးတုန်းက ငါဖြေခဲ့တာတွေက အားလုံးအညာတွေချည်းပဲ … တစ်ကယ်တော့ ငါ့ရဲ.အလုပ်က ယောက်ျားတွေနဲ.
နေရတဲ့အလုပ်။
– ဘာ … မနက်ကလဲ နင် အဲဒါ ….။
– ဟုတ်တရ် ။ နင့်အမေတွေကလဲ ဘာမှမပြောဘူးလား။ အိမ်ပေါ်မှာ … တောက် … ငါမပြောလိုက်ချင်ဘူး။
– မိသားစုကို ငါရှာကျွေးနေသလိုဖြစ်နေတော့ … ဘယ်သူမှမပြောဘူး။
– ဟဟ … တော်တော်ကောင်းတရ် .. နင့်မိသားစုက။ လမ်းထဲမှာကော … နင့်ကိုဘာမှမပြောကြဘူးလား။ ဘေးပတ်ဝန်းကျင်တွေ သိမရ်လို.တော့ထင်တာပဲ။
– အင်း .. သိတရ် … ဟိုကစောင်းမြောင်းပြော၊ ဒီကဆဲနဲ.
– နည်းတောင်နည်းသေးတရ် … နင်မို.လို. …. (×××)
-ညနေဘက် ငါအပြင်ထွက်ရင် ငါ့အဝတ်အစားကြောင့်လူတွေသိလို. … အခုတော့ အိမ်ကထွက်ရင် ရိုးရိုးလေးဝတ်ပီး အဲဒီရောက်မှ ပြန်လဲဝတ်လိုက်တရ်။
– ဒါနဲ. … နင့်ငါ့ကို ဘာလို. လုပ်ပုံကိုင်ပုံတွေပြောနေရတာလဲ … နင့်အိမ်ကို ငါ့လာခဲ့မိတာတွေအတွက် ငါတကရ်ရှက်တရ်။ ဘေးပတ်ဝန်းကျင်ကတောင် ငါ့ကို နင်နဲ.အတူတူပဲ
ထင်ရင်ထင်နေလောက်မှာ … နင်မို.လို. … ကြိုမပြောဘူး … ငါ့ကိုပါ အဖော်ရအောင်ဆွဲသွင်းချင်နေတာလား …
– အဲလိုမပြောပါနဲ.ဟာ … (မျက်ရည်ကျပီးတော့)
– (သူငိုတော့သနားသွားပီး) … သူငယ်ချင်း … နင်အဲဒါတွေ မေ့လိုက်တော့လေ … အရင်းအနှီးနည်းနည်းလေးနဲ. အအေးဆိုင်၊ အသုပ်ဆိုင်လေးတွေဖွင့်ပါလား။
ရိုးရိုးသားသားလုပ်ကိုင်စားသောက်တာက ရှက်စရာမဟုတ်ဘူး။ နင့်အခုလုပ်နေတဲ့ အလုပ်ကပဲရှက်စရာ … နင်တို. ငါတို. လမ်းထိပ်မှာ … သူများတွေ ဒီလိုပဲ ရိုးရိုးသားသားနဲ.
လုပ်ကိုင်ရှာဖွေစားသောက်နေကြတာပဲ။
-ပိုက်ဆံမရှိဘူးဟ။
-အဲဒီလောက်ပိုက်ဆံတောင် မရှိဘူးလား။ အဲဒါဆို နင်အခုထိ (×××) ခဲ့တာက ဘာကြောင့်လဲ။ ငါနောက်ဆုံးပြောမရ်ဟာ … အဲဒီပိုက်ဆံငါစိုက်ပေးမရ် … နင်လက်ရှိဘဝက
ရုန်းထွက်လိုက်ပါတော့ဟာ … သူငယ်ချင်းရယ် … နော် …
-ငါ …. အဲဒီလိုရောင်းမစားချင်ဘူး … ရှက်တရ်။
– ဟုတ်ပီ သူငယ်ချင်း ငါသဘောပေါက်ပီ … နင့်ရဲ.ကိုယ်ကျင့်တရား .. နင့်ရဲ.စိတ်ဓါတ်ကို နားလည်သွားပီ။ နင့်ကိုငါပြောလိုက်မရ် … နင်ငါနဲ.မပတ်သက်နဲ.တော့ …
နင်က လူကယ်လို.မရတဲ့ အမျိုးအစား … နင့်ဆင်ခြေတွေကလဲအလကားပဲ … တစ်ကယ်တော့ နင်ဒီအလုပ်ကိုပဲ ပျော်မွေ.နေတာ။ နင်အခုငါ့အိမ်ကဆင်းသွား။ သနတရ်။
– နင်ငါ့ကိုပြောတာဆိုတာ ငါစိတ်မဆိုးပါဘူး … ငါနောက်ထပ်လဲ မလာတော့ပါဘူး။ နောက်ဆုံး ငါ့ကို တစ်ခုလောက်တော့ ကူညီပေးပါ။ ပိုက်ဆံ ၁၀၀၀ဝ လောက်ချေးပါလား။
ငါနေမကောင်းလို. ဆေးခန်းသွားပြရမှာ … ၁၀၀၀ဝ တည်းပါ။
– တော်တော်ရွံစရာကောင်းတဲ့မိန်းမ … သူငယ်ချင်းသံယောဇာဉ်ကိုထောက်ထားပီး နင့်ကို ပိုက်ဆံ ၁၀၀၀ဝ ပေးလိုက်မရ်။ ပြန်လဲမပေးနဲ.တော့။ နောက်ထပ်လဲမလာနဲ.။
လာလို.ကတော့ နင့်ကိုငါ ရဲလက်အပ်မရ်။
…………………………………………………………………………………………………………………………………………………………….
ကဲ … အာဖျံကွီး သူငယ်ချင်းရဲ. သူငယ်ချင်း က ဘာကြောင့်ဒီလမ်းကို ရွေးခဲ့တာလဲ …
မိန်းကလေးများ အတွေးမှန်တွေပိုင်ဆိုင်ပီး ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်နဲ. မှန်ကန်တဲ့ ဘဝလမ်းကို လျှောက်လှမ်းနိင်ပါစေ။
မှတ်ချက် ။ ။ အာဖျံကွီးသူငယ်ချင်း ရင်နင့်စွာနဲ. ပြောပြတဲ့ သူ.သူငယ်ချင်းအကြောင်း အဖြစ်မှန်ကို ဝတ္ထုပုံစံလေးလို တန်ဆာဆင်ရေးသားပါသည်။
8 comments
ကြယ်လေး
February 2, 2011 at 10:32 am
ဘယ် အပျိုစင် မှ ပိုက်ပိုက် မ ရှိ ရင် _ာ လုပ်စားမယ် တွေးမယ် မထင်ပါဘူး
အဒီလမ်းကြောင်းပေါ် ဆွဲတင်တဲ့ သူ တယောက် ရှိ ခဲ့ပါမယ်
ရေနစ်သူဝါးကူထိုးတဲ့သူ ရှိလို့ပါ
ဒါကို မရှောင်ရှား ဘူး ရုန်းမထွက်ဘူး ဆိုတာ တော့ မိုက်မဲ မှု ပေါ့
ဆူး
February 2, 2011 at 1:47 pm
စိတ်ဓါတ်ရေးရာတွေ နိမ့်ကျတယ်ပြောရမှာဘဲ။
ဈေးသည်လုပ်ရတာ ပင်ပန်း သလို ဝင်ငွေလည်း နည်းတယ်။
လှလှ ပပ မဝတ်နိုင်ဘူး ထင်လို့ မလုပ်တာ ထင်တယ်။
ဒီအလုပ်လုပ်တာ ငွေရွင်နေပြီး ဘာလို့ ဒီပိုက်ဆံ ရှားနေတာလဲ။
ပေါပေါရ ပေါပေါ သုံးချင်လို့လား။
တွေးတော့ တွေးစရာဘဲ
အာဖျံ ကွီး
February 3, 2011 at 4:49 am
ပါနိ ကလာတဲ့ပိုက်ဆံ … ပါနိ ပြန်ဖြစ်သွားတဲ့သဘောပေါ့ … မဆူးရာ …
nyimalay
February 2, 2011 at 1:57 pm
အင်း…… ဒီလိုအဖြစ်မျိုးကနေ မြန်မြန်ကျွှတ်ပါစေလို့ ဆုတောင်းပေးပါတယ်……..
unclegyi1974
February 3, 2011 at 1:58 am
ပိစိကွေးရေ ဆုတောင်းလို့မရပါဘူးကွယ်
ဒါမျုးိဆိုတာလူမှုရေးအသင်းအဖွဲ့တွေများလာမှ
စိတ်ဓါတ်ရေးရာကအစပြုပြင်ပေးနိုင်မှသူတို့
လည်းဒီလိုအဖြစ်မျိုးတွေကလွတ်နိုင်မှာပါကွယ်
bigcat
February 3, 2011 at 2:13 am
စားသူရှိ၍ သတ်သူရှိ
သတ်သူရှိ၍ သေသူရှိ
သေသူရှိ၍ စားသူရှိ၊
ဝယ်သူရှိလို့ ပွဲစားရှိ
ပွဲစားရှိလို့ ရောင်းသူရှိ
ရောင်းသူရှိလို့ ဝယ်သူရှိ၊
ရှိရှိရှိရှိ ဂွိဂွိဂွိဂွိ
အဖြေမရှိ ခက်ပါဘိ။
etone
February 3, 2011 at 6:58 am
ကိုယ်ကိုယ်တိုင်က ပြင်မှ ရမှာပါ ။
ဈေးရောင်းတာ… သမ္မာအာဇီဝကောင်းရောင်းကောင်းဝယ် လုပ်တာကိုတော့ ရှက်တယ်တဲ့လား …။ ဘယ်လို မိန်းကလေးမျိုးပါလိ့မ် …။ အရွယ်လေးကောင်းတုံးပဲ လုပ်စားလို့ ရမယ် ။ အိုစာ သွားရင် ဈေးကွက်မဝင်တော့ပါဘူး ။
ဆူး
February 3, 2011 at 1:33 pm
မျက်စိ တဆုံး မကြည့်နိုင်သေးလို့ပါ အသက် အရွယ် ကြီးလာရင် ဘယ်သူက အသိအမှတ်ပြုတော့မလဲ အခုတောင် ငယ်တုန်း အရွယ်မှာ ပိုက်ဆံ မရှိလို့ လိုက်ချေးနေရတယ်။ ဘဝ အတွက် နောင်ရေး အာမခံချက် ဘာလဲ.. တွေးဘူးလား မသိဘူး။