အလုပ် လုပ်သည်ဆိုရာဝယ်……..
အလုပ်တဲ့…..။ လူမှန်ရင် အလုပ်တစ်မျိုး မဟုတ်ရင် တစ်မျိုးတော့ လုပ်ကြရမေမယ်။ ဤသည်မှာထူးဆန်းသည်မဟုတ်။ နို့ မောင်မင်းက ဘာများထူးထူးဆန်းဆန်း ပြောချင်လို့ပါလဲ။ ကျွန်တော်တွေးမိသလောက်လေး စာစီလိုက်တာပါ။ လူတွေမှာအလုပ်ကိုလုပ်ကြရမှာ ရွေးချယ်ခွင့်ရှိပါတယ်။ ဘာတွေကို ခင်ဗျားတို့ ရွေးချယ်ခဲ့ကြသလဲ။ ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်။ ခွဲခြမ်း စိတ်ဖျာနေကြရအောင် ငါတို့မှာ အချိန်မရှိဘူး။ ဟုတ်စ..။ မင်းဟာ ခွဲခြမ်းစိတ်ဖြာနေရအောင် ငါတို့ အလုပ်က ထင်းခွဲတာလည်းမဟုတ်။ သါးလုံး ဝါးခြမ်းတွေနဲ့ နှီးဖြာတောင်းရက်နေတာလည်းမဟုတ်။ က်ပြီးမပြောကြပါနဲ့ဦး။ ဆက်နားထောင်ကြည့်ကြပါ။ အလုပ်ဆိုတာကိ်ု ကျွန်တော်က ဒီလို ခွဲခြားကြည့်ပါမယ်။ ခင်ဗျား ဘာအလုပ်လုပ် နေသည်ဖြစ်စေ အကျုံးဝင်ရပါစေမယ်။ အဲဒါတွေကတော့…….
၁။ ဝါသနာ ပါရာအလုပ်
၂။ ဝတ္တရားအရ လုပ်ရတဲ့အလုပ်
၃။ ကြွားဝါဖို့ မာနတက်လို့ လက်မထောင်ဖို့ လုပ်တဲ့ အလုပ်
၄။ သက်မွေးဝမ်းကြောင်းတဲ့ အလုပ်
၅။ စီပွားရေးဆန်ပြီး ငွေချမ်းသာအောင်လုပ်တဲ့အလုပ် ဆိုပြီးငါးမျိုးလောက်ခွဲကြည့်ရအောင်။
၁။ ဝါသနာပါရာအလုပ်။
ဝါသနာပါလို့ကိုလုပ်တာပါ။ ဥပမာ..။ စာရေးတာ သီချင်းဆိုတာ မော်ဒယ်လုပ်တာ အလှပြင်တာပေါ့။ ဒီအလုပ်ကို လုပ်နေကြတာ အသက်မွေးဝမ်းကြောင်းဖို့ စီးပွားဖြစ်ဖို့ ပိုက်ဆံချမ်းသာချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ ကံအားလျောစွာ အောင်မြင်သွားပြိး သက်မွေးဝမ်းကျောင်း ဖြစ်သွားတာ ။ စီးပွားဖြစ်ချမ်းသာ သွားတာတစ်မျိုးပေါ့။ နဲပါတယ်။ ဒီလိုအလုပ်မျိုးဟာ ဝါသနာပါရာ လုပ်ချင်ရာကိုပဲ အာရုံ စူးစိုက်ထားပြီး လုပ်ကြတာဆိုတော့ သူဖန်တီးတာ ကြိုက်သည်ဖြစ်စေ ဘယ်သူမှမကြိုက်သည်ဖြစ်စေ ဂရုစိုက်နေမှာမဟုတ်ပါဘူး။ သူယုံကြည်ရာ သူလုပ်ခွင့်ရှိတယ်။ အသက်မွေးဝမ်းကြောင်းးဘက် ပြောင်းသွားရင် တစ်မျိုးဖြစ်သွားပြီ။ သူ့ဖန်တီးမှုကို လက်ခံအောင် စားသုံးသူအကြိုက် ပရိဿတ်အကြိုက်လုပ်လာပြီ။ ဒါမှလည်း သူအသက်မေးလို့ရမှာကို ဒီအလုပ်နဲ့။ ဝါသနာ ပါလို့ လုပ်တုန်းကတော့ စေတနာပါတယ်။ ဝင်ငွေ နဲတာများတာ မရတာကိုအာရုံမထားဘူး။ သက်မွေးဝမ်းကြောင်းဖို့ဆိုရင် အကျိုးအမြတ်ကိုကြည့်လာပြီ ။့ ပြိုင်ဘက်တွေကြားမှာ ရေရှည်ရပ်တည်ဖို့ လိုအပ်လာပြီ ။ ဒါပေမဲ့ ရွေးချယ်လိုက်တဲ့အလုပ်ဟာ ကောင်းသော ရွေးချယ်မှုဖြစ်ဖို့လိုပါလိမ့်မယ်။ မိမိကိုယ်ကိုလည်း မထိခိုက်စေရပါဘူး။ ပြိးတော့ လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေရတဲ့သတ္တဝါြဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ အငြိုငြင်မခံရစေရပါဘူး။ မေးငေါ့ မခံရတဲ့ ဝါသနာပါရာအလုပ်ဖြစ်ဖို့တော့လိုပါတယ်။ ဒီနေရာမှာလည်း နေရာဒေသ လိုက်ပြီး နေထိုင်ရာလူတွေရဲ့ လက်ခံကျင့်သုံးတဲ့ ဓလေ့ထုံးစံ ယုံကြည်ရာ ဘာသာရေး ပြိးတော့ ကိုယ့်ကျင့်သိက္ခာ တန်ဘိုးထားမှုတို့ နဲ့လည်းဆိုင်ပါတယ်။ ပသီကုလားကြားထဲသွားပြီး ဝက်သားပဲ ကောင်းတယ်ပြောလို့ မရပါဘူး။ ဒီတော့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေမဲ့ ဝါသနာမျိုးကိုရှောင်ကျဉ်တာ မျိုသိပ်ထားတာက ကောင်းလိမ့်မယ် ထင်ပါတယ်။ ဒါမှ လူမှုဆက်ဆံရေးမှာ အထေ့အငေါ့ မရှိ ဖြစ်မှာပါ။
၂။ ဝတ္တရား အရလုပ်ရတဲ့အလုပ်
ဒါကတော့ မလွဲသာ မရှောင်သာ လုပ်ရတဲ့ အလုပ်မျိုးပါ။ အလုပ်တစ်ခုကို လုပ်နေရင်းနဲ့ ဒါမှမဟုတ် နေထိုင်ရာ နေရာ ကနေ သင့်တော်မယ်ထင်လို့ ထပ်ဆင့်တာဝန် အပ်နှင်းလိုက်တာမျိုးပေါ့။ ရပ်ရွာထဲမှာ သာရေးနားရေး ဥက္ကဌ ဖြစ်သွားတာမျိုး။ ရပ်ကွက်လူကြီး ဖြစ်သွားတာမျိုး ။ဌာနတစ်ခု ကုမ္ပဏီတစ်ခုမှာလုပ်နေရင်း နေရာတစ်နေရာမှာ သီးသန့်တာဝန်ပေးအပ်ခံရတာမျိုးပေါ့။ ရပ်ရွာက ရုံးက ကုမ္ပဏီကသူနဲ့ ထိုက်တန်တယ်ထင်လို့ တာဝန်ပေးလိုက်လို့ လုပ်နေရတာ။ သူဟာ ဒီအလုပ်မျိုးကို ဝါသနာပါချင်မှလည်းပါမယ်ပေါ့။ အများဆန္ဒ အရ အထက်လူကြီးက တာဝန်ပေးလို့လုပ်ရတာမျိုး။ ဒီလိုအလုပ်မျိုး လုပ်ရသူအတွက် အသက်မွေးဝမ်းကြောင်းဖို့ ဝင်ငွေ ပါကောင်းပါမယ်။ သူ့စီးပွားရေးအခြေအနေအရ ပေးဖို့မလိုအပ်တော့ဘူး လို့ ယူဆပြိးပေးချင်မှလည်းပေးမယ်ပေါ့။ ဒီနေရာမှာ သူ့ရဲ့ တာဝန်ကို စီးပွားဖြစ်ဖို့ အလွဲသုံးစား ပြုလို့မရပါဘူး။ တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်ရပါတယ်။ သူနဲ့ မထိုက်တန်တော့ဘူးလို့ ယူဆရင် တာဝန်ပေးအပ်သူ(တွေ)က ပြန်ရုတ်သိမ်းမှာဖြစ်ပါတယ်။
၃။ ကြွားဝါဖို့ မာနတက်လို့ လက်မထောင်ဖို့ လုပ်တဲ့ အလုပ်
ရှင်းပါတယ်။ ဒီလိုအလုပ်လုပ်တဲ့သူတွေက ဝါသနာကြောင့်လဲမဟုတ်။ အသက်မွေးဝမ်းကြောင်းဖို့လည်း မဟုတ်။ စီးပွားဖြစ်စေဖို့လည်းမရည်ရွယ်။ ဒီအလုပ်လုပ်နေတာကိုက သူတကာကို “ငါဒါလုပ်နိုင်တယ်။ ဒီဟာလုပ်လိုက်တာငါ လုပ်တာလေ” ဆိုပြိး လက်မထောင်ဖို့ သက်သက် အလုပ်တစ်ခုကို ဝင်လုပ်နေကြတာ။ နောက်ခံစီးပွားရေးရှိပြိးသားဆိုတော့ တစ်ခုခုအနစ်နာခံဖို့ ပေါ်လာရင် သူက အရင်ဆုံးအနစ်နာခံပြပြီး ဝါသနာပါလို့ ဒီအလုပ်ကိုပဲ မစွန့်လွှတ်နိုင်လို့ လုပ်နေသလိုမျိုး အထက်စီးနင် အသားယူပြိးပြောတတ်သေးတယ်။ ဒီလိုလူမျိုးတွေက ဘယ်နေရာမဆိုရှိတတ်ပါတယ်။ တွေ့ဖူးကြမှာပါ။ အလုပ် အဖွဲ့အစည်းတွေရဲ့ စည်းကမ်းတွေကိုလည်း ဖောက်ဖျက်တတ်ပါသေးတယ်။ ဒီအလုပ်မလုပ်ရလဲ ဘာမှမဖြစ်ဘူး ဆိုတဲ့ အပေါက်မျိုး ချိုးထားတတ်ပါတယ်။ အလုပ်မှာလည်းလက်ကြောတင်းအောင် မလုပ်ချင်သလို အုပ်စု ဖွဲ့ သွေးခွဲတတ်ပါသေးတယ်။ ဘယ်နေရာမဆို စပ်စပ် စပ်စပ် ပါတတ်ပြိး ပြဿနာတွေလည်းအမြဲ ရှာတတ် ဖန်တီး တတ်သူတွေပါ။ လုပ်ငန်းခွင်အတွက် လူမှုဆက်ဆံရေးအတွက် ကော င်းကျိုးပြုမဲ့ အစားထဲမှာ မပါပါဘူး။ သွားပြိးပြုပြင်ဖို့ကို မစဉ်းစားလေနဲ့။ သူကတောင်ပြန်ပြီးသူ့အုပ်စုထဲမှာ ထည့်သွင်းလိုက်လို့ ပြဿနာရှာလိုက်လို့ ပြေးပေါက်မှားနေပါဦးမယ်။ သူကြောင့် တစ်စုံ တစ်ယောက် ထိခိုက်နစ်နာသွားမယ်ဆိုတာ ထည့်ပစဉ်းစားတတ်တဲ့အပြင် ထိခိုက်နစ်နာ သွားပြိးဆိုရင်တောင် ဝမ်းသာနေတတ်သူတွေပါ။ ဒါမျိုးအားမပေးသင့်ပါဘူး။
၄။ သက်မွေးဝမ်းကြောင်းတဲ့ အလုပ်
တစ်ချို့က ဝါသနာပါလို့။တစ်ချို့က ဒီအလုပ်ကို နှစ်ခြိုက်လို့ တစ်ချို့က အခြေအနေအရ… အလုပ်တစ်ခုကို အသက်မွေးဝမ်းကြောင်းဖို့ အတွက် သီးသန့် လေံလာသင်ယူပြိးမှ လုပ်ကြတာပါ။ အများကတော့ အလုပ်လုပ်ဖို့ အရွယ်ရောက်လာမှ နီးစပ်ရာ အလုပ်မှာဝင်လုပ်လိုက်ကြတာပါ။ သူလုပ်တဲ့အလုပ်နဲ့ သင်ကြားထားတဲ့ ဘာသာရပ်နဲ့ ကိုက်ညီချင်မှလည်း ကိုက်ညီပါလိမ့်မယ်။ BSc ဘွဲ့ယူပြိးမှလည်း ကွမ်းယာရောင်းလို့ရသလို ..BA ဘွဲ့နဲ့လည်း ဆည်မြောင်းမှာ ညစောင့်ဖြစ်နိုင်တာပဲ။ အကပ်ကောင်းလို့ အလုပ်ခန့်မဲ့သူကို လာဒ်ထိုးနိုင်လို့ ဘဏ်တစ်ခုမှာလည်း မန်နေဂျာ ဖြစ်သွားနိုင်တာပဲ။ ဒီတော့ ကြိုတင်ပြင်ဆင်ထားသူနဲ့ ကြုံရာလုပ်လိုက်တဲ့သူ ကျွမ်းကျင်မှုနဲ့ ရရှိလာတဲ့ အခွင့်အရေးမှာ ကွာခြားသွားပါတယ်။ လေ့ကျင့်သင်ကြားထားသူက စီးပွားဖြစ်အောင် ချမ်းသာအောင် အသက်မွေးဝမ်းကြောင်းရင်းပြောင်းလဲနိုင်ပေမဲ့ ကြုံရာ အလုပ်တစ်ခုကိုဝင်လုပ်ရတဲ့ လူဟာ အသက်မွေးရုံ တွက် သက်သက်ပဲ ဝင်ငွေရရှိမှာပါ။ ဒါကို အတတ်ပညာရှင် အသက်မွေး ဝမ်းကြောင်းသူနဲ့ ယှဉ်ပြီး လုပ်နေရတဲ့ အလုပ်ကို စီးပွားဖြစ်အောင် အဂတိ လိုက်စားဖို့ ကြိုးစားသူဟာ ချမ်းသာအောင် ဖြတ်လမ်းက လိုက်သူဟာ ..ရေရှည်မှာ မအောင်မြင်နိုင်ပါဘူး။ ငွေကြေးရှာရတာလွယ်ပေမဲ့ အဲဒိအလုပ်ကို မလုပ်ရတော့တဲ့ အချိန်မှာ ဘယ်သူကမှ သူ့ကိုဂရုစိုက်မှမဟုတ်တော့ပါဘူး။ ဒီတော့ သူတို့ တစ်တွေဟာ လုပ်ငန်းခွင်ကိုလေးစားရပါမယ်။ စည်းကမ်းလည်းလိုက်နာရပါမယ်။ စီးပွားဖြစ်ချင်ရင် စီးပွားဖြစ်နိုင်တဲ့ အလုပ်ပြောင်းလုပ်လို့ရသားပဲ။ စတိုးဆိုင်က အရောင်းစာရေးဟာ ဆိုင်ရှင်ရဲ့ ဝင်ငွေနဲ့တော့ ဆီနဲ့ရေ ဖြစ်နေမှာပါပဲ။ ငြူစူနေမဲ့အစား ဆိုင်ရှင်ဖြစ်အောင်ကြိုးစားကြည့်ပါလား။ စီးပွားဖြစ်ဖို့ထက် ဒီအလုပ်ကို စပြီးလုပ်တာကိုက ကိုယ့် အသက်မွေးဝမ်းကြောင်းဖို့ မဟုတ်ဖူးလား။ လုပ်ခလစာဆိုတာက သူ့တစ်ယောက် အသက်မွေးနိုင်ဖို့ တွက်ချက်ပြီးပေးထားတာမျိုးပါ။ လိုင်းကားလောက်နဲ့ တန်လို့ လိုင်းကားခ လောက်နဲ့ တွက်ချက်ပေးထားတဲ့လုပ်ခကို တက္ကစီခ မရကောင်းလားဆိုရင် တက္ကစီခလောက်ပေးတဲ့ အလုပ်ကိုရှာလို့ ပြောင်းလဲခွင့် ရွေးချယ်ခွင့်ရှိနေတာပဲ။ မတန်မရာ အဆမတန် လစာပေးထားတယ်ဆိုရင်တော့ တစ်နေရာရာမှာလွဲမှားနေလို့ဖြစ်မှာပါ။ ကိုယ်လုပ်ရတဲ့ ကိုယ်တာဝန်ယူရတဲ့ အလုပ်ကိုမကြည့်ပဲ ကိုယ့်ရဲ့ အရည်အချင်းကို မသုံးသပ်ပဲ ကိုယ့်အလုပ် မကောင်းကြောင်းပြောနေရုံနဲ့မပြိးပါဘူး။ အလုပ်ကိုကြည့်ပြိး ကိုယ့်အရည်အချင်းကို သုံးသပ်ပြိး ကိုယ်နဲ့ ထိုက်တန်ရာ အလုပ်တစ်ခုကို ရွေးချယ်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။
၅။ စီးပွားဖြစ်အလုပ်
ဒါကတော့ ဝါသနာပါရာလုပ်ရင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ရင်းနဲ့ အကြောင်းအားလျောစွာ သူ့ရဲ့ ကြိုးပမ်းမှုကြောင့်အောက်ခြေကနေတက်လာပြီး စီးပွားဖြစ်လုပ်ငန်းတွေလုပ်ကိုင်လာသူတွေရှိသလို .. မျက်လှည့်ပြသလိုပဲဖြတ်ကနဲ တက်လိုက် ကျလိုက် လုပ်နေသူတွေလည်းရှိတာပဲ။ တစ်ချို့က စီးပွားဖြစ်ရင်ပြီးရော ရေပွက်ရာငါးစာချတဲ့သူတွေလည်းပါတာပဲ။ သက်မွေးဝမ်းကြောင်းလုပ်ရင်းက ဝိသမလောဘနဲ့ ဟိုကပ်ဒီက ဟိုကတောင်းဒီကရမ်းနဲ့ စီးပွားဖြစ်အောင် စီးပွားဖြစ်ရင်ပြီးရော ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ ပတ်ဝန်းကျင်မှာ နာမယ်ဆိုး ထွက်တာကိုတောင် ဂရုမစိုက်ပဲလုပ်နေကြတာပါ။ စီးပွားဖြစ်အောင်ကိုအာရုံထားပြိးလုပ်ကြတဲ့ ကြေးရေတတ် လူတန်းစားတွေကတော့ ချမ်းသာသထက်ချမ်းသာအောင် ဘယ်သူဘာဖြစ်သွားသွား ဂရုမစိုက်ဘူးဆိုတဲ့ လူတန်းစားလဲရှိတာပဲ။ အခြေခံ ပါသူ ရော ဖြတ်လမ်းက ဝင်တိုးသူကော ဒီလို စီးပွားဖြစ်ချမ်းသာအောင်လုပ်ကြပြီဆိုတာနဲ့ ချန်ပီယံ ဆိုတာရှိလာတတ်ပါတယ်။ အခြေခံကတက်လာသူ ကမထောင်းသာပေမဲ့ ဖြတ်လမ်းကလိုက်လာသူတိုတို့မှာ ဗိုလ်လုရတတ်ပါတယ်။ အဲဒိမှာ အတက်ကြမ်းသလိုအကျလည်းနာတတ်ပါတယ်။ လက်ရှိအခြေအနေ အတိုင်းမြဲနေဖို့ တရားသောနည်းနဲ့ရော မတရားသောနည်းနဲ့ပါ အားထုတ်ရပါတယ်။ ဘယ်နေ့ ဘယ်သူ့ဆီက ဘာသံ ထွက်လာမလဲ ရင်တစ် ထိတ်ထိတ်နဲ့ပေါ့လေ။ ကျပြီဆိုလို့ကတော့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေက ဘယသူကမှ ဂရုတစ်မရှိတော့ပါဘူး။ တစ်ကယ့်မြောင်းထဲရောက်သွားသူတွေ အများကြီးပါ။ ဒီကြားထဲ ဘာအရင်းအနှိးမှမပါ။ လူလုံးချည့် ခေါင်းနဲ့ရင်ပြီး စီးပွားရှာနေတဲ့သူတွေကေ……..။ သူတို့လည်း သူတို့လမ်းနဲ့သူတို သွားနေကြတာပါပဲ။ စောစောကပြောခဲ့သလိုပါပဲ။ ဒီနေရာမှာထပ်ပြောပါစေ။ ရွေးချယ်လိုက်တဲ့အလုပ်ဟာ ကောင်းသော ရွေးချယ်မှုဖြစ်ဖို့လိုပါလိမ့်မယ်။ မိမိကိုယ်ကိုလည်း မထိခိုက်စေရပါဘူး။ ပြိးတော့ လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေရတဲ့သတ္တဝါြဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့ အငြိုငြင်မခံရစေရပါဘူး။ မေးငေါ့ မခံရတဲ့ ဝါသနာပါရာအလုပ်ဖြစ်ဖို့တော့လိုပါတယ်။ ဒီနေရာမှာလည်း နေရာဒေသ လိုက်ပြီး နေထိုင်ရာလူတွေရဲ့ လက်ခံကျင့်သုံးတဲ့ ဓလေ့ထုံးစံ ယုံကြည်ရာ ဘာသာရေး ပြိးတော့ ကိုယ့်ကျင့်သိက္ခာ တန်ဘိုးထားမှုတို့ နဲ့လည်းဆိုင်ပါတယ်။ ပသီကုလားကြားထဲသွားပြီး ဝက်သားပဲ ကောင်းတယ်ပြောလို့ မရပါဘူး။ ဒီတော့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာစေမဲ့ အလုပ်မျိုးကိုရှောင်ကျဉ်တာ မျိုသိပ်ထားတာက ကောင်းလိမ့်မယ် ထင်ပါတယ်။ ဒါမှ လူမှုဆက်ဆံရေးမှာ အထေ့အငေါ့ မရှိ ဖြစ်မှာပါ။
ကဲခင်ဗျားတို့ကောဘယ်လိုအလုပ်မျိုးကို လုပ်နေကြတာလဲ ဒါမှမဟုတ်လုပ်ချင်တာလဲ ဘယ်လိုအလုပ်မျိုးကို ရွေးချယ်မှာလဲ။ ဒီစာကိုဖတ်နေရင်းနဲ့ လမ်းခုလပ်မှာ တစ်ခုတစ်ခုကိုရွေးချယ်ကြည့်မလား?
ဝတ္တရားအရလုပ်နေတဲ့သူနဲ့ မာနထောင်ချင်လို့အလုပ်ဆိုတာကို လုပ်နေတဲ့သူကလွဲရင်ကိုဖြစ်ချင်တာ ကိုယ်ု့ပ်ချင်တာကိုရွေးချယ်ခွင့် ရှိနေသားပဲ။
ဒီလောက်တော့ ခင်ဗျားလည်းစဉ်းားတတ်ပါတယ်။ ကျုပ်လူကဲခတ်မညံ့ပါဘူး။
9 comments
weiwei
February 5, 2011 at 6:25 pm
အဲဒီ နံပါတ် ၅ ခု လုံးနဲ့ အကျုံးဝင်တဲ့ အလုပ်တစ်ခုကို လုပ်ပါတယ် ….
ဝါသနာလဲပါတယ် … အသက်မွေးဝမ်းကြောင်းဖို့လဲဖြစ်တယ် … ဂုဏ်ပကာသနအတွက်လဲလုပ်တယ် … စီးပွားရေးလဲဆန်သလို ဝတ္တရားအရလဲ လုပ်နေတယ် …
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
February 5, 2011 at 11:54 pm
ရှားဘားစ်။ မြန်မာပြည်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် တော်တယ်ဆိုတာ လက်ခံသွားပြီ။ (မဝေ မြန်မာပြည်မှာ မရှိမှန်းသိပါ့ဗျာ)
weiwei
February 6, 2011 at 4:10 pm
အလုပ်တစ်ခုကို စရွေးချိန်မှာတော့ အချက် ၅ ချက်လုံးနဲ့ မကိုက်ညီနိုင်ပါဘူး …. ကျွန်မက လုပ်သက် ၁၂ နှစ်ရှိနေလို့သာ အခုလို ပြောနိုင်တာပါ … အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရတယ် … အခုလဲ ရင်ဆိုင်နေရဆဲပါပဲ …
etone
February 7, 2011 at 6:17 am
အဲ… မဝေက လုပ်သက် ၁၂ နှစ်ဆိုတော့… ။
ကျောင်းပြီး တာက ၁၉ နှစ် … ကျောင်းပြီး ၂နှစ်နားတော့ ၂၁ နှစ်… အခု လုပ်သက် ၁၂ နှစ်နဲ့ ဆိုတော့ … အဟီး:D (နောက်တာ )
bigcat
February 6, 2011 at 3:33 am
အတင်းအဓမ္မလုပ်အားပေး၊ ပေါ်တာချောဆွဲ၊ ခလေးစစ်သား တို့လိုအလုပ်မျိုးကြတော့ ဘယ်အထဲမှာ ပါသလဲကိုနီ။
naywoonni
February 6, 2011 at 10:59 am
အဲဒါက ကျေးပိုင် ကျွန်ပိုင်ခေတ် ပြန်ရောက်သွားတာ ကိုကြောင်ကြီးရေ့ ………..
မိုက်ကယ်ဂျော်နီအောင်ပု
February 6, 2011 at 11:22 am
ကဗျာဆရာကြီး
အဲ့သည်အထဲမှာ တစ်ခု ပျောက်နေတယ်
အဲ့သည်အချက်က တော်တော်များများကြုံနေရတယ်လို ့တော့ထင်တယ်
အဲ့ဒါက
နံပါတ်နှစ်ရယ် နံပါတ်သုံးရယ် နဲ ့ခပ်ဆင်ဆင်တူတယ်ဗျ
ဒါပေမယ့် အဲ့လိုလုံးလုံးမဟုတ်ဘူး
ဆိုလိုတာက
ဒီအလုပ်တွေကို ဖြစ်ပေါ်စေခြင်းရဲ ့အစ ပထမကိုဆိုလိုတာပါ
ဘာကိုလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်က ချလို ့မရဘူး
ဥပမာဗျာ
ရေကြည်ရာမြက်နုရာ ဆိုတဲ့စကားဟာ အသက်မွေးဝမ်းကျောင်းအလုပ်နဲ ့
မသိမသာ နီးစပ်တယ် ဒါပေမဲ့လုံးလုံးမဟုတ်ဘူး
တစ်ချို ့စားဝတ်နေရေးအတွက်ဆိုပြီး ရေကြည်ရာမြက်နုရာကိုသွားမယ်
သဘောက သဂျီးတို ့ကိုကြောင်ဂျီးတို ့ ဘာညာရွှီးပြီး ပြည်ပလစ်သလိုပေါ့ဗျာ
အဲ့သည်မှာ ပထမ တာကက်က သတ်မှတ်ဒေသရောက်ရှိရေး
ဒုတိယ အကြောင်းက ရတဲ့အလုပ်ကိုလုပ်ရတဲ့အတွက် ဝတ္တရားအရ လုပ်မယ်
နောက် အလုပ်အပေါ်မှာအခြေခံပြီး ခိုင်မာတဲ့အလုပ်ကိုရွေးမယ် အတည်ပြုဇောက်ချမယ်
နည်းနည်းလေးပြောကြည့်ခြင်တာက
တစ်ချို ့ပေါ့လေနော
ရရာအလုပ်ကို လုပ်ရင်းနဲ ့အကြောင်းဖန်လာတယ်
အဆင်ပြေလာတယ် ဒီအလုပ်ကို တစ်စိုက်မတ်မတ်သွားတယ်
ရှင်းရှင်းပြောရင် လန်းလာတာပေါ့လေနော
အဲ့ခါကြတော့ အမြင်ကတစ်မျိုးပြောင်းလာတယ်
သူနားလည်လာတဲ့အလုပ်ကို အချက်တွေအကုန်လုံးနဲ ့ညှိပလိုက်တယ်
ဒီမှာမှ လောကုတ္တရာရေးလေး ခပ်ပါးပါးနဲ ့ချိန်ကြည့်လိုက်တော့
ကံ ဉာဏ် ဝိရိယ တွေကို နေရာကျကျနားလည်သုံးသပ်နိုင်သူရှိသလို
ဘာမှမသိသူလဲရှိပြန်ရော
ငါ မှ ငါက တစ်မျိုး ကလည်းတစ်မှောင့်
ပြောရရင်တော့ အောလပုံဘဲ
nyimalay
February 6, 2011 at 1:48 pm
ပိစိကွေးလုပ်နေတဲ့ လက်ရှိအလုပ်ကတော့ ၁၊၂၊၃၊၄ နဲ့ကိုက်ညီတဲ့အလုပ်ပဲဖြစ်ပါတယ်……၅အထိတော့မကိုက်ညီနိုင်သေးဘူး
manawphyulay
June 16, 2011 at 9:43 am
မနော လက်ရှိလုပ်နေတာကတော့
နံပါတ် ၁။ ဝါသနာပါရာ အလုပ်
နံပါတ် ၄။ သက်မွေးဝမ်းကြောင်းတဲ့ အလုပ်
နံပါတ် ၅။ စီးပွားဖြစ်အလုပ်
ဒါတွေနဲ့ ရပ်တည်နေတယ်လို့ ခံစားမိနေပါတယ်။