ကိုပေသီး လိုလူမျိုးတွေ..
ဖြောင်း´ `ဖြောင်း´
`အ´ `အင့်´
အင်း…လက်သံပြောင်သားပဲ။ ဆိုင်ရှင် ကိုပေသီးရဲ့ ဘယ်လက်ထဲမှာ ပိုက်ဆံ အကြွေတချို့ကို ကို်င်ထားပြီ်း.. ညာလက်ကတော့ လေထဲ မှာ ….လက်ကအောက်ကို တောင်မရောက်သေး။ စောစောက ကလေး နှစ်ယောက်ရဲ့နားရင်းကိုရိုက် ပြီးတဲ့အနေအထား နဲ့ ပဲ ရှိသေးတယ်။စောစောက ကိုပေသီးရှေ့မှာလက်နောက်ပစ်ပြီး ရို့ ရို့ ကလေးရပ်နေကြတဲ့ ကလေး နှစ်ယောက်ဟာ
တိုင်ပင်ထားသလို တဖက် တည်းကို ခေါင်းလေးတွေ ကိုင်းသွားကြတယ်…………..။
လေကြမ်းဝင်သွားတဲ့ .. စပါးတော လေးလိုပဲ။ တဖက် တည်းကို ခေါင်းလေးတွေ ကိုင်းလို့ ၊နားရွက်တွေရဲလို့ မျက် နှာ တွေကတော့ ငိုမဲ့မဲ့ နဲ့ ့။
……………. …………….. …………
`ဟေ့ကောင်တွေ..မင်းတို့ နားလေးနေလား´
`ဗျာ´
`အန်´
`ငါဒီလောက်ခေါ်နေတာတောင် မကြားဘူးလား´
`ကဲ မကြားဦး…´
`အင့်´ `အ´
…………. ……………
စားပွဲထိုးတွေက ရှိလှ ဆယ်နှစ် ပတ်ဝန်းကျင်။ သူတို့က ကလေးတွေလေ။ လဘက်ရည်ဆိုင် စားပွဲထိုး ဆိုဦးတော့ ကလေးဆိုတော့ကလေးစိတ်ပဲရှိတယ်။ ဒီနေ့လဘက်ရည်ဆိုင်မှာ ပြနေတဲ့ နိုင်ငံခြားရှပ်ရှင်ကားက ့တော်တော်ကောင်းတယ်။ကလေးကြိုက်ပေါ့။တိုက်ခန်း ခိုက်ခန်းတွေနဲ့ဆိုတော့ စိတ်ဝင်စားနေကြတာ
ဆိုင်ထဲကိုစားသုံးသူဝင်လာတာကိုမမြင်လိုက်ကြဘူး။စားသုံးသူကလည်းတစ်ယောက်တည်းဖြစ်နေတာပါတယ်။သူတို့တွေရှိတဲ့ ဘက်အခြမ်းက ဖြတ်မလာတာလဲပါတယ်။ပိုပြီးကံဆိုးသွားတာကမျက်ထောင့်နီ သွားတဲ့ ဆိုင်ရှင် ကိုပေသီး ခေါ်တာကို မကြားလိုက်ကြတာပဲ….။
ကိုပေသီးရဲ့ နရင်း ကိုရိုက်ထည့်လိုက်တဲ့ လက်ဝါးရိုက်ချက်က နည်းနည်းတော့ပျင်းတယ်..အသံကကျယ် သလို ကလေးတွေနားထင်လေးတွေပွတ်ပြီး ကြိတ်ငိုနေ ကြရှာတယ်။ တော်တော်နာမှာပေါ့။ ပေါ်ပေါ်တင်တင်အောင်ငိုလို့လည်းမရဘူးလေ။လူလည်ခေါင်နေ့လည် ကြီးဆိုတောအသံကျယ်သွားတာနဲ့ ကိုပေသီးဒေါသကိုမီးလောင်ရာ လေပင့်သလိုဖြစ်မယ်။`ညစာထမင်းမစားစေနဲ့´ဆိုတဲ့အပြစ်မျိုး ကို ကလေးဆိုပေမယ့်ကြောက်ကြတယ်။
ဒီထက်ဆိုးရင်တော့ရွာကိုပြန်ပိုခံ ရမယ် ။
ဒါဆိုသွားပြီ………. ငတ်ပြီပေါ့………။ ဘာပဲဖြစ်ဖြစ်ရွာကိုတော့မပြန်ချင်ဘူး။ဘာပဲဖြစ်ဖြစ်ရအောင် ကုတ်ကပ်နေမယ်။
……………….
…….
ကိုပေသီးကတော့ စားသုံးသူတော်တော်များများ သတိထားကြည့်နေတာကို သတိထားမိသွားတဲ့နောက် ကလေးတွေကို ပြန်မောင်းထုတ် လိုက်တယ်။
သူတို့လေးတွေက ဆိုင်ရာတာဝန် တွေကို ဆက်ပြီး လုပ်နေကြလေရဲ့..။
…………. …………….
…………….. ………….
သူတို့တွေ ရဲ့ တနေ့တာက မနက် စောစော လေးနာရီပတ်ဝန်းကျင်လောက်……အိပ်ရာက လူးလဲထကြ ၊ပြီးတာနဲ့ မီးလဘက်ရည်ဆိုင်တစ်ဆိုင်အတွက် လိုအပ်တဲ့ ဆိုင်ရာ တာဝန်တွေ ကို ခွဲဝေလုပ်လာလိုက်ကြတာ ညဆယ်နာရီ ဆိုင်သိမ်း တဲ့အထိပါပဲ ……….။
နားရက်ဆိုတာ ဘာကိုခေါ်လဲ သူတို့ဆီမှာ ဒီစကားလုံးကို မကြားဖူးဘူး။ ပညာရေးဆိုတာ အင်း……လိုလို့လားပေါ့လေ။ ပေါင်းတတ်နှုတ်တတ်တယ် ဆိုရပြီပဲ။
တစ်ခါကစားသုံးသူတစ်ယောက် ဒီကလေးတစ်ယောက်ကိုကျုပ်ရှေ့မှာမေးနေတာ ကြားလိုက်တယ်။
`မင်းနာမည် ဘယ်လိုခေါ်လဲ´
`မောင်ထူး ပါ ဦး´
`မင်းဘယ်ကလာလဲ´
`သားကရွာကလာတာ`
ဆက်ပြီးတော့ နေရာတိတိကျကျမေးတော့ မောင်ထူးမဖြေတတ်တော့ဘူး။
`မင်းဘယ်နှစ်တန်းအောင်လဲ´
`ဟို..ဟို …နှစ်တန်း…´
………………. …………..
Xxx
သူတို့လေးတွေရဲ့ မနက်ဖြန်ဆိုတာ ဘယ်လိုဟာမျိုးဖြစ်မလဲ..။နေ့ ရော ညရော နားရက်မရှိပဲ အလုပ်လုပ်နေကြရဖို့လား။ သူတို့ဘဝ မှာပျော်စရာဆိုတာ ကောရှိလား။ ရှိနိုင်လား..။တစ်လ ကိုဆိုင်ရှင်ပေးတဲ့ လုပ်အားငွေ ခြောက်ထောင်က ဒီဆိုင်ကို ပွဲစားကလာအပ် ကတည်းက ခြောက်လစာ အကုန်ထုတ်သွားပြီ။ မိဘတွေကောရှိကြသလား။မိဘတွေလက်ထဲဘယ်လောက်ရောက်မလဲ………။မိဘတွေက ကလေးတွေ ဒီလိုတရပ်တကျေးမှာ မျှော်လင့်ချက်ဆိုတာ ကိုမကြားဘူးပဲ ပျော်ရွှင်မှုဆိုတာကို မထိတွေ့ရပဲ နေ့စဉ် ရက်ဆက် အလုပ်လုပ်နေရတာကို သိသလား..။မသိဘူးလား..။သိတယ် ဆိုရင်ရော သူတို့က ဘာအလုပ်တွေလုပ်လို့ ဒီကလေး လူမမယ်လေးတွေ ကိုတောင်အလုပ်လုပ် ခိုင်းနေရတာလည်း ။ပညာရေးသင်ပေးဖို့ဆိုတာ ထားဦး..။ရှာဖွေကျွေးမွေးဖို့တော့ တတ်နိုင်မယ်ထင်တယ်။ မသန်မစွမ်း များဖြစ်နေကြလား။ ကျုပ်တကယ် ကယ်မတွေးတတ်တော့ဘူး။
…………… ……………….
…………
ကိုပေသီးဆီမှာ ဒီလိုကလေး တွေ လေးယောက်ရှိတယ်။ အားလုံးက တာဝန်ကိုယ်စီ နဲ့ စားပွဲထိုးသူက ထိုး ၊ အသုတ်သုတ်သူက သုတ် ၊ လဘက်ရည်ဖျော်သူကဖျော် ပဲ။ဘယ်သူမှ လစာ တစ်သောင်းထက် ကျော်သူမရှိကြပါဘူး။ အကြီးဆုံးဆိုတဲ့ကလေးက ဆယ့်ငါးနှစ်လောက်ရှိတယ်။သူကရောက်တာကြာပြီ။ ဒီတော့လစာက အကောင်းဆုံး …တစ်လကို တစ်သောင်းရတယ်။လစာတိုးတာဒီသင်္ကြန်မှာပဲတိုး လိုက်တာလို့ပြောတယ်။ အငယ်ဆုံး ၆ နှစ်လောက်ရှိတဲ့ ကလေးကလစာ ငါးထောင်ရတယ်..။
ဘယ်ဆိုင်အလုပ်သမားမဆို ကိုယ့်ကြောင့် ထိခိုက်ကွဲရှ တဲ့ ပန်းကန်ခွက်ယောက် ရှိခဲ့ရင် အရင်ဆုံး ကောင်တာနားကိုသွားရတယ်။ ကိုပေသီး ကအရင်ဆုံး လက်ဝါးစာ ကျွေးတယ်။ ပြီးရင်လစာပေးတဲ့အခါလစာ ထဲက အရှိအတိုင်းဖြတ်ယူ လိုက်တယ်။
ကလေးဆိုတော့ ဆော့ကစားချင်စိတ်ကလည်း အပြည့်နဲ့လေ။ ကျွန်တော့်ရှေ့မှာ ပဲ လဘက်ရည် ခွက်ကျကွဲတာ နှစ်ခါ မြင်ဖူးတယ်။ တစ်ခါကတော့ ကလေးကိုယ်တိုင်ကကို လက်မငြိမ်ပဲ ဆော့ချင်လို့ဖြစ်သွားတာ။ နောက်တကြိမ်ကတော့ စားသုံးသူ နဲ့ ခိုက်မိ လို့ဖြစ် လို့လက်ဖက်ရည်ခွက်ကျကွဲ သွား တယ်။ဘာပဲ ဖြစ်ဖြစ် ကိုပေသီးက လက်ဖက်ရည်ခွက်ကိုကွဲအောင်ကိုင်တဲ့ကလေးကို ကောင်တာကအရင်ခေါ်တယ်။ပြီးရင်တော့ သူ့လုပ်နေကျ အတိုင်းပေါ့…။
…………….. …………….
……………………
………
ရန်ကုန်မြို့မှာ လဘက်ရည်ဆိုင်တွေအများကြီး။ ဒီလို ကလေးဝန်ထမ်းတွေလည်း တော်တော်များတယ်။ကလေးတွေက လုပ်အားခဈေးချိုတယ်။ တစ်လကို လေးငါးခြောက်ထောင် အလွန်ဆုံး တစ်သောင်း ထက်ပိုပေးဖို့မလိုဘူး..။ထမင်းကျွေးထားပေး….တစ်ချို့ဆို ငွေပေးဖို့ တောင်မလိုဘူးလို့ပြောကြတယ်။ ထမင်းကျွေးထား၊ အဝတ်အစား နည်းနည်းပါးပါး ဆင်လိုက် ခိုင်းလို့ရပြီ ပဲ။ ဒီတော့ ကိုပေသီးလို တွေးတဲ့ တွက်တဲ့ ဆိုင်ရှင်တွေများလာပြီ.။
…………… ………………….
ဒီလိုကလေးတွေကိုခေါ်ခိုင်းမယ်။ …ကလေးတွေ ခိုင်းရတာနည်းနည်းတော့ အာပေါက်တာပေါ့။ ဒါပေမယ့်ဈေးသက်သာတယ်လေ။ သူတို့လေးတွေ ထဲမှာကိုယ်နဲ့ အဆင်ပြေမယ့် ၊ ကိုယ့်စိတ်တိုင်းကျဖြစ်မယ့်ကလေး ကိုတော့ အသက်ကြီးလာရင် လူယုံထား လိုက်မယ်လေ။ ကောင်တာထိုင်ခို်င်းလိုက်မယ်။ဆိုင်အလုပ်ထဲမှာ ထွေထွေထူးထူး လုပ်စရာမလိုတော့ဘူး။ ဆိုင်အလုပ်သမားကလေးတွေကိုခို်င်းရုံပဲ။အဖျော်ဆရာမရှိရင်တော့ ဝင်ဖျော်ပေးပေါ့။ အဓိကတာဝန်ကတာဝန်ကတော့ ကောင်တာမှာထိုင် ၊ငွေသိမ်းလိုအပ်တာတွေညွှန်ကြားဖို့ပဲ။ ့လူရင်းဆိုတော့စိတ်ချရတယ်မို့လား။အဲဒီခါကျရင်တော့ တစ်လ ကိုခြောက်သောင်းလောက်ပေးလိုက်မယ်။
……………. ……………….
………..
…..
ထမင်းစား ကျွန်ခံ ဆိုတာဘယ်လို ကိစ္စမျိုးမှာ သုံးကြသလဲ။ ဘယ်လိုလူမျိုးကို ခေါ်သလဲ ၊ကျုပ် ငယ်ငယ်တုန်းကတော့ အမ ကစတယ်။
`ဟဲ့ဖိုး ထော်..နင်ကျောင်းပိတ်ရင် ငါ့ဆိုင်မှာ လာလုပ် ပိုက်ဆံတော့မပေး နိုင်ဘူးပေါ့ဟာ ထမင်းစားကျွန်ခံပေါ့´
စကားကဆိုးလိုက်တာထမင်းစားကျွန်ခံတဲ့ ဘယ်သူကများ ထွင်ထားတဲ့စကားလဲ..။ကျုပ်ဒီစကားကိုမုန်းတယ်..။
ဒီလိုအနောက်ခံလိုက်လို့ကျုပ်မျက်နှာပျက်သွားတယ်ထင်
တယ်။အမကကျုပ်ကိုချော့တယ်။။ကျုပ်ဒီစကားကိုမကြားချင်တော့ဘူး။သုံးလည်းမသုံးချင်ဘူး။ကျွန်ပို်င်ရှင်စနစ်ဆိုတာပျောက်သွားပြီလို့ပြောတာကြားဖူးတယ်။
ခုမပျောက်သေးတာလား။ ဒီစကားလုံးကြီးပျောက်သွားဖို့ လိုတယ်။ကလေးဆိုတာ အနာဂတ်ရဲ့မျိုးဆက်သစ်တွေ လို့ပြောကြတယ်။နိုင်ငံရဲ့အနာဂတ်က သူတို့လက်ထဲမှာ ရှိတယ်လို့ ဆိုသူကဆိုကြတယ်။အနာဂတ်ကို ချယ်မှုန်းမယ့်ကလေးတွေ ကျောင်းစာအုပ်ကိုချောင်မှာ ထိုးပြီး စားပွဲထိုး အလုပ်ကို ထမင်းစားကျွန်ခံလုပ်နေတာ ကျုပ်တို့ နိုင်ငံ အတွက် အထိနာစရာမို့လား။
နောက်ဆိုဒီလိုမကြားရတော့အောင်ကျုပ်ဘာလုပ်ရရင်ကောင်းမလဲ။ကျုပ်တို့ဘာတတ်နိုင်လဲ……။
ကျုပ်ဒါပဲတွေးမိတယ်…
4 comments
kopauk mandalay
April 22, 2010 at 3:52 pm
သည်လိုအဖြစ်အပျက်တွေက ဖွံ.ဖြိုးဆဲနဲ.ဆင်းရဲသောနိုင်ငံတွေမှာ အမြဲတွေ.ရတတ်ပါတယ်။
စိတ်မကောင်းဖြစ်ရုံကလွဲလို. လောလောဆယ်ဘာမှမတတ်နိုင်သေးပါ။
အရွယ်မရောက်သေးတဲ.သားသမီးကိုမိဘက ခိုင်းစားရတယ်ဆိုတာလဲ မတတ်သာလို.ဖြစ်ရှာမှာပါ။
ဒီလို အဖြစ်မျုးိက လွတ်အောင် အမျိုးသားရေးစီမံချက်တစ်ခုလို အားလုံးက ဝိုင်းလို.စဉ်းစားသင်.ပါပြီ။
ကိုပေသီးလိုဆိုင်ရှင်နှစ်ယောက်ကို ကျနော်တို.မန်းတလေးမှာ ဥပဒေအရ အရေးယူတာကို သတင်းထဲမှာ ဖတ်လိုက်ရသလိုတကယ်ဘဲအပြစ်ပေးလို.အရေးယူခဲ.ဘူးပါတယ်။
ဒါပေမဲ. တစ်သန်းမှာတစ်ယောက်ပါ။
မိဘတွေကလဲ တတ်နိုင်သလောက်ကလေးတွေကို ခိုင်းမစားဘူးလို. စိတ်ကလေးနည်းနည်းလောက်တင်းပြီး ထားကြည်.စေချင်ပါတယ်။
အကြံသာပေးရတယ် ကိုယ်လဲ ဘာမှလုပ်မပေးနိုင်တော. ပြောမိတာကိုတောင်အားနာမိပါတယ်။
ဒါပေမဲ.လည်းဖတ်မိတော. မပြောဘဲမနေနိုင်ပြန်ပါဘူးဗျာ။
narziparty2009
May 3, 2010 at 4:16 am
ကျွန်တော်လည်းအဲဒီလိုခဏခဏတွေ.ရတယ်ဗျ။တော်တော်လည်းသနားမိတယ်။မြို.ပြကလူတွေကပိုဆိုးတယ်ထင်တာဘဲ။
ကျွန်တော်ကလည်းတောကဆိုတော.ပိုပြီးသနားတယ်စားပွဲထိုးလေးတွေကို။သူတို.တွေဒီလိုနောက်မကြုံရပါစေနဲ.လို.တောဆုတောင်းပေးပါတယ်။ရန်ကုန်ကကျွန်တော်သူငယ်ချင်းဆိုအဲလိုဘဲဗျထက်ဖားအောက်ဖိလုပ်တာ။အလုပ်သဘောအရသာတွဲနေရတာကျွန်တော်နဲ.ဆန်.ကျင်ဘက်ဗျ။
zaylay
June 14, 2010 at 5:59 am
i think , our country has no labor law. that why most of the case are occur same like this. .
thethtet87
September 25, 2010 at 12:57 pm
ခလေးတွေမှဖြစ်နေတာမဟုတ်ဘူးထင်တယ်။လူကြီးတွေမှာလည်းဖြစ်နေကြတာဘဲလေ။စာဖတ်မိတ်ဆွေတွေလည်းအပြင်ဝန်ထမ်းတစ်ယောက်ဆိုရင်အလုပ်ပိုင်ရှင်တွေနဲ့ရင်ဆိုင်နေရတဲ့
ကိုယ့်ဘဝကိုယ်ပြန်တွေးကြည့်လေ။ဘာမှတော့သိပ်မထူးခြားပါဘူး။ကိုပေသီးရဲ့စာပွဲထိုးတွေနဲ့လေ။အဝတ်အစားနဲ့လုပ်ငန်းသဘောတရားဘဲကွာတာ။စိတ်ခံစာနေရတာတော့အများအား
ဖြင့်တူနိုင်ပါတယ်။