မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း၏ အနာဂါတ် အပိုင်း(၁)
မြန်မာပြည် အထည်ချုပ် လောကနှင့် ပတ်သပ်သော အမြင်အား တင်ပြခြင်းဖြစ်သည်။
မည်သူမဆို လိုအပ်ချက်အားဖြည့်စွက်နိုင်သည်။ ပညာရှင်ဆန်သော ကိန်းဂဏန်း
ဖြစ်ပွားပြီးနောက်ပိုင်းတွင် အထည်ချုပ် လုပ်ငန်းအား ဆက်လက် လုပ်ကိုင်သူ
လွန်စွာနည်းပါးသွားသည်။ တဖြည်းဖြည်း ပြန်လည် နလံထူလာသော်လည်း
ယနေ ့ အချိန် အထိ အရေအတွက် အားဖြင့် လက်ချိုးရေတွက်နိုင်သည်။
အထည်ချုပ်လုပ်ငန်းသည် အခြေံလူတန်းစား တို ့အတွက် အလွန်ပင် အားထားရသော အလုပ်အကိုင်တခုဖြစ်သည်။ အဆိုပါလုပ်ငန်းများတွင် လုပ်ငန်း ကြီးမားလျင် ကြီးမားသည့်
အလျောက် ဝန်ထမ်းဦးရေထောင်ချီပြီးရှိသည်။ ပညာ မတတ်သော်လည်း စက်ချုပ်တတ်လျင် လူတိုင်းလုပ်ကိုင်နိုင်သော အလုပ်ဖြစ်သောကြောင့် အတန်းပညာ ပြီးဆုံးသည် အထိ
သင်ကြားရန် အခက်အခဲရှိသော (သို ့) ပညာသင်ကြားရန် လုံးဝ အခွင့်အရေးမရှိသော အခြေခံ လူတန်းစား အများစု အတွက်တခုတည်းသော အလုပ်အကိုင်လဲဖြစ်သည်။ ထိုနေရာတွင် အားလုံး ပညာမတတ်ဟုမဆိုလို။ ဘွဲ ့ရရှိပြီး သူများလည်း များစွာရှိသည်။
အထူးသဖြင့် အမျိုးသမီး အများစု လုပ်ကိုင်နိုင်သော သမာအာဇီဝ လုပ်ငန်း
ဖြစ်သည့် အပြင် နိုင်ငံ၏ အခြေခံ စီးပွားရေး အုတ်မြစ်တည်ဆောက်ရာတွင်လည်း
များစွာ အကျိုးပြုပေသည်။
ကိုရီးယားကဲ့သို ့သော နိုင်ငံသည် ယခု အခါတွင် နည်းပညာပိုင်းဆိုင်ရာ
တိုးတက်ဖွင့်ဖြိုးပြီး နိုင်ငံဖြစ်သော်လည်း ထိုမတိုင်မီကဆိုလျင် အခြေခံ အုတ်မြစ်အား အထည်ချုပ် လုပ်ငန်းဖြင့်တည်ဆောက်ခဲ့ပေသည်။ ထိုမှရသော ဝင်ငွေဖြင့် အခြားတိုးတက်ပြီး နိုင်ငံများမှ နည်းပညာဝယ်ယူခြင်း၊ ပညာတော်သင် စေလွတ်ခြင်း၊ နည်းပညာရှင်များအား ငှားရမ်းခန် ့အပ်ခြင်း၊ နိုင်ငံသားများအား ပြန်လည်သင်ယူစေခြင်းဖြင့်
ထိုမှ တဆင့် နိုင်ငံသားများအား အစားထိုးဝင်ရောက်စေခြင်းဖြင့် နိုင်ငံအား
တိုးတက်စေခဲ့သည်။
ထိုအရာများဖြစ်ပေါ်လာစေခြင်းသည် အရာခပ်သိမ်း အစိုးရ အပေါ်တွင်
တာဝန်ရှိသည်ဟူသော အမြင်သည် ရာခိုင်နှုံးအားဖြင့် အပြည့်အဝ မှန်ကန်မှု
မရှိပေ။ သို ့သော် အစိုးရသည်လည်း မှန်ကန်သောနည်းစနစ် များဖြင့် နိုင်ငံ၏ တိုးတက်ရေး(ဝါ) နိုင်ငံသားများ၏အခြေခံ အဆင့်အတန်းမြင့်တင်နိုင်ရေးအတွက် မဖြစ်မနေ
လက်ချိုးရေတွက်နိုင်သော အလွန်ပင် နည်းပါးလှသော အရေအတွက် အချို ့သည့်
အများအတွက် အကျိုးရှိပြီး နိုင်ငံအတွက် အခြေခံစီးပွားရေး အုတ်မြစ်အား အထောက်အကူပြုသော စီးပွားရေး လုပ်ငန်းများအားလုပ်ကိုင်နေကြသည်။
အများစုမှာ ကစဉ့်ကလျား(ဝါ) အတုအယောင် စီးပွားရေးဖြစ်သော၊ နိုင်ငံသား
မဖြစ်နိုင်အောင် ဈေးနှုံးကြီးမြင့်သော အိမ်၊ခြံ၊မြေ၊တိုက်၊ကား အရောင်း
အဝယ် လုပ်ငန်းတို ့တွင်သာလျင် ရင်းနှီးမြုတ်နှံရန် အားသန်ကြသည်။
တိုင်းပြည်၏ စီးပွားရေး အခြေမခိုင်သည့် အနေအထားမျိုးတွင် နိုင်ငံအတွက်
ရေရှည်အကျိုးလည်းရှိ၊ မိမိ အတွက်လည်း ရေရှည် အကျိုးရှိ၊ အခြားသော
ပြည်သူများ အတွက်လည်း လွန်စွာ အကျိုးရှိသော လုပ်ငန်းများကို
ရင်းနှီးမြုတ်နှံရန် စိတ်ဝင်စားမှု မရှိသလောက်ဖြစ်သည်။ တနည်းဆိုသော်
ဦးဏှောက်အားလုံးဝ အသုံးပြုခြင်း မရှိခြင်းအား တွေ ့ရှိနိုင်သည်။
လုပ်ငန်းများနှင့် ချိတ်ဆက်နေပြီး၊ အချိန်တိုင်း ဦးဏှောက်အား
အသုံးချပြီး လုပ်ကိုင်ရခြင်းဖြစ်သည်။
10 comments
kai
February 17, 2011 at 5:41 pm
ကျုပ်အထင်မမှားဘူးဆို…
ဆန်ရှင်ကြောင့်မြန်မာပြည်က ..တကဲ့အခြေခံအလုပ်သမတွေ ..ဘဝမှနစ်နာခဲ့တယ်ဆို.. ဆန်ရှင်လုပ်ထားတဲ့.. ယူအက်စ်ကွန်ဂရက်ကို .. နစ်နာတာတွေပြန်တောင်းလို့ရတယ်..။
မိန်းကလေးတယောက်..နယ်ကတက်လာပြီး ..အထည်ချုပ်နေတာမှာ..ဆန်ရှင်ကြောင့် ..အလုပ်ပြုတ်… တကယ်ကို လမ်းဘေးရောက်သွားတယ်ဆိုပါတော့..။
ဘဝပျက်တဲ့အထိဖြစ်သွားလို့ ..ဆိုရင်… ဒေါ်လာသောင်းသိန်းချိတောင်လျှော်ကြေး ပြန်ရနိုင်တယ်.။
ဒါကို .. အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်က .. ဥပဒေကြောင်းအရ လုပ်ပေးလို့ရတယ်..။
weiwei
February 17, 2011 at 5:53 pm
အထည်ချုပ်လုပ်ငန်းကိစ္စမှာ ဆန်ရှင် ကြောင့် ပြန်ရုတ်သိမ်းသွားရတယ်လို့ တရုတ်လူမျိုး ဗမာပြည်မှာ အထည်ချုပ်လုပ်ငန်းလာလုပ်ဖူးသူဆီက တဆင့် ကြားဖူးပါတယ်။ အသေးစိတ်တော့ သေချာမမေးခဲ့မိဘူး ..
မိုက်ကယ်ဂျော်နီအောင်ပု
February 18, 2011 at 3:30 am
ဝဲလ်း…ဝဲလ်း…..ဝဲလ်..
အားယိုးယိုး
တယ်ဆော်ပါလားဒဂျီး
ဒီဆန်ရှင်တွေကို ကိုင်ထားတာက ဘယ်သူတွေလဲ
ဒီလူတွေနဲ ့ပါတ်သက်တာကရောဘယ်သူတွေလဲ
ဥပမာ
လုပ်ငန်းရှင်တစ်ယောက်ဟာ စီးပွားရေးဆိုတာတွက် အာဏာရှင်နဲ ့ပေါင်းရမယ်
အာဏာရှင်နဲ ့ပေါင်းပြီးလုပ်တဲ့လူမှာ အလုပ်သမားအုပ်စုရှိလာမယ်
အလုပ်သမားတစ်ယောက်စီးတိုင်းမှာ မိသားစုရှိတယ်
ဆိုတော့ကာ
သူတို ့ဖိနှိပ်ထားတာကို လုပ်ငန်းနဲ ့ထိန်းတာတယ်
ပြောခြင်တာက ရုပ်ရုပ်မလုပ်နဲ ့လုပ်ငန်းလိုင်စင်တွေသိမ်းပလိုက်မယ်
အဲ့သည်အခါကြရင် အလုပ်ကိုငဲ့ပြီး အာဏာရှင်ကကြီးထွားလာတယ်
တစ်ခြားမကြည့်နဲ ့စစ်အစိုးရတက်လာပြီးတဲ့နောက်
တံခါးတွေဖွင့်ပါတယ်ဆိုပြီးလုပ်ချလိုက်တာ ဘာများတိုးတက်လာလဲ
ရှိတဲ့သယံစာတတွေဘဲကုန်သွားတယ်
ခုလည်း လာပြန်ပြီ ဆန်ရှင်ဆိုပြီးတော့
ကိန်းဂဏန်းတွေကို ကြည့်လိုက်မယ်ဆိုရင်
ရေအားလျှပ်စစ်
ကျောက်မျက်
သစ်တော
မြေအောက်လောင်စာ
ဒါတွေဘဲအားစိုက်လုပ်ကြတယ်
ဘယ်မှာလဲ အခြေခံလူတန်းစားတွေတွက်
ဒီစက်ချုပ်တဲ့အလုပ်ဆိုတာ အပေါ်က ဟာတွေကို ယူဘို ့ကြောင်းပြထားတာ
ဒီနေ ့တွေမှာဆို မျက်ဝါးထင်ထင်မြင်နေရတာဘဲလား
ထားဝယ်ရေနက်ဆိပ်ကမ်းတို ့
တရုပ်ရေအားလျှပ်စစ်တွေမှာ အိမ်မြေတွေသိမ်း
အခြေခံလုပ်သားတွေကို ဘာလုပ်ပေးလို ့လဲ
etone
February 18, 2011 at 3:34 am
ကျမတို့နဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေ ဆန်ရှင်ကြောင့် လုံးဝပိတ်လိုက်ရတယ်ဆိုတာမျိုး မကြားမိဘူး ။ ဒါပေမဲ့ အနည်းနဲ့ အများ သက်ရောက်မှူတော့ ရှိပါတယ်… ။ အမြတ်ထဲက အတော်များများ ထိခိုက်တာမျိုးကြားဖူးပါတယ်…။ ဒါပေမဲ့ လုပ်ငန်းကြီး ရပ်ဆိုင်းသွားလောက်အောင် အထိတော့ မဖြစ်ပါဘူး ။ ဘာလို့လဲဆိုတော့ … အော်ဒါရတဲ့ နိုင်ငံတွေက တစ်နိုင်ငံထဲမှ မဟုတ်ပဲ … နိုင်ငံအစုံက ဆိုတော့ တစ်နိုင်ငံ နှစ်နိုင်ငံက အော်ဒါမရလည်း … တရုတ်ဘက်က အော်ဒါတွေ ၊ အိနိ္ဒယဘက်က အော်ဒါတွေ နှစ်ဆတင်ချုပ်ရင် သူတို့လုပ်ငန်းလည်ပတ်နိုင်ပါတယ် … ။ ဒီမှာ အထည်ချုပ်စက်ရုံလာလုပ်တာ အများစုက ကိုးရီးယားလုပ်ငန်းရှင်တွေပါ…။ ပြီးတော့ တရုတ်က လူတွေ … နောက် ဗီယက်နမ်ကလူတွေလည်း ပါတယ်…။သူတို့ကတော့ လူနည်းစုပေါ့… ။ အထည်ချုပ်လုပ်ငန်းက အရင်းကြီးပြီး အမြတ်များတဲ့ လုပ်ငန်းမျိုးပါပဲ … ။ ဒေါ်လာဈေး တအားကျတုံးကတောင် နည်းနည်း စိတ်ပူမိခဲ့သေးတာ… ။ အခုတော့ ပုံမှန်ပြန်လည်ပတ်နေကြပြီလေ ။
moethidasoe
February 18, 2011 at 4:24 am
sanction ကြောင့် အခြေခံလူတန်းစားတွေ နစ်နာတယ်လို့သာ ပြောနေကြတာ .. sanction ကိုကြောက်တဲ့ နိုင်ငံခြားသား အရင်းရှင်တွေသာ ထွက်ပြေးကြတာပါ .. ကဲ ပြည်တွင်းက အရင်းရှင်တွေက အခြေခံလူတန်းစားတွေအတွက် ဘာလုပ်ပေးလို့လဲ .. သူတို့အိတ်ထဲ ဝင်ဖို့သာ ကြိုးစားနေကြတာ .. အဲဒီ အခြေခံ ဆိုတဲ့ လူတွေ လက်ထဲက မြေတွေ လယ်တွေ သိမ်း .. အစိုးရ လုပ်ငန်းတွေကိုလဲ သိမ်း .. ပြီးတော့ ဘာတွေ တိုးမြင့်လာသလဲ မေးကြည့် .. သူတို့ account တွေပဲ မြင့်တက်လာတယ် .. အခြေခံလူတန်းစားတွေအတွက် နိုင်ငံခြားသားတွေ မလုပ်ရဲတဲ့ အထည်ချုပ်တွေ ပြည်တွင်းက လူတွေ လုပ်ပါလား .. ပြည်တွင်းက လူတွေ ဝတ်နိုင်အောင်ရော လုပ်ကြည့်ပါလား .. ဒါတွေတော့ လုပ်ဖို့ မစဉ်းစားဘူး sanction ကိုပဲ အပြစ်တင်ကြတယ် ..
padonmar
February 18, 2011 at 2:06 pm
မြန်မာပြည်ကလူတွေမှာ မဆလ အမွေဆိုးတွေ ကျန်နေပါတယ်၊ တခုခု ဆိုရင် အရင်းရှင်။ဓနရှင် တွေက ခေါင်းပုံဖြတ်နေတယ်။ဈေးကစားနေတယ်ချည်းပဲ အော်နေကြပါတယ်၊အရင်းရှင် စနစ်နဲ့ပဲ ကြီးပွားနေ တဲ့ တိုင်းပြည်တွေ ကြည့်ကြပါအုံး၊ဥပမာ ဒီကနေ့ စားအုန်းဆီဈေးကွက် ကို သေသေချာချာ လေ့လာကြည့်ကြပါလို့ အကြံပေးပါရစေ၊
MaMa
February 19, 2011 at 2:20 pm
moethidasoe ပြောတဲ့လူတန်းစားက လက်ချိုးရေလို့ရပါတယ်။ ခြေထောက်တောင် ထဲ့ချိုးရေဖို့ မလိုအောင် နည်းပါးလှပါတယ်။ ပြည်တွင်းကလူတွေဝတ်ဖို့ ပြည်တွင်းထည်တွေလည်း အခု Brand တွေ အများကြီးထွက်နေပါတယ်။ ဥပမာ- Step လိုမျိုးပေါ့။ အဲဒါတွေကတော့ နိုင်ငံခြား အထည်ချုပ်တွေ ဝင်လာပြီး ကျန်ခဲ့တဲ့ ကျေးဇူးလို့ပဲ ပြောရမယ်။
eros
February 19, 2011 at 3:10 pm
ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့ ဝင်ငွေတွေနဲ့ ယှဉ်ာကည့်ရင် ဈေးကများနေသေးတယ်ထင်တယ်ဗျ။ ပေါပေါလောလော မဝတ်နိုင်သေးဘူးပေါ့ဗျာ။
kopauk mandalay
February 19, 2011 at 3:38 pm
ခေတ်စနစ်တွေဘယ်လိုပြောင်းပြောင်း အခြေခံလူတန်းစားများရဲ့ဘဝကတော့ ဘယ်ခေတ်မဆို သိပ်ထူးမခြားနားပါဘဲ။
ပုဆိုးတစ်ထည်ငါးမတ်တုံးကလည်း စိုတစ်ထည်ခြောက်တစ်ထည်ပါဘဲ။
ပုဆိုးတစ်ထည်ငါးကျပ်ခေတ်ရောက်ပြန်တော့လဲ ခြောက်တစ်ထည်စိုတစ်ထည်ဘဲ။
ပုဆိုးတစ်ထည် တစ်ရာခေတ်ရောက်တော့လဲဒါဘဲ။
အခုခေတ် တစ်ထည် သုံးလေးထောင်ခေတ်မှာလဲ ထူးမခြားနားပါဘဲ။
အခြေခံလူတန်းစားတွေရဲ့ ဘဝကို ပညာတတ်တွေက စာမျက်နှာပေါ်မှာသာ အရေးတယူလုပ်ဆွေးနွေးနေကြပေမယ့် တကယ့်လက်တွေ့မှာ ရှေးကတည်းက နေ အခုချိန်ထိ ဘာမှထိရောက်အောင်လုပ်မပေးနိုင်ခဲ့ကြတော့ ……………………….
အခြေခံလူတန်းစားများ အဖို့ကတော့ ဒီအတိုင်း ဒီအတိုင်းပါဘဲ
bigcat
February 19, 2011 at 4:43 pm
ငရဲဆိုတာခံစားဖို့ နတ်ပြည်ဆိုတာစံစားဖို့ ဦးပေါက်ရေ..