ရန်ကုန်ဆေးရုံကြီးမှ ရေသန့်ဗူး ပြသနာ
ဖေဖော်ဝါရီလ 9 ရက်နေ့က ကျမချစ်သူ operation အသေးစား တစ်ခုအတွက် ဆေးရုံ တတ်ရပါသည် ။ ပေါင်တွင် soft tissue ဟု အမည်တွင်သော အလုံးငယ်တစ်လုံးစမ်းမိရာမှ စစ်ဆေးကြည့်ရာ တိတိကျကျ မပြောနိုင်သဖြင့် အန္တရာယ်မပေး ၊ မနာမကျင်သော်လည်း ခွဲထုတ်ရန်စီစဉ်ခဲ့ကြသည် ။ ပါမောက္ခကြီး ဒေါက်တာ သိန်းလွင်က လုပ်ဖော်ကိုင်ဖက် တပည့်ဖြစ်သူလည်းဖြစ် ၊ လက်ရှိ ဆေးရုံကြီးတွင် AS ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသော သ့ ူကို များစွာ အကူညီပေးပြီး ဆေးရုံတက်ရန် အကြံပြုရာမှ ကျမတို့ ရက်ရွေးပြီး အော်ပရေးရှင်း ပြုလုပ်ခဲ့ပါသည် ။ ဆရာကြီးကိုယ်တိုင်ပင် 55 မိနစ်ခန့် ကိုယ်တိုင် ခွဲစိတ်ပေးခဲ့ပြီး အော်ပရေးရှင်း အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည် ။ ဆေးရုံတွင် လေးရက် PR တွင်နေခဲ့ရပြီး အစစအရာရာ အဆင်ပြေစွာ ဆေးရုံမှ ဆင်းလာနိုင်ခဲ့သည် ..
သို့သော် … ဆေးရုံ တက်စဉ် ကာလအတွင်း ပေါ်ပေါက်တွေ့ကြုံ ခဲ့သော အဖြစ်ပျက်များကို မှတ်တမ်းတင်ထားပါသည် ။ ဆေးရုံ မသွားခင်ကတည်းက ရွာသူ၊ ရွာသားများ အတွက် ပို့စ်တင်ပေးရန် စိတ်ကူးပင် ရှိခဲ့သောကြောင့်ဖြစ်သည် ။
မန္တလေး ဂေဇက်မှာ စာရေးပြီးနောက်ပိုင်း အစရလျှင် ရေးချင်နေတော့သည် ။ တစ်ခါတစ်ရံ ဖွချင်သည့် စိတ်ကူးဖြင့်တင်သည် ။ တစ်ခါတစ်ရံ တခြား လူ သိစေချင်သော စိတ်ကူးဖြင့်တင်သည် ။ တစ်ခါတစ်ရံ အလားတူ ပြသနာ များဖြစ်ပါက ရှောင် နိုင်ရန် တင်သည် ။ တစ်ခါတစ်ရံကိုယ်သိသမျှ လေးတွေ ဝေမျှ ချင်စိတ်ဖြင့် ပို့စ်တင်သည် ။ မည်သို့ပင်ဖြစ်စေ …. ပို့ရေး ရန် အား သန်နေတော့သည် ။
ကျမတို့ 9 ရက်နေ့မှာ ဆေးရုံ ကိုရောက်ပြီး အခန်းထဲ ပစ္စည်း တွေ ချ ၊ အိပ်ယာတွေ ခင်းနဲ့ အလုပ်ရှုပ်နေတာပေါ့ … ဆေးရုံတက်တာ အိမ်ပြောင်းသလောက် တိုလီ မုတ်စက အစပြုပြီး အကုန်သယ်လာမိပါတယ် … ။ မောပန်းပြီး ရေသောက်မယ်လုပ်တော့…. အဲ ရေ… ရေသန့်ဗူးမဝယ်ရသေးပါလား… ။ အောက်ဆင်းပြီး ရေသန့်သွားဝယ်ရအောင်လည်း အဝေးကြီးဆင်းရဦးမှာဆိုတော့…. ကုလားတွေကို မုန့်ဖိုးပေးပြီး ရေဗူးဝယ်ခိုင်းမယ်ပေါ့ … သွားပါရော… ကုလားလည်း တစ်ယောက်မှ မတွေ့ပါ … ။ (ဆေးရုံမှာ အောက်ခြေသိမ်းလုပ်တဲ့ ဝန်ထမ်းအများစုက ကုလားတွေမို့ပါ ) ။ ကျမ ရေသောက်ချင်နေတာကို နတ်ကောင်းနတ်မြတ်များ သိသည်လား မပြောတတ်ပေ … ခဏကြာတော့ ကောင်လေးတစ်ယောက် 20လီတာဝင်ရေ ဗူးကြီးထမ်းပြီးရောက်လာပါရော… ။ အစ်မတို့ ရေ ယူဦးမလားတဲ့… အစ်မလို့သာခေါ်တယ် သူ့ အသက်ကကျမထက်အနည်းဆုံး လေးငါးနှစ်ကြီးမည် … လူက အသားမဲမဲ ခပ်မွဲမွဲပေါ့ …။ ရေဗူးကို ပေးခဲ့ပါမယ်တဲ့ ရေခ ၈၀ဝပဲ ကျပါတယ်တဲ့.. အပြင်မှာက အဲ့လောက်ဈေးမပေါက်ပေမဲ့ လိုချင်နေတဲ့ အချိန်ရတာ ကျေးဇူးတင်တယ်ပေါ့ … ဈေးနည်းနည်းကွာလည်း ယူထားမယ်ဆိုတဲ့စိတ်နဲ့ ရေဗူးတင်ဖို့ နေရာလေးဘာလေး လုပ်ပေးပြီး ရေဗူးကို နေရာတကျထားစေတာပေါ့ ။ ပြီးတော့ ထောင်တန် တစ်ရွက်ထုတ်ပေးလိုက်ပါတယ်… ဒီမှာ တင် စတော့ တာပါပဲ … ကိုယ်တော်ချောက ရေဗူး အပေါင် သုံးထောင်ပေးပါတဲ့..ဟွန့်… တစ်ပတ်ကတော့ စရိုက်ပြီ …. အင်းလေ စကားကုန်အောင် မမေးတာ ကိုယ့် အပြစ်ဆိုပြီး ထားလိုက်ပါတယ်… ရေဗူးမြင်နေမှတော့ ပြန်မပေးချင်တော့တာနဲ့ ရေတစ်ဗူး သုံးထောင် အပေါင်ပေးခဲ့ပါတယ်… ကောင်လေးက ၂၀ဝ ပြန်လည်း မအမ်းပါဘူး…ဒါကို သိသိကြီးနဲ့ ကျမတို့ နှစ်ယောက်လည်း သူ မောမောပမ်းပမ်း ရေဗူးထမ်းရတာပဲ သနားပါတယ် ဆိုပြီး ၂၀ဝ ပြန်မတောင်းတော့ပါဘူး ။ သူကလည်း အလိုက်တသိတောင် ပြန်အမ်းဖို့ ဟန်တောင် မလုပ်ဘူး … ။ ကဲပါလေ… ဒါကတော့ ရှိစေတော့ပေါ့… ။
အခု ဇာတ်လမ်းက ရေရောင်းတဲ့လူ ကလိမ်ကကျစ်အကြောင်းပြောချင်တာ ဆိုတော့ ဇာတ်လမ်းကို မလိုတာတွေ ဖယ်လိုက်ဦးမယ်…. နောက်ပို့စ် တွေ ကြမှ လို လျှင် လိုသလို ဆက်ရေးပြပါ့မယ် ။ ပြည်ထောင်စုနေ့ကျတော့ ဆေးရုံက ဆင်းမယ်လုပ်ရော.. ဒါနဲ့ ရေဗူး အပေါင် သုံးထောင်လည်း ပြန်လိုချင် ၊ ဟိုငနဲကလည်း ပေါ်မလာဆိုတော့…. ကျမတို့ ရှာရတာပေါ့ … အချည်းနှီးပါ … မတွေ့ခဲ့ပါဘူး။ … ရေသန့်ဗူးလေး လေးငါးလုံးလောက်ထောင်ထားတဲ့ နေရာတွေ တွေ့ပါတယ်.. တံဆိပ်အစုံပါ … ။ သူတို့ကလည်း သူတို့ ဆီက ယူတာမဟုတ်ပါဘူးတဲ့ … ။ ရေသန့်ဗူးခွံတလုံးက သုံးထောင်မတန်တာ ကျမတို့ သိပါတယ်… ။ သူတို့ ဗူးပေါင်သာ လာမပေးလျှင် ကျမတို့လည်း ရေ ဗူးကို ယူသွားမှာပေါ့…။ ကျမက မကျေနပ်နိုင်သေးဘူး … စိတ်ထဲ နဲနဲတော့ ခံရခက်တာပေါ့ … တပတ်ရိုက်ခံရတာကိုး…။ ဒါနဲ့ ရေသန့်ဗူးမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပါတယ်…. ရေသန့်တံဆိပ်က စူပါမင်းပါ… ။ ဖုန်းနံပါတ် 09519**** ကို အကြာကြီး စိတ်ရှည်ရှည် ခေါ်မှ (နားငြီးလို့ထင်သည်) ဖုန်းလာကိုင်ပါတယ်…။ အမျိုးသမီးတစ်ယောက်ပါ…. သူ့ကိုမေးတော့ ….ဆေးရုံကြီးထဲမှာ သူတို့ ရေသန့်ကိုယ်စားလှယ်ယူနေတဲ့လူရှိပါတယ်တဲ့ …သူတို့ဆက်သွယ်စရာရှိလျှင် ဒီဖုန်းနံပါတ်အတိုင်း ဆက်သွယ်ပါတဲ့… နာမည်က ကိုသီဟပါတဲ့ … ဖုန်းနံပါတ်ကတော့ 3820**ပါတဲ့… ကျမလည်း ဖုန်းတစ်ကြိမ်ဆက်ရပြန်ပါတယ်… အဲ့ဒီဖုန်းက တစ်ချိန်လုံး ဘီးဇီးဖြစ်နေခဲ့ပေမဲ့… စောင့်ခေါ်တော့ နောက်ဝင်သွားပါတယ်… ဖုန်းကိုင်တဲ့ အမျိုးသမီးက ဒါရေသန့်ဆိုင်က မဟုတ်ပါဘူးတဲ့…. အများသုံးတယ်လီဖုန်းပါတဲ့…။ ကျမတို့ ပြောတဲ့ ကိုသီဟကိုရော ရေသန့်ဆိုင်ရော အနားနီးမှာ မရှိပါဘူးတဲ့…။ အစ်မဖုန်းက ဘယ်နားကလဲ မေးတော့ … ဆေးရုံကြီးနှလုုံးဆောင်ရှေ့ ကပါတဲ့…။ ဒါနဲ့ မမောနိုင်မပန်းနိုင် အမေ့ကို ခေါ်ပြီး …. အောက်ဆင်းခဲ့ပါတယ်….. နှလုံးဆောင်ကို လိုက်ရှာတာပေါ့.. တွေ့ပါပြီ … ဖုန်းဆိုင်လေး ၊ ဖုန်းတစ်လုံးကို စားပွဲပေါ်တင်ပြီး လာခေါ်တဲ့လူတွေ၊ ဖုန်းဆက်ဖို့စောင့်နေတဲ့လူတွေ ရှိနေတဲ့ နေရာပေါ့ …။ အမျိုးသမီးနားမှာ ဘာရေသန့်ဆိုင်မှာ မရှိတာ သေချာပြီမို့ အမျိုးသမီးလိမ်တာ မဟုတ်မှန်း သိလိုက်ပါပြီ …။ ဒါဆို ရေသန့်လူ လိမ်သွားခြင်းလား …။ စိတ်နာစရာကောင်းသထက်ကောင်းနေပြန်ပါပြီ …။ ကျမတို့ ဖုန်းတွေ ခေါ်ရတာ ၊ လူလိုက်ရတာနဲ့တင် ရေသန့်ဗူး အပေါင်နဲ့ တောင် မတန်ပါဘူး ။ ကျမစိတ်ကလည်း ကိုယ့်လာထိပြီဆိုရင် နည်းနည်းမှ မခံတတ်တာပါပဲ … သူတပါးအပေါ် ကလိမ်မကျသလို ကိုယ့်အပေါ် ဒါမျိုးလာလုပ်ရင် ရေကုန်ရေခမ်းပြန် တိုက်ခတ်တတ်ပါတယ် ။ ရေသန့် ထုတ်တဲ့ဆီက ဒီဖုန်းနံပါတ်ပေးတာဆိုတော့ဒီမှာ ရှိရမယ်ဆိုတာ စိတ်ထဲက သိနေသလိုပဲ … လှည့်ပတ်ပြီး ရှာလိုက်ပါတယ်…. နှလုံးဆောင် ကို မျက်နှာမူရင် ညာဘက်မှာ အဝင်ထွက် ဂိတ်ပေါက်ရှိပါတယ်… အဲ့ဒီအပြင်ကိုတောင် ရောက်တယ်…။ ညာဘက်မှာ မရှိတော့ ဘယ်ဘက်ပေါ့… ။ ဘယ်ဘက်ရောက်တော့ …ဟော တွေ့ပါပြီ … စုတ်ပဲ့ညစ်ပတ်နေတဲ့ အသွင်ပြင်နဲ့ ရေသန့်ဗူး လေးငါးဗူးထောင်ထားပါတယ်… ပုံထဲက အတိုင်းပါ …။ ကုလား မတွေ ၊ ကလေးတွေနဲ့ အများကြီးထိုင်နေပါတယ်… ဘာလုပ်နေကြတယ်တော့ ကျမမသိပါဘူး… ။
အဲ့ဒီနားမှာ ကွန်ကရစ်နှစ်ထပ်လမ်းလေးရှိပါတယ်… အမေပြောတာတော့ …အဲ့ဒါက အနောက်လမ်းပါတဲ့ အလောင်းတွေ သယ်ချ တွန်းပို့ရင် အဲ့ဒီကလုပ်ပါတယ်တဲ့ ။ ကျမနဲ့ အမေ မယောင်မလည်နဲ့ ရေသန့်ဗူးလေးငါးလုံးနား ကပ်လာတဲ့ အခါ ကောင်လေးတစ်ယောက်ထွက်လာပါတယ် … အစ်မတို့ ဘာကိစ္စလဲပေါ့… ခုနကတော့ မတွေ့ပါဘူး .. အခုမှ ဘယ်က ပေါ်လာတာလဲ မသိ… ။ လူတော့ လူစစ်စစ်ပါ… ။ ကျမတို့လည်း … ရေဗူးပေါင်လာယူတာပေါ့.. ဘယ်အခန်းကပေါ့… နင်တို့ ပို့တာလားလို့ မေးတော့ သူလည်း အငိုက်မိသွားပုံရပါတယ်… ဟုတ်တယ်တဲ့… ကျနော်တို့ဟာတဲ့…. ။ ပြီးမှ ကဗျာ ကယာ ကျနော် ့ညီပို့တာတဲ့ …သူက အခုမရှိဘူးတဲ့ … အဲ့ဒီအဆောင်ဘက်သွားပြီးရေဗူးပို့နေပါသတဲ့… ကျမတို့ကို ပြန်လိုက်သွားပါတဲ့ အဲ့ဒီမှာ တွေ့ပါလိမ့်မယ်တဲ့…။ ကျမတို့လည်း သူ့စကားကိုယုံစားပြီးလိုက်မသွားတော့ပါဘူး… အခန်းထဲမှာ ကျန်ခဲ့တဲ့ ကျမချစ်သူဆီဖုန်းလမ်းခေါ်ပါတယ်… ရေသန့်ကောင်လာရင် အမိဖမ်းထားဖို့ပေါ့…။ သူကလည်း ကုလား အလုပ်သမားတွေကို ပြောပြီး ရေသန့်ကောင်တွေ့တာနဲ့ ဒီကိုခေါ်လာဖို့ တာဝန်ပေးပါတယ်… ။ ကျမနဲ့ အမေကတော့ ဒီကောင် အပေါ် တက်သွားတာ သေချာရင် သူ့ရေသန့်ဒီမှာ ရှိတယ် ပြန်လာမှာပဲ ဆိုပြီး အနောက်ကော်ရစ်တာလည်း မရှောင် စောင့် နေကြပါတယ် …။ နာရီဝက်သာကြာသွားတယ် ရေသန့်လူပေါ်မလာပါဘူး… ခုနက လာပြောတဲ့ ကောင်လေးတောင် ပျောက်သွားပါပြီ ။ ကျမဘဲ ဆီ ဖုန်းဆက်တော့ သူ့ဆီလည်းမလာသေးဘူးတဲ့… ။ လိုက်ရှာပေးတဲ့ ကုလားတွေကတော့ပြောတယ်တဲ့… အဲ့ဒါမျိုးခဏခဏဖြစ်တတ်တယ်တဲ့ … နောက်ဆုံး လူနာက ဆေးရုံဆင်းချင်တော့ မစောင့်နိုင်ပဲ ပြန်သွားတာ ။ နောက်မှ သူတို့က ရေဗူး ပြန်လာယူတယ်တဲ့… ခဏခဏဒီလို ပြသနာလေးတွေ ကြုံတတ်တယ်တဲ့…။ ဒါနဲ့ ကျမလည်း စိတ်မရှည်ပဲ … အမေ့ကို ပြောပြီး အခု ချထားတဲ့ ရေသန့်ဗူး လေးငါးလုံးကို မသွားမယ်လို့ ပြီးမှ သူတို့ ပိုက်ဆံလိုက်ပေးပါစေလို့ … အကြံပေးတော့ … အမေကပြောပါတယ်…ငါတို့ကို ဟိုမှာ ထိုင်နေတဲ့ ကုလားမတွေ ဝိုင်းရိုက်မှာပေါ့ ဟတဲ့… အဲ… ဒါလည်း ဟုတ်တုတ်တုတ်… သူတို့က ကြမ်းကြမ်းတမ်းတမ်းကြီးတွေ ကလေးတွေဆိုလည်း ဘောင်းဘီမပါဘူး … အလောင်းဆွဲတဲ့လမ်းမှာ လေးဘက်ထောက်ပြေးနေတဲ့ကလေးတွေရှိသလို မုန့်စားနေတာတွေလည်း ရှိပါရဲ့ … ။ နပန်းတော့ ဖက်လုံးရဲတဲ့ သတိ္တ ကျမတို့ သားမိမှာ မရှိပါဘူး… ။ ဒါနဲ့ ကျမတို့ခပ်လှမ်းလှမ်းကနေ စောင့်နေကြတာပေါ့… ။ ကောင်မလေးတစ်ယောက် က အန်တီ သမီး သွားခေါ်ပေးမယ်ဆိုပြီး လိုက်သွားတယ် …နောက် ဆယ်မိနစ်လောက်နေတော့ အဲ့ဒီကောင်မလေးပြန်လာတယ်… ကျမတို့ဆီ ရေသန့်လာပို့တဲ့ကောင်လေးက တခြား အဆောင်ဘက်ဆက်ကူးပြီး ရေသွားချိုးကြောင်းပြောတာနဲ့ ကျမတော်တော် စိတ်တိုလာတယ်… ဒါ သက်သက်ရှောင်ခြင်းပေါ့လေ…စိတ်တိုလို့တောင် မဆုံးသေးဘူး… အလောင်းလှည်း တစ်စီးတွန်းလာပါတယ်… အုပ်ဆောင်းလေးအုပ်ထားပေလို့သာပေါ့… ကွေ့တစ်ကွေ့ကွေ့များဒါမျိုး ကြုံလို့ကတော့ လန့်ဖြန့်ပြီး သေမှာပဲ… သိတဲ့အတိုင်းလေ …. အလောင်း လှည်းလေးကို ရေခဲတိုက်ဘက် အိပဲအိပဲ ဆွဲသွားတာ တွေ့လိုက်ရပြီး ဒီအနောက်ကော်ရစ်တာကြီးမှာ ကျမတို့ ဆက်မထိုင်ချင်တော့ဘူးလေ…ဒါနဲ့ ဖြစ်ချင်တာဖြစ်ဆိုပြီး ပြန်မယ်စိတ်ကူးပါတယ်… လာရင် းကိစ္စကလည်း မထူးပဲ မပြန်ချင်ဆိုတော့… အမေ့ကို ခေါ်ပြီး ရေသန့်ဗူးတွေ မပြန်မယ် ဖြစ်ချင်တာဖြစ်ပါစေဆို စယူတာပေါ့.. အမေက နှစ်လုံး ၊ ကျမက နှစ်လုံးနဲ့ … ရေသန့်ဗူးလေးလုံး မလာပါတယ်… ဘေးက မိန်းမတွေကတော့ ပါးစပ်အဟောင်းသားနဲ့ …အံ့ဩသင့်လို့… ။ ကျမလည်း ဝတ်ကျေတန်းကျေ ဘေးက ကုလားမတစ်ယောက်ကိုပြောခဲ့ပါတယ် …ဒီရေသန့်ဗူးတွေ ယူသွားပြီလို့ … ဗူးပေါင် လိုက်ပေးရင်ပေး မပေးလျှင် အခု ဆေးရုံက ဆင်းတာနဲ့ ဒါတွေ ပါသယ်သွားမှာလို့ပြောခဲ့ပါတယ်… ဒီတော့မှ အနောက်က ကောင်လေး တစ်ယောက်က အတင်းလိုက်ခေါ်တယ်…ခဏစောင့်ပါဦးတဲ့..ပထမတစ်ကြိမ် ဘယ်က မှန်းမသိထွက်လာတဲ့ ကောင်လေး ဒုတိယအကြိမ် ဘယ်နားက မသိထွက်လာခြင်းပေါ့…သူခေါ်လည်း ကျမတို့ မရပ်တော့ပါဘူး စောင့်အောင့်ပြီး သယ်ပါတယ်… လမ်းမှာ ကုလားအလုပ်သမားတစ်ယောက်လာကြိုတာနဲ့ .. ရေသန့်ဗူးတွေ သူက သယ်ပြီး အခန်းထဲ ပြန်ရောက်ခဲ့ပါတယ်… ကုလားက ကျမတို့ထက် အသက်သာ ကြီးတာ သန်မာတယ်လေ … ။ အလုပ်လုပ်တာလည်း ဖျတ်လတ်နေတာပဲ … သူက အရှေ့က အရင် အခန်းထဲရောက်ပါရော… ။ ကျမ ချစ်သူနှင့် သူ့ အဒေါ်တွေ ၊ ဦးလေးတွေ ဆေးရုံက ဆင်းဖို့ ကျမတို့ ကိုစောင့်နေတုန်း ရေသန့်ဗူးတွေ နဲ့ ကုလားနောက်က ကျမတို့ သားမိ မှုန်ကုတ်ကုတ်ပါလာတာမြင်တော့ ဝိုင်းရယ်ကြပါတယ်… ။ ရေသန့်ဗူးတွေကို တကယ်တမ်း ယူဖို့ အစီစဉ်မရှိပါဘူး… ဒါပေမဲ့..သူတို့သာ ဗူးပေါင်လာမပေးလျှင်တော့ ကျမတို့က သူများတွေ သောက်ရေထည့်ရအောင် ပြန်ပေးခဲ့မှာပါ… ။ ချစ်သူကတော့ပြောတယ်… မကြာခင်လိုက်လာလိမ့်မယ်တဲ့… ။ ဟုတ်ပါ့ရှင်… ဆယ်မိနစ်လောက်အကြာမှာ နှစ်ကြိမ်တိုင်ဗြုန်းခနဲပေါ်လာတဲ့ကောင်လေး …. လိုက်လာပါတယ်… ။ အမေက ဒေါသထွက်ပြီး အခုမှ ပြောတာပေါ့.. အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်စားသင့်တယ် ဘာညာနဲ့…သူကတော့ ဒါသူလုပ်တာ မဟုတ်ပါဘူး ဆိုပြီး ငြင်းတာပဲ … ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ဗူးပေါင်ပြန်ရခဲ့ပါပြီ ။ ကျမတို့ကဲ့သို့ ဘယ်နှစ်ဦးကများ ဒီလို ခံလိုက်ရသည် မသိ…..။ ကျမယူလာတဲ့ ဗူး ပေါ်မှ စာတန်းလေးကို ကြည့်ပြီး ပြုံးမိသည် ။ ဇော်မင်းဦး ပိုက်ဆံလာပေး အချိန်မရှိတော့ဘူး မျိုးလေးတဲ့….. ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ လုပ်စားခဲ့တာ ရိုးနေပြီ လို့ ကောက်ချက်ချပါတယ်… သူများတွေဆို စောင့်မှာ မဟုတ်ပါဘူး ။ ဘာလို့လဲ ဆိုတော့ အချိန်ကုန် လူပင်ပန်းရမဲ့ ဖြစ်ရပ် မျိုး မို့ လို့ပါပဲ လူတွေများကောင်းရောင်း ကောင်းဝယ် မလုပ်စားချင်ကြဘူးနော် ။ သူများ ပိုက်ဆံ အချောင်လိုချင်ကြတာ များလာပြီ ဖြစ်ကြောင်း ကျမကိုယ်တွေ့ အဖြစ်ပျက်တစ်ခု အများ သိအောင် ရေးလိုက်ပါတယ်။ နီးစပ်ရာကိုလည်း ပြောကြပါ ဒါမှ ဒီလို နားလှည့် ပါးရိုက်ခံရတဲ့ အဖြစ်မျိုးက လွတ်မှာပါ ။ ပိုက်ဆံလိုချင်ရင် တန်ရာတန်ကြေးတော့ လုံလ စိုက်ထုတ်ရတာပါပဲ ။ ကျမတို့လည်း ပိုက်ဆံ လိုချင်လို့ အလုပ်လုပ်နေရတာပါ ။ အလကားမရပါဘူး … ဂျင်ပေါ်က ထုံးလုပ်ပြီး ပိုက်ဆံရှာသူတွေ နည်းသွားစေဖို့ …. တွေ့ကြုံသမျှလေးတွေ ဖြန့်ဝေပေးတာပါ … ။
14th FEB,2011.
ပုံတင်ဖို့ တစ်ပုံရှိသေးတယ် မတင်တော့ဘူး … ကြာပြီတင်နေတာ အဆင်မှမပြေပဲ ။
14 comments
white
February 21, 2011 at 11:22 am
စိတ်ဓါတ်နဲ့လုပ်ရပ် ကိုသဘောကျတယ်၊
မြန်မာပြည်မှာ ဒီလိုလူမျိုးတွေကအများကြီးရှိနေတော့ ဒါမျိုးတွေခဏခဏကြုံနေရမှာ ၊သတိတော့ထားနော် ၊နောက်လဲဒါမျိုးလေးများများရေးပါဦး
ဆူး
February 21, 2011 at 1:42 pm
ဆေးရုံကြီး မှာ တက်တာလား။ ဆေးရုံကြီးတော့ မရောက်ဘူးဘူး။ အနောက်ပိုင်း ဆေးရုံနဲ့ အရိုးဆေးရုံတွေ ကိုတော့ လူနာစောင့်အနေနဲ့ အရင် ရောက်ဘူးတယ်။ အဲဒီလို ရေသန့်ဘူး ကိစ္စတော့ မကြုံဘူးဘူး။ မသိတာတွေ သိရပြီး မှတ်သားပြီး ရှောင်သင့်ရင် ရှောင်လို့ ရတာပေါ့
etone
February 22, 2011 at 3:18 am
ဟုတ်တယ် အစ်မရေ ဆေးရုံကြီးမှာ တက်လိုက်တာ ။ အပြင်ဆေးခန်းတွေမှာ တက်မယ်ဆိုတော့ ဆရာကြီးက ဆေးရုံကြီးမှာပဲ တက်ခိုင်းလို့ အဲ့ဒီမှာပဲ တက်ဖြစ်တာ ။ အတွေ့ကြုံတော့ ရတာပေါ့ .. ။
weiwei
February 21, 2011 at 1:49 pm
တော်တော် တော်တဲ့ အီးတုံးပဲ … ချီးကျူးတယ် ..
padonmar
February 21, 2011 at 2:40 pm
ဇွဲရှိပါပေတယ်၊etone ကိုချီးကျူးပါတယ်၊ကိုယ်သာဆို မတရားမှန်းသိပေမယ့် ဒီတိုင်းပဲပြန်လာမိမှာပဲ၊
ဆူး
February 21, 2011 at 2:49 pm
အဲဒီ ရေသန့်ဘူးတွေကော ရေသန့် အစစ်ကော ဟုတ်ရဲ့လား.. ရေဗူးလေး ပြပြီး ရေစစ်နဲ့ စစ်ပြီး လာရောင်းတာ ဖြစ်နေအုန်းမယ်။
etone
February 22, 2011 at 3:26 am
ရေသန့်ဘူးကတော့ စစ်လားဘာလားတော့ မသိပါဘူး အစ်မရေ .. ထောက်ခံချက် နံပါတ်တွေ ဘာညာတော့ ဗူးပေါ်မှာ ရေးထားတာပဲ … ။ အဲ့ဒီ တံဆိပ်ပေါ်က ဖုန်းနံပါတ်ပါလို့ ဆက်ကြည့်တော့မှ သူတို့ ရေသန့်ယူရောင်းနေတာရှိတယ်ဆိုပြီး ဘဲဥ အစရှာသလို ရှာထားရတာ ။
smytu1996
February 21, 2011 at 3:46 pm
ဇွဲရှိပါပေတယ်၊etone…ETONE….cheer up ur victory……..hahah
eros
February 22, 2011 at 2:15 am
မြန်မာများ အားနာခြင်းများလျှော့ပြီး၊ အိတုံ လိုမျိုးလုပ်ဖို့ကောင်းနေပြီဗျ။ အားနာတာကို အခွင့်ကောင်းယူပြီး လိမ်လည် စီးပွားရှာတာတွေများတယ်ဗျ။
draungkyawkyawoo
February 22, 2011 at 3:29 am
အဲ့ဒီပြသနာတွေက ခဏခဏကြားရပါတယ် … ။ အများစုကတော့ ခံလိုက်ရတာပါ ။ ဘယ်ကို လိုက်ရမှန်းလည်းမသိ စိတ်ညစ်လည်း မခံချင်ဆိုတော့ လက်လွှတ်လိုက်ရတာ များပါတယ် …။ အချောင်ပိုက်ဆံလိုချင်တဲ့လူတွေ များလာတော့လည်း ဒီလိုလေး တုံ့ပြန်တဲ့ လူ ရှိဦးမှပဲ တော်ကာကျမယ် ။
kai
February 22, 2011 at 5:54 am
သူလိုလူတွေများလာရင်.. မြန်မာပြည်..စင်္ကာပူ အေးလေးကျော်သွားနိုင်တယ်…။
စကားမစပ်… ရေသန့်ဗူးပုံးတွေက ..ပလပ်စတစ်အနောက်တွေနဲ့ လုပ်တာလား..။
အထဲက ညစ်ပတ်နေ..မနေ ဘယ်လိုသိနိုင်မှာလည်း…။
etone
February 22, 2011 at 8:28 am
အောင်မလေး သူကြီးရယ် စိတ်ချ …
အီးတုံးတို့က ဗူးမဝယ်ခင်ကတည်းက ဖင်တပြန်၊ ခေါင်းတပြန် စစ် ပိုက်ဆံရှင်းပြီးတော့လည်း ရေဗူးပတ်ကိုခွာ အထဲကို အတင်း ပြူးကြည့် ….. ဘုံပိုင်ခေါင်းကလည်း ပလပ်စတတ်ကပ်ထားတာ အင်လား ပြန်လုပ်ထားလားလည်း ကြည့်သေးတယ်… စိတ်ချရတော့မှ … ကောင်လေးကို ပြန်ခိုင်းတာ 😀
123
February 22, 2011 at 9:37 am
အတွေ့အကြုံနုသေးလို့ဖြစ်မှာပါ။ ဒါမျိုးတွေက မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ရိုးနေသင့်ပါပြီ ဆေးရုံတင်မဟုတ်ပါဖူး။ အခြားနေရာတွေမှာလည်း ဒီလိုပဲဖြစ်လေ့ဖြစ်ထရှိပါတယ်
char too lan
February 22, 2011 at 9:40 am
တကယ်တော်တဲ့ အီးတုံးပါ ချီးကျူးပါတယ်ဗျာ…………………