Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရောက်တတ် ရောက်ရာ (၂)

nigimi77February 23, 20111min62116

အဆိုပါ နိုင်ငံခြားသား ပညာရှင်ဆိုသူများဟာ မြန်မာပြည်ဟာ ဖြင့် တကယ့်ကို နတ်ဘုံ နတ်နန်းပါပဲ။ သူတို ့ဟာ အရည်အချင်းပေါ်မူတည်ပြီး  $ 900 ကနေ $ 1800 ကြား ရကြပါတယ် (ကိုရီးယား၊ ဂျပန်နှင့် ဥရောပနိုင်ငံသားများ မပါ) ။ မြန်မာပြည်မှာတော့ Facilities အပြည့်အဝ ရကြတာပေါ့။ နေစရာ အိမ်၊ အကြိုအပို ့ ဖယ်ရီ၊ အိမ်ဖော် အစရှိတာတွေ ထားပေးတယ်။ စားစရာကျွေးတယ်။ စားရိတ်ငြိမ်းပေါ့။ သူတို ့ရွာမှာ သားကြီး မယားကြီးတွေရှိနေတော့
ဒီ လစာထဲက 80% ကို ဖယ်ထားပြီး ကျန်တာကိုတော့ ဝတ်မယ် စားမယ် သောက်မယ် သုံးမယ်ပေါ့။  အဲ…. 10% က ဒို ့ မြန်မာ အမျိုးသမီးကောင်းလေးတွေ အတွက်ပေါ့။  သူတို ့တွေဟာ ကိုဖိုးစွံ တွေပါ။
စက်ရုံတွေရဲ  ့ မြန်မာ အမျိုးသမီး အလုပ်သမတွေကြားမှာ အလွန် ရေပန်းစားတာပေါ့။ အကုန်လုံးတော့ မဟုတ်ပါဘူး။ တချို  ့တချို  ့တွေပေါ့။

Section အလိုက် ကြီးကြပ်ရတဲ့ အခါကျတော့ Section တိုင်းမှာ ကွမ်းတောင်ကိုင်လေးတွေကလဲ အပေါသား။  အတောင့်ဆုံး အသန် ့ဆုံးလေးတွေ တွေ ့ရင် တစိုးလက်ဆောင်နဲ ့တဖုံ ၊ ပွဲစား(အခကြေးငွေမယူပဲ မျက်နှာရအောင်
အောင်သွယ်လုပ်ပေးသူ) နဲ ့ တစ်မျိုး၊ နားချ တော့တာ။  တကယ်ယူမှာ ဘာညာပေါ့။  ဘယ်လောက်နဲ ့ တင်တောင်းမယ်ပေါ့။  ဒီလိုနဲ ့ပဲ  ကုလား မယားငယ်တွေ တရုပ် မယားငယ်တွေ ဖြစ်ကုန်ကြရော။

ချစ်သူ ရည်းစားရှိပေမဲ့လည်း ချစ်သူကတော့ နွမ်းပါးသူ၊ သူလိုကိုယ်လို စက်ရုံ ဝန်ထမ်း။ ဒီတော့ မိသားစု အရေး ရေရှည်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်တယ်ပေါ့။  မျက်စိရှေ  ့မှာတင် အလွန် နှမြောစရာကောင်းတဲ ့ မြန်မာမလေးတွေ ကုလားမယားငယ် တရုပ်မယားငယ် ဘဝကို ပျော်ပျော်ကြီး ခံယူကြတာကို တွေ ့နေရတယ်။

ရွှေပေါက်ကံ စက်မှုဇုံဖက်မှာ ဆိုရင်တော့ အဲဒီဖက် ရပ်ကွက်တွေမှာ မြန်မာ မယား အသစ်ကလေးနဲ ့ တလကို ၄ သောင်းတန်အိမ်မျိုး ငှားနေကြတယ်။

ကိုရီးယား တစ်ယောက်က အင်ဒိုနီးရှား ကုလားတွေ တရုပ်တွေကို အားကျလို ့ သူလဲ မြန်မာ မယားငယ် တစ်ယောက်လောက် ထားချင်တယ် ဆိုတော့ Senior ဖြစ်တဲ့
အင်ဒို ကုလားကို မေးမြန်းပါတယ်။   တလ ဘယ်လောက် ထောက်ပံ့လဲပေါ့။

ဒီလိုနေကြတဲ့ အခါ အဲဒီ နိုင်ငံခြားသားက မြန်မာမယားလေးကို တလ ထောက်ပံ့ငွေ တလကို ၁ သိန်းခွဲ ပေးပါတယ်တဲ့။  ဒီအထဲမှာ စားသောက် စားရိတ်ပါ တခါတည်းပါပြီး
ဈေးဖိုးက လင်မယား နှစ်ယောက်စာ  တရက်ကို အနည်းဆုံး မြန်မာငွေ ၃ ထောင်ကုန်ပါတယ်တဲ့။  ၃ ထောင် X  ၃ဝ ရက်  =  ကျပ် ၉၀၀၀၀  ကျပါတယ်။
၄ သောင်းကိုတော့ လိုအပ်တဲ့ ဆန်၊ဆီ၊ဆား၊ငရုပ်ကြက်သွန် အစရှိတာတွေ ဝယ်ယူပါတယ်။  ၉၀၀၀၀  +  ၄၀၀၀၀   =  ၁၃၀၀၀ဝ ကျပ် ဖြစ်နေပါပြီ။
ကဲ ….ဇာတ်လမ်းက ဒီမှာ စတာ။  အဲဒီ နိုင်ငံခြားသားဟာ  သူနဲ ့ယူပြီးနောက်မှာ  မိန်းမကို အလုပ်က ထွက်ခိုင်းပါတယ်။ အိမ်မှာပဲနေခိုင်းပြီး နေ ့စဉ် ဈေးဝယ်၊ ချက်ပြုတ်၊
သန် ့ရှင်းရေးလုပ်၊ လျှော်ဖွတ်  စတာတွေကို လုပ်ရပါတယ်။  ပြီးတော့ သူ ့လင် ပြန်လာရင် ညောင်းတယ် ညာတယ် ဆိုလို ့ ပြုစု နိုပ်နယ်ပေးရပါတယ်။
စားသောက်ဖို ့ပြင်ဆင်ပေးရပါတယ်။  ဒါတွေ အားလုံးပြီးရင်တော့  ညအိပ်ရာဝင် နှစ်ပါးသွား ဇာတ်တော်ကြီးကို ကပြ ဖျော်ဖြေရပါတယ်။ တရုပ် ကုလားများ အိုကြီးအိုမ
မြန်မာမ မျှစ်နုတွေကို မြိန်ရှက်စွာ အားမနာတမ်း သုံးဆောင်ကြပါတယ်။   ဒီတော့  တလ ၁ သိန်းခွဲ ထဲကမှ ကျန်တဲ့  အစွန်းထွက် ၂ သောင်းနဲ ့ အနှီ အခွင့်အရေးများကို
ရရှိနိုင်သောကြောင့်  နိုင်ငံခြားသားများ အချင်းချင်းလက်တို ့ပြီး  ဝရုံးသုံးကား မြန်မာမ ယူပွဲကြီးများ ကျင်းပနေကြပါတယ်။ လှိုင်သာယာလို မျိုး စက်မှုဇုံကြီးတွေမှာ ဒါတွေက
ပိုများပါတယ်။  ဒီလောက် သက်သာတဲ့ ဈေးနှုံးနဲ ့ ဒီ Service တွေကို ရနိုင်တာ မြန်မာနိုင်ငံမှာပဲ ရှိပါတယ်။

စဉ်းစားလို ့မရတာက မြန်မာမများ နိုင်ငံခြားသားနဲ ့ လက်ထပ်တာကို ဥပဒေနဲ ့ ပိတ်ပင်ထားတယ်လို ့သိထားပေမဲ့လည်း  စက်မှုဇုံနား ရပ်ကွက်တွေမှာတော့  ရပ်ကွက်လူကြီး
မင်းများ ရှေ  ့မှောက်မှာ မြန်မာမလေးများ နိုင်ငံခြားသား သက်ကြားအို များနဲ ့ ယူကာမစဲ တသဲသဲပါပဲ။  ပြီးခဲ့တဲ့  နှစ် ၅ လပိုင်းတုံးက ကျုပ်မျက်မှန်းတန်းမိနေတဲ့  ဘွဲ  ့ရအမျိုးသမီးကောင်းလေးက  ချစ်သူကို စွန် ့ပစ်ပြီး  ပွဲစားမှ တဆင့် စိန်တဆင်စာနဲ ့ တင်တောင်းတဲ့ ၆၅ နှစ် အရွယ် တရုပ် သူဋ္ဌေးနဲ ့ ရွှေလက်တွဲလိုက်တယ်။

ဒီတော့  နိုင်ငံခြားသားများနဲ ့ တရားဝင် လက်ထပ်ခွင့် မရှိသလို  သူတို ့နိုင်ငံကို ခေါ်သွားဖို ့လဲ မဖြစ်နိုင်တာ(သားကြီးမယားကြီးေ

တွ ရှိနေလို ့)  ကို မသိလို ့လား သိရက်နဲ ့ပဲ
ဒီလိုလုပ်နေလားပဲ။  ကိုယ်ရဲ ့ရွေးချယ်မှုဆိုတာ မှန်ကန်ပေမဲ ့လဲ  လိင်လုပ်သားမဟုတ်တဲ့  အမျိုးသမီးလေးတွေဆိုတော့ စိ်တ်ထဲ ဘဝင်မကျဘူးဗျာ။
အမျိုးကောင်း သမီးတွေ  တလလုံးလုံး အိမ်ဖော်သာသာနဲ ့  လိင်ဖျော်ဖြေမှုကို  ၂ သောင်းလောက်နဲ ့ ကျေနပ်တယ် ဆိုတော့…….အင်းးးးးးးးးးးးးးးးးးးးး……………@@@@#$#%&*%%#&^

16 comments

  • etone

    February 23, 2011 at 9:28 am

    ဟုတ်ဧ။် ၊ မှန်ဧ။် … ။
    အင်ဒိုနီးရှားတွေ က စက်ရုံထဲမှာ technician အနေနဲ့ နေတော့ ပေါ်ပြူလာဖြစ်တယ်လေ.. ။ မဲသဲ ဗိုက်ရွှဲလည်း ကောင်မလေးတွေက တွဲတာပါပဲ .. ။ အနေချောင် အစားချောင်တာကို း… သူတို့နဲ့ ပတ်သတ်တဲ့ ကောင်မလေးတွေက အလုပ်မလုပ်ပဲ ခိုနေလည်း ရတယ် .. ။ ပြသနာရှိလည်း အခွင့်ရေးရတယ် … ဒါမျိုးဒါမျိုး … ။
    ပြီးခဲ့တဲ့လက သွင် ရှေ့မှာ ဖြတ်လျှောက်မိတော့ ရုပ်ရှင်ရုံ လက်မှတ်ဝယ်နေတဲ့ စက်ရုံထဲက စက်လိုင်းတစ်ခုက စူပါဗိုက်ဆာနဲ့ အဲ့ဒီ အင်ဒို ငမဲကောင်နဲ့ ပလူးပလဲလုပ်ပြီး နေတာ ကိုယ့်တောင် မမြင်ဘူး ။ အင်ဒိုကောင်မှာ မိန်းမရှိတယ် … ။ အင်ဒိုအိမ်က ထမင်းချက်ကို အစ်ကြည့်တော့ .. ဘာပြောတယ်မှတ်လဲ .. တစ်ယောက်မကဘူး နှစ်ယောက်တောင် တပြိုင်ထဲ အိမ်ပေါ် ခေါ်တင်ထားတာတဲ့ .. ။ ကောင်မလေးတွေလည်း ခက်ပါတယ် .. အဖေထက်ကြီးတဲ့ကောင်တောင် ဒီလိုနေရဲတယ် .. ။ ယိုသူမရှက်မြင်သူ ရှက်ပဲ ။

  • draungkyawkyawoo

    February 23, 2011 at 9:41 am

    နိုင်ငံခြားသား ရာထူးမြင့်တွေကတော့ ပေါ်တင်ကြီး နှာဗူးမထပေမဲ့
    စက်လိုင်းမှာနေတဲ့ နိုင်ငံခြားသားတွေကတော့ ရရင် ရသလောက်ယူမှာပဲ .. ။ အမြဲတမ်း အချောင် ဖမ်းစားဖို့ စောင့်နေတာ .. ။ ဒါကို မသိတာလား ၊ မသိချင်ယောင် ဆောင်တာလား ဘာမှန်းမသိတဲ့ ကောင်မလေးတွေကလည်း ယုံကြည်ကိုးစားပြီး အတူနေထိုင်နေကြတာ ယခုလက်ရှိထိပါပဲ … ။ ။

  • unclegyi1974

    February 23, 2011 at 3:50 pm

    ဘာကိုအပြစ်ပြောကြမလဲ
    ယူတဲ့မိန်းကလေးကိုလား
    နှမချင်း သားသမီးချင်းကိုယ်ချင်းမစာယူတဲ့သူကိုလား
    အစားချောင်အောင်ဘေးကမြှောက်ထိုးပင့်ကော်
    ပေးတဲ့သူကိုလား
    မတည်ငြိမ်တဲ့စီးပွားရေးကိုလား
    အဖြေမှန်ရှာမတွေ့သ၍…..

  • Foreign Resident

    February 23, 2011 at 11:52 pm

    ” အမျိုးကောင်း သမီးတွေ တလလုံးလုံး အိမ်ဖော်သာသာနဲ ့ လိင်ဖျော်ဖြေမှုကို ၂ သောင်းလောက်နဲ ့ ကျေနပ်တယ် ”

    But you cannot consider it as 20000 Ks.
    Actually, it’s 150000 Ks.

    ” နိုင်ငံခြားသားများနဲ ့ တရားဝင် လက်ထပ်ခွင့် မရှိသလို သူတို ့နိုင်ငံကို ခေါ်သွားဖို ့လဲ မဖြစ်နိုင်တာ(သားကြီးမယားကြီးတွေ ရှိနေလို ့) ကို မသိလို ့လား သိရက်နဲ ့ပဲ ဒီလိုလုပ်နေလားပဲ။ ”

    I think all of those girls will know it, bcoz they are in Ygn.
    May be, most of Myanmar men are so poor that
    they cannot offer nor guarantee 150000 Ks per month to her.

    ” တစ်ယောက်မကဘူး နှစ်ယောက်တောင် တပြိုင်ထဲ အိမ်ပေါ် ခေါ်တင်ထားတာတဲ့ ”

    You see, all of the girls in Myanmar will not accept this situation.
    It clearly shows money is the only cause.

    I think, it’s nothing to blame for Chinese, Indonesian nor Korean.
    If we are in foreign country &
    if we are apart from our spouse ( family ) &
    if we have a chance/situation like this,
    generally, most of the young guys will definitely follow by this way,
    since we all are human beings.

    Actually, the poorness is the basic causes of 90% of problems.
    Then, if you want to blame,
    just blame to the situation which make our men & women poor.

    • kai

      February 24, 2011 at 12:51 am

      ဒါက မြန်မာပြည်တွင်း…ပေါ့..။
      ဖြစ်ပုံကလည်း… ရှေးက ချစ်တီးတွေလိုပေါ့နော..။
      ကမ္ဘာဒီခေတ် အခင်းအကျင်းပုံစံနဲ့တော့ … မြန်မာပြည်… သိပ်တော့ မချောင်ဘူး..။ ပိုဆိုးလာဖို့ပဲ..ရှိတယ်..။

      ဆိုတော့..
      အပြင်ထွက်နေကြတဲ့အထဲ.. နယ်စပ်က မြန်မာတွေဘဝလည်း ကြည့်ပါဦး..။
      ခန္တာကိုယ်ကို ..အတင်းထိုးပေးနေတာတောင်.. မယူတဲ့သူတွေရှိသေး..။
      ငွေတခုထဲတော့ …မဟုတ်တော့ပါဘူး..။ နေရေးထိုင်ရေး..ဗီဇာကိစ္စတွေပါ အပိုပါလာတယ်ပေါ့..။

  • weiwei

    February 24, 2011 at 2:50 am

    မည်သူ့ကိုမျှ အပြစ်တင်စရာ မမြင်မိပါဘူး … အားလုံး ကျေကျေနပ်နပ် သဘောတူပြီးမှ လုပ်နေကြတာဆိုတော့ …

  • nigimi77

    February 24, 2011 at 2:51 am

    Foreign Resident ။ သူတို ့တွေရဲ ့နောက်ဆက်တွဲကို ဆက်ဖက်ပါဦး။
    ဒါတွေဟာ တဆင့် စကားနဲ ့ရေးနေတာမဟုတ်ပါ။ ကျုပ်ဟာ ဒီလုပ်ငန်းထဲမှာ အုပ်ချုပ်လုပ်ကိုင်နေသူဖြစ်လို ့
    မျက်စိရှေ ့မှာ မြင်တွေ ့နေတာတွေကို ရေးထားတာပါ။ အဓိကပေးချင်တဲ့ Source က ဒီလမ်းကြောင်းကို ရွေးချယ်တဲ့ မိန်းကလေးတွေ ဇာတ်သိမ်းမလှတာကို ပြချင်တာ။ ဆိုတော့… အားလုံးပြီးသွားရင် အားရပါးရ ဝေဖန်ပေးပေါ့။

  • nigimi77

    February 24, 2011 at 2:59 am

    ဒီ့အပြင် နိုင်ငံခြားသား တွေနဲ ့ လက်ထပ်ခွင့်ကို ဥပဒေနဲ ့ တရားဝင် ပိတ်ပင်ထားပါရဲ ့သားနဲ ့ ဒီလို လုပ်လို ့ရတာတွေကို ပြချင်တာ။ မိန်းကလေးတွေကို ရောင်းစားတဲ့ လူမှောင်ခို ပြသာနာတွေဟာ အထည်ချုပ် လောက
    မှာ အဆိုးဆုံး ပြသာနာဖြစ်တဲ့ အပြင် ဒီလောကထဲက လူတွေချဉ်းပဲ။ ဒါတွေကို ခင်ဗျားတို ့ကျွန်တော်တို ့ စာပေနဲ ့တတ်နိုင်ရင် စာပေနဲ ့ကာကွယ်ပေးခြင်းဟာ နိုင်ငံသား တစ်ယောက်ရဲ ့တာဝန်ကို ထမ်းဆောင်ရာရောက်ပါတယ်။

    • Foreign Resident

      February 24, 2011 at 11:01 am

      By the way,

      ” နိုင်ငံခြားသား တွေနဲ ့ လက်ထပ်ခွင့်ကို ဥပဒေနဲ ့ တရားဝင် ပိတ်ပင်ထား”
      ” Human Trafficking Law ”
      I think this law is wrong in certain extent (at least),
      It jeopardizes Human Right & Democracy,
      All ladies have the right to marry any men whether foreigner or not.

      Moreover,
      this law prevent our decent lady to become legitimate wife,
      instead this law pushes them to become merely keepings.

      How do you think ?
      I wish, somebody need to make one article !!!
      Isn’t it interesting ?

  • bigcat

    February 24, 2011 at 4:22 am

    ခက်တယ်ဆရာရေ။ လူတွင်ပါလို့ကျားကိုက်တာမဟုတ်လား။ ကျနော်မြန်မာပြည်မှာရှိတုန်းက အလုပ်က နိုင်ငံခြားသားမန်နေဂျာတဦးက သူ့အတွင်းရေးမှူးနဲ့ဖြစ်နေတယ်။ မန်နေဂျာကလည်း သူ့တိုင်းပြည်မှာသာကြွက်စုတ် မြန်မာပြည်မှာကျားဖြစ်နေတော့ ပွေရှုပ်သလားမပြောနဲ့။ ယောက်ျားခြင်းမို့ မထူးဆန်းပေမဲ့ အတွင်းရေးမှူးမက လင်ရှိလျက်သားနဲ့ အချိန်ပိုင်း မယားငယ်လုပ်တယ်။ ဒီတော့ အရှိန်အဝါကြီးသပေါ့။ ညနေအလုပ်ဆင်းလို့ အိမ်ပြန်တဲ့အခါ သူမလာမခြင်း ကားမထွက်နိုင်ဘူး။ ဖြစ်ပါများတော့ ပြောတဲ့အခါ ကားကပျက်သလို တခုခုလိုနေသလိုနဲ့ သူလာမှ ကားကထွက်နိုင်တယ်။ တခြားဖယ်ရီကားတွေကလည်း သူ့လမ်းကြောင်းနဲ့သူ၊ ပြီးတော့ စက်ရုံမော်တော်ယာဉ်တွေအားလုံးကို သူ့ဌာနက ချုပ်ထားတော့ အောင့်အီးသီးခံပြီးနေကြရတာပဲ။ ဌာနခြင်းမတူတဲ့ ကျနော်တို့အဖို့ကတော့ အနိုင်ကျင့်ခံရခြင်း တမျိုးပါပဲ။

  • shwe

    February 25, 2011 at 5:33 am

    ကိုကြောင်ကြီးပြောတာမှန်ပါတယ် . တချို.တွေက နိူင်ငံခြားသားနဲ့တွဲရရင်ကို အဲဒီလူဘာဆိုတာ ကိုယ်လဲဘာဖြစ်သွားလဲ ဆိုတာ သိတ်မစဉ်းစားတေားပါဘူး .
    စားဝတ်နေရေးသိတ်ခက်လို. အခြေနေအရ ဖြစ်ရတယ်ဆိုတာ လက်ခံနိူင်ပေမဲ့
    အခုအများစုက အဲလိုဖြစ်တာကို ဂုဏ်တခုလို့မြင်နေကြတယ်. ဒါတောင် ကျမတို့နိုင်ငံက ဒေသတွင်းမှာအဆင်းရဲဆုံး . Foreign Investment and foreigners နေတာ အနည်း ဆုးံပါ။

    အိမ်နီးချင်းနိုင်ငံက မိန်းကလေး(ကြီး လတ်ငယ်) အများစုက အဲလိုဖြစ်နေကြပါပြီ.အလှအပပြုပြင်စရာ၊အသုံးအဆောင်ကလဲပေါများ.
    ရသမျှနဲ့လဲ မရောင့်ရဲ ကြတော့ပါဘူး .

    ကျမတို့နိုင်ငံ Policy change ရင်နိင်ငံခြားသားတွေဝင်လာပြီး ဒါထက်ပိုပြီးဆိုးဘို့ပဲရှိပါတယ်.
    ကျမတို့နိုင်ငံ Policy change မလုတ်ရင်လဲ ကျမတို့နိုင်ငံက အောက်ဆုံးကတွက်ရင် ပတမဖြစ်တော့မယ် .ပြီးတော့ နိုင်ငံဆင်းရဲတော့ မယား အသစ်ကလေး မဟုတ်တော့ဘဲ မဟုတ်တာ လုပ်စားရတဲ့ မိန်းကလေးတွေဖြစ်ကုန်မယ်.
    အခြေအနေတခုက မရှောင်နိူင်ဘဲ (ဖြစ်လာမှာကို)ကြိုမှန်းလို့ရတယ်ဆိုရင်
    ” နိုင်ငံခြားသား တွေနဲ ့ လက်ထပ်ခွင့်ကို ဥပဒေနဲ ့ တရားဝင် ပိတ်ပင်ထား” တာ က အဖြေမဟုတ်ဘူးလို့ ကျမကတော. မြင်ပါတယ် .
    ကျမကိုတိုင် နိုင်ငံခြားသားမုန်းပါတယ် နိုင်ငံခြားသားအများစုက developing countries ကိုလာပြီး လူတွင်ကျယ်လုတ်တယ်လိုမြင်ပါတယ်.

    ဒါပေမဲ့ အဲဒီဥပဒေက တစုံတယောက်ကိုတိုက်ခိုက်ချင်တာနဲ့ ပဲ . အဲဒီဥပဒေကြောင့် နိုင်ငံခြားသား တွေနဲ ့ လက်ထပ်တဲ့မြန်မာမလေးတွေကို (ရေရှည်မှာ) မကာကွယ်ရာရောက်နေသလား့ပဲ
    ဆွေးနွေးပေးပါဦး

  • nigimi77

    February 25, 2011 at 9:40 am

    မရွှေ ။ အဲဒီ ဥပဒေက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ချင်လို ့ ထုတ်ထားတဲ့ ဥပဒေ မဟုတ်ပါဘူး။
    ၂၀၀ရ ခုနှစ် လို ့ထင်ရတာပဲ ။ အဲဒီ အချိန်က ကျုပ်လဲ ဒီနိုင်ငံမှာ မရှိတာကြောင့် သေချာတော့ မသိပါ။
    နိုင်ငံခြားသားတွေနဲ ့ လပ်ထပ်ပြီး မြန်မာမတွေကို သူတို ့ဆီမှာ ရောင်းစားတယ်၊ လိင်လုပ်သား အဖြစ် စေခိုင်းတယ်
    ဆိုတာတွေ ပြသာနာ တော်တော် ကြီးကြီးမားမား ဖြစ်ပြီးတဲ့ နောက် ဒီ ဥပဒေ ထုတ်လိုက်တယ်လို ့အကြမ်းဖျဉ်း သိရပါတယ်။

  • shwe

    February 25, 2011 at 11:27 am

    nigimi77 ရေ . အမဆိုလိုချင်တာက အဲဒီ ဥပဒေ ထုတ်ထားတာတောင် ဆက်ဖြစ်နေတယ် . တရားမဝင်ဖြစ်လာတယ် အဲတော့ အဲဒီ ဥပဒေ က ဘယ်သူ ကို ဖေဗာ ပေးနေလဲဆိုတော့ နိုင်ငံခြားသားတွေ အတွက်ပိုအလေးသာနေတယ်လို့ထင်တာပဲ ( the law is not working properly as some girls are still getting marriage with foreigners )

    တကယ်ကတော့ ဒီအကြောင်းတွေကို တာဝန်ရှိသူတွေ အများကြီးပြန်ပြီးစဉ်းသားသင့်ပါတယ်

    nigimi77 ပိုစ့်တင်တာကိုလည်းကျေးဇူတင်ပါတယ် မြန်မာအမျိုးကောင်းသားတယောက် အနေနဲ့ ပြောသင့်တာကိုပြောလို့ပါ ။

  • bigcat

    February 26, 2011 at 6:43 am

    စာချုပ်စာတမ်းနဲ့ယူတာ၊ အသိသက်သေတွေနဲ့ယူတာ အဆိုးချည်ပဲတော့ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်မှာတော့ တရားဝင်ဖြစ်တယ်၊ ဒီတော့ပတ်ဝန်းကျင်ရဲ့ အပြောအဆိုကနေ သက်သာမယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲနဲပါးပါးရမယ်၊ ဘာသာရေးရှုထောင့်ကကြည့်ရင်လည်း အပြစ်လွတ်တယ်ပေါ့။ အရေးကြီးတာ ဥပဒေအရ လူမှုရေးစံနှုန်းတွေအရ အကာအကွယ်ပေးနိုင်ဖို့ပါ။ ကိုလိုနီခေတ်တုံးက မြန်မာမတွေ လူမျိုးခြား ဘာသာခြားတွေနဲ့ယူပြီး ပြဿနာ တစုံတရာဖြစ်တဲ့အခါ၊ ဆိုင်ရာဘာသာတရား ဥပဒေသတွေကလဲ မျက်နှသာမပေး၊ တရားရုံးစာချုပ်စာတမ်းလဲ မရှိဆိုတော့ ကိုယ့်ဖက်ကအရှုံးချည်ပါပဲ။
    တရားဝင်အောင် လုပ်ပေးပြန်တော့လည်း လူမှောင်ခိုအကူးခံရ၊ ဆင်းရဲတွင်းကလွတ်အောင် ဖြတ်လမ်းနည်းသုံးကြနဲ့ ဘယ်ဘက်မှမလွတ်ပါဘူး။
    အဓိကလိုတာ ဘယ်သူနဲ့ယူယူ ကိုယ့်ဖက်ကတာလုံဖို့ပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရဲရဲဝံ့ဝံ့ လုပ်တတ်ကိုင်တတ်ရှိဖို့ပါ။ ခက်တာက လူတွေကို အနောက်နိုင်ငံတွေကို အတုယူဖို့ မြောက်ပေးလိုက်ပြန်တော့ သူတို့ဆီက လွတ်လပ်မှုကိုသာယူပြီး စည်းကမ်းရှိမှု ပေးဆပ်မှုတို့ကို မျက်ကွယ်ပြုလိုက်တာပါ။ တိုးတက်တဲ့နိုင်ငံတွေရဲ့ လူနေမှုစတိုင်ကိုယူပြီး အလုပ်ကြတော့သူတို့လို လုပ်ရကောင်းမှန်း စည်းကမ်းလိုက်နာရမှန်းမသိကြတော့ အတုခိုးကောင်းတဲ့ အာရှ၊ အာဖရိက၊ အမေရိကတိုက်က နိုင်ငံလေးတွေ ရှိရင်းစွဲ ရိုးရာယဉ်ကျေးမှုတန်ဖိုးတွေပျက်ပြီး လိင်ကိစ္စ အပျော်အပါး စတာတွေပဲ တင်ကျန်ခဲ့ပါတယ်။ မြန်မာပြည်မှာလည်း တရားဥပဒေစိုးမိုးမှု မရှိသ၍ လွတ်လပ်တဲ့ နိုင်ငံရေးစနစ်မရှိသ၍ ဘာလုပ်လုပ် အထက်အောက်ဆက်ဆံရေးဖြစ်တာမို့ အောက်ခြေလူထုနဲ့ ကင်းကွာနေလို့ မိုးလောက်ကြီးပြောပြော ဘာဥပဒေထုတ်ထုတ် ထူးပြီးဖြစ်မလာပါဘူး။ ကျနော့အမြင်ကတော့ ကိုယ့်လူမျိုး ဓလေ့စရိုက်ကို ကာကွယ်ထိန်းသိမ်းဖို့ ကြိုးစားတာ အကျိုးသင့်အကြောင်းသင့်ဆို လက်ခံပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့၊ ပညာတတ်၊ ကိုယ်ဘာလုပ်နေတယ်ဆိုတာသိတဲ့ အမျိုးသမီးများအတွက်တော့ မိမိနှစ်သက်ရာလမ်းကို ရွေးချယ်ပိုင်ခွင့်ပေးရပါမယ်။

  • naywoonni

    February 26, 2011 at 10:12 am

    အခုကိစ္စကို ကျွန်တော်ကဒီလိုမြင်တယ်။ ဘယ်သူ့မျက်နှာမှ မထောက်ပဲပြောမှာနော်။ ဒီမှာ ဒီလိုဖြစ်နေတာတွေက ဆင်းရဲလို့လည်း မဟုတ်ဘူး။ ငတ်လို့ဆိုတာလည်း လူကြားကောင်းအောင်အကြောင်းပြနေတာ။ ဒီလိုဖြစ်ချင်လို့ကို ဒီလိုလုပ်နေကြတာ။ ပြီးတော့ အလုပ်သာထွက်လုပ်နေကြတာ ကိုယ်လုပ်နေတဲ့ အလုပ်ကို စိတ်ပါဝင်စားလုပ်တဲ့ သူက လက်ချိုးရေလို့ရတယ်။ လုပ်ချင်တာမဟုတ်ဘူး။ အဲဒိတော့ အနေအစား ချောင်ရင်ပြီးရော…။ ဘယ်လိုနေရနေရဆိုတဲ့ အတန်းအစားတွေက ဖြစ်ကုန်တာပါ။ ဆင်းရဲလို့ ငတ်လို့ သာဖြစ်ရမယ်/ ဆင်းရဲတိုင်း ငတ်တိုင်း သာဖြစ်ရမယ်ဆိုရင် မြန်မာပြည် မိန်းမကောင်း ကျန်မှမဟုတ်ဘူး။ ကိုယ့် အကျင့် သိက္ခာကိုယ်စောင့်ထိမ်းတဲ့သူတွေ ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်း နေတတ်တဲ့သူတွေ အများကြီးရှိပါသေးတယ်။ ပွဲစား ဆိုတာကတော့ ပွဲခရရင်လုပ်မှာပဲ။ ဥပဒေ ကိစ္စကလည်း ကိုယ်နဲ့လက်လှမ်းမီတာမဟုတ်ဘူး။ ထားလိုက်ဦး ။ ဥပဒေ ပြဌာန်းထားလည်း လက်တစ်လုံးခြားလုပ်မဲ့ဟာတွေ။ အဓိက ငွေရလွယ်တယ်။ အနေအစားချောင်တယ်။ ဒါကို မျက်စေ့အောက်တင်ကြည့်ပြီး လုပ်နေကြတာတွေပါ။ သူ့လမ်းနဲ့သူ သွားပါစေ။

  • shwe

    February 26, 2011 at 11:54 am

    ကိုကြောင်ကြီးရေ
    Thank you
    that is exactly what I want to mean .

Leave a Reply