Fwd: ဒဏ်ရာတွေများရှိနေယင်..……….….
သူငယ်ချင်းတို့ေ၇…
ဒီစာလေး ဖတ်ပေးပါအုံး…. သိပ်ကောင်းတဲ့ စာလေးပါ….ဒီစာလေးဖတ်ပြီ
ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်…………..
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ……….
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃ရချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိူင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိူင်တဲ့နေ့ကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိူင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိူင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိူင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိူင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ဝင်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိူင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်…..
6 comments
bigbird
February 27, 2011 at 11:56 am
forwarded mail မှကူးယူဖော်ပြပါသည်။
သူတစ်ပါးအပေါ်တွင် သံရိုက်ရာကဲ့သို ့အမာရွတ်တစ်စုံတစ်ရာ မကျန်ကြလေအောင် မိမိ၏စိတ်အားထိန်းနိုင်ကြမည်ဆိုပါက ဆက်လက်ဖြန် ့ဝေ သော ကျွန်တော်ငှက်ကြီးစာရေးသူနှင့်ထပ်တူ ဝမ်းသာကျေနပ်မိမှာ မလွဲဧကန်ဖြစ်ပါကြောင်း….
MaMa
February 28, 2011 at 1:47 am
ဒီပိုစ့်ကိုဖတ်ပြီး စာရေးသူကိုရော၊ ဆက်လက်ဖြန့်ဝေပေးတဲ့ ကိုငှက်ကြီးကိုရော ကျေးဇူးတင်ပါတယ်။ မိမိစိတ်ကိုထိန်းခြင်းဖြင့် ကိုယ့်ကိုကိုယ်ရော သူတစ်ပါးကိုပါ အမာရွတ်မကျန်စေပဲ နေပျော်တဲ့ဘဝ၊ ကြည်မြတဲ့ဘဝင်၊ ရွှင်လန်းတဲ့စိတ်တွေကို ရရှိကြမှာပါ။
ယောလေး
February 28, 2011 at 10:55 am
တော်တော်ကောင်းတဲ့ ပိုစ့်လေးပါ…
ကျေးဇူးတင်ပါတယ်…
manawphyulay
March 2, 2011 at 12:51 pm
ရန်ကုန်တစ်မြို့လုံးလည်း သံတွေပြည့်နေပါပြီ….. ထိန်းလို့ရသေးဘူး…. 😛
soungthazin
March 3, 2011 at 11:30 am
ကောင်းပါတယ် အမှန်တရားကိုမြင်သွားပါပြီ
Gong Zhu
March 7, 2011 at 4:11 pm
ဒေါသတစ်ကယ်ဖြစ်ရင်လေ ဘာမှကိုမထိန်းချုပ်နိုင်တာနော် … တစ်ဖြည်းဖြည်းနဲ့တော့ အဆင်ပြေလာမှာပါ )