လက်ပံပင်တန်း


ဒီပုံလေးကတော့စစ်ကိုင်းကိုသွားတဲ့ကန်ပါတ်လမ်းမှာတွေ့တဲ့လက်ပံပင်ကို သဘောကျလို့မှတ်တမ်းတင်ထားတာပါ။
ဒီလက်ပံပင်သုံးပင်ရဲ့သက်တမ်းကတော့တော်တော်လေးရင့်ပြီလို့ထင်ရပါတယ်။
အပွင့်တွေဝေနေအောင်ပွင့်နေပြီး အပင်ပေါ်မှာ ဇရက်တွေ အုံခဲလို့အသံတွေပေးနေပါတယ်။
လှပတယ်လို့ ထင်ရလို့တင်ပေးလိုက်ပါတယ်။

4 comments

  • ဆူး

    March 1, 2011 at 3:28 pm

    လက်ပံပင် ဆက်ရက်ကျ ဆိုတာ အဲဒါဘဲပေါ့။
    ဆူညံ နေမှာဘဲ..
    နောက် စကားပုံ တခု ရှိသေးတယ်။
    ကုလားတိုက် ကျားကိုက် သလား အောင့်မေ့ ရတယ်။
    နောက်ထပ် ဆိုလို ရင်း တူတာ တွေ ရှိသေးလား ထပ်ပြီး သိသေးရင် ရေးကြပါအုန်း။

  • kai

    March 2, 2011 at 11:15 am

    ကြားဖူးတာကတော့..ကုလားသိုက် ကျားဝင်ကိုက်တဲ့..။
    သိုက်..ဆိုတာက..အသိုက်အမြုံကို ပြောတာထင်ပါတယ်..။

    ဆိုလိုရင်းတူတာနောက်တခုက..
    နှိုက်ကလပ်ထဲ သီချင်းမြူးတဲ့..။
    နှိုက်ကလပ်ထဲ… သီချင်းမြူးမြူးလေးတွေဖွင့်လိုက်ရင်… ဆူညံပြီး ဘာမှမကြားရတော့ဘူး..။
    အခုလေးတင် ထွင်လိုက်တာ… အသစ်.. 🙂

  • ဆူး

    March 2, 2011 at 12:28 pm

    သိုက် ဆိုတော့ လည်း သိုက်ပေါ့.. တိုက်လို့ ထင်တာ..
    အိမ်ရာ တိုက်တာ တွေ မှာ နေတဲ့ ကုလား တိုက် ကို ဆိုလိုတယ် ထင်တာဘဲ။
    မိသားစုများတော့.. တိုက် တခု ဆို လူများတော့.. အဲလို ထင်တာ..
    သေချာတော့ စာဖတ်ထားတာ မဟုတ်ဘူး.. နားနဲ့ ကြားတာ မှတ်ထားတာ.. အသံခပ်ဆင်ဆင် ဆိုတော့.. မှန်ချင်လည်း မှန်မှာပေါ့။

  • unclegyi1974

    March 2, 2011 at 4:09 pm

    မှန်ချင်လည်းမှန်မှာပေါ့မဟုတ်ပါဖူး ဆူး ရေ
    ကိုခိုင်ပြင်ပေးတာမှန်ကိုမှန်ပါတယ်
    လက်ပံပင်မို့ကိုပေါက်ရိုက်ဖို့ကျန်နေတာ
    ကိုက္ကိုလ်ပင်ဆိုရှိတော့မှာမဟုတ်ဖူး
    ဆင်အဖြစ်အသွင်ပြောင်းပြီးပြည်ကြီးသွားတော့မှာ

Leave a Reply