ဘောင်တွေကို ကျော်ကြည့်ပါ။

nigimi77March 5, 20111min1915

အမေရိကန်တွေ အာကာသထဲ့သွားတော့ကမ္ဘာ့မြေဆွဲအားမရှိတော့တဲ့ ဟင်းလင်းပြင်မှာသူတိုု့ ဘောပင်တွေက မှင်မထွက်တော့တာတွေ့ရတယ်။ဒီတော့ ပညာရှင်တွေနာရီထောင်ပေါင်းများစွာသုတေသနလုပ်၊ပိုက်ဆံဒေါ်လာသန်းပေါင်းများစွာသုံးပြီးချိန်မှာ pump pen လို့ခေါ်တဲ့ ဖိအားပေးပြီးသုံးရတဲ့ဘောလ်ပင်ကိုတီထွင်နိုင်ခဲ့တယ်။အမေရိကန်ရဲ့ပြိုင်ဖက်ဆိုဗီယက်တေတွကအမေရိကန် ဒီပြသာနာဖြစ်နေတာကို သိတယ်။ သူတို့ကတော့အချိန်နာရီမကုန်ဘဲ ပိုက်ဆံလည်း ဘာမှ မကုန်ဘဲ ဒီပြသာနာကိုဖြေရှင်းလိုက်တယ်။
ဒါကတော့ သူတို့ အာကာသယာဉ်မူး တွေကို ခဲတံတွေပေးပြီး သုံးခိုင်းလိုက်တာပါ။
ဒီပြသာနာကို ပြန်ကြည့်ရင် အမေရိကန်တွေဟာ နည်းပညာရဲ့ ဘောင်ခတ်မူကိုခံရပြီးဘောင်ထဲက စဉ်းစား အဖြေရှာခဲ့တာ ဖြစ်တယ်။
ဘောလ်ပင်ဟာ အောက်ကိုစိုက်ရေးမှ ကမ္ဘာ့မြေဆွဲအားနဲ့ မှင်ထွက်တယ်ဆိုတဲ့ယူဆချက်ကို ကိုင်ပြီး မြေဆွဲအားမရှိရင် မြေဆွဲအားလို မှင်ကို ထွက်စေဖို့ဘယ်လိုလုုပ်မလဲဆိုတဲ့ သိပ္ပံဆိုင်ရာ ယူဆချက်ဘောင်ထဲက စဉ်းစားခဲ့တာဖြစ်တယ်။
ဆိုဗီယက်တွေကတော့ ဘောလ်ပင် ရေးမရင် ရေးရတာ ဘာရှိလဲလို့ လွတ်လပ်စွာစဉ်းစားခဲ့တာဖြစ်တယ်။ဒီတကယ့်ဖြစ်ရပ်မှတ် အဖြစ်အပျက်လေးက ဘာကိုပြောနေသလဲဆိုတော့ လူတွေက သိခြင်းတတ်ခြင်းဆိုတဲ့ဘောင်တွေခတ်ခံထားနေရပြီးအဲဒီဘောင်တွေထဲကနေပဲ စဉ်းစားလုပ်ကိုင်နေကြတယ်ဆိုတာပါပဲ။
နောက်ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ခု ပြောပြချင်ပါတယ်။အီတလီနိုင်ငံတူရင်မြို့မှာ ကုလသမဂ္ဂ အရာရှိတွေရဲ့ ဦးစီးတက္ကသိုလ်ရှိတယ်။ သိတဲ့အတိုင်းကုလသမဂ္ဂ အရာရှိဖြစ်တယ်ဆို ကတည်းက နိုင်ငံတကာ ထိပ်သီးတက္ကသိုလ်တွေကပါရဂူဘွဲ့တွေ၊ မဟာဘွဲ့တွေရထားတဲ့ တကယ့် ပညာရှင်ကြီးတွေပေါ့။
အဲဒီလူတွေကိုမေးခွန်သုံးခုမေးတယ်။ ဘယ်သူမှ မဖြေနိုင်ဘူး။ ဖြေတဲ့အဖြေတွေကလည်း လက်မခံနိုင်တဲ့ အဖြေတွေ၊ ဒါနဲ့ကျောင်းအုပ်ကြီးကအဲဒီလူတွေကို ဘေးနားက မူကြိုကျောင်းလေးကို ခေါ်သွားပြီးကလေးတွေကိုအဲဒီမေးခွန်မေးတော့ကလေး အကုန်နီးပါးက ဖြေနိုင်တာကို တွေ့ရတယ်။ဘာလို့ဖြေနိုင် သလဲဆိုတော့ ကလေးတွေမှာ ဘာအသိပညာ၊ အတတ်ပညာ ဘောင်တွေမှခတ်ထားခြင်း မခံရသေးလို့ လွတ်လပ်စွာ စဉ်းစားနိုင်ခဲ့တယ်ဆိုတာ တွေ့ရတယ်။
အဲဒီမေးခွန်းတွေကတော့
(၁) ဆင်နဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲ ဘယ်လို့ ထည့်မလဲ။
(၂) တောဘုရင် ခြင်္သေ့ ကြီးက တောနေသတ္တဝါအားလုံးကို အစည်းဝေးခေါ်တယ်။ဘယ်သူတွေမလာဘူးလဲ၊ဘာလို့ မလာတာလဲ။
(၃) မိချောင်းတွေပေါတဲ့ချောင်းကို ရေထဲဖြတ်ပြီးဘယ်အချိန်ကူးမလဲဆိုတဲ့မေးခွန်းသုံးခုပါ။
ကဲ…….သင်စဉ်းစားပြီး ဖြေကြည့်ပါ။ ဒါပေမဲ့ ပြောနိုင်တာ တစ်ခုကတော့သင်လည်းသိမြင်တတ်သိထားတဲ့ ပညာဘောင်တွေထဲကပဲ စဉ်းစားပြီး အဖြေမရနိုင်ဘူးဆိုတာပါပဲ။
နောက်ဖြစ်ရပ်မှန်တစ်ခု ကတော့ ပေါင်ဒါကုမ္ပဏီတစ်ခုမှာ ဖြစ်တာပါ။ အဲဒီကုမ္ပဏီ ဟာ မာကတ်တင်း(Marketing) နည်းမျိုးစုံ သုံးပြီးအရောင်းမြင့်တင်ခဲ့ရာမှ အရောင်းက တစ်ရှိန်ထိုး တက်ပြီး တစ်နေရာမှာအရောင်းတန့်သွားပါတယ်။ ကုမ္ပဏီပိုင်ရှင်က အစည်းဝေးခေါ်ပြီး အရောင်းကိုနောက်ထပ်သုံးပုံတစ်ပုံတက်ချင်သေးတယ်။ ဒါပေမဲ့ ကွာလတီလည်း မလျှော့ဘူး၊ဈေးလည်း မတင်ဘူး၊ ပေါင်ဒါတစ်ဘူးစီမှာထည့်တဲ့ ပေါင်ဒါမူန့် အလေးချိန်လည်းမလျှော့ဘူးလို့ ပြောပါတယ်။ စီနီယာ မာကတ်တင်းတွေက အကြံတွေ တစ်ခုပြီးတစ်ခုပေးပေမယ့် အသုံးမတည့်ဘူးဖြစ်နေတယ်။အဲဒီအချိန် နောက်ဆုံးမှာ ကုတ်ကုတ်လေးထိုင်နေတဲ့ မာကတ်တင်း ဝန်ထမ်းကလေး က ထပြီး အကြံတစ်ခု ပေးပါတယ်။ကျန်တဲ့သူတွေ က သူပေးတဲ့ ကို ဝိုင်ရယ်ပေးမယ့် အဲဒီ့ ကုမ္ပဏီ ဟာဒီဝန်ထမ်းအသစ်လေး ပေးတဲ့ အကြံနဲ့ ပဲ အရောင်းသုံးပုံတစ်ပုံတက်သွားတယ်။ သူဘာအကြံပေးခဲသလဲ? သူပေးတာကတော့ ပေါင်ဒါသုံးသူတွေ ပုံမှန်ထက် အချိန်သုံးပုံးတစ်ပုံ စောပြီး ကုန်အောင်လက်ရှိ ပေါင်ဒါဘူးက အပေါက်တွေရဲ့အကျယ်ကို သုံးပုံ တစ်ပုံထပ်ချဲု့ ပေးဖို့ပါ။သင်ရော ဒီလို တွေးမိခဲ့ပါလား?
အမေရိကန်ရဲ့ ပထမဆုံး သမ္မတ ဂျော့ချ်ဝါရှင်တန် ငယ်စဉ်က သူ့အိမ်ကပန်းသီးပင်ကြီးကို ပုဆိန်နဲ့ ခုတ်လှဲခဲ့ပါတယ်။ အဖေက ဘာလို့ ခုတ်လှဲခဲ့သလဲဆိုပြီး ဆူတော့ ဂျော့ချ်ဝါရှင်တန် က သူ့အပြစ်ကို ဝန်ခံပါတယ်။ သူ့အဖေကလည်းသူ့ကို မရိုက်ပါဘူး။ ဒီနေရာမှာ ဘာလို့ အဖေက မရိုက်တာလဲဆိုတဲ့ မေးခွန်ကိုကျောင်းတွေ တော်တော်များများမှာ မေးခဲ့ကြပြီး ဆရာတွေကိုသူတို့တပည့်တွေပေးတဲ့ စံပြ အဖြေကတော့ အပြစ်ကို ဝန်ခံလို့ မရိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ ကလေးတစ်ဦးကတော့ ဂျော့ချ်ဝါရှင်တန် လက်ထဲမှာ ပုဆိန်ကြီးကိုင်ထားလို့ သူအဖေက သူရိုက်ရင် ထခုတ်မှာစိုးလို့ မရိုက်တာလို့ဖြေခဲ့ဖူးပါတယ်။ ဒါရော အဖြေမှန်တစ်ခု မဖြစ်နိုင်ဘူးလား။ ဒါပေမဲ့ ပညာတွေ။ယဉ်ကျေးမူ ထုံးတမ်း ဓလေ့တွေနဲ့ဘောင်ခတ်ထားတဲ့ ဒီကမ္ဘာမှာ ဒီကလေးရဲ့ အဖြေကမှတ်တမ်း တင်မခံခဲ့ရပါဘူး။
ခုနက မေးခွန်သုံးခုရဲံ အဖြေတွေကို အခု ဖြေပေးပါမယ်။
(၁)အဖြေကတော့
ဆင်နဲ့ သစ်ကုလားအုတ်ကို ရေခဲသေတ္တာထဲကို ထည့်မယ်ဆိုရင် ရေခဲသေတ္တာရဲ့တံခါးကိုဖွင့်ပြီးမှ ထည့်လိုရမှာ ဖြစ်လို့ပထမအဖြေကတော့တံခါးဖွင့်ထည့်ရမယ်ဆိုတာပါပဲ ဖြစ်တယ်။
ရေခဲသေတ္တာဟာ ဘယ်အရွယ်ပဲရှိတယ်ဆိုတာ သိတဲ့သူတွေက ဒီအဖြေကိုမပေးခဲ့တာဖြစ်ပါတယ်။ ရေခဲသေတ္တာ ကိုဒီအကောင်တွေထည့်ဖို့ ကြီးကြီးလုပ်ရင်မရဘူးလား။ ရေခဲသေတ္တာဆိုတာ ဘယ်အရွယ်ထက်မကြီးရဘူးလို့ ကန့်သတ်ထားလိုု့လား။မထားပါဘူး။ ကိုယ်မြင်ဘူးတဲ့ အတိုင်းအတာကြောင့် ယုတ္တိကျတဲ့အဖြေကိုမပေးခဲ့ကြတာပါ။
ဒီတစ်ခုအဖြေရရင် ကျန်တာတွေက လွယ်သွားပါပြီး။
(၂)အဖြေကတော့
ခြင်္သေ့ကြီးခေါ်တဲ့ အစည်းအဝေးပျက်ကွက်တာ ဒီနှစ်ကောင်ပေါ့။ သူတို့ကရေခဲသေတ္တာထဲ အပိတ်ခံထားရတာကိုး။
(၃)နောက်ဆုံးအဖြေ
ကို ဒီအချိန်ဆို သိလောက်ပြီထင်ပါတယ်။ မိချောင်းတွေ အစည်းဝေးတက်နေချိန်မှာချောင်းကို ဖြတ်ကူးမှာပေါ့။
တကယ်တော့ ဘောင်တွေ၊ စည်းတွေကို ကျော်ပြီး စဉ်းစား ကြည့်ရင် လောကမှာခက်ခဲတယ်ဆိုတဲ့ ပြသာနာတွေရဲ့ အဖြေဟာ ရှင်းရှင်းလေးတွေပါဆိုတာ ဒီဥပမာအရသိနိုင်ပါတယ်။ ဒါကြောင့် လည်း ကမ္ဘာကြီးမှာ အခုဆိုရင် out of the boxဆိုတဲ့ စကားခေတ်စားလာပါတယ်။ စည်းမျဉ်းဘောင်ခတ်သတ်မှတ်ချက်တွေအပြင်ဘက်ကနေတွေးတော ကြံစည်တာ ဖြစ်ပါတယ်။ နောက်နောင်သင့်ဘဝမှာ ခက်ခဲတဲ့ ပြသာနာတွေ ရင်ဆိုင်ရရင်ဘောင်တွေ စည်းတွေ မခတ်ဘဲလွတ်လွတ်လပ်လပ် စဉ်းစား ကြည့်ပါ။ သင့်အတွက် အကောင်းဆုံးနဲ့အသင့်လျော်အဖြေက လွယ်လွယ်လေးနဲ့ ရလာပါလိမ့်မယ်။

5 comments

  • ကိုငြိမ်းချမ်း

    March 5, 2011 at 12:40 pm

    ကောင်းတဲ့ Post တစ်ပုဒ်ပါ၊ ဆက်ရေးဗျာ.. အားပေးပါတယ်။

  • cherrykoko

    March 5, 2011 at 3:03 pm

    တွေးတောပုံတွေးတောနည်းလေးတွေပေါ့..စဉ်းစားဖြေကြည့်ရတာ ပျော်စရာကောင်းပါတယ်..ပြသနာတစ်ခုကိုအဖြေရှာတဲ့အခါ သမရိုးကျရှုဒေါင့်ကနေသာမက တခြားရှုဒေါင့်တွေကနေပြောင်းလဲဉာဏ်ကွန့်လို့ တွေးတော အဖြေရှာရင် အဖြေကောင်းတစ်ခုရနိုင်တာကိုပြောချင်တာပါ
    ဆရာချစ်ဦးညိုစာပေပောာပြောပွဲမှာပြောသွားတာလေးပြန်ပြောချင်ပါတယ်…. မကြာမကြာလည်းဒီမေးခွန်းလေးကိုမေးကြပြောကြတာကြားဖူးနေကြမှာပေမဲ့ သူစဉ်းစားပုံလေးသဘောကျလို့ထပ်ရေးပြချင်တာပါ..နဲနဲကွဲလွဲမှုရှိနိုင်ပေမဲ့ လိုရင်းအချက်ပါအောင်အတတ်နိုင်ဆုံးဖောက်သည်ချချင်ပါတယ်…ဒီလိုပါ..
    အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦး ပာာ မိုးမှောင်ကျပြီး တလောကလုံး မည်းမှောင်နေတဲ့ညတစ်ညညဉ့်နက်နက်မှာ နှစ်ယောက်စီး ပြိုင်ကားသေးသေးလေး တစ်စင်းကိုသတိထားပြီးမောင်းလာပါတယ်…ဒီလိုလာရင်းနဲ့ လမ်းမှာ လူသုံးယောက်ကသူ့ကားကို လမ်းကြုံလိုက်ချင်လို့လှမ်းတားနေကြတာကိုကားမီးရောင်နဲ့တွေ့လိုက်ရပါတယ် ..သူကားကို ရပ်လိုက်ပါတယ်….ကားတားသူတွေကိုမြင်လိုက်ရတော့ သူ အကြပ်ရိုက် သွားရပါတယ်…
    တစ်ယောက်က အသက် ၈ဝ ကျော်လောက်အဖွားအိုတယောက်ပါ
    နောက်တစ်ယောက် က သူ့ရဲ့ ကျေးဇူးရှင်ဆရာသမားတယောက်ပါ
    နောက်တစ်ယောက် က သူသိပ်မြတ်နိုးတွယ်တာနေရတဲ့ သူ့သူငယ်ချင်းမလေးတယောက်ပါ….
    ပြသနာက ဘယ်သူ့ကိုသူတင်ခေါ်ရမှန်းစဉ်းစားမရအောင်ဖြစ်ရပါတယ်..သူ့ကားက သူနဲ့မှ တစ်ယောက်ပဲထပ်တင်လို့ရမှာကိုး…ကားတားတဲ့လူသုံးယောက်စလုံးကလည်းကားနဲ့တင်ခေါ်သင့်တဲ့သူတွေချည်းပါပဲ…….
    အဲဒါကို ဆရာကစဉ်းစားပြီးအဖြေပေးခိုင်းတာပါ………………………………..
    ကားသမားကနောက်ဆုံးတော့စဉ်းစားလို့ရသွားပါတယ်..သူ့အကြံနဲ့သူပေါ့လေ…
    သူက အဖွားအိုကြီးကိုကားသမားဘေးထိုင်ခုံပေါ်တင်ပေးလိုက်ပါတယ်..နောက် ကားသော့ကိုယူပြီး သူ့ဆရာကို ပဲကားမောင်း သွားခိုင်း လိုက် ပါတော့တယ်…..တဲ့
    သူကတော့သူ့ကောင်မလေးဘေးမှာကျန်နေခဲ့ပါတယ်..အားလုံးကတော့အဆင်ပြေသွားတာပေါ့လေ……တခါတလေ ဝေခွဲမရနိုင်လောက်အောင် ဖြစ်ရတဲ့ပြသနာလေးတွေရှိတတ်ပါတယ်..ပြသနာကိုခေါင်းအေးအေးနဲ့ စဉ်းစဉ်းစားစားဖြေရှင်းတာ ကောင်းပါတယ်..ပြသနာတိုင်းမှာအဖြေ တစ်ခုရှိပြီးသားမို့ပါ…..

    • bigcat

      March 5, 2011 at 6:25 pm

      ကျေးဇူးရှင်ဆိုသူက လမ်းမှာအဖွားအိုကို မောင်းချပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ ကူညီလိုက်တာ သေချာပြီး ကိုယ့်အတွက်လည်း စိတ်ချရအောင် အောက်ပါနည်းကိုသုံးပါ။
      ကားသော့ကိုဖြုတ်ပြီး ကျေးဇူးရှင်ကို ဒရိုင်ဘာခုံမှာထိုင်ခိုင်းပါ။ အဖွားအိုကိုတော့ ဘေးခုံမှာထား။ ကောင်မလေးကို ကားနောက်ဖက်အဖုံးပေါ်တင် မျက်နှာလေးကြည့်ပြီး စကားလေးတပြောပြောနဲ့ ကားတွန်းသွားပါ။

  • kai

    March 5, 2011 at 11:30 pm

    အရိယာတွေဟာ ..အစွဲတွေကင်းပြီး ..လွတ်လပ်သူဖြစ်နေတယ်လို့ စာတွေထဲဖတ်ဖူးပါတယ်..။
    ဘောင်တွေမရှိတော့ဖူးပေါ့နော..။
    ဆိုတော့…။
    အပေါ်ကမေးခွန်းတွေကို …အရိယာစစ်တမ်းလုပ်ရင် သုံးသင့်တယ်..။
    ==
    ဆိုတော့…
    အရိယာတယောက်ဟာ ..လူ့လောကအတွက်အင်မတန်အကျိုးများနိုင်တယ်ဆိုတာ … သဘောပေါက်သလိုလို ဖြစ်လာမိပါကြောင်း..။ 🙂

Leave a Reply