Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျော်စရာ ဂိမ်း ကမာ္ဘ

ဆူးMarch 5, 20111min1641121

ပျော်စရာ ကစားနည်းလေး တခု စဉ်းစားထားပါတယ်။
အက္ခရာ စာလုံးတွေ ဆက်ပြီး ဝါကျဖွဲ့တဲ့ ကစားနည်း ဖြစ်ပါတယ်။
ဥပမာ အားဖြင့် လက် ဆိုပြီး ကစားနည်းကို စဖွင့်လိုက်ပါမယ်။
အဖြေ။
လက်။
သွယ်လျ လှပသော လက်ချောင်းပိုင်ရှင်များ အတွက် လက်ချောင်းပုံ မော်ဒယ် အလိုရှိသည်။

နောက်လူ အတွက် ချောင်း ဆိုတဲ့ စာလုံး ချန်ထားခဲ့မယ်။

ချောင်း။
ချောင်းသာ မှာ သာယာလှပတဲ့ ရှုခင်းများ နဲ့ ပင်လယ်ကမ်းစပ် အလှကို ခံစားနိုင်သည်။

နောက်ထပ် စာလုံးကတော့ သာ ဖြစ်ပါတယ်။

သာ။
သာကေတ မှ ခွေးလေခွေးလွင့်များ စည်ပင်သာယာမှ အမဲလုံးပြစ် ရှင်းလင်းသည်။

နောက်ထပ် စာလုံးမှာ ဖြစ်ပါသည်။

ဒီလောက် ဆိုရင်တော့ ဂိမ်းရဲ့ သဘောတရားကို နားလည်လောက်ပြီ ထင်ပါတယ်။

ဂိမ်းမှာ ပါမယ် ဆိုရင်တော့ စည်းကမ်းချက် တွေကို လိုက်နာရပါမယ်။
၁။စာလုံးရေ ဆက်တဲ့ ဝါကျဖွဲ့တဲ့ အခါ ညစ်ညမ်းသော အဓိပ္ပါယ်ရောက်သည့် စာမျိုး မသုံးနှုန်းရပါ။
၂။ စာလုံး တလုံးကို တယောက်ထက် မက တပြိုင်တည်း ဖြေခဲ့ရင်တော့ နောက်ဆုံး ဖြစ်တဲ့ စာလုံးကို အတည်ယူပြီး ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။
၃။ စာလုံးဆက်ရာမှာ ဝါကျ တခုသာ ၁ကြိမ်တွင်သာ ဖြေခွင့်ရှိသည်။ နောက်ထပ် ဖြေဆိုသူ ရှိပါက အကြိမ် ကြိမ် ဝင် ကစားနိုင်သည်။
၄။ မိမိ ဖြေဆိုပြီး နောက်ထပ် မည်သူမှ ဖြေဆိုခြင်း မရှိပါက နောက်ဆုံး ဖြေဆို သူသည် စကားစု ဆက်တဲ့ ပြိုင်ပွဲ မှာ အနိုင်ရမှာ ဖြစ်ပါတယ်။
၅။ ရွာထဲမှ မည်သူမဆို ဝင်ပြိုင် နိုင်သည် မဖိတ်ခေါ်တဲ့ လူမှ လွဲ၍.. ((ဝင်ပါလာပါက ထို ကွန်မန်းကို ဖျက်သိမ်းမည်။))

121 comments

  • မှော်ဆရာ

    October 9, 2011 at 6:11 pm

    ၏ သည် မလွဲ ပြောနှိုင်မှ တော့ ဒီလူ မှော်ဆရာပဲ ဖြစ်ရမယ် ။ (ဘယ်ရမလဲ မွန်မွန်ရယ် ဟဲ ဟဲ ..)
    မယ် ကို ဆက်ပါ

  • ဆူး

    October 9, 2011 at 8:37 pm

    မယ်မယ်ရရ ဘာတခုမှ ကြောင့်ကျ မထင် လူမမြင် ကျိုးကြောင်း ဆင်ခြင် ဆက်မတွေး။
    တွေး ကို ဆက်ပါ။

  • မှော်ဆရာ

    October 9, 2011 at 9:20 pm

    တွေးတောဆင်ခြင် ပျိုးခဲ့ရင်မှာ
    အကြင်နာဆိုတဲ့ ပန်းတစ်ပွင့် …
    (ပွင့် ကို ဆက်ပါ ….)

  • ဆူး

    October 9, 2011 at 9:34 pm

    ပွင့်ကာ လန်းဆန်း အပြုံးပန်း
    ကြုံဆုံလေသမျှ ပုံကာလေပြ
    မှိုင်တွေကာ မနေရ
    ဆုံကာလေ ဒီဘဝ

    ဝ ကို ဆက်ပါ။

  • မှော်ဆရာ

    October 9, 2011 at 9:44 pm

    ဝသုန္နရေ ….
    သိကြားစေ သက်သေညွှန်း ၊
    သံသရာ
    ရှည်ပါစေ ဒီတသက်
    ထားသစ္စာ ဘယ်မပျက်တယ်
    မေ့ရက်ပါဘူး …..။

    ဘူးကို ဆက်ပါ ….

  • ဆူး

    October 9, 2011 at 9:52 pm

    ဘူးသီး နုနု ရွှေလိုဥ..
    ဥ ကို ဆက်ပါ

  • မှော်ဆရာ

    October 9, 2011 at 10:04 pm

    (မဆူးက ချန်ပီယံဘွဲ့ကို သူပဲ အပိုင်လိုချင်နေတယ်ထင်တယ်)
    ဥခွံထဲမှာ
    မအောင်းပါနဲ့
    အတောင်အလက် အသက်ဆိုတာ
    လေဟာပြင်ထဲ ရဲရဲရင့်ရင့်
    ဝံ့ဝံ့စားစား ကြွားရွားပျံသန်း
    အောင်ပန်း မှန်သမျှ ဆွတ်လှန်းနှိုင်ကြပါစေသော် …….

    (သော် ကိုဆက်ပါ ….ကဗျာလေးနဲ့နော်)

  • Kitty.

    October 10, 2011 at 12:00 am

    သော်တာလမင်း……ဘယ်လောက်လှလဲ
    မမေးလေနဲ့…….ခင့်ကိုတော့ကွယ်
    ဘယ်မီမလဲ။
    (လဲ ပါ။)

  • faker

    October 10, 2011 at 12:29 am

    လဲနေရင်ပြန်ထ .. (ထ.ပါ)

  • kocho

    October 10, 2011 at 3:33 am

    ထချင်တိုင်းမထနဲ့ etone နဲ့ တွေမယ် (မယ် ကိုဆက်ပါ)

  • မှော်ဆရာ

    October 10, 2011 at 10:58 am

    မယ်တကိုယ်ထဲ
    ကြင်ဖော်ကွဲလို့
    မပျော်ပဲနေ
    ရှင်လျှက်သေ …

    သေကိုဆက်ပါ

  • thuyazaw21451

    October 10, 2011 at 1:37 pm

    သေရည်သေရက် လူကိုဖျက်၏….. ၏ ကိုဆက်ပါ

  • bluerose

    October 10, 2011 at 1:51 pm

    ၏ တိပိတောဘဂဝါ အရဟံ သမ္ဗာသဗုဒ္ဓော သုဂတောလောကဝိဒူ
    (မှန်လားဟင်)
    မီးကအသစ်ဆိုတော့သေချာမသိဘူး
    🙂

  • thuyazaw21451

    October 10, 2011 at 2:07 pm

    ဘာနဲ့ပြန်စရမယ်ဆိုတာ ရေးမထားဘူးနော်

  • ပုံပြောသူ

    October 10, 2011 at 2:33 pm

    ဒူဝေဝေ (ကြေးစီသံ) ဝေ ကိုဆက်ပါ။

  • bluerose

    October 10, 2011 at 2:49 pm

    ဝေသန္တရာမင်းကြီးတောထွက်တုန်းကမိဖုရားပါလိုက်သွားတယ်မိဖုရားနာမည်ကမဒ္ဒီ
    ဒ္ဒီ နဲ့ဆက်ပါ

  • etone

    October 10, 2011 at 2:53 pm

    ဒ္ဒီမယ် ကိုယ့်လူ… အိမ်သာထဲက ကိုယ့်အမှိုက်ကိုယ်ရှင်း …..
    တာဝန်မဲ့လှချည်လားးးးးးးးးး (လားကိုဆက် 😛 )

  • bluerose

    October 10, 2011 at 3:04 pm

    လား ဆိုတဲ့အကောင်ကနိုင်ငံခြားမှာပဲရှိတယ်
    မြန်မာမှာမရှိဘူးးးးးး ( ဘူး ကိုဆက်ပါ )
    😛

  • ပုံပြောသူ

    October 10, 2011 at 3:15 pm

    ဘူးရမဲ့အတူတူ အဖွားကြီးတွေကိုမဘူးတော့ဘူး။ ချာတိတ်မအလန်းလေးတွေပဲဘူးတော့မလို့။
    လို့ ကိုဆက်ပါ.

  • thuyazaw21451

    October 10, 2011 at 3:17 pm

    သွားတော့မယ်လို့ ကြံစည်ထားရင် ကိုယ်လုပ်ရပ်မှန်ရဲ့လား စဉ်းစားပါ။ ပါ ကိုဆက်ပါ

  • စုံ စုံ

    October 10, 2011 at 3:31 pm

    ပါချင်နေတာကြာပြီ 😛 😛 😛
    ဘယ်မှာသွားပါရမလဲမသိဘူး
    စိတ်ညစ်လိုက်တာဟယ်
    (ဟယ်ကိုဆက်ပါ)

  • chitlay

    October 10, 2011 at 3:37 pm

    ဟယ်လို … မင်းအသံလေး
    လေး ကိုဆက်ပါ

  • bluerose

    October 10, 2011 at 3:38 pm

    ဟယ် ပါရမယ့်နေရာမသိသေးဘူးလား
    လာလာလိုက်ပြပေးမယ်လိုက်ခဲ့
    ( ခဲ့ ကိုဆက်ပါ။)

  • ပုံပြောသူ

    October 10, 2011 at 3:46 pm

    ဟယ် လူမိုက် ဒုစရိုက်ဟု….. ဟုကိုဆက်ပါ

  • kocho

    October 10, 2011 at 3:54 pm

    မဟုနိုင်တော့ဘူး ညကဂြိုယ်တု စားထားလို့ သူခေါ်ရာပဲ လိုက်တော့မယ်(မယ် ကိုဆက်ပါ)

  • thuyazaw21451

    October 10, 2011 at 3:55 pm

    ရာဟုသားများအတွက် ယတြာကတော့ ဆာဖာရီဥယျာဉ်ထဲက မျောက်ကြီးဖင်နှိုက်ပြီး နင်မိုက်လားလို့ မေးလိုက်ပါ ကံကောင်းသွားပါလိမ့်မယ် (မယ် ကိုဆက်ပါ)

  • ပုံပြောသူ

    October 10, 2011 at 3:57 pm

    မယ်နဲ့မောင် အတူယှဉ်ကာတွဲ …..တွဲကိုဆက်ပါရန်…..

  • thuyazaw21451

    October 10, 2011 at 4:01 pm

    တွဲလွဲမြင်တိုင်း အသီးမထင်နှင့် (နှင့်ကိုဆက်ပါ)

  • bluerose

    October 10, 2011 at 4:02 pm

    ဟု မျိုးနွယ်ရော တရုတ်မှာရှိလားဟင်
    ( ဟင်ကိုဆက်ပါ )

  • bluerose

    October 10, 2011 at 4:12 pm

    ကော်နက်ရှင်ကနှေးနေပါသဖြင့်တင်တာလွဲသလိုဖြစ်သွားပါသည်
    အားလုံးကိုတောင်းပန်ပါသည်။
    နှင့်ဆိုတာကစကားဆက်လေ
    လေ ကိုဆက်ပါ

  • avatar

    October 10, 2011 at 4:23 pm

    လေထန်ကုန်း ……..ကုန်းကိုဆက်ပါ

  • bluerose

    October 10, 2011 at 4:42 pm

    ကုန်းကုန်းကွကွနဲ့ရုပ်ရှင်ရုံထဲလျှောက်မသွားနဲ့
    ( နဲ့ ကိုဆက်ပါ။ )

  • avatar

    October 10, 2011 at 5:00 pm

    နဲ့တဲ့တဲ့ ယိုင်တိုင်တိုင် အဘတို့စတိုင်….(တိုင်..ကိုဆက်ပါ)..

  • naywoonni

    October 10, 2011 at 6:17 pm

    တိုင်ရမှာကတော့ သူကြီးကိုပဲ..။ ငါကလည်း မနေမတတ် အထိုင်မတတ် ကန့်မန့်ရေးမိပြန်ပြီ..။ နှစ်ဆယ်အနှုတ်ခံရတော့မယ်နဲ့ တူရဲ့..။

  • minmahar

    October 11, 2011 at 4:41 am

    “ ပဲ များတဲ့ အပျိုကြီးတွေ မုဆိုးဖိုနဲ့ ညားပါစေ…… ”
    ဘာရမလဲ .. ဟဲ ဟဲ

Leave a Reply