အရဟံ Absolute
အရဟံဂုဏ်တော်ကို သတ္တဝါအပေါင်း၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားလို့ အလွယ်နားလည်ခဲ့ပါတယ်။ နောက်တော့ ကိလေသာအညစ်အကြေးကို ဝါသနာပါမကျန်အောင် အလုံးစုံ ပယ်သတ်ပြီးသော အနက်လည်းရှိသေးတယ်လို့ သိလာပါတယ်။ သတ္တဝါအပေါင်း ပူဇော်အထူးကို ဘာကြောင့် ခံတော်မူထိုက်တာလဲလို့မေးရင် ရေရေရာရာ မသိခဲ့ရိုးအမှန်ပါ။ နောက်ကြတော့ ဘုရားဆိုတာ ဘုန်းတော် ကံတော် ညဏ်တော် အနန ္တလို့လူပြိန်းသိ သိခဲ့ပါတယ်။ ငါကံထူးလို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ခွင့် ရတယ်ဆိုပြီး သဒ္ဓါဝမ်းမြောက်စိတ် ပွားရပါတယ်။ အခြားဂုဏ်တွေကိုလည်း ဒီလိုပဲ လုံးကောက်အနက် အဓိပ္ပါယ်ကိုသာယူ ပူဇော်ခဲ့ပါတယ်။ ဗုဒ္ဓ – သစ္စာလေးပါးကို ဆရာမပါကိုယ်ပိုင်ညဏ်နဲ့ပိုင်း၊ သူတပါးကိုဆုံးမဖို့ နည်လမ်းအကုန်သိ၊ ချေချွတ်ထိုက်သူ အလုံးစုံကို ချေချွတ်နိုင်သော၊ အ ရဟံ – မကောင်းမှုဒုစရိုက်တို့၌ ဆိတ်ကွယ်ရာမရှိသော စတဲ့ ပညာခန်းနွယ်တဲ့ ဂုဏ်တော်တွေကြရင်တော့ ဝိုးတိုးဝါးတားပါပဲ။
တရားထိုင်တဲ့ အလေ့အကျင့်နဲနဲ ရလာတော့ ဘုရားမိုလို့ ပူဇော်အထူးကို ခံတော်မူထိုက်သောအစား မိမိစိတ်နဲ့ယှဉ်ပြီး ကိလေသာဒုစရိုက်ကို ဝါသနာမျှ မကျန်အောင် လုံးဝပယ်စွန့်ပြီးလို့ လူနတ်သတ္တဝါအလုံးစုံ၏ ပူဇော်အထူးကို ခံတော်မူထိုက်တာပါလားလို့ သိလာပါတယ်။ အမြင်မှား၊ အမှတ်မှားတွေကို တရားထိုင်နေစဉ် သတိနဲ့ဆင်ခြင်မိတိုင်း အလုံးစုံခပ်သိမ်းစင်ကြယ်ပြီးသော မြတ်စွာဘုရားဂုဏ်တော်ကို ဆင်ခြင်မှုဖြစ်ရပါတယ်။ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်ခဲ့ ကိလေသာ ဒုစရိုက်တွေကို မြင်လာလေ၊ ပယ်သတ်ရန်ခက်ခဲလေ၊ ကိလေသာအလုံးစုံကို အောင်နိုင်ပြီးသော ရဟန ္တာအရှင်မြတ်များ၊ အဲသည်ထက်ပိုပြီး ကိလေသာပါမက ဝါသနာကိုပါပယ်စွန့်သော မြတ်စွာဘုရားကို မိမိစိတ်နဲ့ ပြောင်းပြန်အချိုးချမိတဲ့အခါ အရဟံ… ပူဇော်အထူးဆိုတာ ဒါပါလား။ အရ ဟံ… သံသရာစက်ဝန်းကို ချိုးဖျက်တော်မူပြီးသော။ အ ရဟံ… အကုသိုလ်ဒုစရိုက် ဆိတ်ကွယ်ရာမရှိသောနဲ့ အခြား ဘုရား တရား သံဃာ ဂုဏ်တော်များရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက် ပူဇော်မိ၊ အာရုံပြုတဲ့အခါ ထားသင့်တဲ့ ပိုအကျိုးများမဲ့စိတ်ကို သိသွားပါတယ်။
စိတ်စေတသိက်လို့ခေါ်တဲ့ ရုပ်နာမ်နှစ်ခုတို့ ပေါင်းစုံမိရင်ဖြစ်သော ပစ္စုပ္ပန်တဲ့တဲ့သည် ဘုရားထားခဲ့တဲ့ သစ္စာလေးပါး၊ ဘုရား တရား သံဃာပါလား။ အခံဓာတ်နဲ့အတိုက်ဓာတ်တို့မှာ သိမှု၊ ခံစားမှုသဘော မရှိဘဲ တိုက်ဆိုင်တိုင်းဖြစ်လာတဲ့ ပစ္စုပ္ပန်စိတ်အပေါ်မှာ ဝိဇ္ဇာအသိနဲ့ အဝိဇ္ဇာအသိ ဖြစ်ပါကလား။ အဲဒီအသိဟာလည်း ပြောင်းလဲခြင်းသဘော၊ ရုပ်မဟုတ် နာမ်မဟုတ် ဘုရားဟောအမြဲရှိတဲ့ စိတ်စေတသိက်၊ ရုပ်၊ နာမ်၊ နိဗ္ဗာန် ထဲက တခုပါလား။ ငါတပ်မိလို့ နာမ်ကသိတယ်နဲ့ လမ်းလွဲနေပါလားလို့ သဘောပေါက်မှသာ ပညတ်ခံစားမှုနယ်က လွတ်မြောက်တဲ့ ဝိမုတ္တိစိတ်ဖြစ်ပါလား။ ကောင်းခြင်းဆိုးခြင်း၊ ဖြစ်ခြင်းပျက်ခြင်းကို သိနေသမျှ ဆန့်ကျင်ဖက် လောကဓံတရားတွေကနေ ရှောင်လို့မရ။ သူ့သဘောအတိုင်းဖြစ်နေတဲ့ နာမ်ရုပ် နောက်မလိုက်ဘဲ အပွင့်ဓာတ် စိတ်စေတသိက်ရဲ့ ပြောင်းလဲခြင်းသင်္ခါရ သဘောမျှသာရှိပါလားဆိုတဲ့ အသိနဲ့ ဘုရားကိုပူဇော်ရပါတယ်။
ပညတ် ပရမတ် သဘောကိုသိမှသာ ဘာကြောင့် သစ္စာလေးပါးတရားမည်တယ်၊ ဘာဖြစ်လို့ ရတနာ သုံးပါးသည် သရဏဂုံထိုက်တယ်၊ ဘာကို ဘုရား၊ တရား၊ သံဃာခေါ်တယ်၊ ဘာပြုလို့အလေးအမြတ်ပြုရတယ် စတဲ့ အနှစ်သာရ တရားတွေကို ခံစားပူဇော်လို့ ရပါတယ်။ နို့မို့လို့ကတော့ အပေါ်ယံနဲ့အနှစ်သာရ မကွဲဘဲ ခလေးဘဝတုန်းက လူကြီးတွေခြောက်တဲ့ ဒေဝေါကြီးဆိုလို့ကြောက်၊ ဦးတော်ဆိုလို့ ဦးချရတဲ့ နုနယ်တဲ့ အသိစိတ်ဖြစ်ရ၊ ရင့်သန်ပြန်တော့လည်း ပါရမီမထိုက်တဲ့ ဖြစ်ပြီးပျက်သွားတဲ့ လောကီကုသိုလ် ဖြစ်သွားပါမယ်။ သာသနာပြုအမြင်နဲ့ ကြည့်ပြန်ရင်လည်း မိမိကိုယ်၌က ဘုရားမိုလို့သာ ရှိခိုးတယ်၊ တကယ်တမ်း ရေရေမြစ်မြစ် မသိဘူးဆိုရင် ရှေ့လျောက်ပိုမို လက်တွေ့ဆန်လာမဲ့ ၂၁ရာစုခေတ်ရဲ့ စိန်ခေါ်မှုမေးခွန်းများကို တုံပြန်ဖြေရှင်းဖို့ မဖြစ်နိုင်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတ္တ၊ပရ နှစ်ခုစလုံးအတွက် မိမိတို့တတ်စွမ်းသမျှ ပြုပြင်စီရင် သွားကြရင် အနာဂတ်သာသနာအတွက် လွန်စွာအကျိုးများမှာဖြစ်ကြောင်း ဆွေးနွေးလိုက်ပါသည်။
3 comments
မိုက်ကယ်ဂျော်နီအောင်ပု
March 7, 2011 at 4:54 pm
ဒီအကြောင်းကိုပြောရင်တော့
အများကြီးပြောရမယ်ထင်တယ် ကိုယ်တော်ကြောင်ကြီးရဲ ့
ဆိုလိုတာက အရဟံဆိုတာက မြတ်စွာဘုရားရှင်တော်မြတ်ရဲ ့ဂုဏ်တော်တွေလို ့ပြောကြတယ်လားမသိ ( အရ + ဟံ )
ကျွန်တော်တို ့သိမှတ်ရတာက ဘုရားဂုဏ်တော် ကိုးပါးပေါ့
ပြောသာပြောတာပါ ဘယ်ရည်တွက်လို ့နိုင်မှာလဲနော အနှစ်ချုပ်ကိုဆိုလိုဟန်ရှိမှာပါ
( ငါကံထူးလို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ခွင့် ရတယ်ဆိုပြီး သဒ္ဓါဝမ်းမြောက်စိတ် ပွားရပါတယ်။ )
အဲ့ဒါကတော့ ကျွန်တော်လည်းခံစားဘူးသဗျ လက်ရှိကို ခံစားနေတာ
ဪ ….မြတ်စွာဘုရားရှင်တကယ်သိခဲ့တဲ့ ဖြစ်ပျက်တရားစု ဟာ အံ့မခန်းပါလားလို ့ပေါ့နော
ကိုယ်တွေက ထိုသော တရားတော်မြတ်ကို အနည်းငယ် တီးခေါက် သိနားလည်နေပါလျှက်နဲ ့တောင်
သတ္တဝါရဲ ့တဏှာတည်းဟူသော အမှောင်မိုက်တွေကို မြင်လာတယ်
နောက် ကျင့်ကြံကြည့်တဲ့အခါ ( တဏှာ၊ မာန၊ ဒိဌိ ) ဆိုတာတွေကို ( အနည်းငယ်မျှသာ ) မြင်လာရတဲ့အခါ
ငါ အများကြီးလိုသေးပါလားလို ့ဆင်ခြင်မိပြန်ရောဗျ
စာရင်းပြန်ချုပ်တော့ အရဟံဆိုတာကတော့ မြတ်စွာဘုရားရှင်လား။
ဘုရားရှင်ဆိုတာကဘဲ ဂုဏ်တော်တွေလား ဒီလို ကွန်ယက်တွေနဲ ့ပြန်ပြီး ချိတ်ဆက်နေတဲ့သဘောရှိတယ်လို ့အောင့်မေ့မိပါရဲ ့ဗျာ
( အရဟံ = ကိလေသာတို ့ကင်းစင်တော်မူသော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။ )
ဒီလို ဖွင့်ဆိုတာကိုလည်း မှတ်သားဘူးပါတယ်။
( ထိုမြတ်စွာဘုရားသည် ပူဇော် အထူးကို ခံတော် မူထိုက်သော အကြောင်းကြောင့်လည်း ]အရဟံ} မည်တော် မူ၏၊ )
ဒါကတော့ ကျွန်တော်တို ့အားလုံးသိကြတဲ့ အထင်ရှားဆုံး ကျမ်းကိုးပေါ့လေနော။
ဒီမှာပြောရမှာက လေးစားထိုက်လို ့ ပူဇော်ထိုက်တာ
ပူဇော်ထိုက်လို ့ ကိုးကွယ်ထိုက်တာ
ပူဇော်ထိုက်တဲ့အကြောင်းတွေ ဂုဏ်ပုဒ်တွေကို လိုက်ဖော်ရလျှင် ဆုံးတော့မှာ မဟုတ်တော့ဘူး
အနည်းအကျဉ်းပေါ့ဗျာ
( မဇ္ဈိမနိကယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန် )
၃၈၇။ ထိုအသျှင်ဂေါတမသည် ကြွသွားသည် ရှိသော် လကျာ်ခြေတော်ဖြင့် ရှေးဦးစွာ ဖဲကြွတော် မူ၏၊
ထိုအသျှင်ဂေါတမသည် မဝေးလွန်းရာ၌ ခြေတော်ကို နုတ်ကြွတော်မူ၏၊ မနီးလွန်းရာ၌ ခြေတော်ကို ချတော်မူ၏၊
မမြန်လွန်းဘဲကြွသွားတော်မူ၏၊ မနှေးလွန်းဘဲကြွသွားတော် မူ၏၊
ပုဆစ်ဒူး အချင်းချင်းမထိခိုက်စေဘဲကြွသွားတော်မူ၏၊ ဖမျက် အချင်းချင်း မထိခိုက်စေဘဲကြွသွားတော် မူ၏၊
ထိုအသျှင် ဂေါတမသည်ကြွသွားတော် မူသည်ရှိသော် ပေါင်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်
မမူ၊ ခါတော်မမူ၊ ထိုအသျှင်ဂေါတမကြွသွားတော်မူ လတ်သော် အောက်ပိုင်း ကိုယ်သည်သာ လှုပ်၏၊ကိုယ်အားယူ၍ကြွတော်မမူ။
ထိုအသျှင် ဂေါတမသည် ပြန်ကြည့်တော် မူသည်ရှိသော် အလုံးစုံသော ကိုယ်ဖြင့် သာလျှင် ပြန်ကြည့်တော် မူ၏၊
ထိုအသျှင်ဂေါတမသည် အထက်သို့ မော့ကြည့်တော်မမူ၊ အောက်သို့ ငုံ့ကြည့် တော်မမူ၊ ထိုထို ဤ ကြည့်လျက် သွားတော်မမူ၊ ထမ်းပိုး တစ်ပြန်မျှကိုသာ
ကြည့်တော်မူ၏၊ ထမ်းပိုး တစ်ပြန်ထက် အလွန်လည်း ထိုအသျှင် ဂေါတမအား အပိတ်အပင် မရှိသော
Óဏ် အမြင်သည် ဖြစ်တော်မူ၏။
ထိုအသျှင်ဂေါတမသည် ရွာတွင်းသိ ု့ ဝင်တော်မူသည် ရှိသော် ကိုယ်ကို မြှောက်တော်မမူ၊ ညွတ် တော်မမူ၊ တောင့်ထားတော် မမူ၊ ခါတော်မမူ၊
ထိုအသျှင်ဂေါတမသည် နေရာ၏ မဝေးလွန်း မနီးလွန်း၌ ကိုယ်ကို လှည့်တော်မူ၏၊ လက်ဖြင့် ထောက်၍ နေရာ၌ ထိုင်တော်မမူ၊ နေရာ၌ ကိုယ်ကိုလည်း ပစ်ချ
တော်မမူ၊
ထိုအသျှင် ဂေါတမသည် ရွာတွင်း၌ နေတော်မူသည် ရှိသော် လက်ဆော့တော် မမူ၊
ခြေဆော့တော် မမူ၊ ဒူးဆစ် အချင်းချင်း တင်၍ ထိုင်တော်မမူ၊ ဖမျက် အချင်းချင်း တင်၍ ထိုင်တော်မမူ၊
မေးကို လက်ထောက်၍လည်း ထိုင်တော်မမူ၊
ထိုအသျှင် ဂေါတမသည် ရွာတွင်း၌ နေတော်မူသည်
ရှိသော် မကြောက်ရွံ့ မတွန့်ဆုတ် မတုန်လှုပ် မချောက်ချား၊
ထိုအသျှင် ဂေါတမသည် မကြောက်ရွံ့
မတွန့်ဆုတ် မတုန်လှုပ် မချောက်ချားဘဲ ကြက်သီး မွေးညင်းထမှု ကင်းသည် ဖြစ်၍ ကင်းဆိတ်ရာ
(နိဗ္ဗာန်)သို့ ညွတ်သော စိတ်ရှိသည် ဖြစ်၍လည်း ရွာတွင်း၌ နေတော်မူ၏။
ထိုအသျှင်ဂေါတမသည် သပိတ်ဆေး ရေကို ယူသည်ရှိသော် သပိတ်ကို မြှောက်တော် မမူ၊
ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ၊
ထိုအသျှင် ဂေါတမသည် မနည်းလွန်း မများလွန်း
သော သပိတ်ဆေး ရေကို ခံယူတော်မူ၏၊
ထိုအသျှင် ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍
သပိတ်ကို ဆေးတော်မမူ၊ မှောက်လှန်၍ ဆေးတော်မမူ၊ သပိတ်ကို မြေ၌ ချ၍ လက်ဆေးတော်မမူ၊
လက်ဆေးလျှင် သပိတ်ဆေးပြီး ဖြစ်၏၊ သပိတ်ဆေးလျှင် လက်ဆေးပြီး ဖြစ်တော်မူ၏၊
ထိုအသျှင် ဂေါတမသည် သပိတ်ဆေး ရေကို မနီးလွန်း မဝေးလွန်း၌ စွန့်တော်မူ၏၊ ဖရိုဖရဲ ပြန့်ကျဲ၍ စွန့်တော်မမူ။
ထိုအသျှင် ဂေါတမသည် ဆွမ်းကို ခံယူသည် ရှိသော် သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊
တောင့်ထားတော်မမူ၊ ခါတော်မမူ၊
ထိုအသျှင် ဂါတမသည် မနည်းလွန်း မများလွန်းသော ဆွမ်းကို ခံယူတော်မူ၏။
ထိုအသျှင်ဂေါတမသည် ဟင်းကို ဟင်းပမာဏဖြင့် သုံးဆောင်တော် မူ၏၊ ဟင်းဖြင် ့ ဆွမ်းလုတ်ကို လွန်စေတော်မမူ၊
အသျှင်ဂေါတမသည် ခံတွင်း၌ ဆွမ်းလုတ်ကို နှစ်ကြိမ် သုံးကြိမ်လွေး၍ မျိုချတော်မူ၏၊ တစ်စုံတစ်ခုသော ထမင်းဝါးဖတ်သည် မကြေညက်ဘဲ ထိုအသျှင် ဂေါတမ၏ ကိုယ်တော် သို့ မဝင်၊ တစ်စုံတစ်ခုသော ထမင်းဝါးဖတ်သည်
ထိုအသျှင်ဂေါတမ၏ ခံတွင်း၌ မကြွင်းကျန်၊ ထို့ပြင် ဆွမ်းလုတ်သို့ ညွတ်လျက် အရသာကို သိသည် ဖြစ်၍ ထိုအသျှင် ဂေါတမသည် အာဟာရကို သုံးဆောင်
တော်မူ၏၊ အရသာကို တပ်မက်သော အားဖြင့် သိသည် ဖြစ်၍ သုံးဆောင်တော်မမူ။
ထိုအသျှင် ဂေါတမသည် မြူးထူးရန် မာန်ရစ်ရန် တန်ဆာဆင်ရန် အသားအရေ ဖွံ့ဖြိုး တိုးပွားရန်
သုံးဆောင်တော် မူသည် မဟုတ်၊ ဤကိုယ်၏ တည်တံ့ရန်သာ မျှတရန်သာ ပင်ပန်းခြင်း ငြိမ်းရုံမျှသာ
မြတ်သော အကျင့်ကို ချီးမြှောက်ရန်သာ သုံးဆောင်တော် မူ၏။ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကို
လည်း ပယ်ဖျောက်အံ့၊ ဝေဒနာ သစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည် လည်းကောင်း၊
ချမ်းသာစွာ နေရခြင်းသည် လည်းကောင်း ဖြစ်လိမ့်မည် ဟု အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အဟာရကို
သုံးဆောင်၏။ ထိုအသျှင် ဂေါတမသည် ဆွမ်းစားပြီးနောက် သပိတ်ဆေး ရေကို ခံယူသည် ရှိသော်
သပိတ်ကို မြှောက်တော်မမူ၊ ညွတ်တော်မမူ၊ တောင့်ထားတော်မမူ၊ ခါတော်မမူ။
ထိုအသျှင် ဂေါတမသည် မနည်းလွန်း မများလွန်းသော သပိတ်ဆေး ရေကို ခံယူတော်မူ၏၊
ထိုအသျှင် ဂေါတမသည် ခလောက် ခလောက် အသံကို ပြု၍ သပိတ်ကို ဆေးတော်မမူ၊ မှောက်လှန်၍
ဆေးတော်မမူ။ သပိတ်ကို မြေ၌ ချ၍ လက်ဆေးတော်မမူ၊ လက်ဆေးလျှင် သပိတ်ဆေးပြီး ဖြစ်၏၊
သပိတ်ဆေးလျှင် လက်ဆေးပြီး ဖြစ်တော်မူ၏။
ထိုအသျှင် ဂေါတမသည် မနီးလွန်း မဝေးလွန်း၌ သပိတ်ဆေးရေကို စွန့်တော်မူ၏၊ ဖရိုဖရဲ ဖြန့်ကြဲ၍ စွန့်တော်မမူ။ ထိုအသျှင် ဂေါတမသည် ဆွမ်းစားပြီးသည်
ရှိသော် သပိတ်ကို မြေ၌ ချတော်မမူ၊ မနီးလွန်း မဝေးလွန်း၌ ထားတော်မူ၏၊ သပိတ်ကို အလို
မရှိသည်လည်း မဟုတ်၊ သပိတ်၌ အခါလေးမြင့် စောင့်ရှောက်သည်လည်း မဟုတ်၊ ထု ိအသျှင် ဂေါတမ
သည် ဆွမ်းစားပြီးသည် ရှိသော် တစ်ခဏမျှ ဆိတ်ဆိတ် နေတော်မူ၏၊ အနုမောဒနာ ပြုရအံ့သော
အခါကိုမူကား လွန်စေတော်မမူ။ ထိုအသျှင် ဂေါတမသည် ဆွမ်းစားပြီးသည် ရှိသော် အနုမောဒနာ
ပြုတော်မူ၏။ ထိုဆွမ်းကို ကဲ့ရဲ့တော် မမူ၊ အခြားဆွမ်းကို မတောင့်တ၊ စင်စစ်အားဖြင့် ထိုပရိသတ်ကို
တရားစကားဖြင့် အကျိုးစီပွါးကို သိမြင်စေတော် မူ၏၊ (တရားကို) ဆောက်တည် စေတော်မူ၏၊
(တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။
ထိုအသျှင်ဂေါတမသည် ထိုပရိသတ်ကို တရား စကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရား
ကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်း စေတော်မူပြီးသော် နေရာမှထကာ
ဖြွဲကတော်မူ၏။ ထိုအသျှင် ဂေါတမသည် အလွန် လျင်မြန်စွာ ြွကသွားတော်မမူ၊ အလွန် နှေးကွေးစွာ
ြွကသွားတော်မမူ၊ လွတ်မြောက်လို သကဲ့သို့ ြွကသွားတော်မမူ၊ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်၌
သင်္ကန်းသည် အလွန်လည်း မမြင့်တက်၊ အလွန်လည်း မလျောကျ၊ ကိုယ်တော်၌ ကပ်ငြိသည်လည်း
မဟုတ်၊ ကိ ုယ်တော်မှ ကွာနေသည်လည်း မဟုတ်။ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်မှ သင်္ကန်းသည်
လေလည်း မလွင့်၊ ထိုအသျှင် ဂေါတမ၏ ကိုယ်တော်၌ အညစ်အကြေးသည်လည်း မလိမ်းကျံ (မကပ်ငြိ)၊
ထိုအသျှင် ဂေါတမသည် ကျောင်းတော်သို့ သွား၍ ခင်းထားသော နေရာ၌ ထိုင်တော်မူ၏၊
ထိုင်ပြီးနောက် ခြေဆေးတော်မူ၏၊ ထိုအသျှင် ဂေါတမသည် ခြေကို တန်ဆာဆင်ခြင်းနှင့် ယှဉ်သော
လုံ့လကိ ု အဖန်ဖန် အားထုတ်၍ နေတော်မမူ။ ထိုအသျှင် ဂေါတမသည် ခြေဆေးပြီးနောက် ထက်ဝယ်ဖွဲ့
ခွေ၍ ကိုယ်ကို ဖြောင့်စွာထားလျက် ကမ္မဋ္ဌာန်းကို ရှေးရှု သတိကို ဖြစ်စေကာ ထိုင်နေတော်မူ၏။
ထိုအသျှင်ဂေါတမသည် မိမိကိုယ်ကို ဆင်းရဲစေရန်လည်း အားမထုတ်၊ သူတစ်ပါးကို ဆင်းရဲစေရန်
လည်း အားမထုတ်၊ နှစ်ဦးလုံး ဆင်းရဲစေရန်လည်း အားမထုတ်၊ ကိုယ်ကျိုး သူကျိုး နှစ်ပါးစုံ လောကသား
အားလုံး၏ အကျိုး စီးပွားကို သာလျှင် ကြံစည် စဉ်းစား၍ နေတော်မူ၏။ ထိုအသျှင် ဂေါတမသည်
အရံသို့ ရောက်သည် ရှိသော် ပရိသတ်၌ တရားဟောတော် မူ၏၊ ထိုပရိသတ်ကို မမြှောက်ပင့်၊
ထိုပရိသတ်ကို မနှိမ့်ချ၊ စင်စစ် အမှန်အားဖြင့် ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွားကို)
သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေတော်မူ၏။
ထိုအသျှင် ဂေါတမ၏ ခံတွင်းတော်မှ သန့်ရှင်း သိလွယ်သော သာယာဖွယ် နာပျော်ဖွယ် ကောင်းသော
လုံးစည်းသော ဖရိုဖရဲမကျဲသော နက်နဲသော ပဲ့တင်ထပ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အသံတော်
သည် ပေါ်ထွက်၏။ ထိုအသျှင် ဂေါတမသည် ပရိသတ် ရှိသလောက် အသံတော်ဖြင့် သိစေနိုင်၏၊
ထိုပရိသတ်မှ အပသို့ ထိုအသျှင် ဂေါတမ၏ အသံတော်သည် မထွက်။ ထိုအသျှင် ဂေါတမသည်
တရားစကားဖြင့် (အကျိုးစီးပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရား
ကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် ထိုပရိသတ်ရှိ လူတို့သည် မစွန့်လိုသော စိတ်ရှိ ကုန်သည်
ဖြစ်၍ ဖူးမြော်ကြကုန်လျက် သာလျှင် နေရာမှ ထကာ ဖဲသွား ကြကုန်၏။
အသျှင် အကျွန်ုပ်တို့သည် ထိုအသျှင် ဂေါတမ ြွကသွားတော် မူနေသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊
ရပ်နေတော် မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာအတွင်းသို့ ဝင်တော်မူ နေသည်ကိုလည်း မြင်ခဲ့ရပါ
ကုန်၏၊ ရွာတွင်း၌ ဆိတ်ဆိတ် ထိုင်နေတော် မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ရွာတွင်း၌ စားသောက်
တော်မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ ဆွမ်းစားပြီး၍ ဆိတ်ဆိတ် ထိုင်နေတော်မူ သည်ကိုလည်း
မြင်ခဲ့ရပါ ကုန်၏၊ ဆွမ်းစားပြီး၍ အနုမောဒနာ ပြုတော် မူသည်ကိုလည်း မြင်ခဲ့ရပါ ကုန်၏၊ အရံသို့
ြွကတော် မူသည်ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံအတွင်းသို့ ရောက်၍ ဆိတ်ဆိတ် ထိုင်နေတော် မူသည်
ကိုလည်း မြင်ခဲ့ရပါကုန်၏၊ အရံအတွင်းသို့ ရောက်၍ ပရိသတ်၌ တရားဟောတော် မူသည်ကိုလည်း မြင်ခဲ့ရပါ ကုန်၏၊ ထိုအသျှင် ဂေါတမသည် ဤသို့ ဤသို့လည်း သဘောရှိပါ၏၊ ထို့ထက်လည်း
လွန်ကဲတော် မူပါသေး၏ ဟု ပြောဆို၏။
( မည်သို ့ရှိစေပါ့နော အဆုံးမှာနားလည်ရမှာက
http://myanmargazette.net/40275/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen
ထိုသော ရှစ်ပါးသော တရား၏ အစုသည်သာလျှင်ဖြစ်ပါကြောင်း
( ကိုကိုကြောင်ပို ့စ်နဲ ့အောင်ပုကွန်မန် ့ကတော့ သဟဇာတဖြစ်လားမဖြစ်လားတိဝူး 🙂 🙂 🙂 )
nigimi77
March 7, 2011 at 6:18 pm
ဟိုဟာလည်း မဟုတ် ဒီဟာလည်းမဟုတ် လူလုပ် ဂုဏ်ပုဒ်တွေ တွေလား လို ့ဆိုပြီး ဝင်ရောမလို ့ကြံသေးပေမဲ့
ဒီလောက်ထိ ဉာဏ်မမှီ ဒီတွင်နောက်ဆုပ် ပါမယ်။
zaw min
March 7, 2011 at 6:53 pm
သာဓု…သာဓု…သာဓု အရှိကို အသိ၊ အသိကို သတိ ကပ်နိုင်မှသာလျှင် ဤသံသရာဝဲ ဂယက်ထဲမှ လွတ်ကင်းနိုင်မှာပါလို့ ထင်မိပါတယ်။