စတော်ဘယ်ရီ အညှာကျွတ်
အိနိ္ဒယ သွားတုန်းက ဖြစ်ရပ်လေး တခုပါ။ သွားတဲ့ အချိန်က ဒီဇင်ဘာ ဖြစ်နေတော့ ရာသီဥတာ အေးအေး နဲ့ ဆိုတော့အနွေးထည် ဦးထုတ် မချွတ်ရအောင် မမြဲဝတ်ဆင်ထားရပါတယ်။ဗုဒ္ဓဂါယာ သွားတဲ့ ခရီးစဉ်မှာ ပါတဲ့ အဒေါ်ကြီး တယောက်က အမြဲတမ်း အကြောင်း တခုခု ရှာပြီး အမြဲ ရစ်တတ်ပါတယ်။ ရစ်တတ်ပုံများကတော့ ခရီးစဉ်မှာ ပါတဲ့ ခရီးသွားတိုင်းက သူ့ကို လန့်ကြတယ်။ သူဆောင်းနေကျ ဦးထုတ်က အခု ပုံမှာ ပါတဲ့ စတော်ဘယ်ရီ ပုံဦးထုတ်မျိုးပါဘဲ။ သူကို တခြားလူတွေ မသိအောင် တိ်တ်တိတ်လေး စတော်ဘယ်ရီလို့ နာမည်ပေးထားပါတယ်။ သူကလည်း ခေသူ မဟုတ်ဘူးလေ။ တချိန်က ဘာဆိုလား ညာဆိုလား သူ့ရဲ့ အိမ်မှာ အားလုံးက ဒူးထောက် အသုံးခံတဲ့ ဘဝကနေကြီးပျင်းလာတာ ဆိုတော့ ဘယ်သူကိုမှ သိပ်ဂရုမစိုက်ဘူး။ အခုအချိန်မှာတော့ သူ့ရဲ့ မိသားစုက ဘာမှ မဟုတ်တော့ပေမဲ့ ငယ်စဉ်က အရှိန် မာန်ဟုတ်လေး ရှိနေတော့ သူမှန်တယ် ထင်ရင် သွားသွားပြောပြီး ပြသနာ ရှာတော့တာဘဲ။
ခရီးစဉ်မှာ နယူးဒေလီ သွားတဲ့နေ့က မှတ်မှတ်ရရ ရီစရာ တခု အနေနဲ့ ဖြစ်ခဲ့ပါတယ်။
နယူးဒေလီမှာ တည်းခို စရာဟိုတယ်မှာ စီစဉ်ထားခဲ့ပါတယ်။ ဟိုတယ် မှာ လူနဲ့ အခန်း ကွက်တိ ယူထားပြီး ၂ယောက် ၁ခန်း နေဖို့ သော့တွေ ပေးလိုက်တယ်။ လူနဲ့ အခန်း ကွက်တိဖြစ်ပေမဲ့ လူ ၁ယောက် ပိုနေပြီး အခန်း မရှိဖြစ်နေတယ်။ ဘယ်သူ့အခန်းမှာ တယောက်တည်း ဖြစ်နေလဲ လိုက်မေးပါတယ်။ ခရီးသွား ခေါင်းဆောင်က လည်း သူ့ကို ရစ်လွန်းလို့ ထို စတော်ဘယ်ရီ အဒေါ်ကြီးကို ဆို ရဲရဲ့ မမေးရဲဘူး။ ဒီတော့ အများကို မေးတဲ့ အထဲမှာ အသံမထွက်ဘဲ ငြိမ်ငြိမ်လေး နေပြီး တစ်ယောက်တည်း တခန်း နေလိုက်ပါတယ်။ ထို အချိန်အထိ တယောက်တည်း တခန်းနေတာ ဘယ်သူမှကို မသိကြသေးဘူး။ ညအချိန် အိပ်စက်ချိန်မှာတော့ အခန်းမရတဲ့ လူတယောက်ကတော့ အဆင်ပြေတဲ့ အခန်းတခန်းမှာ ပေါင်းအိပ်လိုက်ပါတယ်။ လူခြေတိတ်လို့ အိပ်တဲ့ အချိန်မှာ ပြသနာ စတက်ပါတော့တယ်။ တယောက်တည်း လွတ်လွတ် လပ်လပ် အိပ်ချင်တဲ့ စတော်ဘယ်ရီ အဒေါ်ကြီး တံခါးခေါက်သံကြားရပါတယ်။ ဘေးမှာ အဖော်ရယ်လို့ တယောက်မှ မရှိတော့ တံခါးခေါက်သံ ပြင်းပြင်း ကြားတော့ လန့်နိးလာပြီး တုန်လှုပ်ခြောက်ခြားနေပါတယ်။ တံခါးခေါက်သံ အကြိမ်ရေ စိပ်လာတော့ ထကြည့်ရန် ဆုံးဖြတ်ခဲ့ပြီး တံခါး အနားကို သွားပြီး အပေါက်ကနေ ချောင်းကြည့်ပါတယ်။ လူနဲ့ တူတာ ဘာမှ မရှိလို့ ကြောက်လန့်ပြီး ခြေဖျားလက်ဖျား အေးစက်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ အိုကွယ်.. ဘုရားလာ ဖူးတာ ဘယ်က သရဲ စုန်းကဝေ မှလာမနှောက်ယှက်နိုင်ပါဘူး။ ဘုရားစာသာ နာနာရွတ်ပြီး အိပ်လိုက်မယ် ဆိုတဲ့ အတွေးနဲ့ အိပ်ယာပေါ် ပြန်တက်သွားပြီး စောင်ခြုံ အိပ်လို့ မပျော်တပျော်မှာ သူ့ရဲ့ နားထဲ အသံထပ်ကြားခဲ့တယ်။ တံခါးခေါက်သံ ဖြစ်နေတော့ စိတ်ထဲ မလုံမလဲနဲ့ ကဲ ဒီလောက် ဖြစ်တာ ထကြည့်အုန်းမယ် တွေးမိလိုက်တယ်။ တံခါးခေါက်တဲ့ အသံက ဒီတခါ လာတာက အဝင်အထွက် တံခါး မဟုတ်တော့ဘဲ ပြူတင်းပေါက် တံခါး ဆီက ဖြစ်နေပါတယ်။ ဒီကတော့ ဘာများ ဖြစ်မလဲ အတွေးနဲ့ ခန်းစီးလိုက်ကာ ကို မပြီး ကြည့်မိတဲ့ အချိန်မှာ အကြည့်ချင်း ဆုံသွားခဲ့ပါတယ်။
သူ့မျက်နှာနဲ့ မတိမ်းမယိမ်း မျက်နှာ တခုပါဘဲ။ ရုပ်ဆိုးဆိုး မျက်နှာ ခပ်သေးသေး အမွေးအမြှင်ထူထူ နဲ့ မျက်နှာ တခုဖြစ်နေတာတွေ့တော့ မူးမေ့ပြီး လဲ မတတ်ခံစားလိုက်ရပြီး ကြောက်အား လန့်အားနဲ့ အခန်းအပြင်ကို ထွက်ပြီး မြန်မာတွေ ဘယ်သူရှိလဲ ကယ်ကြပါအုန်း ကယ်ကြပါအုန်း အော်တော့တာဘဲ။ ဖြစ်ချင်တော့ လူတိုင်းက တနေကုန် ခရီးနှင်ခဲ့ကြလို့ ပင်ပန်းခဲ့ကြတာကော ညအချိန် သန်းခေါင်ကျော်လို့ ၂ချက် ရှိတော့မယ် လူတွေ အားလုံး အိပ်မောကျတဲ့ အချိန် ဖြစ်တော့ ဘယ်သူမှ မနိုးခဲ့ကြဘူး။ ကြောက်အား လန့်အားနဲ့ တွေ့တဲ့ အခန်းတိုင်းကို အကုန် တံခါးခေါက်တော့တာဘဲ။ အော်ဟစ်ခေါက်နေတဲ့ အသံ ကြားလို့ နားစိုက်ထောင်တဲ့ အခါ မြန်မာ စကားပြောပြီး တံခါး ခေါက်တာ မှန်း သိတော့မှ တံခါးဖွင့်ပေးလိုက်တဲ့ အခန်း တစ်ခန်း ရှိသွားပါတယ်။ အခန်းထဲ ရောက်မှ သူရဲ့ ဖြစ်အင် အကြောင်းစုံကို ပြောပြတော့မှ သူ့နဲ့ အကြည့်ချင်း ဆုံခဲ့တာကတော့ မျောက်ဖြစ်နေခဲ့ပါတယ်။
ခပ်စွာစွာ ဒေါ်စတော်ဘယ်ရီ ဒီတခါတော့ မျောက်လက်ချက်နဲ့ အညှာကျွတ်သွားခဲ့တယ်။
ခရီးစဉ် တစ်လျောက်လုံး သူကကြီးဘဲ သူများကို ကျွတ်စကီးပြအောင် လုပ်ခဲ့သမျှ မျောက်နဲ့ တွေ့မှဘဲ ဝဋ်လည်တော့တယ်လို့ ပြောရမှာဘဲ။
လူတွေကတော့ ကွယ်ရာမှာ ပြောတယ် တစ်ကိုယ်ကောင်းဆန်ပြီး တယောက်တည်း တခန်းနေလို့ ဖြစ်တာတဲ့ သူများတွေ အခန်းတိုင်းမှာ ၂ယောက်နေတာ ဘယ်သူမှ ဘာပြသနာမှ မရှိဘူး မိုးလင်းမှ နိးကြတာဘဲတဲ့။
အပျင်းပြေ အတွေ့အကြုံလေး မျှဝေလိုက်ပါတယ်။
7 comments
နီလေး
March 10, 2011 at 2:47 am
ဟိဟိ တော်တော်သဘောကျဖို့ကောင်းတယ် ခံလိုက်ရလို့မှတ်သွားပြီထင်တယ်
bigcat
March 10, 2011 at 5:04 am
ကိုကြောင်ကြီးလည်း ခရီးထွက်ရင် ကြောက်တတ်လို့ ညဖက်အဖော်ရှာပြီးမှအိပ်တယ်။
white
March 10, 2011 at 6:51 am
ခေါင်းစဉ်ကြည့်တော့ စတော်ဘယ်ရီအညှာကျွတ်ဆိုလို့ ကျုပ်တို့ ကိုပေါက်ကြီး ဘာတွေများကျွတ်တာလဲလို့ ဖတ်ကြည့်မိတာ ….ဟီးဟီး ဘာမှလဲမကျွတ်ဘူး
သာဓုပါဗျာ …. ဗုဒ္ဓဂါယာ မှာ ဘုရားဖူးခဲ့ရတဲ့ အကျိုးကြောင့် လိုချင်သလောက် ရပါစေ
etone
March 10, 2011 at 8:51 am
ရေးတာက ဆူးပါဟ ဘယ့်နှယ့် ကိုပေါက်ပါလာတာတုန်း 😀
တော်တော်ရယ်ဖို့ကောင်းမှာပဲနော် … တကိုယ်ကောင်းဆန်တာ ချက်ချင်းအကျိုးပေးတာပဲ ။
white
March 10, 2011 at 9:44 am
ဒေါ်အီးတုံးကလည်း ခက်တော့တာပဲ
ကိုပေါက်ကြီး ပုံလေးက စတော်ဘယ်ရီ အညှာလေးနဲ့လေ
အာဖျံ ကွီး
March 10, 2011 at 9:05 am
ဧကန ္တ… မျောက်က စတော်ဘယ်ရီးသီး စားချင်လို.များလား … မဆူး … ဟီးဟီးးး
ဆူး
March 10, 2011 at 1:47 pm
သူ့နေရာမှာ ဆူး ဆိုလည်း လန့်မှာဘဲ။ ညဘက် အလင်းရောင် မလင်းတလင်းမှာ ပြူတင်းပေါက် မှန်ကို မရဲတရဲ အသာလေး ချောင်းတဲ့ အချိန် မျောက်မျက်နှာ တွေ့လိုက်တာလေ။ ရုပ်ရှင်တွေထဲမှာတောင် မျက်နှာကို လက်နိပ်ဓါတ်မီးနဲ့ အောက်ကနေ ပင့်ထိုးပြီး ခြောက်ပြရသေးတာဘဲ။