လွတ်လပ်စွာဓာတ်ဆီဝယ်ယူခွင့်များ ကို ဖော်ပြပါအတိုင်းလွတ်လပ်စွာရောင်းချပေးတော့မည်..

lokiMarch 14, 20111min884

ယခင်က ဓာတ်ဆီထုတ်ယူရာတွင် တန်းစီစောင့်ဆိုင်းနေရပြီး တနေ့ကုန် ဘာအလုပ်မှလုပ်မရနိုင်အောင် စောင့်ဆိုင်းတန်းစီရသော ဓာတ်ဆီ တန်းစီဝယ်ယူသည့်စနစ်အားပိုမိုကောင်းမွန်သော စနစ်ဖြင့် နိုင်ငံတော်မှ စေတနာအပြည့်ဖြင့် ဖော်ပြပါအတိုင်းရောင်းချသွားပါမည်။ယခင်ပြောခဲ့သော

ကတိများကို ဗွေမယူကြပါရန်နှင့် ကတိများသည် ယနေ့ပြောသောကတိသည် ပြောနေချိန်တွင်သာတည်ပါကြောင်း သိရှိရပါသည်။

4 comments

  • Gong Zhu

    March 15, 2011 at 9:51 am

    ဒါဆို ကားတွေတန်းစီစရာမလိုတော့ဘူးပေါ့နော် … မဟုတ်ရင် စိတ်ညစ်စရာကြီး … ကားတွေတန်းစီနေကြတာ စိတ်ရှည်လက်ရှည်နဲ့ အများကြီးပဲ …

  • rat

    March 15, 2011 at 10:44 am

    ဘာထူးလဲ …… အခုလဲတန်းင်္စီနေရတာ တစ်နာရီကျော်ကြတယ် ….. မစောင့်နိုင်ရင် ဆီနဲနဲပဲပေးတဲ့ ဆိုင်မှာသွားထုတ်ပေါ့ ……. ဂါလန်များများပေးတဲ့ဆိုင်မှာ ကားတွေများများစောင့်ရမယ် ….. အတန်းကြီးရှည်ပြီးတော့ စိတ်ရှည်လက်ရှည်စောင့်နေတာအလကားမဟုတ်ဘူးနော် ……. ၁ ဂါလန်ကိုအပြင်ပေါက်ဈေးနဲ. ၁၅၀ဝလောက်မြတ်နေတာကိုး …..

  • ဆူး

    March 15, 2011 at 2:38 pm

    ၁၅၀ဝ လောင်တောင် မြတ်တယ်လား။ အဲလောင်တောင် ဈေးဖြစ်နေပြီလား။

  • unclegyi1974

    March 15, 2011 at 3:00 pm

    ဆူး ကလည်းအိပ်ပျော်နေတာကိုး
    အောက်ခြေလူတန်းစားတွေအတွက်
    နိုင်ငံတော်ရဲ့စေတနာလေးတွေပါ
    မုဒိတာပွားကြပါ

Leave a Reply