ကိုပေါက်က ပြားယုံပြား၊ ကြောင်ကြီးကတော့ ပျောက်ကိုသွား Evaporated!

rich

အမေရိကန်နိုင်ငံက သန်းကြွယ်သူဌေး လေးဦးမှာတဦးဟာ ၎င်းတို့ကိုယ်၎င်းတို့ ချမ်းသာတယ်လို့ မထင်ကြပါဘူးတဲ့။ တကယ်ချမ်းသာဖို့ သူတို့မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၇.၅သန်းရှိမှဖြစ်မယ်လို့ ထင်ကြကြောင်း Fidelity ရင်းနှီးမြှပ်နှံမှု စစ်တမ်းတခုအရ သိရပါတယ်။ စစ်တမ်းကောက်ယူတဲ့ မီလျံနာ၁၀၀ဝမှာ ၄၂% ပြောတာ သူတို့ချမ်းသာတယ်လို့ မထင်ပါတဲ့။ စစ်တမ်းမေးခွန်းကို တုံ့ပြန်သူတိုင်းမှာ အိမ်နဲ့အငြိမ်းစား ရံပုံငွေစာရင်း မပါသေးဘဲ ရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှုတန်ဖိုး အနည်းဆုံး အမေရိကန်ဒေါ်လာတသန်း ရှိပြီးသားပါ။
စစ်တမ်းမှာပါသူတိုင်း ချမ်းသာကြပါတယ်။ ဒါပေမဲ့ သူတို့ပိုင်ဆိုင်တဲ့ ဓနဥစ္စာရင်းနှီးမြှုပ်နှံမှုများသုံးစွဲလို့ ကုန်သွားပြီးနောက်ပိုင်း အသက်ရှည်နေမှာကို စိုးရိမ်ကြတာပါ။ သူတို့ရဲ့ ပျမ်းမျှအသက်ဟာ ၆၅နှစ်ဖြစ်ပြီး စာရင်းအင်းတွက်ချက်မှုပျမ်းမျှ (mean) အမေရိကန်ဒေါ်လာ ၃.၅သန်းလောက် ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်ပါတယ်။ ချမ်းသာဖို့သတ်မှတ်ချက် အဆင့်အတန်းဟာလည်း အသက်ကြီးလေ မြင့်လာလေပါ။
မီလျံနာတွေဟာ သူတို့နဲ့အဆင့်တူများနဲ့ သူတို့ကိုယ်သူတို့ နှိုင်းယှဉ်ကြတယ်… သူတို့အငြိမ်းစား ယူမဲ့အသက်ပိုင်းအခြားကာလဟာ ကြာရှည်မှာဖြစ်ပြီး သူတို့ရဲ့လူနေမှုပုံစံကို ထောက်ပံ့ကျားကန်ထားနိုင်ဖို့ ပိုချမ်းသာကြွယ်ဝချင်ပါတယ်။ ဖြေဆိုသူတွေဟာ သူတို့အခြေအနေကို မနှစ်တုန်းကထက် အနည်းငယ်ပိုပြီး အကောင်းမြင်လာပါတယ်။ ၂၀၀၉ခုနှစ်ဆာဗေးမှာ ၄၆ရာခိုင်နှုန်းက မချမ်းသာဘူးလို့ ဖြေခဲ့ကြတာပါ။
သူတို့ဟာ အမေရိကန်နိုင်ငံစီးပွားရေး အခြေအနေကို အကောင်းပိုမြင်ပါတယ်။ လက်ရှိအနေအထားဟာ အားနည်းနေသေးပေမဲ့ နှစ်ကုန်ပိုင်းရောက်ရင် ပြန်ဦးမော့လာမယ်ထင်ကြပါသတဲ့။ လူဦးရေရဲ့ ငါးရာခိုင်နှုန်းရှိတဲ့ အချမ်းသာဆုံးသောသူတွေဟာ တိုင်းပြည်ဓနဥစ္စာကြွယ်ဝမှုရဲ့ ၅၅%ကျော်ကို ချုပ်ကိုင်ထားကြောင်းပါ။
U.S. millionaires say $7 million not enough to be rich
http://news.yahoo.com/s/nm/20110314/lf_nm_life/us_fidelity_survey
By Helen Kearney Helen Kearney – Mon Mar 14, 11:07 am ET
NEW YORK (Reuters) – A million dollars ain’t what it used to be.
More than four out of ten American millionaires say they do not feel rich. Indeed many would need to have at least $7.5 million in order to feel they were truly rich, according to a Fidelity Investments survey.
Some 42 percent of the more than 1,000 millionaires surveyed by Fidelity said they did not feel wealthy. Respondents had at least $1 million in investable assets, excluding any real estate or retirement accounts.
“Every person in the survey is wealthy,” said Sanjiv Mirchandani, president of National Financial, a unit of Fidelity. “But they are still worried about outliving their assets.”
The average age of respondents was 56 years old with a mean of $3.5 million of investable assets. The threshold for “rich” rose with age.
“They compare themselves to their peer group … and they are also thinking about the long period they will have in retirement and want more assets” to fund their lifestyle, said Michael Durbin, president of Fidelity Institutional Wealth Services.
Still, millionaires are slightly more optimistic now than they were in 2009, when 46 percent did not feel wealthy.
Respondents were also more optimistic about the U.S. economy. While they thought the current U.S. economy remained very weak, they think it will improve by the end of this year.
Fidelity noted the wealthiest 5 percent of Americans hold more than 55 percent of the nation’s wealth.
(Reporting by Helen Kearney)

11 comments

  • kai

    March 15, 2011 at 8:13 pm

    ကမ္ဘာလူချမ်းသာကြီးများစာရင်းပါ တင်ပေးလိုက်ပါတယ်.။

    The World’s Billionaires

    Rank Name Citizenship Age Net Worth ($bil) Residence

    1 Carlos Slim Helu & family Mexico 70 53.5 Mexico
    2 William Gates III United States 54 53.0 United States
    3 Warren Buffett United States 79 47.0 United States
    4 Mukesh Ambani India 52 29.0 India
    5 Lakshmi Mittal India 59 28.7 United Kingdom
    6 Lawrence Ellison United States 65 28.0 United States
    7 Bernard Arnault France 61 27.5 France
    8 Eike Batista Brazil 53 27.0 Brazil
    9 Amancio Ortega Spain 74 25.0 Spain
    10 Karl Albrecht Germany 90 23.5 Germany
    11 Ingvar Kamprad & family Sweden 83 23.0 Switzerland
    12 Christy Walton & family United States 55 22.5 United States
    13 Stefan Persson Sweden 62 22.4 Sweden
    14 Li Ka-shing Hong Kong 81 21.0 Hong Kong
    15 Jim Walton United States 62 20.7 United States
    16 Alice Walton United States 60 20.6 United States
    17 Liliane Bettencourt France 87 20.0 France
    18 S. Robson Walton United States 66 19.8 United States
    19 Prince Alwaleed Bin Talal Alsaud Saudi Arabia 55 19.4 Saudi Arabia
    20 David Thomson & family Canada 52 19.0 Canada
    21 Michael Otto & family Germany 66 18.7 Germany
    22 Lee Shau Kee Hong Kong 82 18.5 Hong Kong
    23 Michael Bloomberg United States 68 18.0 United States
    24 Sergey Brin United States 36 17.5 United States
    25 Charles Koch United States 74 17.5 United States
    26 David Koch United States 69 17.5 United States
    27 Larry Page United States 37 17.5 United States
    28 Michele Ferrero & family Italy 83 17.0 Monaco
    29 Kwok family Hong Kong NA 17.0 Hong Kong
    30 Azim Premji India 64 17.0 India
    31 Theo Albrecht Germany 88 16.7 Germany
    32 Vladimir Lisin Russia 53 15.8 Russia
    33 Steven Ballmer United States 54 14.5 United States
    34 Robert Kuok Malaysia 86 14.5 Hong Kong
    35 George Soros United States 79 14.0 United States
    36 Anil Ambani India 50 13.7 India
    37 Paul Allen United States 57 13.5 United States
    37 Michael Dell United States 45 13.5 United States
    39 Mikhail Prokhorov Russia 44 13.4 Russia
    40 Birgit Rausing & family Sweden 86 13.0 Switzerland
    41 Shashi & Ravi Ruia India 66 13.0 India
    42 Mikhail Fridman Russia 45 12.7 Russia
    43 Jeffrey Bezos United States 46 12.3 United States
    44 Savitri Jindal India 60 12.2 India
    45 Donald Bren United States 77 12.0 United States
    46 Gerald Cavendish Grosvenor & family United Kingdom 58 12.0 United Kingdom
    47 John Paulson United States 54 12.0 United States
    48 Abigail Johnson United States 48 11.5 United States
    49 Jorge Paulo Lemann Brazil 70 11.5 Brazil
    50 Roman Abramovich Russia 43 11.2 Russia
    http://www.forbes.com/lists/2010/10/billionaires-2010_The-Worlds-Billionaires_Rank.html

    • Foreign Resident

      October 6, 2011 at 7:03 am

      United States ( 20 ),
      India ( 6 ),
      Russia ( 4 ),
      Germany ( 3 ),
      China ( 3 ),
      France ( 2 ),
      Brazil ( 2 ),
      Switzerland ( 2 ),
      Mexico (1),
      Spain ( 1 ),
      Sweden ( 1 ),
      Saudi Arabia ( 1 ),
      Canada ( 1 ),
      Monaco ( 1 ),
      Malaysia ( 1 ),
      United Kingdom ( 1 ).

      Myanmar & Australia ??? 🙁

  • windtalker

    October 5, 2011 at 7:39 pm

    အမေရိကန်ရောက်သွားပြီ ဆိုတော့
    အမေရိကန် လို ပဲ ကျင့်ရတော့မှာပေါ့
    အမေရိကန်ကိုကြောင်ရေ
    ကျွန်တော်တို ့မန်းတလေးမြို ့မှာ
    အမေရိကန်ကြက်သား ဆိုတာ ရှိသဗျ
    အမေရိကန် ကြောင်သား ဆိုတာများ ပေါ်လာခဲ့ရင်တော့
    ဂေဇက်က အကိုကြီး ကို ပြေးမြင်မိမှာ သေချာတယ်

  • Koyin Sithu

    October 5, 2011 at 7:55 pm

    အချမ်းသာဆုံး စာရင်းထဲမှာ ကိုယ့်နာမည်လေးပါမလာလို့…
    လိုက်ဖတ်ကြည့်ပါတယ်… မတွေ့မိပါ…
    ဆြာခိုင်ရေ…… ကမာ္ဘအဆင်းရဲဆုံးလူသားတွေကို list လေးထုပ်ပေးပါလား..
    ဒါမှမဟုတ်… နိုင်ငံတွေကို ဖော်ပြပေးပါ….

  • မှော်ဆရာ

    October 5, 2011 at 8:09 pm

    သူဌေးတွေက သူတို့ကို သူတို့ ချမ်းသာတယ် မထင်ကြဘူးလား
    ကျွန်တော့ကို ကျွန်တော်လဲ ချမ်းသာတယ် မထင်ဘူး
    ဒါဆို ကျွန်တော်လဲ မဟုတ်မှလွဲရော …………………..
    သန်းကြွယ်သူဌေးများလား မသိ

  • ကိုပေါက်က ပြားယုံပြား
    ငါ့တူ ကြောင်ကြီး မရှင်းမရှင်းမပြောနဲ့နော်။
    တော်ကြာ မောင်ပု ငါ့ဆီလာကပ်နေအုံးမယ်ဟ၊

    • windtalker

      October 6, 2011 at 11:53 am

      အလဲ့
      တူဝရီးတွေ သိပ်ချစ်နေကြပါလား
      ကောင်းလေစွ
      အဟောသုခံ

  • minmahar

    October 6, 2011 at 1:05 am

    သားသား မျက်စိကောင်းလို့..
    သားသားနာမည် ဝိုင်းရှာ ပေးကြပါ ..
    တွေ့ဖူး ပြောနဲ့ .. ။

  • kai

    October 6, 2011 at 4:17 am

    http://online.wsj.com/article/SB10001424052970203476804576612930412626412.html?mod=googlenews_wsj
    Senate Democrats Propose 5% Surtax on Millionaires
    By COREY BOLES

    WASHINGTON—Senate Democrats proposed a 5% surtax on people earning more than $1 million a year to pay for the $447 billion cost of President Barack Obama’s job-creation bill, in a move designed to shore up their party’s support for the measure.
    ..
    အထက်လွတ်တော်အမတ်တချို့က.. တနှစ် ၁သန်းအထက်ဝင်တဲ့သူတွေကို.. အခွန်တိုးချဖို့.. အစိုးရဆီတင်ဖို့လုပ်နေတယ်..။
    Wall Street ကစလိုက်တဲ့.. ဆန္ဒပြတာတွေကလည်း.. တနိုင်ငံလုံးပြန့်လာနေပြီ..။

    ခါတော်မှီသတင်းလေး.. တင်ပေးတာပါ..။

  • Foreign Resident

    October 6, 2011 at 6:30 am

    My day Dream,
    (3) millions is enough for my family.

    (1) million for one good house.
    (2) millions to save in Banks & get interest (6%) 10000$ per month.

    Hee Hee Hee.

  • aungnng87

    October 6, 2011 at 3:04 pm

    ချမ်းသာသူတွေများကြတော့ အရမ်းချမ်းသာတာဘဲ။ ဆင်းရဲချင်တဲ့သူများကြတော့ ဘာလုပ်လုပ်အဆင်ကိုမပြေဘူး။ ကိုယ်တွေကတော့ အရမ်းအရမ်းကြီးတော့ မချမ်းသာချင်ပါဘူး. ။ပူပန်မှုတွေများရလွန်းလို့။ ဘာမှမပါဘဲနဲ့လမ်းလျှောက်သွားရတဲ့ ခံစားမှုနဲ့ တန်ဖိုးရှိတယ်လို့ထင်ရတဲ့အရာသယ်ဆောင်ပြီးလမ်းလျှောက်တဲ့အခါခံစားမှုမှာ ဘာမှမသယ်ဆောင်ဘဲလျှောက်ရတဲ့ခံစားမှုမျိုးကို အရမ်းနှစ်ချိုက်တာဘဲ။
    ဒါနဲ့စကားမစပ် အမေရိကန်ဆန္ဒပြတာလေးလုပ်ပါဦး။ သိချင်လို့ပါ။

Leave a Reply