Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Letter to Editor

zoxnetApril 27, 20101min4364
1

အက်ဒီတာ သို့ပေးစာဆိုတဲ့ ကတဂိုရီလေးတွေ့လိုက်တာနဲ့ ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။ ကျွန်တော် ဆန္ဒရှိတာလေးတွေကို တင်ပြချင်ယုံ သက်သက်ပါ။ ဆုံးဖြတ်ချက် ချတာကတော့ အက်ဒီတာ လူကြီးမင်းတို့နဲ့ပဲ သက်ဆိုင်ပါတယ် ခင်ဗျာ။ ကျွန်တော်ဟာ Word press နဲ့ ဘလော့ဂ် ဖန်တီးရေးဆွဲ နေတဲ့ သူတစ်ယောက်ပါ။ နှစ်အနည်းငယ်သာ ရှိပါသေးတယ်ခင်ဗျာ။ ကျွန်တော် ဘလော့ဂ်တွေ လိုက်လည်ရင်း လူကြီးမင်းတို့ရဲ့ ဒီ မန ္တလေးဂေဇက် ဒေါ့တ်ကောမ် ကို တွေ့လိုက်ရပါတယ်။ ဝင်လေ့လာရင်း ထူးခြားမှု အမျိုးမျိုးကို ထပ်မံတွေ့ရှိရပါတယ်။ (အဓိက ကတော့ ပိုက်၊ ပိုက် ပေးတာပါ။ အဟဲ) အဲ..ကျွန်တော့်အတွက် ဝမ်းသာစရာ နောက်တစ်ခုက တော့ ဒီဆိုဒ်ကြီးကို ကျွန်တော် အရမ်းနှစ်သက်တဲ့ Word press နဲ့ ဖန်တီးထားခြင်းပါပဲ။ အဲဒီ အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် ပို့စ်တွေ တင်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်တိုင်းမကျ တာလေးတွေကို ပြောပြချင်ပါတယ်။ တခြား မဟုတ်ပါဘူး။ Themes စတိုင်ပါပဲ ခင်ဗျာ။ ဒီလို ကြီးကျယ်တဲ့ သတင်းစာ ဘလော့ဂ်ကြီးဟာ အခုလို တန်းပလိတ် စတိုင် ရိုးရိုးကြီးနဲ့ဆိုတော့ နည်းနည်း ဘဝင်မကျဘူး ဖြစ်နေပါတယ်။ အဆင်ပြေမယ် ဆိုရင် လူကြီးမင်းတို့ဘက်ကနေ ထူးခြားဆွဲဆောင်မှု ရှိတဲ့ တန်းပလိတ် ဒီဇိုင်းကို ပြောင်းပေးစေချင်ပါတယ်။ နောက်တစ်ခုက Banner ပါ။ လိုဂို ခန့်ညားမှုဟာ ဘန်နာရဲ့ ပုံစံတုံးတုံးကြီး အပေါ်မှာ ပျောက်ကွယ်နေပါတယ်။ နောက်ပြီး Sidebar တွေကိုလည်း ပြင်ပေးစေချင်ပါတယ်။ တချို့တချို့ တဂ် စာလုံးတွေကို ဆိုဒ်ဘား အပြင်ကို ကျွံ ထွက်နေပါတယ်။ ကြည့်ရတာ ကိုးလိုးကန့်လန့် ဖြစ်နေပါတယ်။ ကျွန်တော့်ရဲ့ အကြံပေးချက်ပါခင်ဗျာ။ လူကြီးမင်းတုို့ရဲ့ ဆုံးဖြတ်ချက်ကတော့ ကျွန်တော့်ထက် သာလွန်မယ်လို့ ယုံကြည်ပါတယ်။ ရတနာပုံ သတင်းစာ အဓွန့်ရှည်ပါစေခင်ဗျာ။

4 comments

  • kopauk mandalay

    April 27, 2010 at 3:21 pm

    ကျနော်ကတော.ပိုက်ပိုက်ရတာ မရတာနောက်ထား
    ကိုယ်တင်ပြီးရေးလိုက်တဲ.ပို.စ်လေးကိုလူဘယ်နှစ်ယောက်ဖတ်ပြီးပြီဆိုတာလေးကို
    ဖော်ပြထားတာလေးကိုတွေ.ရုံနဲ.တင်ကျေနပ်သွားပါတယ်။
    ညီလေးပြောတဲ.ဒီဇိုင်းကိစ္စကတော.ကျနော်နားမလည်တော.ဝင်မပြောတော.ပါဘူး။

    • editor

      April 27, 2010 at 8:55 pm

      ပို့စ်ဖတ်တဲ့သူကို ရေတွက်နေတာ သိပ်အမှန်ကြီးတော့ မဟုတ်ပါဘူး။ ဒီမှာစာတွေတက်ရင်.. ဖေစ့်ဘုတ်မှာလည်း သွားတက်တာမို ့အဲဒီမှာလည်း လူတွေဖတ်ကြပါတယ်။
      အမေရိကမှာ မြန်မာတွေသိန်းချီနေပြီမို ့အဲဒီလူတွေသိနေတဲ့ ၄နှစ်သက်တန်းပုံနှိပ်သတင်းစာရယ်..အခုဝက်ဘ်ဆိုက်ရယ်ကတဆင့် မြန်မာပြည်တွင်း-ပြည်ပ အပြန်အလှန် အတွေ့အကြုံတွေဖလှယ်နိုင်ဖို့ ဒီဝက်ဘ်ဆိုက် ရှိနေတာဖြစ်ပါတယ်။ ကိုပေါက်စာတွေကို ဒီကလူတွေ ပြန်မေးကြည့်သလောက် ကြိုက်တယ်ဖြေကြပါတယ်ခင်ဗျား။

  • editor

    April 27, 2010 at 8:42 pm

    ဒီကဏ္ဍက မေးတာတွေဖြေဖို့အတွက် မှန်ပါတယ်ခင်ဗျား။ ဒီတော့ ဖြေရတော့တာပေါ့။
    Wordpress နဲ့လုပ်ထားတာ ကြိုက်တယ်ဆိုလို့ကျေးဇူးတင်ပါတယ်။ ဝက်ဘ်ဆိုက်လျှောက်ခဲ့တဲ့ ၅နှစ်ခရီးလမ်းလေးနည်းနည်းပြောပါရစေ။
    ပထမ XOOPS နဲ့လုပ်ပါတယ်။ အဲဒါက လုံခြုံရေးအရသိပ်မကောင်းတာမို ့ခဏခဏ ဟက်ကာအဝင်ခံရတာမို ့ Joomla ကိုပြောင်းပါတယ်။
    လုုံခြုံရေးအဆင့်မြှင့်ထားသမို ့ အဝင်ရခက်ကြပေမဲ့ ထားတဲ့ဆာဗာက သူတို့ရီဆို့တွေအရမ်းသုံးပါတယ်ဆိုပြီး ဘာမပြောညာမပြောနဲ့ ရာသီဥတုသာယာတဲ့တနေ့မှာ ဖြတ်ချလိုက်ပါတယ်။ မူရင်းဘက်ကပ်တောင် မနည်းပြန်တောင်းမှ ပေးတာပါ။
    ပြန်တင်တော့ ဇော်ဂျီက ဘာပြသနာဖြစ်တယ်မသိ..။ အခုလိုဖြစ်ကုန်တာပါပဲ( ပြင်တတ်ရင်..လုပ်ဖို ့တောင်အကူအညီတောင်းချင်ပါရဲ့)
    http://myanmargazette.net/com/

    နောက်ဆုံး (အခု)လုံခြုံရေးကောင်းတယ်ပြောကြတဲ့ WordPress ရောက်တာပါ။ တင်န်းပလိပ်မှ ၁ဝခုလောက်သုံးထားပါတယ်။ တခုမှ စိတ်ကြိုက်မတွေ့သမို ့( Atahualpa Theme)ကိုသုံးနေတာပါ။
    သိတဲ့အတိုင်း plugin တွေအရမ်းသုံးတာမို ့တချို ့တင်န်းပလိပ်တွေမှာ jQueryပြသနာတက်တာမို ့လည်းပါပါတယ်။ ဘန်နာကို ပြင်ကြည့်ပါမယ်။ ဒါမှမဟုတ်..ဖြုတ်ကြည့်ပါမယ်။ စာတွေဆိုဒ်ဘား အပြင်ကို ကျွံ ထွက်နေတာတော့ မလုပ်တတ်ပါခင်ဗျာ။ ဇော်ဂျီဖွန် ့ကြောင့်လို့ထင်တာပါပဲ။
    လိုမယ်ထင်တာတွေ အင်္ကြပေးပါဦး။

  • zoxnet

    April 28, 2010 at 6:46 am

    အဒ်မင် လူကြီးမင်းများခင်ဗျား။ ဆိုဒ်ဘာအပြင်ကျွံထွက်နေတာ ထည့်ထားတဲ့ widget တွေကို ပြန်ချိန်ပါတဲ့ ခင်ဗျာ။ ဇော်ဂျီနဲ့ စာရိုက်ရင် spacebar ပုတ်ပုတ်ပေးပါ။ Widget width ကို ဆိုဒ်ဘား width ထက်မကျော်စေအောင် ပြင်ကြည့်ပါ။ ဒါတွေဟာ wp မှ မဟုတ်ပါဘူး
    ပလက်ဖောင်းတိုင်းမှာ တွေ့ရမယ့် ပြသနာတွေပါ။ စာရိုက်ရင် စပေ့ဘား ပုတ်ပေးဖို့မမ်ဘာတွေကို ပြောပေးလိုက်ပါ။
    စာလုံးတွေကို ချားချားမပေးရင် ဖြစ်မှာပဲ ခင်ဗျ။ သုံးထားတဲ့ ပလပ်အင်တွေကို မလိုတာ ဖြုတ်လိုက်ပါ။ ဘန်နာ တစ်ခုလောက် ကျွန်တော် ဖန်တီးချင်ပါတယ်။ ခွင့်ပြုမယ်ဆိုရင် ဝမ်းသာမှာပါ ခင်ဗျာ။

Leave a Reply