ဒါလေးတော့ သိထားမှ

ashinindakaMarch 17, 20111min22221

စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ဝိနယ လို့ခေါ်ပါတယ်။
ဝိနယ ကို မြန်မာမှုပြုထားတာက ဝိနည်းတဲ့။
စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်း
ပေါင်းစုထားတာကိုတော့ ဝိနယပိဋက လို့ခေါ်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ ဥပဒေပေါင်းချုပ် ပေါ့။

(ဝိနယပိဋက) ဥပဒေပေါင်းချုပ်စာအုပ် ငါးအုပ်ရှိတယ်။
ငါးအုပ်ထဲက မဟာဝါစာအုပ်ကို ပထမဆုံးလေ့လာဘူးတယ်ဆိုတာ ပြောခဲ့ပြီးပြီ။
မဟာဝါစာအုပ်မှာ အခန်း (Section) ၁ဝ ခုရှိတယ်။

ဝိနည်းဥပဒေစာအုပ်ဆိုပေမဲ့ ဥပဒေချည်းသက်သက် ဖော်ပြထားတာမဟုတ်ဘူး။
သမိုင်းရှုဒေါင့်က အင်မတန်အရေးပါတဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အစောဆုံးစာမျက်နှာတွေမှာ တွေ့ရတယ်။

အမည် –  သိဒ္ဓတ္ထ
မျိုးနွယ်အမည် –  ဂေါတမ
မွေးနှစ် – ဘီစီ ၆၂၃၊ မေလ လပြည့်နေ့
မွေးဖွားရာနေရာ – လုမ္ဗိနီဥယျာဉ်၊ ကပိလဝတ္ထု
ဇာတိ – ကပိလဝတ္ထု

မိဘ – သုဒ္ဓေါဒန၊ မဟာမာယာ
ဇနီး – ယသောဓရာ
သား – ရာဟုလာ
ယောက်ဖ – ဒေဝဒတ်
နန်းစံနှစ် – ၁၃ နှစ် (၁၆-၂၉)

နိမိတ်ကြီးများ – သူအို၊ သူနာ၊ သူသေ၊ ရဟန်း
ဗျာဒိတ်ခံယူသောဘဝ – သုမေဓောရသေ့ဘဝ
ဗျာဒိတ်ခံယူသောနေ့ – ကဆုန်လပြည့်
ဗျာဒိတ်ပေးသောဘုရား – ဒီပင်္ကရာမြတ်စွာဘုရား

ပါရမီဖြည့်ဘက် – သုမိတ္တာအမျိုးသမီး
ပါရမီဖြည့်ရာကာလ – လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရခြည်င်း၏ ရည်ရွယ်ချက် – သတ္တဝါအကျိုးသယ်ပိုးရန်

ဒုက္ကရစရိယာကျင့်ရသောကာလ – ၆ နှစ်ကြာ (၉၇-၁၀၃)
ဒုက္ကရစရိယာကျင့်သည့်နေရာ – ဥရုဝေဠတော
ဘုရားဖြစ်ချိန်သက်တော် – ၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း – ၁၀ဝ တမ်း

တရားဦးဟောသည့်နေရာ – ဗာရာဏသီ၊ မိဂဒါဝုန်တော
ပထမဆုံးသာဝက – ပဉ္စဝဂ္ဂီ ငါးဦး
နောက်ဆုံးကျွတ်သောသာဝက – သုဘဒ္ဒပရိဗိုဇ်
လက်ယာရံအဂ္ဂသာဝက – ရှင်သာရိပုတ္တရာ
လက်ဝဲရံအဂ္ဂသာဝက – ရှင်မဟာမောဂ္ဂလာန်

အဆုံးအမသာသနာ – ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
ကျင့်စဉ်သိက္ခာ – သီလ၊ သမာဓိ၊ ပညာ
ချမှတ်သောလမ်းစဉ် – မဇ္ဈိမပဋိပဒါ

ပဋိသန္ဓေယူသောနေ့ – မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
ဖွားမြင်သောနေ့ – မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
တောထွက်သောနေ့ – မဟာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့

ဘုရားဖြစ်သောနေ့ – မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
ဓမ္မစကြာဟောသောနေ့ – မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
ပရိနိဗ္ဗာန်စံသောနေ့ – မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
တေဇောဓာတ်လောင်သောနေ့ – မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့

ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖို့ ဒါလေးတွေ သိသင့်လို့ ရှာဖွေတင်ပေးလိုက်တယ်။

21 comments

  • kai

    March 17, 2011 at 8:22 am

    အမည် – သိဒ္ဓတ္ထ
    မျိုးနွယ်အမည် – ဂေါတမ
    ဆိုတာမှာ…
    မျိုးနွယ်အမည် ဆိုတာ family name ( last name)ဆိုတာကို ပြောတာပေါ့နော်..ဘုရာ့..။

    သကျသာကီဝင် အမျိုးအနွယ်မြန်မာတွေမှာ မျိုးနွယ်အမည်ဘာလ်ု့မရှိလည်း စဉ်းစားမိလို့ပါ..။ 🙂

  • naungnaung

    March 17, 2011 at 2:43 pm

    ခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ်ဘုရား…..ဗုဒ္ဓဘာသာဝင်တိုင်း ဒီလောက်တော့ သိထားသင့်ပါတယ်..ပြည်ပ မှာ တခြားဘာသာဝင်တွေက မေးလာရင် တချိုု့ဆို ရှက်စကောင်းလာက်အောင်ကို တခုမှမသိကြဘူး…:)

    • ashinindaka

      March 17, 2011 at 2:46 pm

      အေး၊ ဒါလေးတော့ အလွတ်ကျက်ထားသင့်တယ်

  • peacemaker35183777

    March 18, 2011 at 3:50 am

    အရှင်ဘုရား တပြည့်တော် မရှင်းလို့ပါ ။ဒီpost နဲ့တော့မဆိုင်ပါဘူး။
    ၃၁ ဘုံ ရယ် ။ စုတိ ပြီးရင် ပတိသန်တေ ရယ။် မြန်မာတွေ ရဲ့ ရက်လည်ဆွမ်း ရယ်။ တပြည့်တော် ဆက်စပ် လို့ မရ လို့ ပါ။

    • ashinindaka

      March 18, 2011 at 4:40 am

      အလျင်းသင့်တဲ့အခါ အကျယ်တဝင့်ရေးပေးမယ်လို့ပဲ ပြောပါရစေ။

  • peacemaker35183777

    March 18, 2011 at 3:54 am

    တပြည့်တော် နားလည်အောင်ဘာတွေလေ့လာ ရ ပါမလဲ ဘုရား။

    • ashinindaka

      March 18, 2011 at 4:42 am

      သိချင်တာကို ဖတ်ဖို့ လေ့လာဘို့က အချိန်ပေးနိုင်ဘို့က အရေးအကြီးဆုံးပါ။ အခုခေတ်မှာ ဒီလို Net တွေထဲမှာကို အများကြီး။ အခြေခံကျကျလေးတွေသိချင်ရင်တော့ http://www.dhammagarden.com ကို ခဏဝင်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။

  • etone

    March 18, 2011 at 4:40 am

    မဟာသက္ကရာဇ် ကို အင်္ဂလိပ်နှစ် နဲ့ ဆို ဘယ်လို တွက်ရမလဲ သိသူများ ဖြေကြားပေးပါ ။

    • ashinindaka

      March 18, 2011 at 4:43 am

      ကဲ၊ ဒကာခိုင်ရေ၊ ဒီအတွက် အချိန်လေးပေးလိုက်ပါအုံး။

  • etone

    March 18, 2011 at 5:18 am

    ဒီပို့စ(်web page) ကို 15မိနစ်တစ်ခါ refresh လုပ်ရင်း တက်လာမဲ့ comment ကို စိတ်ရှည်ရှည်နဲ့ စောင့်နေပါကြောင်း 🙂

  • ashinindaka

    March 18, 2011 at 6:08 am

    ညီမောင်သုနန္ဒဖြေထားတာလေးကို မောင်အီးတုံးစောင့်နေတယ်ဆိုတာသိရလို့ အရေးတကြီးကူးတင်ပေးလိုက်တယ်။

    မဟာသက္ကရာဇ် ၊ ခရစ်နှစ် အေဒီ ဘီစီ ရှင်းတမ်း

    မေး။ ။ အရှင်ဘုရား မဟာသက္ကရာဇ် အသုံးအနှုံး နဲ့၊ သာသနာ သက္ကရာဇ်၊ ကောဇာ သက္ကရာဇ်၊ ခရစ်နှစ်၊ အေဒီ ဘီစီ , ၁၂ ရာစု- ၁၉ ရာစုု ၁၀ဝ သက်တမ်း ၇၅ နှစ်သက်တမ်း ဆိုတဲ့ အသုံးအနှုံးတွေကို တပည့်တော် တို့ စာပေ တွေ ထဲမှာ တွေ့နေ ရပေမယ့် နားမလည်ပဲ မျက်စိလည်နေပါတယ် ဘုရား၊ အရှင်ဘုရား အချိန်ပေးနိုင်ပါက ဖြေကြားပေးစေလိုပါတယ် ဘုရား၊
    ကိုထွန်းထွန်း ( မန်း )
    ဖြေ၊ ။ ဒကာထွန်းရေ၊ တကယ်သိလိုတယ် ဆိုတော့လဲ အချိန်ပေးပြီး ဖြေကြားရမှာပေါ့၊ အမှန်တကယ် သိသင့်တဲ့မေးခွန်းပါ၊ ဒါကြောင့် တပိုဒ်ချင်း ဖြေကြားပါ့မယ်။

    မဟာ သက္ကရာဇ် ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ အဘိုး ( မယ်တော် မာယာဒေဝီရဲ့ ဖခင် ) ဒေဝဒဟ ပြည့်ရှင် ဘိုးတော် အဉ္စန မင်းကြီး ဟာ ကမ္ဘာဦး မဟာ သမ္မတ မင်းမှ စ၍ ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ( ၈၆၄၉ ) ခုနှစ်ကို ဆရာဖြစ်သော ဒေဝိလ ရသေ့နှင့် တိုင်ပင်ကာ ရောက်ဆဲနှစ် တပေါင်းလကွယ် နေ့ မှ စ၍ ဖြိုဖျက် ပြီးလျင် သက္ကရာဇ် ၁ ခု ဆိုပြီး ရေတွက်ခဲ့တာပါ၊
    ( သက္က + ရာဇ ) သာကီဝင် မင်းတို့ စတင်ရေတွက်သော နှစ် သက္ကရာဇ် ဆိုတာ ပါဠိမှ ဆင်းသက်လာသော မြန်မာစကား လို့ ဆိုနိုင်ပါတယ်၊

    နောက်မှာတော့ သာကီဝင်လူမျိုးတွေဟာ အခြားသောလူတို့ထက် ဥပဓိရုပ်လက္ခဏာ ဉာဏ်ပညာစသည်အားဖြင့် သာလွန် မြင့်မြတ်တယ် ဆိုတဲ့ အဓိပ္ပါယ်သဘောနဲ့ ( မဟာ ) ဆိုတဲ့ စကားလုံးကို ထည့်သုံးလာပြီး မဟာသက္ကရာဇ် ဆိုတာ ဖြစ်လာတာပါပဲ၊
    ဒါကြောင့် မဟာ သက္ကရာဇ် ၆၈ ခုနှစ် (ယေရှု့ ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၆၂၃ စောတဲ့ ကာလ ) မှာ ဘုရားအလောင်းတော် ကို မွေးဖွားပြီး ၁၄၈ ခုနှစ်မှာ ပရိနိဗ္ဗာန် ပြုတော်မူခဲ့ပါတယ်၊ ဒါကတော့ မဟာသက္ကရာဇ် အသုံးအနှုံးပါ၊

    နောက် တခုက ဘုရားရှင်လွန်တော်မူပြီး ပဋ္ဌမ သင်္ဂါယနာတင် မထေရ်ကြီး အရှင် မဟာ ကဿပနဲ့ ဘုရင် အဇာတသတ် တို့ တိုင်ပင်ပြီး ရောက်ဆဲ မဟာ သက္ကရာဇ် ( ၁၄၈ ) ခုနှစ်ကို ဖြိုလျက် ၁ ခုကြွင်း ထားကာသာသနာနှစ်၁နှစ်ဆိုပြီးစတင် ရေတွက်ခဲ့ကြပြန်တယ်၊ ဘုရားရှင်လွန်တော်မူပြီး ရေတွက်လာသောနှစ်ကို သာသနာနှစ် လို့ မှတ်သားရပါမယ်၊ အဲဒီ သာသနာနှစ်ဟာ ယခု ၂၅၅၃ ခုနှစ်ရှိပြီမို့ ဘုရားရှင် လွန်တာဟာလဲ နှစ်ပေါင်း ၂၅၅၃ နှစ် လို့ မှတ်နိုင်ပါတယ်၊

    အဲဒီနောက် သာသနာ သက္ကရာဇ် ၆၂၄ ခုနှစ် အရောက် သရေခေတ္တရာပြည် သုမုန္ဒရီ မင်း လက်ထက်မှာ ၆၂၂ နှစ်ကို ပထမအကြိမ်အနေနဲ့ ဖြိုဖျက်ပြီး ၂ ခုကြွင်း ထားကာ စတင် ရေတွက်ခဲ့ကြပြန်တယ်၊

    ဒုတိယ သက္ကရာဇ်ဖြိုသူကတော့ ပုဂံပြည် ပုပ္ပားစောရဟန်းမင်း ပါ။ သူ့လက်ထက် သရေခေတ္တရာ မှ စတင်ရေတွက်လာသော ရောက်ဆဲ သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်မှာ ၅၆ဝ ကို ဖြိုဖျက်၍ ၂ ခုကြွင်းထားကာ မြန်မာ သက္ကရာဇ် ၂ နှစ် ၃နှစ် စသည်ဖြင့် စတင်ရေတွက်ခဲ့တာ ဟာ ယနေ့ လက်ရှိ ကောဇာ သက္ကရာဇ် အစပဲ ဖြစ်ပါတယ် ၊

    ဒါကြောင့် ရှေးရှေး ဆရာတို့က သာသနာနှစ်ကို သိလိုလျင် ( ဒွေ အဋ္ဌ ဧက ဧက နှော =ဒွေ-၂ အဋ္ဌ-၈ ဧက ဧက – ၁၁ )ပါဠိ ဂဏန်းမှန်သမျှ ပြောင်းပြန်ယူတွက်ရသောကြောင့် ( တစ် တစ် ရှစ် နှစ် သက္ကရာဇ် ပေါင်းလစ် သာသနာ၊ ဆိုပြီး ၂ ကြိမ် ဖြိုခဲ့သော ခုနှစ်များကိုရောက်ဆဲ ကောဇာ သက္ကရာဇ်ဖြင့် ပေါင်းထည့်က သိနိင်တယ် လို့ ဆိုပါတယ်၊ ( ၆၂၂ + ၅၆ဝ = ၁၁၈၂ ) ( ကောဇာ – ၁၃၇၁ + ၁၁၈၂ = ၂၅ ၅၃ )

    ယေရှု့ ခရစ်တော် သေဆုံးပြီး ပြန်လည် ထမြောက်ရာအခါမှ ရေတွက်လာသော နှစ်ကို ခရစ်နှစ် လို့ ယနေ့တိုင်ခေါ်ဆိုနေကြပါတယ်၊ ဒါကြောင့် ခြားနားတဲ့ အဓိပ္ပါယ် ရှိတဲ့ ခရစ် နှင့် သက္ကရာဇ် ဆိုတာကို ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေဟာ တွဲဘက် အသုံးမပြုသင့်ပါဘူး၊

    A D = An no Domini ( used to indicade that a date comes the specified number of years the traditional date of christ’s birth ) AD is an abbreviation of latin Anno domini . it is normal to write the third century AD . AD should be placed before the numerals, as in AD 375 ( not 375 AD )
    ဒါက Oxford Dictionary က ဖွင့်ပြတာပါ၊ လိုရင်းအချုပ်ကတော အေဒီ အသုံးအနှုံးဟာ ရိုးရာအနေအားဖြင့် ခရစ်တော် မွေးဖွားတဲ့ နေ့ကနေ ရေတွက်တဲ့ နှစ် လို့ မှတ်ရပါမယ်၊ လက်တင် ဘာသာ ကနေ ဆင်းသက်လာတယ် လို့ ဆိုပါတယ် ၊

    B C = before Christ ( placed after a date, indicating that it is before the Christian era. Usage- in 72 BC, ( not BC 72 )
    ဆိုလိုတာက ဘီစီ ဆိုတာ before Christ ခရစ်တော် မမွေးဖွားမီ သုံးနှုံ့း ရေတွက်ခဲ့တဲ့ ခုနှစ် တွေကို ရည်ညွန်းပါတယ်၊

    ၁၂ ရာစု၊ ၁၉ ရာစု ဆိုတာကတော့ ပထမ အနေနဲ့ ရာစုနှစ်ကို ပြောရပါမယ်၊ ပညာရှင်တွေ အဆိုအရတော့ နှစ်ပေါင်း ၁၀ဝ ကို ၁ ရာစု လို့ သတ်မှတ်ပြီး ၂၀ဝ ရောက်ရင် ၂ ရာစု၊ ၅၀ဝ ရောက်ရင် ၅ ရာစု စသည်ဖြင့် ရေတွက်ခဲ့ကြတာပါ၊ ဒါကြောင့် အခု ၂၀၀၉ ဆိုတော့ ၂၁ ရာစုနှစ်လို့ ပြောစမှတ် ပြုနေကြခြင်း ဖြစ်ပါတယ်
    ဒီနေရာမှာ ရာစု ဆိုလို့ ပြောရအုံးမယ်၊ သာသနာနှစ် ၆ ရာစု အတွင်း ဂျေရုစလင် မြိုှုတော် မှာ ခရစ်ယာန်ဘာသာကို စတင် တည်ထောင်သော ယေရှု့ ခရစ်တော် ပေါ်ပေါက် ဖွားမြင်ခဲ့တယ်လို့ ဆိုပါတယ် ၊

    သာသနာ ၁၂ ရာစု အတွင်းမှာတော့ အာရေဗျပြည် ( ယခု အခေါ် ဆော်ဒီ အာရေးဗီးယား နိုင်ငံ မက္ကာ မြို့တော်မှာ တမန်တော် မိုဟာမက် ဆိုတာ ပေါ်ပေါက်လာပြီး အစ္စလာမ် ဘာသာ ကို တည်ထောင်ခဲ့ တာပါ၊ ဒါကြောင့် ဗုဒ္ဓဝါဒ ဟာ သိပ်ပြီးရှေးကျ တယ်လို့ ဆိုနိုင်ပါတယ်။

    ဒီနေရာမှာ လူတွေ ပြောနေကြတဲ့ လူ့ သက်တမ်း ကို တွက်ပြပါအုံးမယ်၊ ယခု ၁၀ဝ သက်တမ်း မဟုတ်ဘဲ ၇၅ နှစ် သက်တမ်း ပဲ ရှိတော့တယ် ဆိုတာ နှစ်ပေါင်း ၂၅၀ဝ ကျော်လာပြီ ဖြစ်တဲ့ အတွက် နှစ် ၁၀ဝ ကို ၁ နှစ် လျော့လာလိုက်တာ ၁၀ဝ တမ်းကနေ ၂၅ နှစ် ဆုတ်ယုတ်ရင် ၇၅ နှစ် တမ်း ဆိုတာ ဖြစ်လာတာပါ၊
    ဒါကြောင့် ယခု ၇၅ နှစ်သက်တမ်း တောင် အပြည့် မရှိတော့ပဲ နှစ်ပေါင်း ၅၅၃ အစွန်းထွက် ပိုနေတာကြောင့် ၇၄ နှစ် ခွဲ သက်တမ်းလို့တောင် ပြောနိုင်ပါတယ်။ တကယ် သတိ သံဝေဂ ယူတတ်မယ် ဆိုရင် တော်တော် ထိတ်လန့်စရာပါပဲ။

    ဒါပေမယ့် အသက်ရှည်ကြောင်း အတိတ်ဘဝ ၊ ယခု ဘဝ ကုသိုလ်ကောင်းမှု့တွေ ရှိနေတယ် ဆိုရင်တော့ ၇၅ နှစ် မကပဲ ရာကျော် သက်တမ်းထိလဲ နေရတတ်ပါတယ် ၊ ဒါကြောင့် ကုသိုလ်ကောင်းမှု့ တွေကို သတိ တရား လက်ကိုင်ထားပြီး ဆည်းပူးနိုင်ပါစေ လို့ ပတ္ထနာပြု နိဂုံးချုပ်လိုက်ပါတယ်၊
    အပ္ပမာဒေန သမ္ပာဒေထ — –

    အရှင်သုနန္ဒာလင်္ကာရ ( သီဟိုဠ် )

    • etone

      March 18, 2011 at 8:10 am

      ဗဟုသုတရလို့ မှတ်သားထားပါတယ် ဘုရား။ ကျေးဇူးတင်ပါတယ် ။

    • bigcat

      March 19, 2011 at 4:57 am

      မရှင်းလို့ နည်းနည်းမေးပါရစေ အရှင်ဘုရား။ စာထဲပါသလိုဆိုရင် ကမာ္ဘဦး မဟာသမတမင်းကစလို့ ယနေ့အထိ ၈၆၄၉ + ၂၅၅၃ = နှစ်ပေါင်း၁၁၀၀ဝ ကျော်ကျော်ပဲရှိသေးတဲ့ သဘောဖြစ်ပါတယ်။ ဟုတ်ပါသလား…
      နှစ်တရာကို လူ့သက်တမ်းတနှစ်လျော့တာနဲ့ပတ်သက်လို့ ဂေါတမဘုရားပွင့်စဉ်က အချိန်ကို လူ့သက်တမ်းနှစ်တရာ စံထားပြီးတွက်ချက်ထားတာတွေ့ပါသည်။ ကျီးသဲလေးထပ်ဆရာတော်၏ စာအုပ်(အမည်မခေါ်တတ်ပါ) တွင် သာကီဝင်များအစ ဘီဘင်များ၏ နန်းသက်ကို ဇာတ်ကြောင်းခင်းရာတွင် ဘယ်မင်းကနေဘယ်မင်းအထိ ခုနှစ်ဆက်တိုင်တိုင် နှစ်တရာစီ ထီးနန်းစံတယ်လို့ ဖတ်ဖူးပါသည်။ အဲဒီမင်းဆက်များဟာ ဘုရားမပွင့်ခင် နှစ်ထောင်ပေါင်းများစွာက ဖြစ်လို့ အခုစာမှာပါတဲ့ တွက်ချက်ပုံနှင့် ကွဲလွဲနေပါသည်။ ဂေါတမဘုရားပွင့်ရာ လူ့သက်တမ်း နှစ်တရာဟုဆိုခြင်းသည် ဘုရားမပွင့်မှီ ဟိုးရှေးယခင် ကာလများထဲက ဖြစ်သည်ဟု နားလည်ထားပါသည်။ လူ့သက်တမ်းတခုနှင့်တခု ပြောင်းလဲပုံသည် ကမာ္ဘ့မြေမျက်နှာပြင် အသွင်အပြင် ပြောင်းလဲသလို လွန်စွာနှေးကွေးပြီး သတိထားမိရန် မဖြစ်နိုင်လောက်အောင် ရှည်ကြာမည်ဟု ယူဆထားပါသည်။ ဟုတ်မဟုတ် အရှင်ဘုရား၏ ထင်မြင်ချက်ကို လျောက်ထားပါသည်။

      • ashinindaka

        March 19, 2011 at 7:38 am

        ခေါင်းတောင်ရှုပ်သွားတယ်ဒကာကြောင်ကြီး။ ခိုင်မာတဲ့ ကျမ်းကြီးတွေထဲကမှ မဟုတ်ရင် သင်္ကေတကို သင်္ကေတလို့မှတ်တာကောင်းမယ်ထင်ပါတယ်။

  • kai

    March 18, 2011 at 7:56 am

    ဝိကီကပါဘုရာ့..
    Gautama Buddha
    Born c. 563 BCE or 623 BCE Lumbini, today in Nepal
    Died c. 483 BCE or 543 BCE (aged 80) Kushinagar, today in India
    Ethnicity Shakya – Known for Founder of Buddhism
    Predecessor Kassapa Buddha
    Successor Maitreya Buddha

  • char too lan

    March 18, 2011 at 8:57 am

    ဒီ post တင်ကတည်းကကူးပီးဖြန့်ပီးပီ ခု comment တွေကကောင်းနေတော့ ထပ်ကူးပါအုံးမယ် ဘုရား…(ဗုဒ္ဓဘာသာကောင်းတစ်ယောက်) ဆိုတဲ့
    စာအုပ်ရဲ ့အရှေ့ပိုင်းမှာလဲ ဗုဒ္ဓဝင်အကျဉ်းလေးပါတယ် မှတ်ရလွယ်တော့ တပည့်တော်ကအဲ့ဒါလေးမှတ်ထားတာ အခုအရှင်ဘုရားပြောတာလေးလဲ ထပ်မှတ်ရင်း နောက်လူတွေလဲမှတ်လို့ရအောင် ပွားပေးတာပါ။ အရှင်ဘုရားရဲ့ post တိုင်းနီးပါး တပည့်တော်ကူးပီးဖြန့်ပါအုံးမယ် ထပ်ပီးခွင့်တောင်းတာပါဘုရား:)

    • ashinindaka

      March 18, 2011 at 10:05 am

      ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ တော်တော်များများတွေ့ရလို့ ဝမ်းသာမိပါတယ်။

  • kai

    March 19, 2011 at 8:38 am

    ဇီဝသိပ္ပံအရမ်းတိုးတက်နေတာမို ့.. ခရစ်သက္ကရာဇ်၂၀၀ဝ နောက်မွေးတဲ့ အခုချမ်းသာတဲ့နိုင်ငံတွေကကလေးတွေ ..အသက်တရာကျော်နေရဖို့ များတယ် ဖြစ်နေပါတယ်..။
    စံနစ်တကျလေ့လာထားတာမို ့.. တကယ်ဖြစ်နိုင်ခြေလည်း ရာခိုင်နှုန်းတော်တော်များပါတယ်..။
    အမေရိက လျှို ့ဝှက်သူတေသနတွေအရ.. ၂၁၀ဝ မတိုင်ခင်မှာ.. လူဟာ မသေတော့တဲ့သူအဖြစ်တောင်လုပ်လို့ရနိုင်တဲ့ အခြေအနေဖြစ်မယ်.. တွက်နေကြပါတယ်.အရှင်ဘုရား..။
    သတင်းတွေကို တင်ပြလျှောက်ထားယုံသက်သက်ပါ..။

    ==================
    Report Predicts Most Babies Born Since 2000 in Wealthy Countries Will Live to 100
    By Miranda Hitti
    WebMD Health News
    Reviewed By Louise Chang, MD

    Oct. 1, 2009 — Reaching the age of 100 may become pretty ordinary for most babies born in rich countries since 2000, according to a new report.

    “If the pace of increase in life expectancy in developed countries over the past two centuries continues through the 21st century, most babies born since 2000 in France, Germany, Italy, the U.K., the USA, Canada, Japan, and other countries with long life expectancies will celebrate their 100th birthdays,” states the report, published in The Lancet.

    The report comes from researchers including Kaare Christensen, MD, of the Danish Aging Research Centre at the University of Southern Denmark.

    Christensen and colleagues note that life expectancy in most developed countries keeps rising and shows no sign of slowing down. But they also point out that it remains to be seen if obesity, which has also been rising, will put the brakes on rising life expectancies.

    Christensen’s team predicts that societies will stop looking at life as consisting of three phases — childhood, adulthood, and old age — and start dividing “old age” into a “third age (young old)” and a “fourth age (oldest old).”

    “Very long lives are not the distant privilege of remote future generations — very long lives are the probable destiny of most people alive now in developed countries,” write the researchers.

    Will people be healthy in their “fourth age”? It may be too soon to tell.

    Christensen and colleagues say there is “sparse” data on health among people age 85 and older. But they also point to earlier detection and better treatment of many conditions, including cancer and heart disease.

    For the record, Japan has the world’s longest life expectancy — 83 years for babies born in 2007, according to the World Health Organization (WHO).

    Life expectancy is 77.9 years for U.S. babies born in 2007, according to preliminary data from the CDC.

    SOURCES:
    Christensen, K. The Lancet, Oct. 3, 2009; vol 374: pp 1196-1208.
    WebMD Health News: “Best, Worst Countries for Life Expectancy.”
    WebMD Health News: “Life Expectancy Still Heading Higher

    © 2009 WebMD Inc. All rights reserved.

    • ashinindaka

      March 19, 2011 at 10:33 am

      တယ်ဟုတ်ပါလားဟေ့။ လူဖြစ်တောင် စောသွားသလိုပဲ။ 🙂

Leave a Reply