ဘာများဖြစ်တာလဲ အပိုင်း ၂
မြို့သားတွေ အိမ်ပေါ်တက်ပြီး စောင်ခြုံ အိပ်နေရန်ပြင်ဆင်ပြီး ပြူတင်းပေါက်က လရောင်ကို ပက်လက် အနေအထား ငေးပြီး ကြည့်နေရင်းနဲ့ တနေ့တာ ပင်ပန်းခဲ့သမျှ အကြောလျော့ပြီး အိပ်ပျော်ရန် မှေးခနဲ ဖြစ်ချိန်မှာ ရုတ်တရက် ခွေးဟောင်သံနဲ့ အတူ အသံ နက်ကြီး တသံကို ကြားလိုက်ရသည်။ အသံကြားရခြင်းနှင့် အတူ ရုတ်တရက် ထိတ်လန့်သွားသည်။ အသံဘယ်က လာသလဲ သိချင် စိတ်နဲ့ စူးစမ်းချင်မိသည်။
အသံလာရာကို အိပ်ယာမှာ နိးသွားသော လူငယ်များ တယောက်နဲ့ တယောက် ကုတ်ပြီး ထကြည့်ရန် အချက်ပေးကြသည်။ မင်းကြားလား ငါတော့ ခွေးဟောင်သံ ကြားတယ်။ ဟိုအသံကြီးက ဘာသံကြီးလဲ လူသံလိုလို နဲ့ ခွေးအူသံကို တုပြီး လိုက်ဟောင်နေသလိုဘဲ အသံကြီးကတော့ ကြောက်စရာကြီး စသဖြင့် တီးတိုးပြောရင်းနဲ့ ပြူတင်းပေါက်ကို ထပြီး ကြည့်ကြသည်။ ည အမှောင်မှာတော့ ဘာမှ မမြင်ရပေမဲ့ ထိုလူငယ် ၃ယောက် အခန်းထဲကတော့ မထွက်ရဲသလို ခံစားချက်ကြီး ဖြစ်မိသည်။ အရာရာ အမှောင်ထုက ဖုံးလွမ်းပြီး အလင်းရောင် ဟိုနား တစ ဒီနား တစ် ကျနေတဲ့ နေရာတွေကို ကြည့်တော့လည်း ဘာမှ မထူးခြားပေမဲ့ ထူးခြားသည်မှာ ခွေးတွေ လျောက်ပြေးနေပါသည်။ ခွေးတွေ အူနေပါသည် မျက်ရိတ်မျက်ချေပြပြီး ညစောင့်မယ် ဆိုပြီး ပြောသွားတဲ့ အဒေါ်ကြီး ဝင်သွားတဲ့ အိမ်ကို ခွေးများ ဝိုင်းအုံပြီး ကြည့်ပြီး အူနေကြပါသည်။
စိတ်ထဲမှာ အတော်ကို ထူးဆန်းသည်ဟု ခံစားနေကြရပါသည်။ ခွေးအူသံ ထွက်တွေ မဆုံးတဆုံးမှာ ထို အိမ်အတွင်းမှ ခွေးအူသံကို တုပြီး လိုက်အော်နေတဲ့ လူ တယောက် အူသံလို အသံကို ကြားရပါသည်။ ထိုညတော့ လူငယ် ၃ယောက် ကြက်သီးမွေးညှင်းထပြီး တယောက်နဲ့ တယောက် အကြည့်ချင်းဆုံ စောင် ခေါင်းမူးခြုံပြီး ကျော်လွန်သွားပါတယ်။
ဒီလိုနဲ့ မနက် အာရုံတက် ကြက်တွန်သံ ကြားတဲ့ အချိန်မှာ ကောက်ခါငင်ကာ အိပ်ယာထပြီး ည ကအဖြစ်အပျက် မှတ်မိလား သိသလား ဆိုတဲ့ ပုံစံနဲ့ ခြေဟန်လက်ဟန်ပြပြီး တယောက်နဲ့ တယောက် အချက်ပြကြသည်။ အသံမထွက်ဘဲ မေးတာ ၃ယောက်လုံး စိတ်တူ ကိုယ်တူ ခေါင်းညိတ်တော့ အကြားမမှားပါဘူး ဆိုပြီး မျက်နှာသစ်ပြီး မနက် စာစားဖို့ အိမ်ရှင်တွေ ပြင်ဆင်ထားတာ တွေ့တော့ စားသောက်ရင်းနဲ့ အိမ်ရှင်ကို စပြီး စကားမေးဖို့ ကြိုးစားပါသည်။
ညက ခွေးတွေ တော်တော် အူတယ်နော် နောက်ပြီး ခွေးအူသံလို နောက် အသံတခု ကြားတယ် ဘာများ ဖြစ်လာတဲ့ သိလို့ရမလား ဆိုတဲ့ အမေး အဆုံးမှာ အိမ်ရှင်မျက်နှာ ပျက်သွားပါတယ်။ မေးတဲ့ လူက အသေအချာ တိုက်ရိုက်မေးတော့ မပြောချင် ပြောချင်နဲ့ စပြီး ပြောပါတယ်။ ဒီလိုကွ.. မနေ့ညက အသံနက်ကြီးနဲ့ ခွေးအူ သလို လိုက်အူနေတာ တခြား မဟုတ်ဘူး ဘေးအိမ်က မယ်ခ လေ.. သူ့မှာ သား ၁ယောက် သမီး ၁ယောက် ရှိတယ်။ သူတို့က ဆင်းရဲ ရှာပါတယ်။ သူများ လယ်တွေမှာ အငှား လယ်လိုက် လုပ်ကြရတယ်။ ပဲကောက် နှမ်းကောက် ပေါင်းနှုတ် စသဖြင့်ပေါ့လေ။ သားကော သမီးကော လုပ်ပါတယ်။ မယ်ခ က ယောင်္ကျားမရှိတော့ သူနဲ့ သားသမီးတွေ အလုပ်တူတူလုပ်ရင်း ရှာစားနေကြတာ။ တနေ့ မယ်ခ ကောက်လှိုင်းအထုံးကို ခေါင်းပေါ် ရွက်ပြီး သယ်လာတုန်း လူကလည်း အဲဒီ နေရာက ပြတ်တယ်။ ရွာအပြင် တနေရာမှာ ဆိုပါတော့ အဲဒီမှာ ခွေးရူးတကောင် သောင်းကျန်းနေတာ လူတွေ သိတော့ သိတယ် ရှင်းဖို့ လိုက်ရှာနေတာ မယ်ခ တော့ မသိရှာဘူး သူလည်း ခါတိုင်းလိုဘဲ ရွာထဲကို ကောက်လှိုင်း အထုံးကြီး ရွက်ပြီး အပြန်မှာ အဲဒီ ခွေးရူးက ကိုက်တာ ခံလိုက်ရတယ်။ ခွေးကိုက်ခံရချင်း ဘေးပတ်ဝန်းကျင်ကို အကူအညီ တောင်းပေမဲ့ ဘယ်သူမှ မရှိကြဘူး။ ဒီလိုနဲ့ အိမ်ကို မဖြစ်ဖြစ်အောင် ပြန်ခဲ့တယ်။ အိမ်ရောက်တော့ ခါတိုင်း ကုနေကျ အတိုင်း မီးသွေးခဲကို ဝါးပြီး အနာထဲ သိပ်ထည့်ထားလိုက်ပါတယ်။ ညနေစောင်း သားသမီးတွေ အိမ်ရောက်တော့ ခွေးကိုက်ကြောင်း ပြောတော့ အဲဒီ နားမှာ ခွေးရူးသောင်းကျန်းနေလို့ ရွာက လူတွေ လိုက်ရှင်းနေတာ အကြောင်း စပ်စပ်မိသွားပြီး အကိုက်ခံရတာ ခွေးရူးမှန်း လည်း သိသိချင်း မြို့တက်ပြီး ခွေးရူးကာကွယ်ဆေး ထိုးဖို့ သွားရန် ပြင်ဆင်ကြပါတယ်။
အပိုင်း ၃ ကို မျှော်
2 comments
mihninlay
March 17, 2011 at 2:32 pm
နောက်တစ်ပိုင်းမြန်မြန်တင်ပါဗျို းးးးးးးးးး
ဆူး
March 17, 2011 at 2:38 pm
တင်ပြီးပါပြီ။ တထိုင်တည်း ရေးနေလို့ ပါ နည်းနည်း ကြာသွားတယ်။