ဒါနအကြောင်း တစ်စေ့တစ်စောင်း နှိုးဆော်တိုက်တွန်းခြင်း

anewgenerationboneMarch 20, 20112min1163

     ပညာကို လူဆိုးတို ့ ယူခိုးလို ့ပါ ပါ့မယ် ဟူသော စကားအဆိုကို ကျွန်ုပ်တို ့အားလုံး ကြားဘူးကြပေလိမ့်မည်။ မိမိတို ့၏ အတတ် ပညာတို ့ကို သူတစ်ပါးတို ့သည် ခိုးယူ၍ မရတန်ရာဟု ဆိုလိုခြင်းဖြစ်ပေတော့သည်။ မှားသည်ဟူ၍ မဆိုသာသော်လည်း မှန်သည်ဟူ၍မူ မှတ်ချက်ချရန် ဝန်လေးလှပါတော့သည် အကြောင်းမှာ ယနေ ့သိပ္ပံပညာတို ့ လွန်စွာတိုးတက်နေကြပါသော IT ခေတ်ကြီးတွင် အတတ်ပညာပေါင်း မြောက်များစွာကို ခိုးယူနေကြကုန်သည်မှာ ကြောက်ခမန်းလိလိ် ပင် ဖြစ်ခြင်းကြောင့်တည့်။

     ကျွန်ုပ်တို ့လွယ်ကူစွာသိရှိနိုင်သည့် အကြောင်းအချို ့မှာ လူသုံးကုန်ပစ္စည်း တံဆိပ်အမျိုးမျိုးကို ခိုးယူအတုပ ပြုလုပ်ပြီး ကော်ပီ ဟူ၍ ရောင်းချနေကြခြင်းကြောင့် လူမှုပြဿနာ အမျိုးမျိုး ပေါ်ပေါက်နေကြခြင်းသည် အတတ်ပညာတို ့အား သူတစ်ပါးတို ့ခိုးယူခြင်းငှာ မတတ်သာ ဟူသော လောကီ အဆိုကို ဤ အကြောင်းဖြင့် မှန်သည်ဟူသော ထောက်ခံရန် ဝန်လေးရခြင်း အကြောင်းပြချက်ဖြစ်ရပါတော့၏။ အကယ်စင်စစ် များမြောက်စွာသော အခြားအကြောင်းအရာတို ့သည်လည်းဘဲ ရှိကြပါကုန်သည်။

     မည်သည်တို ့ကို မည်သူတို ့သည် အဓမ္မ ခိုးယူဆောင်ကျည်း၍ မရရှိနိုင်ပါသနည်း။ ကျွန်ုပ်တို ့ယုံကြည်ကိုးကွယ်အားထားရာ ဗုဒ္ဓရှင်တော်ဘုရား၏ ဓမ္မတရားတော်မြတ်တို ့ကို မှီငြမ်း ကိုးကား၍ ပြောရပါလျှင် သတ္တဝါ၏ သိစိတ် မသိစိတ်တို ့ဖြင့် ပြုကျင့်ခဲ့ကြခြင်းကြောင့် ရှိနှင့်နေသော ကောင်းမှု မကောင်းမှု ကုသိုလ် အကုသိုလ် တရားတို ့ကို မည်သူမှ ခိုးယူ ဆောင်နှင်း၍ မရတန်စကောင်းပေ။ ထိုအကြောင်းတို ့ကိုပင် ကံ တရားဟူ၍ သာမန်အားဖြင့် ဆိုနိုင်သော်လည်း လွန်စွာ သိမ်မွေ ့နက်နဲ ခက်ခဲ လှပေတော့ရာ ချိုသောအသီးပင်ကိုစိုက်လျှင် ချိုသောအသီးကို ရရှိခံစားရမည်ဖြစ်ပြီး ချဉ်သောအသီးပင်ကို စိုက်လျှင် ချဉ်သောအသီးကို ရရှိ ခံစားရပေလိမ့်မည်ဟု လွယ်ကူထင်ရှား သိစေခြင်ပါသည်။

     ထိုတွင် အလွယ်ပြောသော စကားတစ်ခုရှိပေ၏ ချိုတဲ့အသီးပင်ကိုစိုက်လို ့ချိုတဲ့အသီးကိုရတာ ချဉ်တဲ့အသီးပင်ကိုစိုက်လို ့ချဉ်တဲ့ အသီးကိုရတယ်ဆိုတာ ပြောမှလား ဟု ဆင်ခြေပေးတတ်ကြသည်တွင် ထို ချိုသော ချဉ်သော မျိုးစေ့တို ့ကို ချို၏ ချဉ်၏ဟု သေသေချာချာ ခွဲခြား မသိရှိနိုင်ကြကုန်ခြင်းကြောင့် ထိုသို ့ပြောဆိုနေကြခြင်း ဖြစ်သည်ဆိုခြင်းကို သတိချပ်ကြပါကုန်။

     ကျွန်ုပ်တို ့အားလုံးတွင် အကြောင်းအမျိုးမျိုးကြောင့် မိမိတို ့နှင့် ထိုက်လျှောက်သော ပစ္စည်းဥစ္စာငွေကြေးတို ့ကို သူ ့အတိုင်းတာနှင့်သူ ပိုင်ဆိုင်နေကြကုန်ပြီး ရရှိနေကြကုန်ပြီလည်း ဖြစ်ပါတော့သည်။ ဥပမာအားဖြင့် မိမိတို ့၏ သက်ဆိုင်ရာ ဝင်ငွေများကို ဆိုလိုပါသည်။ ( နေ ့စဉ် / အပတ်စဉ်/လစဉ် / နှစ်စဉ် ) အစရှိသည်။

     ကျွန်ုပ်တို ့ဗုဒ္ဓဘာသာဝင် များအနေနှင့် လူသားတို ့ မှသည် သတ္တဝါတိုင်းတွင် အသက်ရှင်ခြင်း၏ အကြောင်းတရားများဖြစ်ကြကုန်သော ကံ၊ စိတ် ၊ ဥတု ၊ အဟာရ တည်းဟူသော ထိုသဘောသဘာဝကို သိရှိနိုင်ကြပါရန် လေ့လာသင့်ကြပါကုန်၏ ဟူ၍လည်း ရိုးသားစွာ တိုက်တွန်း နိုးဆော်အပ်ပါသည်။ ဤ ၌ ကျွန်ုပ် အထူးတိုက်တွန်းခြင်သည်မှာ သတ္တဝါ၏ ကံ အကြောင်းကို ပြုပြင် ပြောင်းလဲစေသောအကြောင်းတွင် အလှူဒါန အကြောင်း သည်လည်း အလွန်းအရေးကြီးသော အကြောင်းတစ်ရပ်အဖြစ်ဖြင့် ပါဝင်နေလေရာ ထို ဒါန အလှူကို လုပ်ဆောင်ကြပါကုန်စေရန် အလို ့ငှာ ဖြစ်ပါတော့သည်။

     ဗုဒ္ဓရှင်တော်ဘုရား၏ တရားတော်မြတ်တို ့သည် အလွန်ပြီးပြည့်စုံလှပါသည်။ ထိုတရားတော်မြတ်တို ့ကို မိမိတို ့၌ ရှိကုန်ကြ၏ ဟူ၍သော်လည်းကောင်း ပြုကျင့်နေထိုင်ကြကုန်၏ ဟူ၍သော်လည်းကောင်း တတ်သိနားလည်ကြကုန်၏ ဟူ၍သော်လည်းကောင်း ညစ်ကြေးသောစိတ်အဆင်ဖြင့် ဝါကြွား ဟန်ဆောင် ပြုလုပ်ခြင်းသည် မသင့်တော်ရာဟူ၍ ဆိုရပါခြင်းနှင့်အတူ ထိုသောအကြောင်း အချက်တို ့သည် မိမိ၌ လုံးဝမရှိရပါဟု ဆိုလိုခြင်းဖြစ်ပါပြီး ကျွန်ုပ် ဖတ်ဖူး မှတ်ဖူး နာကြားဖူး သော ဓမ္မစာပေ တရားတော်တို ့ကို မှီငြမ်း ကိုးကား ၍သာ ဤဒါန အလှူ အကြောင်းတို ့ကို ကျွန်ုပ်တို ့ လိုလိုလားလား လေးလေးနက်နက် လုပ်ဆောင်သင့်ကြပါ ကုန်၏ဟု ရဲရဲဝန် ့ဝန် ့ ထပ်မံ တိုက်တွန်းရပြန်ပါ၏။

     ဖိနပ်နှင့် ရေဗူး မပါ နွေအခါမှသိ ဒါန နှင့် သီလမပါ သေခါမှ သိ ဟူသော စကားကို ကျွန်ုပ်တို ့ဗုဒ္ဓဘာသာဝင်တိုင်း ငယ်စဉ်တောင်ကျေး လူငယ်လေးများ ဘဝမှသည် ယနေ ့ထိတိုင် ကြားဖူးကြမည်မှာ မလွဲဧကန်ပင်။

     ရံခါ ဆန်းစစ်ကြည့်ကြပါကုန်လော့ လူခြင်းတူပါလျှက် သတ္တဝါခြင်းတူပါလျှက် အရောင်အသွေးနှင့် ကောင်းကျိုးချမ်းသာသည် အဘယ့် ကြောင့် မတူညီကြကုန်သနည်း။ မိမိအမြင်ကိုပြောရပါလျှင် သတ္တဝါ၏ စိတ်ဆန္ဒလျှင် ဦးဆောင်သော အကြောင်းမှသည် အကြင်သူ၏ ပြုဖူးပါသော ဒါနနှင့် သီလတို ့၏ အကြောင်းကြောင့် သာလျှင် ဖြစ်ပေတော့မည်။

     ဤတွင် သတ္တဝါ၏ အသက်ရှင်နေထိုင်စဉ်တွင် ပြုကျင့်လုပ်ဆောင်ရပါမည့် ကံ၊ ဉဏ် ၊ ဝိရိယ တို ့၏ သဘောကိုလည်း ကြေညက်စွာ နားလည်ရန်မှာ လွန်စွာ အရေးကြီးပါလိမ့်မည် ။ မည်သို ့ဆိုစေ ချမ်းသာစွာ နေထိုင်ရ ခြင်းသည် ချမ်းသားခြင်း၏ အကြာင်းကို ဖြစ်စေခဲ့သော (အချို၏မျိုးစေ့) ကောင်းသော အလုပ်ကို လုပ်ဆောင်ခဲ့ဘူး၍ လည်းကောင်း၊ ဆင်းရဲစွာ နေထိုင်ရခြင်းသည် ဆင်းရဲခြင်း၏ အကြောင်းကို ဖြစ်စေခဲ့ သော (အချဉ်၏မျိုးစေ့) မကောင်းသော အလုပ်ကို လုပ်ဆောင်ခဲ့ဘူး၍ ဆိုသော အခြေခံအကြောင်းရင်းတို ့ကို သိရှိနိုင်ရပါလိမ့်မည်။ ( ဤတွင် စိတ်ကိုကောင်းစွာ ဆောက်တည်ခြင်းကို တစ်ပိုင်းထားပါသည်။ ဆိုလိုသည်မှာ အလိုပြည့်ခြင်းဟူသည် စိတ်၌လည်း တည်သည်ကို ညွှန်းပါသည်။)

    ယ္ခု စားသုံးခံစားနေကြပါကုန်သော ကံ၏ အထောက်အပန် ့တို ့သည် ယ္ခင်ပြုခဲ့ကြဘူးပါသော ကံ၏ အကြောင်းတရားတို ့ဖြစ်၏ ဟု သတိရှိနားလည်ကြပါကုန်ရန်နှင့် နောက်ထပ် ဒါနကံ အသစ်များကို ထပ်လောင်းပြုလုပ် ကြပါရန် သတိချပ်ကြပါကုန်လော့။ သတ္တဝါ၏ သဘောအရ ကံအကြောင်းကို ဖြတ်ပြစ်ရမည့် အကြောင်းသည် ရှိပေ၏။

    သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက အားဖြင့်သုံးမျိုးရှိသော လောက ဟူသည် လောကဓမ္မ ဟူသော ပါဠိမှ ဖြစ်လာသော အမည်ဖြစ်၏ ဟု အဆိုရှိပေသည်။

     သတ္တဝါအပေါင်းကို သတ္တလောကဟူ၍ လည်းကောင်း၊ လူ၊ နတ်၊ ဗြဟ္မာ မှသည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အပါယ်ဘုံ သတ္တဝါတို့၏ တည်ရာ ဌာနများကို ဩကာသလောက ဟူ၍လည်းကောင်း၊ သင်္ခါရလောကဟူသည် အတိုချုပ်အားဖြင့် ပြောရပါမူ သက်ရှိ၊ သက်မဲ့၊ ရုပ်-နာမ် တရား ဟူသမျှသည် သင်္ခါရလောက ချည်းပင် ဖြစ်ပါတော့၏။

     ကျွန်ုပ်တို ့ လူသားများနေထိုင်အသက်ရှင်ရာ သတ္တလောက အတွင်း၌ သတ္တလောကသားဟူသမျှ တို ့သည်

     လာဘော  စ- လာဘ်ရခြင်းက တစ်ပါး၊

     အလာဘောစ- လာဘ်မရ ခြင်းက တစ်ပါး၊

     ယသောစ- အခြွေအရံများခြင်းက တစ်ပါး၊

     အယသောစ- အခြွေအရံမဲ့ခြင်းက တစ်ပါး၊

     နိန္ဒာစ- ကဲ ့ရဲ့ခြင်း၊ အကဲ့ရဲ့ခံရခြင်းက တစ်ပါး၊

     ပ -သံသာစ- ချီးမွမ်းခြင်း၊ အချီးမွမ်းခံရခြင်းက တစ်ပါး၊

     သုခဉ္စ  ချမ်းသာခြင်းက တစ်ပါး၊

     ဒုက္ခဉ္စ- ဆင်းရဲခြင်းက တစ်ပါး။

     သတ္တဝါတို ့သည် ဤ ရှစ်ပေါးသော လောကဓံ ( လောကဓမ် ) တရားတို ့နောက်သို ့လိုက်၍ သော်လည်းကောင်း ( အရိယာတို ့ကိုမိမိ မသိနိုင်စွမ်းပါ)။ ထိုသော လောကဓံ ရှစ်ပါးတို ့သည် သတ္တဝါများနောက်သို ့ အစဉ်လိုက်ပါ၍သော်လည်းကောင်း ရှိရပေတော့၏။

     သို ့ပါ၍ ထိုရှစ်ပါးသော လောကဓံ တရားတို ့သည် ဒါန ဟူသော အလှူဒါနတို ့နှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော် လည်းကောင်း သက်ဆိုင်သမှု ရှိနေလေသည်ဟု ကြီးစွာ သတိပြုကြပါလေကုန်။

     ဒါနဟူသည် အလွယ်ကူဆုံးပြောရပါသော် ပေးလှူခြင်း ဟူ၍ပင် ကျွန်ုပ်တို ့ဆိုရပါလိမ့်မည်လော။

     ထို အလှူပေးရန် ကြံစည် တောင်းတနေသောအချိန်တွင် ငါ၏ ဥစ္စာအစုသည် ပေးလှူ၍ ကုန်ခန်းလိမ့်မည်တကား

     ထို အလှူပေးနေသောအချိန်၌ ငါ၏ ဥစ္စာအစုသည် ပေးလှူ၍ ကုန်ခမ်း၏ တကား

     ထို အလှူပေးပြီးသောအချိန်၌ ငါ၏ ဥစ္စာအစုသည် ပေးလှူ၍ ကုန်လေပြီတကား ဟူသော သုံးပါးသော စိတ်ထားတို ့ကို ထိန်းသိမ်း တန်ရာ၏ ကိုလည်း သိကြပေလိမ့်မည်ထင့်။

     ဗုဒ္ဓဘုရားရှင်သည် ဒါနမဟပ္ဖလသုတ်တွင် အလှူပြုလုပ်ရခြင်း၏ အကြောင်းကို ဟောကြားတော်မူခဲ့သည်တွင်

            ဤအလှူ၏ အကျိုးကို တမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင် ခံစားရ လိမ့်မည် ဟုအလှူကို ပေးလှူ ၏

အလှူပေးခြင်းသည် ကောင်းမွန်လှ၏ ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏ ။

ရှေးဖြစ်သော ဆွေမျိုးတို့၏ အနွယ် အဆက်ကို ယုတ်လျော့စေခြင်းငှါ မထိုက် ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏။

ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှု ဖြစ်၏ ဟု အလှူကို ပေးလှူ၏။

ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှု ဖြစ်၏ ဟုအလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား (သမထ, ဝိပဿနာ) စိတ်၏ တန်ဆာ စိတ်၏ အခြံအရံဖြစ်သည့် အလှူကို ပေးလှူ၏။ ဟူသည်လည်း အဝင်ပါဖြစ်ပါသည်။

မည်သို ့ဆိုစေကာမူ အလှူဒါနဟူသမျှသည် ကောင်းမှုသာ တိုးပွားစေလိမ့်မည်မှာ မလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်တည်း။

အာရောဂျံ မရမံလာဘ ( လာဘံဟူ၍ မဆိုရ လာဘ ဟူ၍ ဆိုလေ ) လာဘ်တစ်ကာတို ့တွင် ကျမ္မာခြင်းသည် မြတ်သော လာဘ်တစ်ပါး ဖြစ်၏ ဟူ ၍ ဗုဒ္ဓရှင်တော်ဘုရားသည် မြွက်ကြားခဲ့လေ၏။ ငွေကြေးဥစ္စာတို ့ မည်မျှပင် ပြည့်စုံ ကြွယ်ဝစေကာမူ ကျမ္မာသော ကိုယ်ခန္ဓာမရှိပါမူ ထိုကာမဂုဏ် တို ့ကို အသို ့သုံးဆောင်ခံစားနိုင်ကြပါကုန်မည်နည်း။

သို ့ပါ၍ ကျွန်ုပ်တို ့သည် မည်သူက မည်မျှချမ်းသာ ကြွယ်ဝသည်မှာ တစ်ဦးချင်း၏ လိုအင်ဆန္ဒပေါ်တွင်မူတည်သည့် အကြောင်း ဖြစ်သကဲ့သို ့တစ်ဦးချင်း၏ ကိုယ်ခန္ဓာ ကျမ္မာရေးသည်လည်း အကြောင်းတစ်ခုစီ ဖြစ်ရပြန်ပါခြင်းနှင့်အတူ သာမန်အားဖြင့် ကျွန်ုပ်တို ့တွင် ကျမ္မာသော ထိုလာဘ်လာဘ ကို ရရှိထားကြလေသည်ဟု သာမန်မှတ်ယူနိုင်ပါပြီးလျှင် ထို ကောင်းမြတ်သော ကျမ္မာရေးရှိသည့် ခန္ဓာကိုယ်အား တည်ကြည်သော စိတ်ဆန္ဒကို ဦးဆောင်စေ၍ ကောင်းမြတ်သော အလှူဒါနတို ့ကို မိမိတို ့အစွမ်းရှိသ၍ တစ်ဦးချင်းသော်လည်းကောင်း အစုအဖွဲ ့ ဖြင့်သော်လည်းကောင်း ပြုလုပ်ဆောင်ရွက်သင့်ကြပါကုန်သည်ဟု ဆိုခြင်ပါ၏။

အလှူဒါနတို ့ကို ပြုလုပ်ခြင်းတွင်သတ္တဝါ၏ သဘော၌ လူ၊ နတ်၊ ဗြဟ္မာ သူငါမဟုတ် နာမ်နှင့်ရုပ် ဆိုသည့်အတိုင်း ပညက်ချက်များ ဖြစ်သည့် ယောက်ျား၊ မိန်းမ၊ သူ၊ ငါ၊ ဟူသော အတ္တများအပေါ်တွင် အစွဲလမ်းလွန်ကျူးခြင်းကို ရှောင်ရှားသင့်ပါသည်။ ဆိုလိုသည်မှာ ဟိုလူမျိုး၊ ဒီလူမျိုး၊ ဟိုရွာသား၊ ဒီရွာသား စသည် လူမျိုးစွဲ ဒေသစွဲ စိတ်များကို စွန် ့လွှတ်ကြကုန်၍ မည်သူသည် ဦးဆောင်သည်ရှိစေ အလှူ၏ အကျိုး၌ စိတ်၊ စေတနာ သည်သာ အလွန် ပဓာန ဖြစ်ပါသည်ဟု အဂတိကင်းသောစိတ်ဖြင့် အထူးသတိပေးလိုပါသည်။

စိတ်ညစ်ညူးကြောင်း တရားတို့ကား အဘယ်တို့နည်း။

(၁) သူတစ်ပါး စည်းစိမ်ကို ရှေးရှုကြံစည်ခြင်း = အဘိဇ္ဈာ

(၂) မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း = ဝိသမလောဘ

(၃) သူတစ်ပါး ပျက်စီးစေလိုခြင်း = ဗျာပါဒ

(၄)အမျက်ထွက်ခြင်း = ကောဓ

(၅)ရန်ငြိုးဖွဲ့ခြင်း = ဥပနာဟ

(၆)ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း = မက္ခ

(၇)ဂုဏ်ပြိုင်ခြင်း = ပဠာသ

(၈)ငြူစူခြင်း = ဣဿာ

 (၉)ဝန်တိုခြင်း = မစ္ဆရိယ

(၁၀)လှည့်ပတ်ခြင်း = မာယာ

(၁၁)စဉ်းလဲခြင်း = သာဌေယျ

(၁၂)စိတ်ခက်ထန်ခြင်း = ထမ္ဘ

(၁၃)ခြုတ်ခြယ်ခြင်း = သာရ မ္ဘ

(၁၄)မောက်မော်ခြင်း = မာန

(၁၅)အလွန် မောက်မော်ခြင်း = အတိမာန

(၁၆)မာန်ယစ်ခြင်း = မဒ

(၁ရ)သတိ မေ့လျော့ခြင်း = ပမာဒ  သည် စိတ်၏ ညစ်ညူးကြောင်းတည်း

     

ပေးလှူသူအား ကောင်းမှုသာတိုးပွား၏ စောင့်စည်းသူအားရန်မပွားနိုင် ဉာဏ်ရှိသူသည် မကောင်းမှုကိုပယ်စွန် ့၏

ထိုသို ့ပယ်စွန် ့သူသည် ရာဂ၊ ဒေါသ၊ မောဟတို ့ကုန်၍ ကိလေသာမီး ငြိမ်းအေးလေတော့သနည်း။

   ဤယ္ခုသော အလှူဒါအကြောင်းတွေကို လောကုတ္တရာဘောင်တွင်းမှ အခြေခံ၍ရေးသားတာဖြစ်ပါတယ်။ ဒါပေမယ့်လို ့အလှူတို ့ကို ပြုကြသောအခါမှာ

ဘုရားတည်ကျောင်းဆောက်တာရယ်။ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း ပရဟိတ ၏ သဘောတွေကိုတော့ နောင်များ ဆက်လက်၍ ရေးသားနိုင်ရန်ကြိုးစားပါဦးမည်။ ထိုသောအခါတွင်တော့ အနည်းငယ်သော သဘောထားမတိုက်ဆိုင်ခြင်းများနှင့်လည်း ကြုံတွေ  ့ရပါလိမ့်ဦးမည် ဟုလည်းထင်မိပါသည်။

ယ္ခုမူတွက် အလွန်ရှည်လျှားသော စာတန်းများအတွက် ဝန္ဒာမိပါ။







    

 

 

3 comments

  • bigbird

    March 20, 2011 at 3:19 pm

    အလွန်တရာမှကောင်းလှပါသည်။ဆက်လက်၍ရေးပေးပါရန်တောင်းဆိုပါသည်
    ခင်ဗျာ။

  • Gong Zhu

    March 20, 2011 at 4:29 pm

    ကိုငှက်ကြီးပြောတာ ထောက်ခံပါသည် …

  • Shwe Tike Soe

    March 21, 2011 at 2:32 am

    အရမ်းကောင်းတယ် ဗဟုသုတ ထက် အသိကို ဖြစ်စေတယ်ဗျာ
    ကျေးဇူးပါ။

Leave a Reply