16 comments

  • unclegyi1974

    March 20, 2011 at 3:44 pm

    ကိုမင်းသား ရေ မြန်မာမှာတောင်းရမ်းစားနေတဲ့သူ
    တွေများနေတယ်လို့များပြောချင်တာလားဗျာ

  • ဆူး

    March 20, 2011 at 3:47 pm

    အသက်ကြီးတဲ့ သူတွေ နေပူထဲ ဇွဲကောင်းကောင်းနဲ့ ထိုင်နိုင်တယ်လို့ ပြောချင်တာ။

    အဲဒီ တံတားပေါ်မှာ ရှိသေးတယ် မျက်နှာမှာ သနပ်ခါး လှလှပပ နဲ့ ပန်းတွေ ဝေနေအောင် ပန်ထားပြီး မြန်မာ ဝတ်စုံ ကျကျနန ဝတ်ထားတဲ့ ကလေးတွေ.. နိုင်ငံခြားသာတွေက သဘောကျလို့ ဓါတ်ပုံ တွဲရိုက်ရင် မုန့်ဖိုးရတယ်လေ။

  • Gong Zhu

    March 20, 2011 at 4:27 pm

    ဪ … သနားပါတယ်နော် … ကိုယ်တို့တောင် နေရှိန်ပြီဆိုတာနဲ့ ဒေါသက နည်းနည်းထွက်လာပြီ စိတ်မရှည်တော့ဘူး … နေပူရင် တော်တော် စိတ်တိုတယ်နော် … ဘာသဘောလဲတော့မသိဘူး

    • ဆူး

      March 20, 2011 at 4:38 pm

      ဒေါသသဘောက သွေးဆူ တတ်တဲ့ သဘောလေး မင်းသမီးလေးရဲ့… ရာသီဥတု သာယာချိန်မှာတောင် ဒေါသထွက်ရင် သွေးတွေ ဆူတတ်တာ.. ပူရင် သဘာဝက အပူတိုက်နေမှတော့ ဒေါသ ထွက်လွယ်တဲ့ သဘောတရားပါဘဲ။ ဓါတ်ကြီး လေးပါး အစွမ်းပြတာ..

  • shweminthar

    March 20, 2011 at 4:28 pm

    အန်ကယ်ကြီး
    ဓါတ်ပုံ တစ်ပုံက စကားလုံးပေါင်းများစွာကို ကိုယ်စားပြု ပါတယ်
    ကြိုက်သလို သာ တွေးတော့ ဗျာ
    ကျနော် ကတော့ တွေ့ တာ မြင်တာ လေး တွေ ရိုက်ထားပါ။
    ဘာသဘောမှ မပါပါဘူး

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 20, 2011 at 4:36 pm

    ဒီတံတားရဲ ့အကြောင်းက ဘယ်လိုရာဇဝင်ရှိသတုံးဗျ
    နည်းနည်းပါးပါးရေဂျပါလားကွယ်
    မတိဝူး
    ဘယ်မှာဖတ်လို ့ရနိုင်မလဲဗျို ့
    နောက်ဆုံး အားလုံးကို
    နေပြည်တော်ကကောင်တွေကြောင့်လို ့ထုံးစံတိုင်း
    အဆိုတင်သွင်းဘာဒယ်။

  • shweminthar

    March 20, 2011 at 4:50 pm

    ဆရာပု ကျနော်က ဆရာ ပု တို့ လို စာရေးမကောင်းဘူးဗျ
    ဆရာပု ရဲ့ ခြုံပုတ် ထဲက ညှီစို့စို့ ဇတ်လမ်း ကို အခု ထိ မှတ်မိနေသေးတယ်။

  • kopauk mandalay

    March 20, 2011 at 4:52 pm

    ရှိသူက မရှိသူကိုပေး
    ပေးမှန်းသိတော့မျှော်
    မျှော်တယ်ဆိုတော့သနား
    သနားမှန်းသိလို့မျှော်
    မျှော်တယ်ဆိုတော့ပေး
    ပေးတယ်ဆိုတော့မလုပ်
    မလုပ်တော့မရှိ
    မရှိတော့သနားတယ်ဆိုပြီးပေး
    ပေးမှန်းသိတော့မျှော်…………………………………………………………….

  • fatty

    March 21, 2011 at 3:42 am

    ဓာတ်ပုံလေးတွေတင်ရင် ကင်မရာအမျိုးအစားလေးတွေပါဖေါ်ပြပေးစေချင်ပါတယ်ခင်ဗျာ …။ ပုံထွက်လေးတွေလေ့လာနေလို့ပါ။

  • nozomi

    March 21, 2011 at 5:31 am

    နိုင်ငံခြားမှာ .. အများပြည်သူအသုံးပြုတဲ့ တံတား ကျိုးမယ် အဲဒီတံတားပေါ်မှာရှိတဲ့ ပြည်သူတစ်ဦးဦး ထိခိုက်ဒဏ်ရာရခဲ့မယ် ဆိုရင် သူ့အတွက် အာမခံကြေးပေးလျှော်ပေးတာရှိလား

    မြန်မာပြည်မှာရော………

    ဟိုတစ်လောက ဦးပိန်တံတား ကျိုးကျတုန်းက မေးချင်တဲ့မေးခွန်းလေး အခုမှသတိရလို့ပါ

    သိသူများဖြေကြားပေးရင် ဗဟုသုတရမှာပါ

    • kai

      March 21, 2011 at 8:16 am

      မေးခွန်းက .. တကြာင်းထဲပဲ..။ ဒါပေမဲ့.. ယူအက်စ်ဆိုရင်တော့ .. တော်တော်ဖြေရခက်မှာပဲ.။
      ဖြေကြည့်ပါမယ်..။ ဒါပေမဲ့ဒါက .. ဖွံ ့ဖြိုးပြီးနိုင်ငံတွေအားလုံးနဲ့လည်းတူနိုင်ပါတယ်..။

      ပြောရရင်..
      ဘယ်သူကလုပ်လို့ကျိုုးတာလည်း။ ဘာကြောင့်ကျိုးတာလည်း ၊ ဘယ်နေရာက ..ဘယ်ပုံစံနဲ့ကျိုးတာလည်း..။ ဘယ်လိုပြည်သူလည်း။ ဘယ်လိုထိခိုက်ဒဏ်ရာရသလည်း။ ဘယ်သူ့အတွက်လျှော်ရမှာလည်း။ ဘယ်အာမခံထားထားတာကိုလျှော်ရမှာလည်း ..စသဖြင့် အများကြီးမေးခွန်းတွေဖြစ်လာမှာပါ..။
      တကယ်တော့ အဲဒီမေးခွန်းတွေက .လုပ်သူ၊ ဖြစ်သူ.. အကြောင်း-အကျိုးတွေကို တိုက်ရိုက်ပြနေ-ရှာနေတာပဲဖြစ်ပါတယ်..။
      တကယ်လို့.. အဲဒီအတိုင်း..တာဝန်ရှိသူတွေက တာဝန်မယူခဲ့ဘူးဆိုရင်.. နစ်နာသူကပြန်ရင်ဆိုင်နိုင်တဲ့..တရားရေးရှိပါတယ်..။
      တရားစွဲပြီး.. ဆုံးဖြတ်ယုံပေါ့..။

      နားလည်လွယ်အောင်..ပြောမယ်ဆို…ဦးပိန်တံတားကို ယူအက်စ်ရွေ ့လိုက်မယ်ဆိုပါတော့..။
      တံတားက..လူတွေအသုံးပြုနိုင်လောက်အောင် ခိုင်ခံသလား အင်ဂျင်နီယာတွေစစ်ရပါမယ်..။
      အိုကေဆိုရင်.. တံတားကို .. ဆိုင်ရာနယ်ပိုင် အာဏာပိုင်တွေ အာမခံထားမယ်ဖြစ်ပါတယ်..။
      အဲဒီတံတား.. လူတယောက်ဒီအတိုင်လမ်းလျှောက်လာရင်း..တံတားအောက်ခင်းသစ်သားတန်းကျိုးကျပြီး.. ပြုတ်ကျခြေကျိုးတယ်ဆိုပါတော့..။
      အရင်ဆုံး .. အရေးပေါ်ကားက လာခေါ်ပါမယ်..။
      ဆေးရုံမှာ ကျောက်ပါတ်တီးကိုင်ပါမယ်..။ ပြီးတော့ ..အဲဒီလူ ဘာအာမခံရှိသလည်း မေးပါမယ်..။
      သာမန်အားဖြင့် အလုပ်လုပ်နေတဲ့ ပြည်သူတယောက်ဟာ ကျမ်းမာရေးအာမခံရှိနေပြီး ကုန်ကျစရိတ် .. အဲဒီအာမခံကပေးလျှော်လိုက်မှာဖြစ်ပါတယ်..
      အဲဒီလူအတွက်ပေးလိုက်ရတဲ့ လျှော်ကြေးငွေထက် ပိုများမဲ့ငွေကို .. တံတားအာဏာပိုင်တွေဆီက..တံတားအာမခံဆီက ..ပြန်ရဖို့.. အဲဒီလူရဲ့အာမခံက အဆင့်ဆင့်လုပ်သွားမှာပါပဲ..။

      တကယ်လို့..အဲဒီသူဟာ..မီဒီယာတွေနဲ့ ပေါက်ရောက်တဲ့သူဖြစ်မယ်ဆိုရင်..။
      အဖြေတွေတမျိုးထွက်လာနိုင်ပါတယ်..။
      မီဒီယာက ..သတင်းစာ။တီဗီထဲ..အဲဒီလူသတင်းထည့်လိုက်တယ်ဆိုပါတော့..။
      အဲဒီနယ်ရဲ့.. လွတ်တော်အမတ်ကလည်း..သူမဲဆန္ဒရှင်တယောက်ဖြစ်ပါတယ်ဆိုပြီး ..တံတားဌာနအကြီးအကဲကို ..ပြောလာနိုင်ပါပြီ။
      အဲဒီတံတားကိ ပုံမှန်စစ်ပေးရတဲ့..အင်ဂျင်နီယာဌာနက.. မျက်ခုံးလှုပ်စရာဖြစ်လာပါပြီ။
      အဲဒီနယ်ထဲက..အဲဒီအင်ဂျင်နီယာဌာန တာဝန်ယူထားရတဲ့ အရာရာကို ပြန်စစ်ဖို့အမိန် ့လာကောင်းလာတော့မှာပါ..။
      ရှေးဟောင်းတံတားကို.. လူတွေဖြတ်ကူးအသုံးပြုခွင့်ပေးသင့်သလား မေးခွန်းလဲ .. လွှတ်တော်ထဲကနိုင်ငံရေးသမားတွေခေါင်းထဲရောက်လာတော့မယ်ဖြစ်ပါတယ်..။
      ဆိုတော့.. ဒီနေရာဖြတ်သွားဖို့..လူတွေအသုံးပြုဖို့ တံတားသစ်တခုလိုအပ်နေတဲ့အတွက် ..နောက်တံတားအသစ်တခုအတွက်..နောင်နှစ်ဘက်ဂျက်ထဲ..ဖယ်ပေးသင့်မသင့် မေးခွန်းလည်း ထွက်လာတော့မယ်ဖြစ်ပါတယ်..။
      ဒါက..အစိုးရရဲ့အလုပ်တွေဖြစ်လာပါပြီ..။
      ဒီလိုနဲ့.. နောင်..ဒီလိုမျိုးတွေမဖြစ်အောင် အပြန်အလှန် ချက်အန်ဘဲလန်င့် လုပ်သွားကြမှာဖြစ်ပါတယ်..။

      ( တတ်နိုင်သလောက် ခြုံငုံပြောကြည့်တာပါပဲ..။ တကယ်ကတော့ ..အင်မတန်ရှုပ်ထွေးပါတယ်..။)

  • nozomi

    March 21, 2011 at 8:48 am

    သူကြီးရဲ့ အဖြေအတွက် ကျေးဇူးတင်ပါတယ် နိုင်ငံခြားက အစီအစဉ်ကိုတော့ မှန်းကြည့်လို့ ရပါပြီ
    ဒီမှာတော့ ….ငါတို့တော့ ဘာမှတာဝန်မယူနိုင်ဘူး မကြိုက်ရင် မသုံးနဲ့ ဆိုတဲ့ အဆင့်ပဲရှိသေးတယ်
    ပြည်သူ့လွှတ်တော် ကြီးတွေ စနေပြီဆိုတော့ မ………ဝေး ……..တော့ ………..တဲ့…….အချိန်မှာ မြန်မာပြည်မှာလဲ စနစ်တကျဖြစ်လာနိုင်ပါတယ်

    • kai

      March 21, 2011 at 6:33 pm

      မြန်မာပြည်မှာ.. တိုင်စရာပြောစရာရှိတိုင်း.. ဥပဒေပြုသူတွေကို တိုင်တတ်တဲ့အကျင့်ရှိလာဖို့လိုတယ်..။
      ဥပဒေပြုသူဆိုတာ.. အမတ်တွေဖြစ်ပြီး..အာဏာပိုင်အစိုးရမဟုတ်ပါ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 21, 2011 at 6:41 pm

    ဟုတ်ပါပြီ ရွာသဂျီးရယ်
    အထက်ဖော်ပြပါ အချက်တွေကို အစိုးရလို ့ခေါ်ရမလား
    စစ်တပ်လို ့ခေါ်ရမလား
    အဲ့သည်သတ္တဝါတွေက ဆောင်ရွက်ခွင့်မပေးဘူးဆိုရင်
    အဲ့သည် သတ္တဝါတွေကို ဘယ်လိုများ နှိမ်နင်းပစ်ရမယ်ဆိုတာ
    နည်းလမ်းလေးများ မ..စ ပါခင်ဗျ

    • kai

      March 21, 2011 at 7:02 pm

      အရင်ကတော့ ..စစ်တပ်က စစ်ဥပဒေနဲ့အဓိကအုပ်ချုပ်နေတာမို ့… ဘာမှလုပ်လို့မရဘူးပေါ့ကွယ်…။
      အခုတော့.. တင်မြောက်ထားတဲ့…တရားရေးဌာနရှိလာပြီမို ့.. တရားစွဲပေါ့..။ အစိုးရနဲ့..တရားရေး..မဆိုင်ဘူးတာလည်း..သတိထားဦးနော..။
      အဆင့်ဆင့် ရှုံးသွားနိုင်ပေမဲ့… ရှုံးသမျှတွေဟာ… အင်တာနေရှင်နယ်တရားရုံးအတွက်.. အထောက်အကူဖြစ်မှာတွေပါပဲ..။

      ဒါနဲ့ပါတ်သက်ပြီး ..တော့ပစ်တခုတင်ဖို့ကောင်းတယ်..။
      အရှည်ကြီး…. ငြင်းကြဆွေးနွေးကြရမှာ…။

  • shweminthar

    March 22, 2011 at 2:41 am

    ကျနော်တို့ သာမန်လူတွေ အနေနဲ့
    ဥပဒေ တို့ တရားရေး တို့ ဆိုတဲ့ အသိဉာဏ် ဗဟုသုတ အလွန် နည်းပါတယ်။
    နောက် ပြီး ရုံ့း သွားရမည့် ကိစ္စ ဆိုတာ စိတ်ကူးထဲမှာ တောင် မသွားချင် တဲ့ အရာ ပါ။
    ကျနော်စဉ်းစားမိတာ က နောင် ပြောင်းလဲ လာမည့် အခြေအနေမှာ
    စီးပွားရေး အကာအကွယ်ယူ ဖို့ကိစ္စ ၊ မူပိုင်ခွင့် ၊ အခွန် ကိစ္စ စသည့် တို့ကို ဆောင်ရွက်ရာမှာ ဥပဒေ အကြောင်းသိဖို့ လိုအပ်လာပါလိမ့်မယ်။
    ကျနော် ကိုယ်တိုင်လဲ ဘာမှ ကောင်းကောင်းမသိသေးပါဘူး…..
    နားလည်သော သူများရှင်းပြစေချင်ပါတယ်။

Leave a Reply