ကောင်လေးတွေကို လျော့မတွက်နဲ့နော် …

မမေလးMarch 20, 20111min13810

ဆယ်တန်းဖြေခါနီးတုန်းကပါ … သူငယ်ချင်းရဲ့ သူငယ်ချင်း ။ သူက ဆေးကျောင်း ပထမနှစ်တဲ့ … ဒီလိုပဲ နောက်တော့ ရည်းစားစကားပြောတယ် … သူဆေးကျောင်းမတတ်တော့ဘူး စိတ်မပါလို့တဲ့ … အရင်တည်းက မတတ်ချင်ဘူး အိမ်ကအတင်းတတ်ခိုင်းလို့တတ်ရတာပေါ့ … နောက်မှသိတာက သူလည်းဒီနှစ်ဆယ်တန်းဖြေထားတာ … အောင်စာရင်းထွက်တော့ သူက ကျတယ်တဲ့ …

သူငယ်ချင်းက သူ့သူငယ်ချင်း ရှိုးပွဲမှာသိတာပါ … သူနဲ့ မိတ်ဆက်ပေးတယ် … သူနဲ့ က တစ်ရက်ပဲရှိသေးတယ် ငယ်ပေါင်းတွေလို ခင်တယ် … နောက်တော့ သူနဲ့ သူငယ်ချင်းနဲ့ ရည်းစားဖြစ်သွားတာပေါ့ … သူက သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်လေ … သူပြန်ပြောမှသိရတာပါ … သူ့သူငယ်ချင်းက ( မင်းမော်ကွန်းနဲ့တူတယ် )  ရည်းစားစကားပြောတော့ အင်းယားမှာပါ သူငယ်ချင်းအတွဲကို အဖေါ်လိုက်သွားပေးတာပေါ့ …  ရည်းစားစကားပြောသူက ဖုန်းဆက်လိုက်တယ် … သူ့ အင်္ဂလိပ်နာမည်က မိုက်ကယ်တဲ့ … စပီကာ နင့်ကိုငါချစ်တယ်တဲ့ … တစ်ချိန်တည်းမှာပဲ ဖုန်းနဲ့ တစ်ယောက် အပြင်မှာတစ်ယောက်ပြောတယ် …  အကျင့်မကောင်းဘူးနော် …

နောက်တစ်ယောက်ကတော့  ကြက်တောင်ရိုက်ရင်း ကြက်တောင်ကွင်းမှာ သိတာပါ ရုပ် နဲ့ ဝတ်တဲ့ပုံကတော့ ကိုရီးယားမင်းသားကြနေတာပဲ …  ပြောရင်လဲကြွေလောက်တယ် … သနားအောင်လည်းပြောတတ်တယ် … ရည်းစားစကားပြောပြီး အဖြေ ခဏခဏတောင်းတယ် … သူက စားသောက်ဆိုင်ပိုင်ရှင်ပါ … အသက်က ၁၉ နှစ် … သူ့ အဖေ နဲ့ အမေက မြိတ်မှာတဲ့ သူတို့က အရမ်းဆင်းရဲတော့ ရန်ကုန်ကို ထည့်လိုက်တာ မွေးစားသားပေါ့ … သနားသွားတာပေါ့နော် … နောက်မှ သူ့သူငယ်ချင်းကိုမေးတော့ လျှောက်ပြောနေတာတဲ့ … နောက်နေ့ ကြက်တောင်ကွင်းကို သူ့ကောင်မလေး ရောက်လာတယ် … သူ့ကိုလည်းမမေးပဲနဲ့ သူ့အစ်မ နိုင်ငံခြားက ပြန်လာလို့တဲ့  မုန့်ဖိုးလာပေးတာ နောက်နေ့မုန့်လိုက်ကျွေးမယ် လျှောက်လည်မယ်တဲ့ … နောက် ပြိုင်ပွဲကြတော့ သူကဝင်ပြိုင်ပါတယ် … သူ့ကောင်မလေးက ချွေးသုတ်ပေး အိတ်သယ်ပေးနဲ့ …  အဲ့ဒီကျမှ သူ့ကောင်မလေးမှန်းသိရတာ … ဒါနဲ့ သူ့ကို နားလည်ပေးလိုက်ပါတယ် … သူငယ်ချင်းလိုပဲပေါ့ … နောက်နေ့ကျတော့ သူ့ကောင်မလေးနဲ့ ပြတ်သွားပြီတဲ့ .. ကောင်မလေးက ၉ တန်းပါ … နင့်ကိုပြောရမှာ အားနာတယ်ဆိုပြီး ရည်းစားစကားထပ်ပြောတယ် … တော်တော် မျက်နှာပြောတယ်နော် … ( သူက သရုပ်ဆောင် အကောင်းဆုံး နဲ့ မာယာအများဆုံးပဲ )

သူတို့ပြောတိုင်းလည်း ယုံလို့မရဘူး … သနားအောင်ပြောတိုင်းလည်း မပျော့သွားကြပါနဲ့ … ယုံအောင်လုပ်ပြလည်း မယုံပါနဲ့လို့ … သေသေချာချာ စုံစမ်းစေချင်တယ် လို့ပြောချင်တာပါ …

10 comments

  • bigcat

    March 20, 2011 at 6:55 pm

    ဦးကြောင်ကြီးကိုလည်း လျော့မတွက်ပါနဲ့ကွယ်။ discount ဘယ်တော့မှမချဘူး expire သာအဖြစ်ခံမယ် ဒါပေမဲ့ ဦးကြောင်က 24 Caret ရွှေစင်တုံးကြီးကွဲ့.. မှတ်ထား ဘယ်တော့မှ ဒိတ်မအောက်ဘူး….

  • လင်းငယ်

    March 20, 2011 at 7:13 pm

    တို့လည်း ဒီလိုပဲနော်။ ဟင်း..ဟင်း.. အင်တာနက်ပေါ်မှုာ ပြောတာပါ။ မျက်နှာချင်းဆိုင် တွေ့ရင်တော့…

  • Gong Zhu

    March 20, 2011 at 7:40 pm

    မျက်နှာချင်းဆိုင်တွေ့ရင်တော့ ပိုမလွယ်ကြောလား … 😛

  • ယောလေး

    March 21, 2011 at 2:22 am

    အင်းးးးးးးးးးးးးးဆိုပြီးပဲ သက်ပျင်းချသွားယုံမှတစ်ပါး..
    တစ်ကယ်တော့ ဒီလိုအပြောခံရတာ မိန်းကလေးရဲ့ နေပုံထိုင်ပုံနဲ့လဲ သက်ဆိုင်မယ်…

  • etone

    March 21, 2011 at 2:52 am

    သူတွေများနေလို့ နည်းနည်း ဖတ်ရတာ ရှုပ်သွားတယ်…။

    ဇာတ်လမ်းလေးတွေက စိတ်ကစားတဲ့အရွယ်တွေမှာ ဖြစ်တတ်တာလို့ ထင်တာပါပဲ… ။ ကလေးတွေလေ …. တွေ့ကရာတွဲ ၊ နာမည် ပျက်မှာလည်း မကြောက်ဘူးပေါ့… ။ ရည်းစားတယောက်တွဲတာ ဘာမှ အလေးနက်ထား မစဉ်းစားပဲ တွဲနေကြတယ်… ။ ပြတ်သွားလည်း အေးဆေးပဲ ။ သူတို့စိတ်ကို နားတောင် မလည် တော့ဘူး ။

  • dream

    March 21, 2011 at 7:51 am

    Gong Zhu ဆီက ပညာယူရမယ်
    အိပ်မက်မှာ ယောက်ျားလေးနဲ့ ပတ်သက်ပြီး ပြောစရာရော ထင်မြင်ချက်ပေးစရာရော ဗဟုသုတမရှိပါ။

  • လင်းဝေကျော်

    March 21, 2011 at 9:00 am

    ဟုတ်ပါတယ်။
    ယောကျာင်္းလေးတွေ ကတော့ အဲသလိုမျိုးတွေရှိတတ်ပါတယ်။
    မိန်းကလေးတွေကို အထင်ကြီးအောင်လုပ်ပြီး ကစားချင်တာပေါ့လေ။
    မိန်းကလေးများ ကြင်နာတတ်သူ ယဉ်ကျေးသူကို စိတ်ထားမြတ်သူများကို အဓိကထား ရှာကြပါ။

  • bigbird

    March 21, 2011 at 1:32 pm

    ကိုငှက်ကြီးလဲဖက်ရင်းနဲ့လည်သွားတယ်။နောက်တစ်ခေါက်ထပ်ဖက်တောင်မှ
    သိပ်မရှင်းသေးဘူး။ကိုငှက်ကြီးပဲညံ့လို့လားတော့မသိဘူး။
    ဆိုလိုရင်းကိုတော့ကဘောပေါက်ပါတယ်။

  • noob

    March 21, 2011 at 4:27 pm

    စာဖတ် ရင် လည်လည်နေတာ အခွေ ထစ်နေသလိုပဲ အရှေ ကိုမတက်နိုင်တော့ဘူး နောက်ဆုံးတော့ ကောင်လေးတွေကို လျော့ မတွက်နဲ ့ လိုပြောသွားတယ် မတရားဘူး ကောင်ကြီးတွေ ကျတော့ လျော့ ့တွက်လိုရတယ်ပေါ့ (စင်တင်နဲ ့ ကားတာအိုကေတွေမှာကောင်ကြီးတွေ ကို လျော ့တွက်တဲ့ ကိတ်ကိတ်ကလေး တွေဆို နောက်နေ ့ဝင်ငွေ လျော့ပြီပဲ )

  • Gong Zhu

    March 21, 2011 at 5:16 pm

    noob … သမီးက ရေးအသားမတော်ဘူးလေလို့ … နေပုံထိုင်ပုံနဲ့ ဆိုင်တယ်ဆိုတော့ … ကိုယ်ကတော့ ဒီလိုပဲ သူငယ်ချင်းတွေ အားလုံးကို သူငယ်ချင်းလိုပဲမှတ်တယ် ဖော်ဖော်ရွေရွေပေါင်းတယ် … သူတို့က တစ်မျိုးတွေးရင်တော့ မပြောတတ်ဘူး … ဘာလို့လဲဆိုတော့ အရင်က မာနကြီးတယ် ကြီးကျယ်တယ်လို့ပြောလို့ …. လူတွေက အဲ့လိုပဲ … မျက်နှာတည်တည်နဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး နေတော့လည်း သူ့ကိုယ်သူ ဘာမှတ်နေလို့ လဲမသိဘူး … စိတ်ကြီးဝင်ပြီး မာနတွေစွတ်တတ်နေတယ် လို့ပြောချင်တယ် … ဖော်ဖော်ရွေရွေဆက်ဆံတော့ ပေါတယ်ထင်တယ် … ဒီကောင်မလေး သေချာပေါင်းကြည့်တော့လည်း အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးလို့ပြောချင်တယ် … ဘယ်လိုနေနေ အကောင်းဘက်က မပြောချင်တဲ့သူက ခပ်ပေါပေါလေ … တစ်ခါတစ်လေ ကိုယ်ကပြောလိုက်တာတစ်ခြား သူတို့တွေးတာတစ်ခြားနဲ့ … အကောင်းတွေးတဲ့သူ ရှိသလို မကောင်းတွေးတဲ့သူလဲရှိတယ် … ဒါတွေလိုက်ပြီး သိပ်ဂရုမစိုက်တော့ဘူး … ကိုယ်နေတတ်သလိုပဲနေတော့တယ် …

Leave a Reply