Created by လူ
သေပြီးရင် ဘာဖြစ်မလဲ ဆိုတော့ကာ… အရင်ဆုံး အသက်မရှုတော့ဘူးပေါ့။
ခန္ဒာကိုယ်မှာ ရှိသမျှ ကိရိယာ တန်ဆာပလာတွေ အားလုံး ရပ်တန် ့သွားတော့ သွေးတွေလဲ မလည်ပတ်နိုင်
တဖြည်းဖြည်း အနံ ့တွေ တစ်ထောင်းထောင်း အရည်တွေ စီးကျပြီး ပုတ်ပွလာတာပေါ့။
ငါသေရင်တော့ သဂြိုလ် စားရိတ်လဲ သက်သာအောင် ငါ့ မိသားစုတွေလဲ ကရိကထ မများရအောင်
လှီးဖြတ်ခုတ်ထစ် လေ့လာမဲ့ လူတွေကို ပေးလိုက်မယ်။ ဒါဆို ပေါက်တတ်ကရ အယူအဆတွေနဲ ့ ရိုးရာဆိုတာတွေ ဘာမှ လုပ်စရာ မလိုတော့ဘူး။
ငါသေပြီးရင် ဘယ်ဘဝ ရောက်မလဲဆိုတော့….ငါက ဘယ်ဘဝက လာတယ်ဆိုတာတောင် မသိတာ…
နောက် ဘဝ ဆိုတာကို အပို အလုပ် တခု အနေနဲ ့ စဉ်းစားနေစရာ မလိုတော့ဘူး။
ဒါကြောင့် နောက်ဘဝကောင်းစားရေး အယူအဆတွေကို ယုံကြည်မှုလည်း မရှိဘူး လက်လဲ မခံဘူး။
မှားတယ်လို ့လဲ မပြောဘူး။ သေပြီးရင် ဘာဖြစ်မလဲဆိုတာ သေပြီးရင် ဘာမှ မသိ်တော့တာကြောင့် သေရင် ပြီးပြီ။
မသိလို ့ မရှိဘူးလို ့ တယူသန်ပြောတာလားလို ့ မေးချင်တယ် ဆိုရင် ငါသိတာ အခု အသက်ရှင်နေတယ် ဆိုတာ သိတယ်။ အဖေ နဲ ့ အမေ ကြောင့် ငါက လူဖြစ်လာပြီးရင် လူဆိုတဲ့ အနေအထားမှာ လက်ရှိ ငါဟာ အသက်ရှင်နေတဲ့ လူဆိုတာကို ပဲ တန်ဖိုးထားတယ်။ ငါ အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကျိုးစားနေတယ်။
ဒါကြောင့် နောင်တ ဆိုတာ မရှိဘူး။ သေခါနီးရင် ငါ လုပ်ခဲ့ သမျှကို ငါကျေနပ်တဲ့ အတွက် ဘာကို Worry များနေ စရာမလို အပ်ဘူး။ သေရင်ပြီးပြီ။ အိုမယ်နာမယ်သေမယ်။
ဘာသာ အသီးသီးက ဘုရားတွေ ပွင့်တယ်ဆိုတဲ့ အချိန်နဲ ့ ပိုပြီး နီးစပ်တဲ့ ခေတ်တွေမှာတောင်မှ ကမ္ဘာကြီးက
လုံးသလား ပြားသလား တောင် မှန်အောင်မပြောနိုင်တဲ့ လူတွေကြားမှာ အဲဒီ ဘာသာ တရားတွေက ထွန်းကားခဲ့တယ်။
ဒီခေတ်ရောက်တော့ ကမာ္ဘကြီးဟာ လုံးတယ်ဆိုတာလဲ သိလာပြီ။ ကမာ္ဘမြေကြီးရဲ ့အောက်မှာ သတ္တုချော်ရည်ပူတွေ ရှိနေတယ် ဆိုတာလဲ သိလာပြီ။ ကမာ္ဘကြီးရဲ ့ ဒီဖက်အခြမ်းကနေ တွင်းတူးပြီး ဝင်သွားရင် ငရဲပြည်ဆိုတာ မရှိဘူး။
ကမ္ဘာရဲ ့ တခြား တစ်ဖက်ခြမ်းကိုပဲ ရောက်သွားလိမ့်မယ်။ မြေမြိုတယ် ဆိုတဲ့ လူတွေ ဒီကနေ မြိုသွားပြီးရင် တခြားဖက် တခြမ်းက ပြန်ပေါ်လာလိမ့်မယ်။ မယုံရင် တွင်းတူးပြီးသွားကြည့်။
မိုးပေါ်မှာ ကောင်းကင်မှာ အာကာသထဲမှာ နတ်ပြည်ဆိုတာ မရှိဘူး။ မရေမတွက်နိုင်အောင် များပြားလှတဲ့
နေစကြာဝလာ အဖွဲ ့ အစည်းတွေပဲရှိတယ်။ နတ်ပြည် ငရဲပြည် ဟိုဘုံ ဒီဘုံ တွေ ဆိုတာ ဘယ်မှာရှိလဲ ဆိုတာကို
ခင်လို ့ မင်လို ့ တိတိကျကျ ပြောပြလိုက်မယ်။ အဲဒါတွေ အားလုံးဟာ မင်းလို ငါလို လူတွေရဲ ့ စိတ်ကူးစိတ်သန်း စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ ရှိတယ်။
မင်းရဲ ့လက်မှာ ပတ်ထားတဲ့ နာရီ တလုံးမှာပါတဲ့ Chip တခုက ဘယ်လို ဘာကြောင့် ဒီ အလုပ်တွေ လုပ်သလဲဆိုတာတောင် သိဖို ့ဆိုတာ သာမာန်လူတွေ မသိနိုင်တာ ၊ ဒီ ဘယ်သူမှ မသိတဲ့ လက်တွေ ့မကျတဲ့
သေပြီး ဘာဖြစ်၊ လူမဖြစ်ခင် ဘယ်ဘဝက လာဆိုတာတွေက ဘာနဲ ့တူလဲဆိုတော့ အလုပ် မရှိ လအု သန်းရှာ နေတာ
နဲ ့တူတယ်။ လုပ်စမ်းပါ ကိုယ့်လူ။ တစ်ကိုယ်ကောင်း မဆန်ပါနဲ ့။ တကိုယ်ရည် နောက်ဘဝ ကောင်းစားရေး အယူဝါဒတွေနဲ ့ အချိန်ဖြုံးမနေချင်စမ်းပါနဲ ့။
21 comments
kai
March 21, 2011 at 5:01 pm
ဒိုင်နိုဆောတွေဟာ ဒီကမ္ဘာကြီးကို နှစ်သန်း၁၆ဝ အုပ်ချုပ်သွားခဲ့တယ်..။
လွန်ခဲ့တဲ့ နှစ် ၆၅သန်းမှာမှ .. သူတို့အုပ်ချုပ်တာ ရပ်သွားခဲ့တာ..။
အဲဒီတုံးက လူသားမပေါ်သေးဘူုး..။
လူတွေယဉ်ကျေးလာပြီး ..မြို့ပြထောင်နိုင်တာ ..နှစ် ၁၀၀၀ဝတောင်မရှိသေးဘူးပဲ..။ ဒိုင်နိုဆောတွေနဲ့ယှဉ်ကြည့်ရင်.. ရီစရာပါ..။ အဲဒီတုံးက လူသားတွေဟာ ..မိုးကြိုးသံကြား..ကိုးကွယ်..။ ငလျှင်လှုပ်.ထိုင်ကတော့..။ နေမကောင်းဖြစ်..ယစ်ပူဇော်နဲ့ နေခဲ့ကြရရှာတာပါ…။
ဒီကမ္ဘာမှာ… အစောဆုံး မြို ့ပြယဉ်ကျေးမှုက..အီဂျစ်မှာ လွန်ခဲ့တဲ့ နှစ် ၆၀၀ဝ လောက်က…။အထောက်အထားတွေပြန်တွေ့ရတယ်..။
တကယ်တော့.. ယဉ်ကျေးမှု..အပါအဝင်ဘာသာတရား.. အတွေးအခေါ်တွေဆိုတာ..လူတွေ ဦးနှောက်တွေဖွံ ့ဖြိုးလာတာနဲ့အတူတူ(အီဗေါ်လူးရှင်းနဲ့အတူတူ)… ဆင့်ကဲပြောင်းလဲဖြစ်စဉ်တွေနဲ့….. မြစ်တစင်းလိုပဲစီးဆင်းနေတယ်..။
ဖွံ ့ဖြိုးပြောင်းလဲနေကြပါတယ်..။
ရှေးရိုးစွဲအယူရှိသူတွေက .. ပြောင်းလဲမှုရဲ့နောက်ကလိုက်နေပြီး.. ရှေ ့ကပြေးနေတဲ့ လစ်ဘရယ်တွေကို ထိမ်းကြောင်း-သက်ရောက်ရင်း.. ပြောင်းနေတာပါပဲ..။
ရှေးရိုးစွဲလွန်းရင်.. ညာဖက်အစွန်းရောက်လွန်းတယ်ခေါ်ပြီး.. ရှေ ့ပြေးလွန်းရင် ဘယ်စွန်းရောက်လွန်းတယ် ခေါ်ပါတယ်..။ အဲဒီ၂ခုအားပြိုင်မှု ရှိရင်ရှိသလောက် တိုးတက်တာ မြန်ပါတယ်..။
ဗုဒ္ဓကတော့.. ဘယ်ညာ အစွန်းရောက်လွန်းရင်… အားမပေးပါဘူး..။
ထားပါတော့…။
အပေါ်က ကိုရင်နီဂိမိ အတွေးတွေကို … ဖရီးသင့်ကာအတွေးတွေလို့ ပြောလို့ရမလားပဲ..။
ဖရီးသင့်ခါကို အောက်မှာ အဓိပါယ်ဖွင့်ပြထားပါတယ်..။ 🙂
Freethinkers
Freethought is a philosophical viewpoint that holds that opinions should be formed on the basis of science, logic, and reason, and should not be influenced by authority, tradition, or dogma.[1] The cognitive application of freethought is known as ‘freethinking’, and practitioners of freethought are known as ‘freethinkers’.
In Buddhism a type of freethought was advocated by Gautama Buddha, most notably in the Kalama Sutta:
“It is proper for you, Kalamas [the people of the village of Kesaputta], to doubt, to be uncertain; uncertainty has arisen in you about what is doubtful. Come, Kalamas. Do not go upon what has been acquired by repeated hearing; nor upon tradition; nor upon rumor; nor upon what is in a scripture; nor upon surmise; nor upon an axiom; nor upon specious reasoning; nor upon a bias towards a notion that has been pondered over; nor upon another’s seeming ability; nor upon the consideration, ‘The monk is our teacher.’ Kalamas, when you yourselves know: ‘These things are bad; these things are blameable; these things are censured by the wise; undertaken and observed, these things lead to harm and ill, abandon them. “…Do not accept anything by mere tradition… Do not accept anything just because it accords with your scriptures… Do not accept anything merely because it agrees with your pre-conceived notions… But when you know for yourselves—these things are moral, these things are blameless, these things are praised by the wise, these things, when performed and undertaken, conduce to well-being and happiness—then do you live acting accordingly.”
မိုက်ကယ်ဂျော်နီအောင်ပု
March 21, 2011 at 6:29 pm
အိမ်းအိမ်းအိမ်း
မောင်ရင့်အာဘော်အတိုင်းဆို
ကျုပ်ငယ်ငယ်က အိမ်အောက်ကြမ်းကြားကနေ
ကောင်မတွေဖင်ကို ဆူးနဲ ့ထိုးတာ
အာပတ်မသင့်ဘူးထင်တယ်
ဂွတ်ထ
ဂွတ်ထ
ဘဲရီး ဘဲရီး ဂွတ်ထ
bigcat
March 22, 2011 at 2:08 am
မော်တော်ကား ဘော်ဒီဒီဇိုင်းတွေလိုပေါ့ဗျာ။ ၁၉၅ဝပြည့်လွန်နှစ်တွေလောက်မှာ ကားပုံတွေက ဝိုင်းဝိုင်းအိုင့်အိုင့်တွေ။ ၁၉၇၀-၈ဝ ကြတော့ လေးထောင့်ချိုးတွေ။ ၁၉၉ဝကနေ အခုထိကြပြန်တော့ ပြန်ပြီတော့ ဖုဖုလုံးလုံးတွေ ဖြစ်သွားပြန်ရော။ တချို့က ကိုယ်မှီလိုက်တဲ့ ဒီဇိုင်းလေးကိုပဲ တသသ စွဲပြောကြတယ်။ တချို့ကြတော့ အဝိုင်းရော လေးထောင့်ရော မကြိုက်ဘဲ သူတို့ထက်ပိုကောင်းတာကို လိုချင်ကြတယ်။ တချို့က ကိုယ်ရောက်ရာ ခေတ်ကာလရဲ့ ဒီဇိုင်းကိုကြည့်ပြီး အရင်လူတွေ ညံ့တယ်ပြောကြတယ်။ တချို့ကြပြန်တော့ အားလုံးကိုခြုံကြည့်ပြီး ဆင့်ကဲဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်စဉ်လို့ ဆိုတယ်။ ဘုရားပြောခဲ့တာ မင်းတို့အရူးတွေတဲ့။ မရှိတာကို အရှိထင်နေကြတာတဲ့။ ထင်နေသ၍ ရှိနေလိမ့်မယ်တဲ့။ ဒီတော့ ရှိခြင်းမရှိခြင်းသဘောကို သိအောင်လုပ်၊ ပြီးရင် အဲဒီရှိခြင်း မရှိခြင်းနယ်ကနေ လွတ်အောင်နေတဲ့။
thethtet87
March 22, 2011 at 11:07 am
နည်းနည်းတွေးတာလွန်နေသလားလို့ပါ။ဘာသာတရားကိုကျင့်သုံးတာကိုယ့်ခံယူချက်နဲ့ကို်ယ်
ပေါ့။မဟုတ်ဘူးလား။ဒီအယူအဆကိုစာရေးသူကြိုက်တာတင်လို့ရတယ်။ကျွန်တော်ကတော့
လုံးဝမကြိုက်ဘူး။ဟုတ်လားအခုအယူအဆကဘာသာတရားရဲ့ အနန္တ ဝါဒါနဲ့ဆန့်ကျင်ဘက်
ကျတယ်။လုံးဝလက်မခံနိုင်ပါ။ပြန်လည်ဝေဘန်ရရင်စာရေးသူကိုယ်တိုင်ဘာသာတရားရဲ့
သဘောတရားကိုသေသေချာချာမဆန်းစစ်လို့ဘဲဖြစ်မယ်။သင်္ဂဇာဆရာတော်တို့၊ဗန်မော်ဆရာတော်
တို့၊ကျောက်ကွင်းတို့ပြန်လည်ဖတ်ကြည့်ရင်ဒါတွေသိနိုင်ပါတယ်။နောက်တစ်ခုဒီခံယူချက်ကအစွန်း
ရောက်ရင်လူ့လောက်ကြီးမှာလူ့ကျင့်ဝတ်၊လူ့သိက္ခာဆိုတာပျောက်သွားလိမ့်မယ်။ကျွန်တော်ကတော့
အစွန်းရောက်ဝါဒဖြစ်နေလို့မကြိုက်တာ။ကျွန်တော်တို့မြန်မာလူမျိုးဖြစ်ရတာဂုဏ်ယူစရာတစ်ချက်
ထဲရှိတယ်။ဗုဒ္ဓဘာသာကိုကိုးကွယ်ရတာ။ဗုဒ္ဓဘာသာကြောင့်လည်းနိုင်ငံမှာအကြမ်းဖက်မှုရာဇဝတ်
မှုတွေနည်းပါနေတာ။အဲဒါကကံကံရဲ့အကျိုးကိုယုံကြည်ယူဆလို့။မခံယူတတ်တဲ့လူတွေလည်းအများ
ကြီးပါ။ဒါကသူ့သဘောနဲ့သူဘဲ။ဒီလိုလူမျိုးတွေများလာရင်တော့လောကကြီးမှာအကြင်နာတရားတွေ
မေတ္တာတရားတွေရှိပါတော့မလား။ဒါကတော့ကျွန်တော်ခံယူချက်ပါ။ကြိုက်တဲ့ဘာသာကိုကိုးကွယ်
နိုင်တယ်။လူ့အခွင့်အရေး။ဒါပေမဲ့ငါလုပ်ချင်တာလုပ်မယ်။ဘာမှမဖြစ်ဘူးဆိုတာ။အစွန်းရောက်ဝါဒ
ဘာသာရေးကိုအလွန်အကျွံကိုယ့်ဘာသာမှအကောင်းဆုံးပြောတာလဲအစွန်းရောက်ဝါဒ။ဘာသာရေး
ရဲ့အနှစ်သာရကိုကောင်းကောင်းမသိလို့ပြောတာဖြစ်မယ်။ဒီဆောင်းပါးကိုလုံးဝမကြိုက်ဘူး။အစွန်း
ရောက်နေလို့။လူတွေကိုတလွဲတွေးအောင်လုပ်နေလို့။လမ်းလွှဲအောင်လုပ်နေလို့။
nigimi77
March 22, 2011 at 11:39 am
ငါ့ညီက ဦးရွှေအိုးလမ်းက ထင်ပါရဲ ့။ မကြိုက်တာကို လွပ်လပ်စွာ မကြိုက်ပိုင်ခွင့်ရှိပါတယ်။
မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်ယူတယ် ဆိုတာနဲ ့ပတ်သပ်ပြီး နည်းနည်း ဆွေးနွေးကြည့်ကြစို ့လား။
ဗုဒ္ဓဘာသာဆိုတာ မြန်မာလူမျိုးမှ မဟုတ်ဘူး ဘယ်လူမျိုးမဆို ဗုဒ္ဓ ရဲ ့ အယူအဆကို လက်ခံနိုင်ရင်
ကိုးကွယ်ကြတာချဉ်းပဲ။ မြန်မာ စစ်စစ်နဲ ့ မြန်မာနိုင်ငံသား အခြား တိုင်းရင်းသား မျိုးနွယ်တွေ သူတို ့
ယုံကြည်ရာ သူတို ့ ကိုးကွယ်ကြတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်ခွင့်ရတာနဲ ့ မြန်မာလူမျိုး ဖြစ်ရတာကို
ဂုဏ်ယူတာနဲ ့က သိပ် မဆိုင်ဘူးထင်တယ်။ နောက်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်လို ့ ရာဇဝတ်မှုတွေ
နည်းပါးနေတာ ဆိုတာမျိုးက မင်းကို ရှင်းပြဖို ့အတွက် ခက်လိမ့်မယ်။
နာမည် အနောက်က ၈ရ ဆိုတာက မွေးနှစ်ဖြစ်မယ်ထင်တယ်နော်။ ၈၈ မတိုင်မီ တနှစ်က မွေးတာဆိုရင်
ငါ့ညီက အဲဒီအချိန် လူဖြစ်တာ မကြာသေးလောက်ဘူး။
“ဗုဒ္ဓဘာသာ မြန်မာနိုင်ငံရဲ ့ ရိုင်းစိုင်း ရက်စက်မှုတွေကို ခင်းပြရရင်” လို ့ ပြောမယ်ဆိုရင် မဆိုင်တာကို ဆွဲထည့်သလိုဖြစ်နေမယ်ထင်တယ်။ ဘယ် ဘာသာကို ကိုးကွယ် လူရဲ ့ပင်ကိုယ် ရိုင်းစိုင်း ရက်စက်မှုက ဘာသာတရားနဲ ့ မပတ်သပ်ပါဘူး။ ဗုဒ္ဓ ဘာသာကို ကိုးကွယ်လို ့လဲ ယဉ်ကျေးသိမ်မွေ ့တဲ့ လူ မဖြစ်လာဘူး။
ကာယကံရှင် ကိုယ်တိုင်က အသိတရားရှိမှဖြစ်တာလေ။
နောက်ပြီး ကိုယ် ခံယူထားတာက ကံဆိုတာ အလုပ်ပါ။ မင်း ကိုယ့်ရဲ ့ ပိုစ့်ကို ရှာဖတ်ကြည့်။
ထမင်းမစားပဲ ချီးမပါဘူး။ ကိုယ်ပြောချင်တာ ..ဒါ။
လူတွေကို လမ်းလွဲဖို ့ဆိုတာ ကိုယ့်ရဲ ့ဉာဏ် တစ်ထွာ တစ်မိုက်လောက်နဲ ့ မဖြစ်နိုင်ပါဘူး။
ကိုယ်က ဗုဒ္ဓ ရဲ ့ခံယူချက်တွေကို သဘောကျတယ်။ အဲ…ချွင်းချက် အနေနဲ ့….လူလုပ် ယုံတမ်း ပုံပြင်တွေထဲက
ဘာဘာညာညာ တန်ခိုး ပါဝါ တွေနဲ ့ ခြောက်လုံး လှန် ့လုံးတွေကို ဖယ်ပြီးတော့ပေါ့လေ။
မင်း ဆွေးနွေးတာကို ကြိုဆိုပါတယ်။ ကိုယ်လဲ ပြန် ဆွေးနွေးကြည့်တာ…။
thethtet87
March 23, 2011 at 1:36 pm
ဟုတ်အကို။ကျွန်တော်ကဦးရွှေအိုးလမ်းကတော့မဟုတ်ပါဘူး။ဒါပေမဲ့တော်တော်များများ
ပါတ်သက်နေတယ်အကို 87 ကတော့အထိမ်းအမှတ်တစ်ခုပါ။ခုနတော်တော်များရိုက်တာ
ပျောက်ကုန်လို့အစကပြန်ရိုက်နေရတယ်အကို။အကိုပြောသလိုမြန်မာလူမျိုးဖြစ်ရတာဆိုတာ
အများအားဖြင့် ဗုဒ္ဓဘာသာကို ဆွေစဉ်မျိုးဆက်ကိုးကွယ်ကြတာလေအကို။အကိုတခုခုကို
ကိုယ့်လက်ထဲမှာရှိတာထက်။ထိုးဖောက်ရယူရတာကပိုတန်ဖိုးထားတတ်ကြတယ်။အကိုတစ်ခုခု
ကိုလွန်ဆန်ပြီးဗုဒ္ဓဘုရားရှေ့ကိုရောက်ရှိလာရင်။ကျွန်တော်ဘာကိုုဆိုလိုတယ်အကိုသိမှာပါ။အကို
ထားလိုက်ပါတော့ ဘယ်ဘာသာကိုဘဲကိုးကွယ်ကိုးကွယ် သေရင်တော့မပြီးသေးပါဘူး။
အကိုပြောသလိုတော့ဘယ်ဘာသာရေးခေါင်းဆောင်တွေကတန်းခိုးမပြခဲ့ဘူး။နောက်ဆုံးသေခြင်း
တရားနဲ့ရင်ဆိုင်ရတာတောင်ပေါ့။အကိုလည်းဖတ်ဘူးမှာပါ။မြတ်စွာဘုရားကတန်းခိုးရလို့ဘုရား
ဖြစ်တာမဟုတ်တာ။ဘုရားမဖြစ်ခင်ကတည်းကတန်ခိုးရှိနေတာဘဲ။အကိုဘာသာရေးကလူ့အထိန်း
အကွပ်အဖြစ်လက်ခံကြတာဘဲလေ။လူ့ကျင့်ဝတ်လူပေတံကိုဘာနဲ့တိုင်းတာကြလဲ။ဘာသာရေးအပေါ်
အခြေခံပြီးမှပေါ်ပေါက်လာကြတာဘဲမဟုတ်လား။မဟုတ်ရင်လူ့ကျင့်ဝတ်လူ့ပေတံကခေတ်အလိုက်
ပြောင်းလဲနေတဲ့လူ့နေမှုစရိုက်တွေနဲ့တိုင်းတာကြမှာလား။ဒါဆိုရင်အမှားအမှန်ဆိုတာအမြဲပြောင်းလဲ
နေမှာပေါ့အကို။ဖော်ထုတ်လို့မရသေးတာဘဲရှိတယ်။မပျောက်ကွယ်သေးပါဘူး။လူတွေရဲ့စိတ်ထဲမှာ
တော့အမှန်တရားဆိုတာဘာလဲသိကြမှာပါ။အမှားအမှန် လောကဓံ တရားတွေကဘာသာရေးနဲ့
မဆိုင်ပါဘူး။လူတစ်ယောက်ခြင်းစီရဲ့ခံယူချက်ပါ။ဒါကိုလက်ခံကျင့်သုံးတဲ့လူအပေါ်မှာလည်းမူတည်တယ်
ထင်တယ်နော်အကို။ဝေဘန်တာကတော့ကျွန်တော်တစ်ခါက ကိုပေါက်ကိုလည်းပြောဘူးတယ်။
Post တစ်ခုအကြောင်းသူရေးနဲ့ပါတ်သက်ပြီးပေါ့။လူငယ်တွေဆုံးဖြတ်ရဲဖု့ိအကြောင်းပေါ့။အခုအကို
လည်းဒီလိုပေါ့။အကိုရေးတာတော်တော်များကောင်းတယ်။ကျွန်တော် Print ထုတ်ပြီးသူငယ်ချင်း
တွေကိုတောင်ပြဘူးပါတယ်။ကိုပေါက်ကိုပြောခဲ့သလိုပြောရရင်အကို ” အကိုကိုကျွန်တော်လေးစားတယ်
တခြားလူးတွေလည်းလေးစာမဲ့လူတွေရှိအုန်းမှာပါ။သူတို့ထဲတစ်ယောက်ယောက်ကတော့အကိုပြောသ
လိုသဘောကျပြီးလိုက်နာကျင့်သုံးမိရင်ဘယ်လိုလုပ်မလဲ” ဆိုတဲ့ကိစ္စနဲ့ပါတ်သက်ပြီးတော့ပေါ့။
အကိုနားလည်းမှာပါ။အကိုရေးတာကတစ်မျိုးအဓိပ္ပါယ်ရှိချင်ရှိမယ်။ဒါပေမဲ့တစ်ယောက်ယောက်ကအ
တွေးလွှဲပြီး သေရင်ပြီးတာပါဘဲဆိုတာလိုက်ခံလိုက်ရင် အမှားအမှန်ဆိုတာပျောက်ကွယ်သွားမယ်
ထင်တယ်။ဖလော်သဘောနဲ့ပြောရရင်တော့လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့။ကျွန်တော်ကတော့
ကိုယ်ကိုကို ဒေါင်လိုက်ဘဲကြည့်ကြည့်တယ်။ကိုယ်ခံယူတတ်တဲ့အမှန်တရားကဘာလဲ။သူများလက်ခံ
တာကဘာလဲ။လူကျင့်ဝတ်နဲ့ကိုက်ညီရဲ့လား။မကိုက်ညီရင်တောင်အတတ်နိုင်ဆုံးအဝေးကြိမကင်းလွှတ်
အောင်သတိထားတယ်။လူ့ကျင့်ဝတ်ဆိုတာကလည်း ခုနပြောသလိုဘာသာရေးတွေရဲ့အပေါ်မှာအခြေခံ
ပါဘဲ။ဒါဆိုရင်တော့အမှားအမှန်ဆိုတာသူများတွေပျောက်ကွယ်ရင်ကွယ်မယ်။ကိုယ်လက်ခံနိုင်ဖို့ဘဲပေါ့။
သူများအမှားကလက်ခံတာလဲသူအကြောင်းနဲ့သူပေါ့။ကဲ အကို ကျွန်တော်ဝေဘန်တာလွန်တာရှိရင်
အနူးအညွတ်တောင်းပန်ပါတယ်။ကျွန်တော်သဘောထားကိုဘဲတင်ပြတာပါ။
thethtet87
March 24, 2011 at 11:51 am
အကိုပြောလို့အကို့ post တွေကျွန်တော်ဝင်ဖတ်ကြည့်ပါတယ်။တော်တော်များလည်းဖတ်မိပါတယ်
လုပ်ငန်းအကြောင်းအရာတွေရေးတာကောင်းပါတယ်။ကျွန်တော်တော်တော်များလည်းကြိုက်ပါတယ်
အတွေးအခေါ်ပိုင်းကတော့မကြိုက်ဘူးအကို။ဒီလိုဝေဘန်ရတဲ့အတွက်စိတ်မကောင်းပါဘူး။အကိုအတွေး
တွေကနည်းနည်းတစ်ဖက်စွန်းရောက်နေတယ်ထင်တယ်။အကိုကပြောချင်တာ ကောင်းတာလုပ်တိုင်း
ကောင်းတာမဖြစ်ဘူး။ရရင်လည်းနည်းနည်းပါးပါးပေါ့ဆိုလိုချင်တာလား။ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်
ကြမလဲ။ကောင်းကောင်းမကောင်းကောင်းသိမ်းကြုံးလုပ်ကြမလား။အကို ဒါဆိုရင်တော့တစ်မျိုးတွေဖြစ်
ကုန်လိမ့်မယ်ထင်တယ်။ကောင်းတာမကောင်းတာတွေလွှဲကုန်မှာပေါ့။အကိုနာကြည်းမှုကိုအခြေခံပြီး
အယူဝါဒကိုဝေဘန်မယ်ဆိုရင်တော့လွှဲကုန်မှာပေါ့။ကျွန်တော်လည်းတော်တော်ဆိုးတဲ့အကြောင်းတရား
တွေကြုံခဲ့ဘူးပါတယ်။ဒါပေမဲ့ဖြစ်သင့်ချိန်တန်လိုဘဲယူဆတယ်အကို။ဒါဆိုရင်မေးစရာတစ်ခုတော့ရှိတယ်
“မင်းကကောကောင်းတာဘယ်လောက်တောင်လုပ်ခဲ့သလဲ”ဆိုရင်သိပ်များများကြီးတော့မလုပ်ပါဘူး။
ဒါပေမဲ့လူ့လောကရဲ့အခြေခံကျင့်ဝတ်တွေနဲ့အဝေးကြီးမရောက်အောင်တော့တတ်နိုင်သလောက်ထိန်း
ချုပ်ပါတယ်။ကျွန်တော်ပါဋိပါဒ်သားတွေနဲ့တော့သိပ်မပြောတတ်ဘူးအကို။ဒါဆိုရင်ကျွန်တော်တို့တစ်ခု
တွေးကြည့်ရအောင်။ရှင်းရှင်းလေးပါ။အသားရောင်းတဲ့သူကတော့သားညည်နံ့ နံမှာနော်။ပန်းရောင်းတဲ့
သူကတော့ပန်းနံရမှာဘဲ။ဒါဆိုရင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပါ။ကောင်းတာမဖြစ်လာရင်
လည်း။မကောင်းတာတော့မဖြစ်လောက်ပါဘူး။ဒါကကိုယ်ကျင့်တရားနဲ့ဆိုင်မယ်ထင်တယ်အကို။
ကံကံဆိုတာအလုပ်ဆိုတာအကိုလည်းလက်ခံမှာပါ။အလုပ်ကောင်းရင်ကံကောင်းမယ်။အလုပ်ကောင်း
ဖို့ဘာတွေလိုအပ်လည်းအခြေခံအချက်တွေအကိုလည်းသိမှာပါ။သူများပစ္စည်းစက်ရုံပိုင်ပစ္စည်းအမြဲခိုး
နေတဲ့လူတစ်ယောက်ကိုအကိုရာထူးတိုးပေးမလား။သိရင်အလုပ်ထုတ်ထောင်ချတောင်လုပ်နိုင်တယ်။
ဒါဆိုရင်သူများပစ္စည်းခိုးတာမကောင်းဘူးပေါ့။ဟုတ်လား။ပြောစရာတော့ရှိတယ်။သူများပစ္စည်းခိုးပြီး
ကြီးပွားနေတာအများကြီးပေါ့။
ဒီနေရာမှာ သီတဂူဆရာတော်ကြီး မလွန်ဆန်ထောက်မှာဟောတဲ့တရားတစ်ပုဒ်ရှိတယ်။
(ကစ္စသဝစ္စ-ဇာတ်တော်ကြီးလေ)စာလုံးပေါင်းမှန်လားတော့မသိဘူး။ပျက်စီးချိန်မကျရောက်သေးသရွေ့
နည်းလွှဲနည်းမှားကြီးကိုနည်းမှန်လမ်းမှန်ထင်နေတတ်ကြတယ်လေ။ဟုတ်မလားအကို။ပျက်စီးချိန်မကျ
သေးလို့ပါ။ပျက်စီးချိန်ကျရောက်ရင်ဘယ်ဟာမှမခံနိုင်ဘူး။ကျွန်တော်လက်ခံထားတာပါ။
kyawko
March 22, 2011 at 12:43 pm
စိတ်မကောင်းပါ..လုံးဝစိတ်မကောင်းပါ…(၁)ဗုဒ္ဓသဘောထားအကြမ်းသိရန် ကလာမသုတ် ဖတ်ပါ
(၂)ဘုန်းကြီးများရဲ.တရားများသည် အများအားဖြင့် စိတ်ကိုထိန်းရန်နှင့် စိတ်ထားဖြုုစင်ရန် အဓိကဟောပါသည် နတ်ပြည်ရောက်ရန်မဟောပါ တရားစာအုတ်များလေ.လာပါ
(၃)စိတ်ထားမကောင်းလျှင် ဘဝ(ရှားပါး၊ငတ်မွတ်၊လူမလေးစား) မကောင်းပါ အဲ့ဒါငရဲပါ သင်စိတ်ကူးထားသည်ထက်ဆိုးမည်
(၄)ဆရာတော်ကြီးများနှင့်သာငြင်းခုံပါ (ယခုလိုလျောက်ရေးနေလျင်ပိုမှောင်မိုက်မည်)
(၅) သင်သည် အဆင်ပြေလျင် တရားစခန်း ရ ရက်ခန်. ဝင်ပြီးလေ့လာသင့်သည်
(၆)သင့်မိဘများကိုတရားနှင့်ပတ်သက်ဆွေးနွေးသင့်သည်
kyawko
March 22, 2011 at 1:03 pm
ပြင်းထန်စွာဝေဖန်ပါက ကျေနပ်စွာခံယူပါမည်.. သင်နှင့်ဆွေးနွေးရန်ပညာမပြည့်စုံပါ…စေတနာထားပြောလိုသည်မှာ သင့်အယူအဆများကိုဆရာတော်များနှင့်ဆွေးနွေးရန်အရေးတကြီးလိုအပ်နေပါသည် (အရှင်ဆေကိန္ဒ ဆိုလျှင်လူငယ်ဖြစ်သောကြောင့်သင်နှင့်သင့်တော်မည်ထင်သည်)
nigimi77
March 22, 2011 at 2:24 pm
kyaw ko
(၁) ဗုဒ္ဓ သဘောထား အကြမ်းဆိုတဲ့ စကားကို ချက်ချင်း ပြုပြင်လိုက်ဖို ့ သင့်ကို အကြံပေးလိုပါတယ်။ ဗုဒ္ဓ ရဲ ့ ကာလာမသုတ် ဟာ ဗုဒ္ဓ ရဲ ့ ခံယူချက်ကို အကြမ်း ဟောကြားခဲ့တာ မဟုတ်ဘူး ဆိုတာကို
သင်ကိုတိုင် သေချာသိရှိနားလည်ပြီးရင် သင့်ရဲ ့ ဘယ်ဆွေးနွေးမှု ကို မဆို ကြိုဆိုပါတယ်။
(၂) ဘုန်းကြီးများရဲ ့တရားများ ဆိုတာထက် ဘယ် ဘုန်းကြီးရဲ ့ ဘယ် တရားလဲ ဆိုတာကို သေချာစွာ ညွန်းပေးနိုင်ရင် ဒီနေရာကနေ ကျေးဇူး အထူးတင်လိုက်ပါမယ်။
(၃) စိတ်ထား မကောင်းလျင် ဘဝ မကောင်းပါဆိုတာထက် လူမှာ ရှိသင့်ရှိထိုက်တဲ့ လူ ့ကျင့်ဝတ်ကို မသိရင် ဒါမှ မဟုတ် သိလျက်နဲ ့ မပြုကျင့်နိုင်လျင် သင့်ရဲ ့ လူနေမှု ပတ်ဝန်းကျင်မှာ အခက်အခဲရှိလာနိုင်ပါတယ်။ ရှားပါး ငတ်မွတ်ခြင်းဟာ သူတပါး လုံ ့လဝီရိယ စိုက်ထုတ်ခဲ့ သလောက် မစိုက်ထုတ်ခဲ့လို ့၊ ငယ်ရွယ်စဉ် အလုပ်လုပ်ကိုင်နိုင်ချိန်မှာ လုပ်သင့် သလောက် မလုပ်ကိုင်ခဲ့လို ့၊ စသည်ဖြင့်
အကြောင်းတရားတွေရှိပါတယ်။ လူမလေးစားမှုမှာ သင့်တွင် ငွေကြေးရှိခြင်း မရှိခြင်းက အနည်းငယ် အကျိုးသက်ရောက်မှုရှိနိုင်ပြီး၊ အဓိက သင့်ရဲ ့ အကျင့်စာရိတ္တ ဆိုတဲ့ Character ပေါ်မှာ အများကြီးမူတည်ပါတယ်။
(၃) သင် သိရှိရန် အတွက် ပြောပြလိုသည်မှာ ဒီနေရာဟာ ဘုန်းကြီးများနှင့် တရား အငြင်းအခုန် လုပ်သည့်နေရာ မဟုတ်ပါ။ မိမိယုံကြည်ရာကို လက်ခံရာကို ဖော်ပြနိုင်တဲ့ နေရာဖြစ်ပါတယ်။ အဲဒီ အပေါ်မှာလည်း ဝေဖန်ဆွေးနွေးနိုင်ပါတယ်။ ဝေဖန်မှု ကိုလည်း အကျိုးအကြောင်းပြည့်စုံစွာ ပြန်လည် ဆွေးနွေးမှာဖြစ်ပါတယ်။ ယခုလို လျှောက်ရေးနေရင် ပိုပြီး မှောင်မိုက်နေမယ် ဆိုတဲ့ စေတနာဒေါသဟာ မီးကိုးကွယ် ရေကိုးကွယ် နေကိုးကွယ် ခေတ်က ချိန်းချောက် စကားလုံးမျိုးနဲ ့တူပါတယ်။
(၄) သင်သည် တရားစခန်းဆိုတာဟာ ဘာအတွက်လုပ်တဲ့ နေရာလဲ ဆိုတာ
သေချာ သိပါရဲ ့လား။ အဲဒီအတွက် အဖြေကို သင်ကိုယ်တိုင် ထုတ်ကြည့်ပါ။
(၅) သားသမီး မကောင်း မိဘခေါင်း မဟုတ်ပါ။ မိဘ မကောင်း သား သမီးခေါင်း ဖြစ်ကြောင်း သင်သေချာစွာ စဉ်းစားကြည့်ပါ။ မိဘများ၏
ရှေးရိုးမဆန်သော၊ လွတ်လပ်စွာ တွေးခေါ်ခွင့်ပေးသော၊ ယုံကြည်ရာကို လက်ခံစေသော၊ ငါတို ့ကိုးကွယ်သောကြောင့် သင်ပါ ကိုးကွယ်ရမည်ဟု အဓမ္မ မတိုက်တွန်းသော၊ ဗုဒ္ဓ ၏ စစ်မှန်သော တရားဟာ ဘယ်ဟတွေဖြစ်ကြောင်း၊ လူလုပ် အယုတ္တိ ဇာတ်ထုတ်များ နှင့် အမှန်တရားအား ခွဲခြားတတ်စေခဲ့သော ငါ၏ မိဘများ ကောင်းခဲ့သောကြောင့် ငါ၏ အတွေးအခေါ်တို ့သည် ချောက်လုံးလှန် ့လုံးတို ့နှင့် ကင်းဝေးစွာ လူဖြစ်ခဲ့သည်။
အချုပ်ဆိုရသော် ဗုဒ္ဓ၏ ရှင်းလင်းပြတ်သားသော ကာလာမသုတ်အား သင် ကိုယ်တိုင် နားလည် သိရှိခြင်းမဟုတ်ကြောင်း ထင်ရှားနေသောကြောင့် သင်သည် ကာလာမသုတ်၏ သဘောတရားတို ့အား ပြန်လည်ကျေညက်နားလည်သည် အထိ ဖတ်ရှုရန် အကြံပေးလို၏။
padonmar
March 22, 2011 at 2:38 pm
Nigimi77 ရေ၊ကိုယ်တော့ အများကြီးမရေးပြတတ်ဘူး၊
ဘုရားလက်ထက်က ပါယာသိမြို့စားကြီးဆိုတာ ဒီလိုပဲ တွေးခဲ့တာဘဲ၊
သူ့ကို တရားကိုဆန်းဆန်းကြယ်ကြယ်ဟောတဲ့နေရာမှာ ဧတဒဂ်ရတဲ့
အရှင်ကုမာရက ဟောတဲ့တရားရှိပါတယ်၊
အရှင်ဉာဏိဿရ(သီတဂူဆရာတော် ) ငယ်စဉ်က ရေးတဲ့ ပါယာသိသုတ္တန်
ဆိုတဲ့ စာအုပ်လေး လေ့လာကြည့်ဖို့ တိုက်တွန်းပါရစေ၊
စာအုပ်က ထွက်တာကြာပြီဆိုတော့ ရှာရတာတော့ ခက်မယ်၊
ကျွန်မလဲ အပိုင်ဝယ်ထားချင်လို့ ရှာတာမရသေးဘူး၊
ဘုန်းကြီးတွေဆီမှာတော့ ရှိချင်ရှိမယ်၊
ဖတ်ကြည့်ပြီးမှ လက်မခံနိုင်သေးရင်လည်း ကျွန်မ ညွှန်းတာ ညံ့လို့ပေါ့နော်၊
nigimi77
March 22, 2011 at 2:41 pm
ကျေးဇူးတင်ပါတယ် အမ။ ရှာပြီး လေ့လာကြည့်ပါမယ်။
kai
March 22, 2011 at 10:11 pm
ပါယာသိမြို့စားကို အရှင်ကုမာရကဿပ ရှင်းပြတဲ့တရား .. ရှာနေရမှာစိုးလို့.. တင်ပေးလိုက်ပါတယ်..။
အားလုံးလည်း သိရတာပေါ့..။
တကယ်တော့ … ရှေ့ နောက်ဘဝအယူရှိရင်လည်း… ဒိဋ္ဌိ တမျိုးပဲလို့တော့ .. မှတ်ဖူးတယ်..။
ဗုဒ္ဓဟောတော်မူတာပါ..။ အဲဒီတရား ပြန်ရှာပေးပါဦးမယ်..။
======
အသိအလိမ္မာ၊ စာပေပညာနှင့် တကွ ယဉ်ကျေးမှုအမျိုးမျိုး ထွန်းကားရာဒေသ၌ သွားလာကျက်စားခဲ့သော ခရုသင်းမှုတ်သမားတယောက်သည် အကြောင်းကိစ္စတခုဖြင့် နယ်စွန်နယ်ဖျား အရပ်ဒေသသို့ ရောက်လာခဲ့၏။ နယ်စွန်နယ်ဖျားရှိ ရွာကလေးတရွာသို့ ဝင်ရောက်ပြီးလျှင် ရွာလယ်ကောင် အရိပ်ကောင်းကောင်းတခုတွင် ရပ်နားကာ၊ အသင့်ပါလာသော ခရုသင်းကို အိတ်ထဲက ထုတ်၍ သုံးကြိမ်သုံးခါ မှုတ်လိုက်လေသည်။
ခရုသင်းသံသည် သာယာလှ၏။ နာပျော်ဖွယ်ရှိလှ၏။ ဆွဲဆောင်အား ကောင်းလှ၏။ အသံသာသာကို နားထောင်ရင်း ယစ်မူးမတတ် ဖြစ်ကြရ၏။ ရွာသူရွာသားများတို့သည် ခရုသင်းမှုတ်နေတုန်းမှာတော့ သတိမမူမိခဲ့ကြ။ ခရုသင်းမှုတ်ပြီးသွားခါမှ ကြားလိုက်ရသော အသံကို အကြောင်းပြုကာ ရွာလယ်သစ်ပင်ရိပ်သို့ စုဝေးလာကြ၍ ခရုသင်းမှုတ်သူထံ ချဉ်းကပ်ပြီးလျှင်
အဆွေ-ခုနတုန်းက ကြားလိုက်ရတဲ့အသံဟာ အင်မတန် သာယာလှပါတယ်။ အဲဒါ ဘယ်က ထွက်လာတဲ့အသံပါလဲ-ဟု မေးမြန်းကြ၏။ ခရုသင်းမှုတ်သူက ရှေ့မှာ အသင့်ချထားသည့် ခရုသင်းကို ညွှန်ပြကာ-
အဆွေတို့-ဒါ ခရုသင်းလို့ ခေါ်တယ်။ စောစောက ကြားခဲ့ရတဲ့ အသံက ဒီခရုသင်းက ထွက်ပေါ်လာတာပေါ့။
ဟာ-တယ်ဟုတ်ပလား
ခရုသင်းကို လုံးဝမမြင်ဖူးကြသော ရွာသူရွာသားတို့သည် ခရုသင်းနားသို့ သူ့ထက်ငါ ဝိုင်းအုံလာကြ၏။ ပတ်ပတ်လည်မှ တအံ့တဩ ကြည့်ရှု့ကြ၏။ ဤလိုပစ္စည်းမှ ဤမျှလျောက် သာယာသည့်အသံ ထွက်ပေါ်လာသည်ကို တအံ့တဩ ဖြစ်နေကြ၏။ ထိုမှတဆင့် စောစောက ကြားခဲ့ရသောအသံမျိုးကို ထပ်မံ၍ ကြားလိုလာကြ၏။
ထို့ကြောင့် သူတို့အထဲက ခြေသွက်၊ လက်သွက် လူတယောက်သည် ခရုသင်းကို မရဲတရဲ ကိုင်ကာ ပက်လက်အနေအထားဖြင့် ထားပြီးလျှင်-
ခရုသင်းကြီးရေ စောစောတုန်းကလို မြည်ပြလိုက်စမ်းပါ။ မြည်ပြလိုက်စမ်းပါ-ဟု တောင်းဆို၏။ အခြားသူတို့ကလည်း သူ့နည်းတူ ဝိုင်းအုံ၍ တောင်းဆိုကြ၏။ ပက်လက်အနေအထားဖြင့် တောင်းဆို၍ မရသောအခါ ခရုသင်းကို မှောက်လျက် ထား၍ တောင်းဆိုကြည့်ပြန်၏။ မှောက်လျက်ကလည်း ဘာသံမျှ မထွက်လာသဖြင့် ဘေးစောင်းချထားကြည့်ပြန်၏။ တခါ နောက်တဖက်သို့ ပြောင်းထားကြည့်ပြန်၏။
ဟိုဘက် သည်ဘက် လှည့်ထားကြည့်၍လည်း အကြောင်းထူးမလာသည့်အတွက် ခရုသင်းကို မတ်တတ်ထောင်ကြည့်ကြ၏။ ထိုမှတဖန် ဇောက်ထိုးထားကြည့်ကြပြန်၏။ ခရုသင်းကတော့ ဘယ်လိုထားထား ဒီအတိုင်းသာ နေ၏။ အသံဟူ၍ လုံးဝ ထွက်မလာချေ။
ဤတွင် ရွာသူရွာသားတို့သည် စိတ်တိုလာကာ ခရုသင်းကို လက်နှင့်ပုတ်ကြ၏။ တချို့က အနားမှာ အသင့်တွေ့နေသော မြေစိုင်ခဲဖြင့် ထုကြ၏။ တချို့က တုတ်နှင့် ရိုက်ကြ၏။ ဤသို့ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ကြိုးစားရင်း-ခရုသင်းကြီးရေ မြည်ပြလိုက်စမ်းပါ၊ မြည်ပြလိုက်စမ်းပါ-ဟု တစာစာတောင်းဆိုနေကြ၏။
ဤတွင်မှ ခရုသင်းမှုတ်သမားသည်-ဤလောကတွင် ဤမျှလျောက် မိုက်မဲသူတွေ ရှိနေပါသေးကလား-ဟု သဘောပေါက်ကာ ပျက်စီးလုဆဲဆဲ ရှိနေသော ခရုသင်းကို အချိ်န်မီ ကောက်ယူလိုက်၏။ ရွာသူရွာသားတို့၏ ရှေ့မှောက်မှာပင် သုံးကြိမ်တိုင်တိုင် သာယာနာပျော်ဖွယ် မှုတ်ပြလိုက်၏။
ဤတွင်မှ ရွာသူရွာသားတို့ သဘောပေါက်သွားကြလေတော့သည်။ ဪ-ခရုသင်းဆိုတာ ချည်းသက်သက် အသံမထွက်တတ်ပါကလား။ မှုတ်တတ်တဲ့သူလဲ ရှိပါမှ၊ အားအင် စိုက်ထုတ်ပြီး မှုတ်လဲ ပေးပါမှ၊ မှုတ်စရာလေလဲ ရှိပါမှ အသံမြည်တတ်ပေတာကိုး။
ရွာထဲက ထွက်သွားသည့်ခရုသင်းမှုတ်သူကို ငေးကြည့်ရင်း အချင်းချင်း ပြောဆို၍ နေရစ်ခဲ့ကြပေသည်။
—
ဒီဃနိကာယ်၊ မဟာဝဂ် ပါယာသိသုတ် ပါဠိတော်တွင် ဝိစိတ္တဓမ္မကထိက ဧတဒဂ်ဂုဏ်ထူးဆောင် အရှင်ကုမာရကဿပ-က ပါယာသိမြို့စားအား ထုတ်ဆောင်ဟောပြခဲ့သည့် ဥပမာ ပုံဝတ္ထုတခု ဖြစ်ပါသည်။
ပါယာသိမြို့စားသည် နတ္ထိကဒိဋ္ဌိ အယူအစွဲ ရှိသူဖြစ်၍ မျက်မြင်ကိုယ်တွေ့ ဤလောကမှတပါး အခြားလောက (ပရလောက) ကို လက်မခံပါ။
ဘဝသစ်မှာ ပဋိသန္ဓေတည်နေသည့် သတ္တဝါများ ရှိသည်ဟုလည်း မယုံကြည်ပါ။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး ဆိုးပြစ်ကိုလည်း လက်မခံပါ။ ဤသို့သော အယူအစွဲများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ ဘဝသံသရာ ကျင်လည်ရခြင်းကို သဘောမပေါက်၍ပင် ဖြစ်ပေသည်။
ဘဝသံသရာကျင်လည်ရခြင်းကို ပြတ်ပြတ်သားသား မငြင်းပယ်နိုင်တုန်းက ပါယာသိမြို့စားသည် ဘဝသံသရာကျင်လည်ရခြင်း တကယ်ရှိ-မရှိကို သိနိုင်ရေးအတွက် အလွန်ရက်စက်သည့် စမ်းသပ်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့၏။ ထိုအထဲက တမျိုးမှာ ဤသို့ဖြစ်၏။
ပြစ်မှုကျူးလွန်သည်ကို သက်သေများနှင့်တကွ လက်ပူးလက်ကြပ် ဖမ်းမိထားသောရာဇဝတ်သားတယောက်ကို အမှုထမ်းများက ပါယာသိမြို့စား၏ ရှေ့မှောက်သို့ ပို့ဆောင်ကြ၏။ ဤတွင် ပါယာသိမြို့စားက ထိုသူကျူးလွန်ထားသည့် ပြစ်မှုအလျောက် ရိုက်သင့်သည့် အပြစ်ဒဏ်ပေးရုံမကတော့ဘဲ အလွန်ရက်စက်သည့် စမ်းသပ်မှုများကိုပါ ပြုလုပ်ခဲ့၏။
သူက ရာဇဝတ်သားကို အရေပါး၊ အရေထူ၊ အသား၊ အရိုးနှင့် ရိုးတွင်းခြင်ဆီတို့ကို မထိခိုက်စေသော နည်းဖြင့် သတ်စေ၏။ ဤသို့သောနည်းဖြင့် သတ်ပုတ်ညှဉ်းဆဲ၍ ရာဇဝတ်သား သေလုသေခင် အသက်ငင်နေစဉ်တွင် ပက်လက်လှန်ထားစေပြီးလျှင် အနီးကပ်၍ သေသေချာချာ ကြည့်ရှု၏။ သို့ရာတွင် ခန္ဓာကိုယ်ထဲက ထွက်သွားသည့် အသက်ကို မတွေ့ရသေးသဖြင့် ကိုယ်ကောင်ကို မှောက်ထားစေ၏။ ထိုအနေအထားဖြင့်လည်း ဘာမျှမထူးခြားသေးသဖြင့် တစောင်းထား ကြည့်၏။ ထိုမှတဖန် နောက်တဖက်စောင်းကြည့်ပြန်၏။ တုံးလုံးအနေအထားအမျိုးမျိုးဖြင့် အကြောင်းမထူးလာသည်တွင် ကိုယ်ကောင်ကို မတ်တတ်ထောင်ထား၍ ကြည့်ရှု၏။ ထို့နောက် ဇောက်ထိုးမိုးမျှော် ထားစေပြန်၏။
ဤသို့ အနေအထားအမျိုးမျိုးဖြင့် စမ်းသပ်၍ အကြောင်းမထူးလာသောအခါ ကိုယ်ကောင်ကို လက်နှင့်ရိုက်ပုတ်စေ၏။ ဆက်လက်၍ တုတ်နှင့်ရိုက်ခြင်း ဓားနှင့်ခုတ်ခြင်း စသဖြင့် အမျိုးမျိုး စမ်းသပ်ကြည့်ပါသော်ငြားလည်း ထွက်ခွာသွားသည့်အသက်ကို မတွေ့လိုက်ရပေ။
ဤအကြောင်းကို သက်သေထား၍ ပါယာသိမြို့စားက လျှောက်ထားရာတွင် အရှင်ကုမာရကဿပ-က အထက်ပါ ဥပမာကို ထုတ်ဆောင်ပြီးလျှင်-
မြို့စားမင်း၊ ခရုသင်းမှုတ်သောသူ အားအင်စိုက်ထုတ်၍ မှုတ်ခြင်း၊ လေရရှိခြင်းအားဖြင့် ဤအကြောင်းသုံးမျိုး ပြည့်စုံသည့်အခါ ခရုသင်းသည် အသံမြည်သကဲ့သို့ပင် ဤကိုယ်ခန္ဓာသည် ရုပ်ဇီဝိတ၊ နာမ်ဇီဝိတဟူသော အသက်၊ ကမ္မဇတေဇောဓာတ်၊ ဝိညာဉ် အစဉ်အားဖြင့် ဤအကြောင်းသုံးမျိုးတို့ ပြည့်စုံသည့်အခါတွင် ရှေ့သို့သွားနိုင်၏။ နောက်သို့ ဆုတ်နိုင်၏။ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းခြင်းတို့ကို ပြုလုပ်နိုင်၏။
စက္ခု၊ သောတ၊ စသော ဒါွရခြောက်ပေါက်တို့၏ အာရုံခံစားမှုများ ပြုလုပ်နိုင်၏။ မြို့စားမင်း၊ ခရုသင်း မှုတ်သောသူ၊ အားအင်စိုက်ထုတ်၍ မှုတ်ခြင်း၊ လေရရှိခြင်းအားဖြင့် ဤအကြောင်းသုံးမျိုးတို့ မပြည့်တော့သည့်အခါတွင် ခရုသင်းသည် အသံမမြည်သကဲ့သို့ ဤခန္ဓာကိုယ်သည် ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ ဟူသော အသက်၊ ကမ္မဇတေဇောဓာတ်၊ ဝိညာဉ် အစဉ်အားဖြင့် ဤအကြောင်းသုံးမျိုးတို့ မပြည့်စုံတော့သည့်အခါတွင် သွားလာလှုပ်ရှားမှု၊ အာရုံခံစားမှုများ မပြုလုပ်နိုင်တော့ပေ။
ဤသို့ ဖြေရှင်းဟောပြလိုက်ပေသည်။
kopauk mandalay
March 22, 2011 at 4:20 pm
ပထမဆုံးပြောရရင် ကျနော်ကတော့ တရားဓမ္မနဲ့ပါတ်သက်ရင်အများကြီးမသိသလို အမှန်အတိုင်းပြောရရင် အခြေခံလောက်ဘဲ သိပါတယ်။
ကျနော်ကတော့ သိပ်မြင့်တာတွေကို ငြင်းနေကြမယ့်အစား ကျနော်အပါအဝင်အားလုံး
ဗုဒ္ဓဘုရားဟောကြားတဲ့တရားအများကြီးထဲက အခြေခံအချက်ဖြစ်တဲ့ ကိုယ်ကျင့်တရားကောင်းအောင်
နေ့စဉ်နေထိုင်မိပါသလား ဆိုတာကို ကို်ယ့်ကို ကိုယ်ပြန်မေးကြည့်ရအောင်။
အရာရာမှာ လိုချင်တပ်မက်မှု့နည်းအောင်နေနိုင်သလား?
သူများအပေါ်မှာပေးတာကမ်းတာ လှူတာတွေက မျှော်လင့်ချက်တစ်ခု အပေးအယူတစ်ခုနဲ့ကင်းပါသလား?
(တစ်ချို့လှူဒါန်းတဲ့နေရာမှာ သေရင်ကိုယ့်နောက်ပါမှာ ဒါလေးဘဲရှိတာဆိုပြီးနောင်ဘဝအတွက် စိတ်အေးရအောင် ဘဏ်မှာငွေစုသလို လှူကြတယ်လို့ ခံစားရလို့ပါ)
ကိုယ်ချင်းစာနိုင်ပါသလား?
အရက်လောင်းကစား ဆိုတာတွေကိုရော ရှောင်နိုင်ပါသလား?
အ ဂတိလို့ခေါ်တဲ့ လာဘ်ပေးလာဘ်ယူလုပ်တာ သူများဟာကိုမတရားသဖြင့်လိုချင်လို့ တရားတာမတရားတာအပထာ းရအောင်နည်းမျုးိစုံနဲ့ကြိုးစားတာတွေရောကင်းပါသလား?
စသဖြင့်မေးခွန်းလေးတွေ ပြန်မေးကြည့်ရအောင်ဗျာ။
မကောင်းဘူးလား ဒါပြီးမှတစ်ဆင့်တက်ကြည့်ကြတာပေါ့။
စာအုပ်ထဲပါတာတွေကို ပြန်ပြောရတာလွယ်ပါတယ်။
တကယ် ညွှန်ပြထားတဲ့အတိုင်း လိုက်နာကြဘို့သာခက်ခဲ့တာပါ။
ညွှန်ပြထားတဲ့တရားတွေရင်ထဲမှာရှိနေဘို့အလိုအပ်ဆုံးပါ။
ကျနော်နားလည်ထားတာ တစ်ခုက ဗုဒ္ဓရဲ့ဆုံးမညွှန်ပြမူ့ကို လိုက်နာဘို့အတွက်ကကျားမလူမျုးိမလိုပါဘူး
လိုက်နာချင်စိတ် ယုံကြည်မှု့အပြည့်ရှိတဲ့စိတ်လေးတစ်ခုသာရှိဘို့လိုပါတယ်။
အပေါ်ယံဆိုတာထက် ဘုရားရှင်က ဘယ်လိုဖြစ်စေချင်သလဲဆိုတာလေးကိုသဘောပေါက်အောင်မြင်အောင်
ကြည့်ပြီးလိုက်နာကျင့်သုံးကြဘို့က အဓိကလို ဘဲ ကျနော်ယုံကြည်ပါတယ်။
ဒါက ကျနော်လက်ခံယုံကြည်ထားတာပါ။
ကျနော့် ဉာဏ်မီသလောက်လေးပေါ့။
သူများကတော့ ကိုယ့်သဘောကိုယ်ဆောင်ပါ ကို်ယ်ယုံကြည်တဲ့လမ်းကိုယ်လျှောက်ရုံပါဘဲနော်။
ကျန်တာတွေအပထား စိတ်ရှင်းရှင်းလေးနဲ့ ည ည အိပ်ပျော်နိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကို မနည်းကြိုးစားနေပါတယ်။
ကိုပေါက် ပါရမီမရင့်သန်လို့ဖြစ်မှာပါ။
noob
March 22, 2011 at 6:13 pm
ဒီခေတ် အမြင် (ဘာလွမ်းမိုးမှု မှမပါပဲ) ကြည်မယ်ဆိုရင် nigimi77 ရေးတာ အမှန်တွေ ကြီးပါပဲ
kai
March 22, 2011 at 8:30 pm
ဆရာတော်က ဒီပို့စ်မှာ မန်းတာတွေတက်လာပြီးနောက်မှ .. အောက်ကလင့်ခ်မှာ ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်ကို ထပ်တင်တယ်..။
တခါလည်း တင်ပေးခဲ့တယ်မှတ်မိတယ်..။
ရွာသူရွာသားတွေ နားလည်အောင် အနုလုံ ပဋိလုံ ဖတ်ကြပါဥင်္ီး..။ ပြီးတော့ ဆွေးနွေးကြပေါ့နော..။
http://myanmargazette.net/44653/economic-news-international-news-news-industry-people-in-the-news-us-news-news
ogre
March 23, 2011 at 2:06 am
noob ရေးတာကိုထောက်ခံပါတယ်nigimi77ရေးတာအမှန်တွေပါ
လက်ရှိရောက်နေတဲ့ဘဝနဲ့လက်တွေ့ဆန်တဲဖြစ်စဉ်တစ်ခုပါ
လက်တွေ့ဖြစ်စဉ်တစ်ခုကိုယုံကြည်ကိုးကွယ်မှုအယူဝါဒတွေနဲ့စံထိုးတိုင်တာလိုက်တဲ့အခါ
မွတ်ဆလင်ဘာသာကိုးကွယ်သူတွေအတွက်ကတော့nigimi77ကိုအလာအရှင်မြတ်ကစောင့်ကြည့်နေပါလိမ်
ခရစ်ယာန်ဘာသာကိုးကွယ်သူတွေအတွက်ကတော့nigimi77ဟာဘုရားသခင်ဖန်ဆင်းခဲ့တာပါ
ဗုဒ္ဓဘာသာကိုးကွယ်သူများအတွက်ကတောnigimi77ဟာသုံဆယ်တစ်ဘုံးသားသံသရာရထားစီးခရီးသည်ကြီးပါ
ပဲ……ဘယ်သူစောင့်ကြည့်ကြည့်..ဘယ်သူဖန်ဆင်းဖန်ဆင်..ဘယ်ရထားစီးစီး….ဒီလူကြီးမွေးပြီးရင်တော့
သေရမှာပဲ….မှားတယ်ဆိုဝိုင်းဆဲကြပေါ့..
bigbird
March 23, 2011 at 3:17 am
အခုလိုရှင်းလင်းပြတဲ့ ကိုခိုင်ကို အများကြီးကျေးဇူးတင်ပါသည်ခင်ဗျာ။
ကိုပေါက်ပြောတာကို လက်ခံပါတယ်။ အမြင့်ကြီးကိုလိုက်စဉ်းစားနေကြတာ
အခြေခံဖြစ်တဲ့ ၅ပါးသီလကိုတော့ အမှုမဲ့အမှတ်မဲ့နဲ့ ကျော်သွားကြတယ်။
kyawko
March 23, 2011 at 7:11 am
ရှင်းလင်းပါမည် (၁) ကာလာမသုတ်သည် သင်ကဲ.သို.လက်တွေ.ဝါဒရှိသော ကာလာမ မင်းများကို ကာလာမသုတ်ပါအချက်များဖြင့် တရားတော်များကိုလေ့လာနိုင်ကြောင်း မြတ်စွာဘုရားက အာမခံပေးခြင်း(သင်ယုံကြည်ရာလုပ်ရန်မဟုတ်) တရားတော်ဖြစ်ပေါ်လာပုံကိုဖတ်ပါ
(၂)ရပ်ကွက်တရားပွဲပင်သင့်အားအကျိုးရှိစေမည်(သင့်အတွက်ရွေးချယ်ရန်မလို)
(၃)ငရဲ..နတ်ပြည်ကို သေချာစွာမသိလို.မပြောလိုပါ(သိတာသာပြောမည်)
(၄)စိတ်သည်မကောင်းရာတွင်သာပျော်တတ်သဖြင့်ထောက်ခံသူအနည်းငယ်ရှိလျင်ပင်ယူဆချက်ခိုင်မာပြီးခေါင်းမာတတ်သောကြောင့်တကယ်အကျိုးရှိရန်ပညာရှိများ(ဘုန်းတော်ကြီးများ)နှင့်ဆွေးနွေးရန်အကြံပြုရခြင်းဖြစ်သည်(ဘုရားလက်ထက် ဒိဋ္ဌိ များအကြောင်းလေ့လာပါ)ပို.စ်များတွင်ငြင်းခုန်ရန်မသင့်
(၅)တရားစခန်းဆိုတာဟာ စိတ်အေးချမ်းမုုရစေသောကြောင့် သင့်ယူဆချက်များ မှန်၊မမှန် အထောက်အကူပေးပါလိမ့်မည်
(၆)တရားစခန်းမဝင်လျင်တောင် မိဘများနှင့်ပြောဆိုလျင် သင့်အတ္တအနည်းငယ်ဖိနှိပ်ပြီးသားဖြစ်သဖြင်. မိဘများနှင့်ဆွေးနွေးရန်တိုက်တွန်းရခြင်းဖြစ်သည်
nigimi77
March 24, 2011 at 3:42 pm
“အကိုနာကြည်းမှုကိုအခြေခံပြီး
အယူဝါဒကိုဝေဘန်မယ်ဆိုရင်တော့လွှဲကုန်မှာပေါ့။”……
ကိုယ့် မိဘတွေ ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ ကိုယ်တိုင်လဲ ဗုဒ္ဓ ကလွဲလို ့
ဘယ် ဘုရားဆိုတာကိုမှ ဦးမချဖူးဘူး။
နာကြည်းချက် ဆိုတာမျိုးဖြစ်ရအောင် အကိုက ဒေဝဒတ် မဟုတ်ပါဘူး။
ဗုဒ္ဓကို လေးစားကြည်ညိုတဲ့ လူသား တစ်ယောက်ပါ။ ကိုယ်လေးစားကြည်ညိုတာက ကြောက်စိတ်မပါဘူး။ ခိုကိုးရာ အတွက် မဟုတ်ဘူး။ တခုခုကို ရချင်တဲ့ မျှော်လင့်ချက် မပါဘူး။
ကိုယ်တကယ် နှစ်သက်တာ ဗုဒ္ဓရဲ ့ အဆုံးအမ၊ အကျင့်အကြံ နဲ ့ တွေးခေါ်
မှုပိုင်းဆိုင်ရာတွေပဲ။ ကိုယ် နတ်ဒေဝတာတွေဆိုတာတွေ၊ သိကြား၊ ဗြဟ္မာဆိုတာတွေ၊ ဟိုဘုံ ဒီဘုံ တွေ၊ တန်ခိုးပါဝါတွေ ၊ စတာတွေကို လုံးဝ အယုံအကြည်မရှိဘူး။
ကိုယ်တို ့အိမ်က ဘုရားစင်မှာ တကယ့်ကို ကုလားလူမျိုးတယောက်ရဲ ့ ရုပ်ရည်နဲ ့ ဘာ မင်းဝတ်သိကြားဝတ်နတ်ဝတ် အဆင်တန်ဆာတွေ မပါတဲ့
သင်္ကန်းသာရုံတဲ့ ဗုဒ္ဓ ပုံတော်ပဲရှိတယ်။ ကိုယ်လေးစားကြည်ညိုတဲ့ ဗုဒ္ဓ ရဲ ့
နံဘေးပါ ဘယ်လို ပေါက်တတ်ကရ အရုပ်တွေကိုမှ မထားဘူး။ ဘာ အသီးအနှံမှလည်း မရှိဘူး။
ဗုဒ္ဓ ကို ကြည်ညိုတာက ကြည်ညိုတာ တပိုင်း။ ဗုဒ္ဓဘာသာ အမည်ခံပြီး သပ်ရှို
လိုင်းသွင်းနေတဲ့ ခွေးလှေးဂျပိုး ဘာသာရေး သွပ်သွင်း မိစ္ဆာ ဒိဋ္ဌိ တွေနဲ ့ ပတ်သပ်ပြီး ပြောချင်တဲ့ အဓိပ္ပါယ်ဟာ ကိုယ့်စာတွေကို သေချာဖတ်ကြည့်ရင်သိမယ်။ လူတော်တော်များများဟာ လမ်းလျှောက်ရင်း အိပ်ပျော် အိပ်မက်နေတယ်။ အစွန်းရောက်တာ ဘယ်လို အယူဝါဒတွေကို အမှန်လို ့ ယူဆနေသူတွေလဲ ဆိုတာကို ပြန်စဉ်းစားကြည့်ဖို ့လိုပြီ။
ဘာသာက ကောင်းတယ်။ လူတွေက မကောင်းတာ။
လူတွေက ယုံကြည်လေးစားမှုကို ဦးဏှောက်နဲ ့ မတွေးဘူး။
အဲဒီလူတွေကို တကယ် တကိုယ်ကောင်းသမားတွေလို ့ကိုယ်ပြောချင်တယ်။
လက်ရှိလူဖြစ်နေတဲ့ အချိန်ကို တာဝန်ကျေစွာ အကောင်းဆုံးလုပ်ရမယ် မဟုတ်လား။ ကိုယ်တို ့နိုင်ငံ ဒီလိုပဲ ခွေးအ ကြီး လှည်းနင်းသလိုဖြစ်နေတာ ဒီလို လူတွေ တိုင်းပြည်မှာ များနေလို ့ဆိုတာ ရဲရဲပြော နိုင်တယ်။
မိသားစု အတွက် မစဉ်းစားဘူး။ လူမျိုး အတွက် မစဉ်းစားဘူး။ နိုင်ငံ အတွက် မစဉ်းစားဘူး။ မင်းရဲ ့ပတ်ဝန်းကျင်မှာပဲ ရှာကြည့်ရင် ဘာသာရေးနွံထဲမှာနစ်နေတဲ့ နိုင်ငံ့ အားအင်တွေကို ရှာတွေ ့မှာပါ။
ဘာလာလာ အစိုးရကြောင့် ဆိုတာတော့ ရိုးသွားပါပြီ။
ကဲ…လမ်းကြောင်းက လွဲတော့မယ်။
ဆိုလိုတာက …..
“ဒါဆိုရင်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပါ။ကောင်းတာမဖြစ်လာရင်
လည်း။မကောင်းတာတော့မဖြစ်လောက်ပါဘူး။ဒါကကိုယ်ကျင့်တရားနဲ့ဆိုင်မယ်ထင်တယ်အကို။”
အတုမဲ့ထံပါး သင်အံခြင်းမှာ ကိုယ်ရေးထားတာကို သဘော မပေါက်ဘူးထင်တယ်။ ကောင်းတာတွေ ဘယ်လောက်ပဲ လုပ်လုပ် လူတွေဟာ
လုံးဝ ခြောက်ပစ်ကင်း သဲလဲစင် Perfect ဖြစ်အောင် ကောင်းမှုကို မလုပ်နိုင်တာသေချာတယ်။ တချိန်ချိန် တနေရာရာမှာတော့ မဟုတ်တာ တခုခုကို လုပ်ချင်လို ့ဖြစ်စေ မလုပ်ချင်ပဲနဲ ့ဖြစ်စေ လုပ်လိုက်ရတာရှိလိမ့်မယ်။ မရှိဘူးဆိုရင် လိမ်ညာတာပဲ။ ဒါကြောင့်
ကောင်းမှုတွေဟာ ၁၀၀% အပြည့်အဝ မရဘူး။
တဖန် မကောင်းမှုကိုပဲ ဘဝတလျှောက်လုံး လုပ်နေခဲ့တဲ့ သူတွေဟာလည်း
တချိန်ချိန်မှာ အကြောင်းအမျိုးမျိုးနဲ ့ ကောင်းမှု ကုသိုလ်ကို မလုပ်ချင်ပဲနဲ ့ဖြစ်စေ လုပ်ချင်စိတ်ကြောင့်ဖြစ်စေ လုပ်ခဲ့လိမ့်မယ်။ ဒါဟာ နိယာမပဲ။
ဒါကြောင့် ကောင်းမှုမှာ ကိုယ့်အတွက်ချန်တာကြောင့် အပြည့်အဝ ၁၀၀% မရနိုင်သလို မကောင်းမှုမှာလဲ ကိုယ့်အတွက်ချန်တာကြောင့် အပြည့်အဝ ၁၀၀% မခံစားရဘူး။ ဒါတွေဟာ ကိုယ် ထင်ရာမြင်ရာ အသားလွတ်ပြောနေတာ မဟုတ်ဘူး။ ဒီအချိန်ထိ ကိုယ် နှစ်နှစ်ချိုက်ချိုက်လေ့လာခဲ့တဲ့ ဗုဒ္ဓ စာပေတွေကို အခြေခံပြီးပြောတာ။
ဗုဒ္ဓခေတ်က ရဟန္တာ ဖြစ်သွားတဲ့ ရာဇဝင် လူဆိုးလူမိုုက်ကြီးတွေအကြောင်း ငါ့ညီ ကြားဖူးမယ်ထင်တယ်။ ဒီလို စကားမျိုး ကိုယ့် အနေအထားနဲ ့ ဉာဏ် သိပ်မမှီပါဘူး။ ကိုယ်ပြောတာက သဘောတရားနိယာမကိုပြောတာ။
နောက်နေ ့မှ ဆက်ဆွေးနွေးတာပေါ့။ ဒီနေ ့တော့ အချိန်မရလို ့ ဒီလောက်ပဲ။
မိုက်ကယ်ဂျော်နီအောင်ပု
March 24, 2011 at 5:59 pm
ဘာရယ်မဟုတ်
သီချင်း တစ်ပုဒ်ကို ကြားယောင်မိတယ်ဗျာ
အမှန်လာဘို ့ အမှားကြုံရတယ်ဆိုသလိုလေ
ဒီပို ့စ်မှာ ရေးသူရော
ဝေဖန်သူတွေရော
အားလုံးကို
ကျုပ်
မိုက်ကယ်ဂျော်နီအောင်ပု မှ
ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ
နောင်များမှာလည်း ငြင်းခုန်ကြပါ
ဝေဖန်ကြပါ
မကျေနပ်ရင် ဆဲကြပါ ( နာမည်တပ်ပေါ့နော )
တစ်ယောက်ကို တစ်ယောက် ဖင်မတာတော့
မကြိုက်ဘူးဗျို ့
ဇဂါးမစပ် ကျုပ်ကိုလည်း
မကြေနပ်ရင်
စောက်ရူးဆိုပြီး
ဆဲပါ
အကြောင်းအကျိုးခိုင်လုံပါစေ