အလုပ်အကိုင်သစ်တွေနဲ့ မြန်မာပြည်

တေစၧMarch 24, 20111min979

တစ်ည ကားတန်းကြီးတွေက နှစ်ထပ် အရှည်ကြီး ဆိုင်ကယ်တွေကလည်း အများကြီးနဲ့ ဟာ ဘာများဖြစ်ကြလို့ ဘာပွဲတွေများ လုပ်ကုန်ကြပြီလဲ ငါလဲ ဝင်ကြည့်ဦးမှ ဆိုပြီး ကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ ဆီထုတ်ဖို့တဲ့ ဘယ့်နှယ် ကမာ္ဘမှာ လောင်စာ ရှားပါးတဲ့ ပြဿနာတွေများ ဖြစ်ကုန်ပြီလား ကမာ္ဘပျက်လို့များ ဘယ်ရောက်ရောက် မောင်းပြေးကြတော့ မလို့လားလို့ ဆီဆိုင်တွေမှာ ညအိပ်စောင့်ပြီးတော့တောင် စောင့်ဝယ်ရတယ်လို့ ကြားကြားဖူးပေါင် စက်သုံးဆီဆိုင်တွေ ပုဂ္ဂလိကကို ပေးလိုက်လို့ လောင်စာဆီများ အဆင်ပြေမလားဆို ခုမှပဲ မမြင်ဖူးတာတွေ မမြင်ရ အလုပ်အကိုင်သစ်တွေ ရနဲ့ ဟုတ်နေတာပဲ အလုပ်အကိုင်သစ်ဆိုတာက အလုပ်မရှိအကိုင်မရှိတဲ့သူတွေ ဆိုင်ကယ်တစ်စီးနဲ့ ဆီထုတ် ပြီးတော့ စုထား အပြင်မှာရောင်းစား အပြင်ပေါက်ဈေးက တစ်ဂါလန် ၅ ထောင်ကျော် ၆ ထောင်နီးပါး ဆီပန့်ပေါက်ဈေးက ၄ ထောင်ဝန်းကျင်ဆိုတော့ အနည်းဆုံး တစ်ဂါလံကို ၅၀ဝ နဲ့အထက်ကတော့ မြတ်ပြီးသားပဲ အလုပ်မရှိ အကိုင်မရှိတွေက ဆိုင်ကယ်တွေ ကားတွေကို နံပါတ် ပြောင်းတပ် ပြီး ညကတည်းက တန်းစီ တကယ့် သုံးစွဲသူတွေကတော့ ဆီပန့်တွေမှာ တန်းမစီနိုင်တာနဲ့ အပြင်မှာဈေးကြီး ပေးပြီး ဝယ်ထည့်ကြ ပျော်ပျော်ကြီးကို လည်ပါတ်နေတော့တာပဲ နောက်ထပ်တစ်မျိုးကတော့ ကိုယ်တိုင် မစောင့်ထုတ်နိုင်တဲ့သူတွေကို တစ်ဂါလန် ထုတ်ပေးမယ် ငါ့ကို ဘယ်လောက်ပေးဆိုတဲ့ တည့် ဝယ်ရောင်းသမားတွေကလဲ မြန်မြန် တွက်ခြေကိုက်လို့ ညစောင့်အိပ်တဲ့ ကားဆရာတွေကတော့ ညကတည်းက စာင့်နေတာ အိပ်ပျော်သွားလို့ ကျော်တက်သွားကြတယ်ဆိုတဲ့ ဒုက္ခမျိုး ကျွန်တော်တို့ရဲ့ တိုးတက်တဲ့ ပြည်မြန်မာကြီးကတော့ ဘဘကြီးတို့ရဲ့ အကြင်နာအောက်မှာ တိုးတက်ပြီး စည်ကားနေလိုက်တာများ အလုပ်လက်မဲ့ဆိုတာ မရှိစေရ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေနဲ့ ပျော်ပျော်ကြီး လုပ်စားနေလိုက်တာ တကယ်လိုအပ်တဲ့သူတွေက ဈေးတွေကြီးလို့ အလုပ်မရှိတဲ့သူတွေက အလုပ်တွေရလို့ပေါ့

9 comments

  • manawphyulay

    March 24, 2011 at 3:42 am

    ဒါကတော့ ကားရှိတဲ့တွေရဲ့ ဒုက္ခတစ်ခုပဲပေါ့။ ဟိုးအရင်ထဲက ဒီလိုပဲဆိုတော့ သိပ်တော့မထူးဆန်းပါဘူး။ မနောလို ဆော့တဲ့ကားတောင်မဝယ်နိုင်တော့ ဒီလိုဒုက္ခတွေ မရှိတော့ဘူး 😛

  • char too lan

    March 24, 2011 at 7:24 am

    အဲ့ဒါ လူတွေမကောင်းတာ 🙁

  • etone

    March 24, 2011 at 8:08 am

    နောက်ဆို ကားမဝယ်နဲ့ လှေဝယ်ထားလိုက် မိုးတွင်းဆို မြို့တွင်း မြို့ပြင် ရေမြောင်းပိတ်ပြီး ရေကြီးနေချိန်ဆို အသုံးဝင်တာ ဘာဆီမှလည်း မလိုဘူး 😛

  • alfred

    March 24, 2011 at 8:09 am

    မှတ်ပြီလား။ အစိုးရပေးတုန်းက ဂျီးများတဲ့လူတွေ private ကို ပေးလိုက်တော့ ပီးကော။ နောက်တစ်ခါ ဘဘကြီးပေးထားတဲ့ အတိုင်းကောင်းကောင်းနေနော်။ နို့မို့ဆိုရင် ပုဂံခေတ်ပြန်ရောက်သွားအောင်ပို့လိမ့်မယ်။ 😛

  • phantom

    March 24, 2011 at 8:24 am

    ကျွန်တော်က ဆယ်ဘီးနှစ်စီးထောင်ထားတယ် အခုတော့ ပြန်မချရသေးဘူး ပြန်ကျတဲ့အခါ မနောကို တစ်စီးပေးမယ်လေ 😛

  • phantom

    March 24, 2011 at 8:58 am

    အီးတုံးရေ လှေဝယ်ထားတော့လည်း အစိုးရက ဝဝ်သောက်ဆိုပြီး သိမ်းသွားမှာပေါ့

  • MY NAME IS AHMAI

    March 24, 2011 at 11:27 am

    ဆီဈေးတွေက ဈေးကြီးပြီး ခနလေးနဲ့ အကုန်မြန်သလိုဘဲ တချို့ကလဲ ရောသေးတယ်တဲ့ ဘာရောသလဲတော့ မသိပါဘူး စိတ်ညစ်တယ် ဘယ်တော့ကျမလဲလို့စောင့်နေတာ

  • naywoonni

    March 24, 2011 at 2:37 pm

    ကားဆိုတာတော့ မပြောချင်ပါဘူး ။ သူကြီးက ကိုနီ စီးဖို့ဆိုပြီ း အလကား ပို့ပေးရင်တောင်မှ ဒီမှာအခွံ မဆောင်နိုင်လို့ စီးရမှာမဟုတ်ဘူး..။

  • nigimi77

    March 24, 2011 at 4:09 pm

    ဘယ်ခေါင်းဆောင်ပြောင်းပြောင်း ဒီနိုင်ငံသားတွေရဲ ့အကျင့်ပျက် စိတ်ဓါတ်တွေ မပြောင်းရင် ဗိုလ်ချုပ်အောင်ဆန်း သေရာကထလာပြီး လာအုပ်ချုပ်လည်း
    ဒီတိုင်းပဲ။ နိုင်ငံရဲ ့ပြောင်းလဲခြင်းဟာ နိုင်ငံသားတွေ အပေါ်မှာ အဓိက ကျတယ်။

Leave a Reply