အားလုံး မြင်ချင်နေတဲ့ မနောရဲ့ ပုံရိပ်

manawphyulayMarch 24, 20111min32138

တစ်ခါတလေ သူများတွေကို လိုက်စတတ်ပါတယ်။

သိသမျှတွေကို ဝေမျှနေသူတစ်ယောက်ပေါ့

ကမ္ဘာကြီး ပိုစောင်းသွားပြီတဲ့။ သူပဲ စောင်းနိုင်မလား ကမ္ဘာကြီးနဲ့ပဲ အမှီလိုက်နိုင်မလားဆိုတာ….

38 comments

  • etone

    March 24, 2011 at 3:49 am

    မနောက အပြင်မှာ ချောကလက်ရောင် အသားလေး ရှိလို့လား ဟီးဟီး 😀
    ပိန်တာကတော့ အပြင်မှာအတိုင်းပဲတဲ့ (မြင်ဖူးတဲ့လူတွေ ပြောကြတာ )
    ထိုင်နေလို့ အရပ်ကတော့ ကြည့်လို့မရဘူး … 😀

  • manawphyulay

    March 24, 2011 at 3:56 am

    အင်း ခုက အဲလိုအရောင်ဖြစ်နေသလိုပဲ ခံစားမိလို့လေ အရပ်ကတော့ မတ်တတ်ရပ်လည်း ဒီအရပ်ပဲဆိုတော့ မြင်တဲ့အတိုင်းပဲ etone ရယ်……. အပြင်မှာမြင်ဖူးလို့လား ပိန်တာကို မှန်းနိုင်တယ်ဆိုတော့….. 😛

  • onlinezz

    March 24, 2011 at 3:58 am

    မနောက ဆံထုံးကြီးနဲ ့ပါလား။ 😀

    • eros

      March 27, 2011 at 12:50 pm

      ဘီးဆံပတ် နဲ့ပါဗျ။

  • meelay

    March 24, 2011 at 4:01 am

    စောင့်နေတာ အခုမှပဲ မြင်ရတော့တယ် …. မနောက ပိန်တယ်ပေါ့ …. မီးလဲ ပိန်ပိန်လေးပဲ … 🙂

  • bigcat

    March 24, 2011 at 4:19 am

    မနောရေ အမှားသုံးခါပဲရှိသေးတယ်၊ ဆက်မှားအုံး။
    များများမှားမှ
    မြန်မြန်မှန်မှာ..
    မြန်မြန်မှန်မှ
    မောင်မောင် (ကိုကြောင်)
    မမုန်းမှာ…

  • Shwe Tike Soe

    March 24, 2011 at 4:44 am

    မနောရေ ကျွန်တော် ပုံလေးဆွဲပေးပါလား

    • etone

      October 22, 2011 at 11:20 am

      တိုင်ကီကို ကတ္တရာစေးသုတ်ထားတဲ့ပုံ သူ့အတွက်ဆွဲပေးလိုက်ပါမနောရေ … 😆

  • dream

    March 24, 2011 at 5:00 am

    မမမနောက ချစ်ချာရေး

  • fatty

    March 24, 2011 at 5:21 am

    အညာသူအညာသားဆိုရင်တော့ဒီအသုံးအနှုန်းလေးသိမှာပါ ……………………
    ပိန်ညောင့်ပေါင် ……………. ဆိုတဲ့အသုံး
    အိမ်မြောင် ( သို့ ) ပိန်ညောင် ဆိုတာ သေးသေးလေး …….
    သူ့ပေါင်လောက်ရှိတယ် …………….။
    မနော … စတာပါနော ………….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 24, 2011 at 5:58 am

    ကြက်ပိန်ရင် ဇလုပ်ကြီး ဆိုဘဲ
    လူပိန်ဒယ်……
    လူပိန်ဒယ် ဆိုဒေါ့ဂါ

  • Gong Zhu

    March 24, 2011 at 7:40 am

    အဲ့ဒါ graphid တတ်ရတာလား … သင်ချင်လို့ပါ …

    • GreeNSheeP

      October 21, 2011 at 7:00 pm

      ဂရပ်ဖစ်တတ်ထားရင် အခုလို
      ၃ ပုံလောက် လက်သရမ်းပြီး
      ဂေဇက်မှာ လုပ်စားလို ့ရပြီ

      • manawphyulay

        October 22, 2011 at 10:56 am

        ဒါပေါ့။ ၃ ပုံဆို များပါတယ်။ လက်သရမ်းချင်ရင် တစ်ပုံထဲနဲ့လက်သရမ်းလို့လည်းရပါတယ်။ ကျွန်မတို့က ယဉ်ကျေးသိမ်မွေ့တဲ့မြန်မာတွေဖြစ်တဲ့အတွက် လက်သရမ်းဆိုတဲ့ အသုံးအနှုန်းကို မသုံးနှုန်းတတ်ပါဘူးရှင့်။

  • fatty

    March 24, 2011 at 7:49 am

    ကိုအောင်ပု ကတော့လုပ်ရောမယ် …..
    မနောက အစားကြီးတာပါ ……. ကိုယ်တွေ့။
    gong zhu ရေ မနောကိုယ်တိုင် သင်တန်းပေးနေတယ် …။

    • manawphyulay

      October 22, 2011 at 10:58 am

      လေးဖက်နော်… မုန့်လေးနည်းနည်းပိုစားတာများ အစားကြီးတယ်လုပ်နေပြန်ပြီ။ ဒီတစ်ခါ ပိုစားမယ်သိလား။ 😛

  • hmee

    March 24, 2011 at 8:25 am

    @ fatty ရေ အရမ်းပိန်တာကို အညာမှာတော. ပိန်ညောင်နေတာပဲလို. ပြောပြီး အရမ်းဝရင်တော့ ဝပြဲ နေတာပဲလို. ပြောပါတယ် ဝတဲ.သူခမျာ ဝတယ်ဆိုတဲ့အပြင် ဘာလို.မှန်းမသိပဲ နောက်ကဟာပါတွဲပြောလဲ မသိဘူးနော်။ မှီ အထင်တော့ မနောက အပြင်မှာ ဖြူဖြူပိန်ပိန်ဖြစ်ရမယ်။

  • လင်းဝေကျော်

    March 24, 2011 at 8:33 am

    အီးတုံးက သူအရပ်ပုတိုင်းသူများအရပ်ကို လိုက်မှန်းနေတယ်။
    အရပ်ပုပေမယ့် သူ့ဘဲကတော့ အရပ်ရှည်သား

    • bigcat

      March 25, 2011 at 1:10 am

      ဟုတ်ပါ့။ အီးတုံးနဲ့ သူ့ဘဲတွဲသွားရင် လိပ်နဲ့သစ်ကုလားအုတ် လမ်းလျောက်ထွက်သလိုပဲလို ပြောကြတယ်။ (ရုပ်ကိုပြောတာ ဟုတ်ဖူးနော်၊ အရပ်ကိုပြောတာ)

    • manawphyulay

      July 16, 2011 at 10:36 am

      အမှန်း တော်သားပဲ… အဟဲ။ လေးဝေကြီးက ဗေဒင်တွက်တတ်တယ် ထင်တယ်နော်…

    • etone

      October 22, 2011 at 11:22 am

      ဦးလေးကတော့ ပြောတော့မယ် .. စော်စော်ကားကား 😀
      သေသေချာချာသိရအောင် နှစ်ယောက်တည်းတွေ့လျှင် ပြမယ်လေ … ။
      (အရပ်မောင်းကိုပြောပါဒယ် :mrgreen: )

  • kai

    March 24, 2011 at 9:18 am

    ရွာသူမနောဖြူ နဲ့မဆိုင်ပါဘူးနော.။
    သတိထားမိအောင်ရယ်ပါ..။

    အသားညိုတာကို ..အသားဖြူတဲ့တိုင်းပြည်တွေက လူတွေကြိုက်ကြတယ်လို့တော့ ထင်တယ်..။
    ဥပမာ ဂျပန်မှာဆို… ညိုတဲ့ မြန်မာမိန်းကလေးတွေ ဂျပန်ထီးတွေနဲ့ စွံတာပဲ..။
    ယောကျာင်္းလည်း ဒီအတိုင်းပဲ..။ ညိုတဲ့သူ.. တချိုု ့များ အညာအသားအရေ မဲပြာနေရင် .. ဂျပန်မတွေဝိုင်းလည်လည်ပဲ..။

    ယူအက်စ်လည်း ဒီအတိုင်းပါပဲ..။ ဘိုတွေက ဖြူတော့ .. ညိုချောတွေ ကြိုက်ကြတယ်..။
    မြန်မာအညာသူတွေ အဲဒါကြောင့် ..ဥရောပနဲ့ ယူအက်စ်မှာ ပေါ်ပြူလာဖြစ်တယ်ပြောရမယ်..။

    ဒါပေမဲ့ ဖွံ ့ဖြိုးပြီး နိုင်ငံတွေတော်တော်များများ တူတာတခုက … အမျိုးသမီးတွေ .. ဝ တာကို မကြီုက်တာပဲ..။
    မြန်မာစကားမှာတော့.. (ချောက်တွန်းချတဲ့စကားလုံး) “လှလို့ ဝလို့ “ရှိပါတယ်..။
    အဲဒါ.. မြန်မာပြည်အပြင်ရောက်ရင် မဟုတ်ဘူး.။
    ပိန်ညောင်နေမှ လှတာ..။
    မိုဒယ်တွေဆို တော်တော့်ကို ပိန်တယ်..။ ပိန်အောင် ..တော်တော်လည်း လုပ်ယူရပါတယ်.။
    တခုတော့ ရှိတာပေါ့..။
    ပိန်တယ်ဆိုပေမဲ့.. ကြွက်သားတွေတော့ ရှိတယ်..။
    အဲဒီလိုဖြစ်အောင် တနေ့တနေ့ ..နာရီနဲ့ချီပြီး အားကစားလုပ်ရတာလေ..။

    ဒါပေမဲ့..အရပ် ၅ပေ ၅လက်မလောက်အထိ.. ပေါင် ၁၀ဝ ဝန်းကျင်ပဲရှိရမယ်ဆိုတာပဲ..။
    တိုတို လွယ်လွယ်ပြောရရင်.. သူတို့ကိုယ်ခန္တာကို.. ဆယ်ကျော်သက်အရွယ်တန်းမှာ ..ထိန်းထားချင်ကြတာပါ..။
    ဆိုတော့..
    လက်မောင်း..ခြေသလုံး..ပေါင်..အကုန် သွယ်သွယ်လေးတွေဖြစ်ရတယ်..။

    • nozomi

      March 25, 2011 at 10:07 am

      kai @ ယူအက်စ်လည်း ဒီအတိုင်းပါပဲ..။ ဘိုတွေက ဖြူတော့ .. ညိုချောတွေ ကြိုက်ကြတယ်..။မြန်မာအညာသူတွေ အဲဒါကြောင့် ..ဥရောပနဲ့ ယူအက်စ်မှာ ပေါ်ပြူလာဖြစ်တယ်ပြောရမယ်..။

      အညာသူပဲလားဗျ အညာသားရော သူကြီးကိုယ်တွေ့လေး လုပ်ပါဦး

  • intro

    March 24, 2011 at 11:46 am

    သူကြီးပြောတာနဲ့ပဲ၊ ယူအက်စ်ကို သွားရမလိုလို၊ ဂျပန်ပဲ သွားရမလိုလို ဖြစ်နေပြီ၊ ဟီးဟီး။

  • manawphyulay

    March 24, 2011 at 12:24 pm

    ဦးခိုင်ရေ အမှန်ပဲ အနေရာအတော်များများမှာ ဒီပြင်နိုင်ငံတွေမှာ ပြောတယ် အဝတ်အစားက အစ ပိန်တဲ့သူဆိုဒ်ပဲ ရှိတာများတယ်နော်။ မနောတို့ ပိန်အောင်လည်း ဘာမှမလုပ်ပဲနဲ့ကို ပိန်နေတာပါ။ လေးဖက်နော် မုန့်လေးတစ်ခါပဲ ကျွေးတာများ သူများကို အစားကြီးတယ်လေး ဘာလေးနဲ့ တော်ပြီး အားနာလို့စားရတာကိုများ…. ဟွန်း အစာကြီးတယ် မကြီးတယ်ဆိုတာ ကျွေးကြည့်မှ ယုံကြပါလို့ ရွာထဲသူတွေကို ပြောပါရစေနော်…………….

  • Yin Nyine Nway

    March 24, 2011 at 2:09 pm

    so good…. အရမ်းကောင်းတယ်….

  • fatty

    March 24, 2011 at 3:39 pm

    မှီရေ … ကဲအပေါ်မှာဖတ်ပြီးပြီလား…. ဝလို့လှလို့တဲ့ … ဝပြဲ ကိုတော့တခါမှသုံးတာမတွေ့ဘူးပါဘူး …
    fatty ဆိုတဲ့စာလုံးပေါင်းတွေ့တာနဲ့ စိတ်ကူးမယဉ်နဲ့နော် .. ဟဲဟဲ …။ ဘယ်အညာလေသံလဲဟင် ….။

  • R Ga

    March 25, 2011 at 8:50 am

    အဟက် အားလုံး မနောပုံတွေ ကိုတော်တော် မြင်ချင်နေကျတာပဲနော့…။
    ……………………………………………………………………………………..
    အကုန်လုံးအခုမှ ပဲ ဆန္ဒ ပြည့်သွားကျမယ့်ပုံပဲ… 🙂

  • kopauk mandalay

    March 25, 2011 at 1:00 pm

    ကိုခိုင်ရယ်
    ပိန်ပြီးပြားကပ်နေတာ ကောင်းတယ်ဆိုပေမယ့်
    စိတ်ပိန်ပြီးငွေမရှိလို့ အိတ်ထောင်က ပြားကပ်နေရင်တော့ မမိုက်ဘူးထင်တာဘဲ။

  • manawphyulay

    March 27, 2011 at 12:00 pm

    အိတ်ထောင် ဖောင်းချင်ရင် လွယ်လွယ်လေး သိလား လေးလေးရ စက္ကူတွေ လုံးခြေပြီး အမြဲထည့်ထားလေ ဟိဟိ

  • True Answer

    July 16, 2011 at 1:58 pm

    မနောဖြူလေး ဆိုဒ်ကို လာလည်ဦးမယ်

    • manawphyulay

      July 16, 2011 at 2:04 pm

      အချိန်အားရင် လာလည်ပါနော်။ ဝေဖန်အကြံပြုနိုင်ပါတယ်ရှင်။ ကြိုဆိုပါတယ်။

  • oakermg

    October 22, 2011 at 11:10 am

    ညီရင်းအကို မောင်နှမ အရင်းအချာတွေလိုပဲနော်
    ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ
    ပုံလေးတွေကလဲ ဘယ်လိုများ ဖန်တီးထားတာပါလိမ့်

  • (ယဉ်ကျေးသိမ်မွေ့တဲ့မြန်မာတွေဖြစ်တဲ့အတွက် လက်သရမ်းဆိုတဲ့ အသုံးအနှုန်းကို မသုံးနှုန်းတတ်ပါဘူးရှင့်။)

    ပျင်းတာနဲ့ကော်မင်းတွေလိုက်ဖတ်ရင်း ဒီစာသားလေးတွေ့တော့ ကျနော်ကိုပေးတဲ့မှတ်ချက်လေးကို ပြန်သတိရသွားတယ်ဗျာ။
    မှန်လိုက်တာ ဒါပေမယ့်ကျနော်ကိုပေါက်ကို တော့
    ရွာထဲမှာဟောင်ဖွာဟောင်ဖွာလုပ်နေသူဆိုပြီး ပုံဆွဲလို့မနောက ဂုဏ်ပြုဘူးပါတယ်။
    မြန်မာစာတတ်သူတွေက ဟောင်ဖွာဟောင်ဖွာဆိုတဲ့စကားလုံးကဘယ်နေရာမှာ သုံးတယ်ဆိုတာလောက်ေ တာ့ သိမယ်ထင်ပါရဲ့နော်။
    ပျင်းတာနဲ့ကော်မင်းတွေလိုက်ဖတ်ရင်း ဒီစာသားလေးတွေ့တော့ ကျနော်ကိုပေးတဲ့မှတ်ချက်လေးကို ပြန်သတိရသွားတယ်ဗျာ။

    • manawphyulay

      October 22, 2011 at 11:55 am

      ဟုတ်ကဲ့ပါရှင်။ အဲဒီကိစ္စကိုလည်း ပြန်လည်တောင်းပန်ပြီးပါပြီ။ ခုထိ စိတ်ထဲထားတုန်းထင်တယ်လေးပေါက်က စိတ်ထဲရှိရင်လည်း မနောကို ပြောပါလေးပေါက်ရယ်။ မတွေ့တာ အတော်ကြာပြီ လေးပေါက်ရဲ့ကော့မန့်ကို မရတာလည်း အတော်ကြာပြီဆိုတော့ အရမ်းတန်ဖိုးရှိပါတယ်။ မှတ်ထားပါမယ်။ မှားတာလေးတွေလည်း ခုထိလူငယ်ဆိုတော့ ပြင်နေတုန်းပါပဲ ပြင်လိုက်မှားလိုက်ပေါ့ လေးပေါက်ရယ်….

  • blackchaw

    October 22, 2011 at 12:57 pm

    ဟားဟား။
    ကိုပေါက် ရေ။ သင်ခန်းစာလေးတွေက
    အခုလို တိုက်ဆိုင်တုန်းပေးတော့ ပိုမှတ်မိတာပေါ့။
    ကျွန်တော် သတ်ပုံမှားလို့ ပြောပြပေးတာ ကျေးဇူးပါ ကိုပေါက်ရေ။

  • nayminn

    October 22, 2011 at 4:19 pm

    နာမည်နဲ့လူနဲ့ တစ်ထပ်တည်းဖြစ်မှာပါ…။

Leave a Reply