သူငယ်ချင်းရေ .. ကူညီပါအုံး ……..

fattyMarch 30, 20111min2339

တခုသောညနေက နယ်မှ တယ်လီဖုန်းဝင်လာသည်။
အထက်တန်းကျောင်းတုန်းက ငယ်သူငယ်ချင်းထံမှ …။
သူငယ်ချင်းရေ တခုလောက်တော့ကူညီအုံးကွာ ..တဲ့။
ငါ့သားကိုမင်းတို့ဆီက နာမည်ကြီး ပညာရေးဝန်ဆောင်မှုလုပ်နေတဲ့ xxxxx centre မှာထားလိုက်တာ
၃ နှစ်သာတက်လိုက်ရရော ဘာမှဖြစ်မလာဘူး … ကုန်လိုက်တဲ့ငွေကလည်း သောက်သောက်လဲ ..။
၁ဝ တန်း အောင်ပြီး poly တက်ဖို့ အမှတ်က တိုက်ရိုက်မမှီတော့ IGCSE တက်ခိုင်းတယ်
၅ ဘာသာ A ရတယ် English က D ဘဲရတယ်။
ဒါနဲ့ နောက်တနှစ်လုံး English တက်ခိုင်းပြီး ပြန်ဖြေခိုင်းတယ် grade C ရတယ်။ အခုတော့ ဟိုဟာလဲလုပ်မရ
ဒါဆိုလဲ မေးကြည့်ရအုံးမယ်နဲ့ … သူတို့နဲ့ချိတ်ထားတဲ့ကျောင်းတခု ဒီမှာပထမနှစ် ဖွင့်တယ်တဲ့ ပြီးရင် စင်ကာပူ
မှာသွားတက်ရမယ်တဲ့ … ငါတော့စိတ်လဲကုန်နေပြီ မင်းကြည့်လုပ်ပေးပါအုံး ….။ ကလေးကကြာတော့စိတ်လေလာပြီ ..။

သူငယ်ချင်းက ဖုန်းထဲကနေ အလွန်အမင်း စိတ်ဓာတ်ကျနေပုံနှင့် အကူအညီတောင်းရှာပါသည်။
အော် . ငွေကလဲကုန် ကလေးကလည်း ၁ဝ တန်းပြီး ၃ နှစ်သာကြာသွားရော ဘယ်ကျောင်းမှ ဟုတ်တိပတ်တိ
တက်ရတယ်မရှိသေး … ပိုဆိုးတာက နယ်ကလူများ ထုံးစံအတိုင်း ကြော်ငြာ ကောင်းကောင်းတွေ့တာနှင့် ဘုမသိဘမသိ
ဘယ်မှမစုံစမ်း မတိုင်ပင်ဘဲ ထားလိုက်ကျရော …။
ယနေ့ ပညာရေးဝန်ဆောင်မှုများကလည်း ကြောက်ဖို့တောင်ကောင်းလာသည်။ လာစုံစမ်းတဲ့သူက တောသူဌေးဆိုရင်တော့ဖြင့်
အလွတ်မပေးတော့ အတင်းဆွဲစိတော့သည်။
ကျနော်အတတ်နိုင်ဆုံး အကူအညီပေးလိုက်ပါသည်။ သတိလဲပေးလိုက်ပါသည်။ ငါတို့နယ်က တမြို့လုံးကိုပြောလိုက်ကွာ
နောက်မှတ်ထား ကြော်ငြာကြီးလေ သတိပိုထားရလေဘဲလို့ …။ ယခုတော့ ကလေးအတွက် နှစ်တွေ အချိန်တွေ မလိုအပ်ဘဲ ကုန်သွားရသည်။
လုပ်လဲလုပ်ရက်ကြပါဘိ ။ နာမည် အကြီးဆုံး _ _ centre ရယ် …… ။

9 comments

  • bigcat

    March 30, 2011 at 5:09 am

    များများရေးထားဗျို့။ ဦးဖက်ကို မှီဖို့ပွိုင့် ၃၀၀ဝ ပဲလိုတော့တယ်။ နောင်ကြမှ ကြောင်ကြီးကို အဆိုးမဆိုနဲ့။ အချစ်ရယ် စစ်ရယ် ပွိုင့်ရယ်မှာ ညှာတာလို့မရဘူး။

  • nozomi

    March 30, 2011 at 5:19 am

    weekly eleven မှာ ပါတဲ့ ပါမောက္ခဒေါက်တာမြင့်မြင့်ခင် ရေးတဲ့ “အားလုံးအတွက်ပညာရေး” ဆိုတဲ့ ဆောင်းပါးလေးလဲ ကောင်းပါတယ် ဒီနေ့ မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေလေးတွေကို ထင်ဟပ်ထားတာပါ ဂျာနယ် မှာ အပိုင်း(၃)ထိ ပါနေပေမဲ့ eleven site မှာတော့ (၂)ထိပဲရှိသေးတယ်

  • nigimi77

    March 30, 2011 at 5:43 am

    အဲဒီလိုနေရာတွေမှာ ထားရင် အစကတဲက ငွေသောက်သောက်လဲ ကုန်မယ်ဆိုတာ သိပြီးသားနေမှာပါ။
    ဘယ်လောက်ပဲ မိုးပျံအောင် ကောင်းတဲ့ Center ပဲ ဖြစ်ဖြစ် ကျောင်းသားရဲ ့ဉာဏ်ရည်နဲ ့ ကျိုးစားအားထုတ်မှု
    ရှိမှ ဖြစ်နိုင်မှာပါ။ ဉာဏ်ရည် မကောင်းတဲ့ ကျောင်းသားကို ဘယ်လိုပဲ တွန်းတင်တင် နွားပလာတာကျွေး
    ဖြစ်နေမှာပဲ။ ငွေရှိတိုင်းလည်း ဉာဏ်ရည်ထိုင်း ကျောင်းသားကို The whole Burma First ဆိုတာ ဖြစ်အောင်လုပ်ဖို ့ မလွယ်ပါ။

  • good

    March 30, 2011 at 6:15 am

    လောလော ဇယ် မြန်မာ သမ္မတ သစ် ကို အာဏာ လွှဲ နေရ လို့ ( ရေဒီယို TV သတင်းတွေမှာ လာ နေတယ် 30th March, 2011 နေ့ လယ် ) နောက်မှ ကူညီမယ်။

  • etone

    March 30, 2011 at 7:07 am

    MCC မှ ဟုတ်ရဲ့လား … ။

  • fatty

    March 30, 2011 at 11:18 am

    RV centre ပါခင်ဗျား …။
    ကြောင်ကြီးရေ လိုက်ထားကွဲ့ စောင့်နေမယ် ….။
    ဒါမှမဟုတ်လဲ နှစ်ယောက်ပေါင်းပြီး သူများတွေကို ကျော်တက်ရအောင်လေ ….။

  • ဆူး

    March 30, 2011 at 1:40 pm

    အရှေ့ဆုံးကနေတဲ့ လူတော့ မျက်ခုံး ခပ်လှုပ်လှုပ်…

  • nature

    March 30, 2011 at 2:19 pm

    ကျနော်တို့ကတော့ကညာရေးခေတ်ကောင်းမှီလိုက်တာတော်တော်ကံကောင်တာပဲ။

  • nature

    March 30, 2011 at 3:18 pm

    မှားလို့၊ပညာရေးခေတ်ကောင်းမှီတာကိုပြောတာ။

Leave a Reply