Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အားငယ်လိုက်တာ အဟင့် ရွှတ်ဖတ်

moonpoemMarch 30, 20111min67729

မန ္တလေးဂေဇက်မှာ အရင်တစ်ပတ်ကမှ စပြီး Registerလုပ်၊ အခုမှ ဘလော့ဂ်တွေ စရေးနေရတဲ့လူအဖို ့
ပွိုင့် ဆိုတာ နေကြာစေ့လားလို ့မေးရမလောက်ပါဘဲ။ ရတဲ့ ပွိုင့် တွေကလည်း အားငယ်စရာ။
Top Tenဝင်နေတဲ့သူတွေကို ကြည့်ပြီး အားကျလိုက်တာလို ့လည်း တွေးမိပါတယ်။ ကျွန်မကတော့
ကိုယ့်ဖာသာကိုယ်စဉ်းစားမိတာကတော့ တစ်နေ ့မှာ Log In ဝင်ပြီး တစ်ပုဒ်ရေးရင်တောင် စုစုပေါင်းမှ ပွိုင့်၅၀၊ တစ်နေ ့တစ်ပုဒ်နှုန်းနဲ ့တစ်လဆိုတော့ ပွိုင့်ပေါင်း ၁၅၀၀၊ တစ်နှစ်လုံး ထိုင်ရေးရင်တောင် ပွိုင့်က ၁၈၀၀ဝပဲရဦးမှာ။ ၆နှစ်လောက်နေမှ ပွိုင့်က တစ်သိန်းပြည့် မှာ။ အတွေးနဲ ့တင် ဟူး မောလိုက်တာ။
ရေရှည်စီမံကိန်းကြီးပါလား။ ကျွန်မက အခု သာရန်ကုန်မှာမို ့လို ့နေ ့တိုင်းနီးပါး Log In ဝင်ဖြစ်နေလို ့
ပို့စ်မတင်ဖြစ်ပဲနဲ ့် ပွိုင့်ရနေတာ။ နောက်လ ကျရင် ၁ဝရက်လောက်က သင်္ကြန် အိမ်ပြန်မှာနဲ ့
ပြန်ရောက်တဲ့အချိန် အလုပ်တွေ ပိနေမှာနဲ ့ဆိုရင် ကျွန်မအတွက်နောက်လ က မျှော်လင့်ချက် မရှိတော့
သလိုပါပဲ။ အလုပ်ကိစ္စနဲ ့ခရီးသွားရတာ တွေက ၅လပိုင်းမှာ ရှိနေသေးတော့ ဟီးချပြီးသာ ငိုလိုက်ချင်ပါရဲ ့။
အားပေးကြပါဦး သူငယ်ချင်းတို ့တွေရဲ ့ သွပ်ပြား သိပ်အားငယ်နေတယ်။

29 comments

  • ogre

    March 30, 2011 at 8:25 am

    ရွာထဲကလူတွေလိုလုပ်ပေါ့…ဓါတ်ပုံ..ထူးထူးဆန်းဆန်းတစ်ပုံရှာ
    စာလေးတစ်ကြောင်းရေး..တစ်နေသုံးပုံလောက်တင်
    ကွန်မက်..များများရေးတစ်နေ့ဆယ်ကြောင်း
    စိတ်မပျက်နဲ့မြန်မြန်…..တစ်သိန်းပြည့်တဲနည်းဘဲ

  • monmon

    March 30, 2011 at 8:39 am

    အားမငယ်ပါနဲ့ကွယ်… moon ကမှ နေ့တိုင်း login ပုံမှန် ဝင်နေသေးတယ်… မွန် တို့ဆိုရင် မအားတဲ့ကြားက ဖတ်တာဆိုတော့ login ဝင်ဖို့တောင် မေ့မေ့နေတယ်.. comment လည်း သိပ်မရေးဖြစ်တော့ ပိုတောင်ဆိုးသေး..

    အားမငယ်နဲ့နော် သယ်ရင်း… း)း)း)

  • dream

    March 30, 2011 at 8:49 am

    အားမငယ်ပါနဲ့ မမလမင်းကဗျာရယ်
    log in ဝင်တာ ၂၀
    ပို့စ်တင်တာ ၈ဝ ဆိုတော့ log in ဝင်ပြီး ပို့စ်တင်ရင် ၁၀ဝ ရပါတယ်။
    အိပ်မက်ဆို ပို့စ်တောင် မတင်နိုင်ပါဘူး။ သူများရေးတာလေးတွေ ဖတ်နေရတဲ့ဘဝပါ။
    ပွိုင့်မရပေမယ့် ဗဟုသုတရပါတယ် 🙂

    • rabbit

      March 30, 2011 at 9:52 am

      ဟုတ်ပ..သမီးဆို သူများရေးတာဟတ် ပြီးလို့ ကိုယ်နဲ့သဘောထား အမြင်တူရင် comment လေးရေးယုံပဲ… စာလေးရေးတင်ချင်ပေမဲ့ ပါရမီဓါတ်ခံကမရှိတော့လည်း … သူများရေးတာလေးကိုပဲ မျှော်ရတာပေါ့

  • nozomi

    March 30, 2011 at 8:54 am

    သူကြီးကတော့ သူကြိုက်တာ ဆိုပွိုင့်များများပေးမယ် ဆိုဘဲ …
    သူကြိုက်တာလေးတွေ များများတင်ရင်တော့ တသိန်းမြန်မြန်ပြည့်နိုင်တာပေါ့..
    နောက်မြန်မာပြည်မှာ ဝန်ထမ်းတွေလစာတိုးသလို သူကြီးလဲ ရွာသူ ရွာသားတွေ အားလုံးကို ပွိုင့်တွေတိုးပေးနိုင်ပါတယ်…ခဏစောင့်ကြည့်ပါဦး

  • moonpoem

    March 30, 2011 at 8:55 am

    အခုလို အားပေးကြတော့လည်း ကျေးဇူးအများကြီးတင်ပါတယ်။
    နောက်၄နှစ်လောက်နေလို ့ပွိုင့်တစ်သိန်းပြည့်သွားခဲ့ရင် အခုကွန်မန့်ပေးတဲ့သူတွေကို မုန် ့လိုက်ကျွေးမယ်နော်။

  • dream

    March 30, 2011 at 9:04 am

    ဒါနဲ့ မမလမင်းကဗျာ ကားလက်မှတ်ဝယ်ပြီးပြီလား
    အိမ်မက်ဝယ်တာ မရတော့ဘူးတဲ့
    ၁၁ ရက်နေ့အတွက် ကုန်ပြီတဲ့
    အိမ်ကို ဘယ်လိုပြန်ရပါ့ 🙁

  • MaMa

    March 30, 2011 at 9:31 am

    ပွိုင့်၁သိန်းပြည့်ရင် မန့်တဲ့လူတွေကို မုန့်လိုက်ဝယ်ကျွေးမယ်ဆိုလို့ စာရင်းဝင်အောင် ဝင်မန့်လိုက်အုံးမှ။ ကိုယ်ကိုယ်တိုင်ကတော့ ရွာထဲကို မဝင်ရမနေနိုင်အောင်စွဲနေပြီမို့ ပွိုင့်ဘယ်လောက်ရလဲတောင် မကြည့်နိုင်ပဲ အသစ်တင်လာတဲ့ပိုစ့်တွေကိုတောင် မနည်းမှီအောင် လိုက်ဖတ်လိုက် ကော်မန့်ပေးလိုက် လုပ်နေရတယ်။

  • moonpoem

    March 30, 2011 at 10:09 am

    အိပ်မက် ရေ လက်မှတ်ကို မနေ ့ကပဲ အသည်းအသန် လိုက်ဝယ်လို ့ ခုံနံပါတ် ၃ဝမှာ နောက်ဆုံးကားနဲ ့ပန်းဝင်သွားပါတယ်။ လက်မှတ်ကကျပ်တယ် လကုန်ရင် မန်းရွှေပြည် မှာ မေးကြည့်လိုက်ပါ။
    သူတို ့က လကုန်မှ လက်မှတ်ရောင်းမှာဆိုတော့လေ။ မြန်မြန်ဝယ်နော်။
    လက်မှတ်အတွက်လည်း ကြိုးပမ်းရတယ်။ ပို ့စ်တင်ဖို ့လည်းကြိုးပမ်းရတယ်။ စိတ်မောတာချင်းတော့
    အတူတူပါပဲနော်။ရွာထဲကို မဝင်မနေနိုင်အောင် စွဲနေတာကလည်း မမနဲ ့တူနေပါရဲ ့။

  • fatty

    March 30, 2011 at 11:09 am

    ကျနော ်မောင်ဖက်တီးပါ .. ( အစကပေါ့ )
    ဒီမှာ စာတွေရေးရင်း ရေးရင်းနဲ့ …. အခုလို ၅ဝ ကျော် ဦးဖက်တီး ဖြစ်လာရတာပါဘဲ
    မရေးဘဲမနေနိုင်အောင် kai ဘယ်နည်းနဲ့ ပြုစားထားလဲတော့မသိဘူး …။
    ၆ဝ ကျော်ရင်တော့ တသိန်းပြည့်ကောင်းပါရဲ့ ကျော်သူတို့ကို ကြိုလှုခဲ့မယ် စိတ်ကူးတယ်
    ဒီကြားထဲ ကြွသွားရင် ထုတ်သာယူလိုက်ကြပါတော့လို့ ….။

  • nozomi

    March 30, 2011 at 11:18 am

    ပွိုင့်အကြောင်းမေးချင်တာလေးတွေရှိလို့…သိသူများဖြေပေးစေချင်ပါတယ်

    ပွိုင့်ပေးရင် ဆယ်ဂဏန်းပဲပေးတာကို ဘာဖြစ်လို့ အစွန်းထွက်တွေက ခုဂဏန်းဖြစ်နေရတာလဲ ၁၊၆၊၈ လိုဟာမျိုးတွေ

    ပွိုင့်ကိုလှူချင်တယ် ရမလား (သူကြီးကိုမဟုတ်ပါ) မမေအေးဦးတို့ရဲ့ 2000 ကိုပါ ၊တစ်ယောက်ချင်းဆို နည်းနိုင်ပေမဲ့ လှူတဲ့သူများရင် ပွိုင့်များများ ရနိုင်ပါတယ် (၂၀၀ဝ အဖွဲ့ နာမည် နဲ့ ၁၀၀၀၀ဝ မြန်မြန်ပြည့် မြန်မြန်ထုတ် အလှူအတန်းတွေ များများလုပ်နိုင်မှာပေါ့)

    • bigcat

      March 31, 2011 at 2:48 am

      nozomiရေ
      သဂျီးမင်း အနှိပ်တော်ခံ စည်းစိမ်ယစ်နေလို့ သူကိုယ်စား ကိုကြောင်ဖြေပေးလိုက်ပါတယ်။ (သဂျီးက သူ့ခြေဖဝါးညောင်းလို့ သဂျီးကတော်ပေါင်နဲ့ အညောင်းဖြေနေတယ်တဲ့)
      – ပွိုင့်အစွန်းထွက်ဖြစ်တာ အခြားတိုလီမုတ်စလေးတွေ သွားလုပ်လိုက်လို့ပါ။ ဥပမာ – ရွာသားအချင်းချင်း ဖိုရမ်ထဲမှာ မိတ်ဆွေဖွဲ့တာ၊ ကိုယ်ပိုင် avatar တင်တာ၊ ပြောင်းလိုက်တာ။
      – ပွိုင့်တသိန်းမပြည့်မခြင်း ထုတ်လို့မရပါ။ ဒီကြားထဲ အကြောင်းတခုခုကြောင့် ဆိုက်ရပ်သွားရရင် တော့တန်းမ်ဝင် ဆယ်ဦးကိုသာ ငွေသားထုတ်ပေးမယ်လို့ စည်းကမ်းထုတ်ထားပါတယ်။ အဖွဲ့နာမည်နဲ့ ပွိုင့်မြန်မြန်ပြည့်ချင်ရင် အကောင့်တခုထဲအောက်မှာ အားလုံးစုရေးကြပေတော့။
      – မြန်မာပြည်ပြင်ပက မင်ဘာဆိုရင်လည်း ငွေသားထုတ်တာ အကြုံးမဝင်ပါဘူး။
      – ဟစ်တိုင်မှာ ဖတ်လို့မရတာ ဖောင့်ပြသနာထင်ပါတယ်။ များသောအားဖြင့်ကတော့ ဇော်ဂျီဖောင့်ရှိရင် ရပါတယ်။ မရလည်း ဧရာဝတီလို မြန်မာဆိုက်တွေတက်ပြီး ပေးထားတဲ့ ဖောင်ထည့်တဲ့လင့်ခ်ကတဆင့် ဖောင့်အသစ်တွေ ထည့်ကြည့်ပေါ့။ http://www.mindin.info/ ဆရာမင်းဒင်ရဲ့ဘလော့မှာလည်း အစုံရှိတယ်။ သူကတော့ မီဂါဘလော့ဂါကြီးပါ။ မသိသေးရင် ကိုယ်စားကြော်ငြာဝင်ပါတယ်။ အရမ်းကောင်းတဲ့ဘလော့ပါ။ သူလို အတွေ့အကြုံစုံ စာရေးကောင်းတဲ့ ဘလော့ဂါမျိုး မရှိသေးဘူးထင်ပါတယ်။ ဝင်ကြည့်ပါ တိုက်တွန်းပါတယ်။ firefox browser နဲ့ဝင်လို့မရရင် inteမnet explorer နဲ့ဝင်ပါ။
      – အစောပိုင်းက တပုဒ်ကို ၄၀ဝ ပေးတယ်။ မန်းရင်လည်း ၂ဝ လားမသိဘူးပေးတယ်။ စာကိုကြိုက်ရင် ၁၀၀ဝ အထိတိုးပေးတယ်။ ရေးသူ ဖတ်သူလည်း အခုလောက် မများသေးဘူး။ အဲဒီတုန်းက သဂျီးက ( နာမည်အရင်းက ကိုခိုင် ဦးခိုင်၊ နောက်ကြမှ ရွာထဲက ယစ်ထုတ်ငပွကြီး မိုက်ကယ်အောင်ပုလုပ်လို့ နာမည်ပြောင်းသွားရတာ) ရွာသားတွေကို ပို့စ်များများ မြန်မြန်တင်ကြဖို့ ပြောပေမဲ့ ခဏခဏဆိုရင် ပေါသွားမှာစိုးလို့ နေမိတာ အခုမှ နောင်တရတယ်။ နို့မို့ရင် ဒီအချိန် ရွာထဲမှာ ကိုကြောင်ထိပ်ဆုံးမှာရှိနေပြီ။ လမင်းကဗျာက တပုဒ် ၅ဝ ဆိုတာ မှားရေးတာနဲ့တူတယ်။ အမှန်က ၈ဝပါ။
      – အန်တီဆူးပြောတဲ့ ဒေါ်လာ၁၀ဝ ဆိုတာများပါတယ်။ ဘာလို့လဲဆိုတော့ သဂျီးမှာ ဆိုက်အတွက် အခြားကုန်ကျစရိတ်တွေ ရှိလို့ပါ။ ဝင်ငွေနဲ့ သုံးငွေ သဘောချင်းမတူတာမို့ ဒေါ်လာတရာဆိုတာ များပါတယ်။ အန်တီဆူး စကားအဖြစ် ပြောလိုက်တာကို ရွာသားများ သဂျီးကို စာနာတတ်အောင်ပါ။ သဂျီးခင်မျာ ရွာသားတဦးကို ပွိုင့်ထုတ်ပေးလိုက်ရတိုင်း သွားနေကြ ခုနှစ်လွှာချွတ်ကပွဲ အစား ခြောက်လွှာချွတ်ကပွဲ အစားထိုးသွားရပါတယ်။

      • nozomi

        March 31, 2011 at 3:02 am

        ပညာရှိကြောင် ..ပီသပါပေရဲ့………

      • kai

        March 31, 2011 at 7:55 am

        ရွာကာလသားခေါင်း … ကိုရင်ကြောင်ကြီး.. သိပ်အားကိုးရတာ..။
        အဲဒါတွေ..အဲဒီအတိုင်းပါပဲ..။ ထပ်ဖြည့်ချင်တာလေးက..
        – သတင်းတွေလိုက်နိုင်-တင်နိုင်ရင် ဝယ်ဖို့အစီအစဉ်ကရှိနေဆဲဆိုတာပါ..။ အဲဒါကြောင့် .. စာကောင်းရေးရင် ငွေတိုက်ရိုက်ရနိုင်ပါတယ်လို့ပါပဲ..၊
        – ကူးတင်နေတာတွေနည်းပြီး ..ကိုင်ပိုင်ရေးတွေများလာတာနဲ့အမျှ ပွိုင့်ရနှုန်းတိုးပေးဖို့ ရှိပါတယ်.. ဒါကို ပြန်ချိန်ဆစဉ်းစားနေပါတယ်..။
        – ဝက်ဘ်ဆိုက်တခု.. ပုံမှန်တက်နေဖို့..လူအများကြီးကြည့်နိုင်ဖတ်နိုင်ဖို့..အထွေထွေကုန်ကျစရိတ်တွေရှိပါတယ်..။ အဲဒါကြောင့်သွားနေကျ ခုနှစ်လွှာချွတ်ပွဲအစားအခု..တလွှာချွတ်ပဲသွားနိုင်ပါတော့တယ်…။ 🙂

  • naywoonni

    March 30, 2011 at 11:58 am

    ပွိုင့်မြန်မြန်ပြည့်ချင်ရင် Google ထဲ နေ့တိုင်းဝင် ထူးထူးဆန်းဆန်းပုံတွေရှာ တစ်နေ့ နှစ်ခုသုံးခုတင်..။ ပြီးတော့ စာရေးရင်တစ်ခါထဲပြီးအောင်မရေးနဲ့ ။ အပိုင်း တစ်။နှစ် ဆိုပြီး တစ်ဆယ်လောက်အထိ လုပ်။ တစ်ပိုင်းကို နှစ်ကြောင်းလောက်ပဲရေး။ ခဏလေးနဲ့ပြည့်တယ်။ သိလား?

  • kopauk mandalay

    March 30, 2011 at 12:28 pm

    moonpoem
    အားမငယ်ပါနဲ့နော်။
    ကျွန်တော်လဲ ပိုစ်တွေလဲရေးတယ်။
    ကျွန်တော်သွားလေရာရာမှာ ကင်မရာယူသွားတယ်။
    စိတ်တိုင်းကျတဲ့ ဓါတ်ပုံတွေရင် တစ်နေရာထဲမှာ ပုံတွေအများကြီးရိုက်တယ်။
    ပို့စ်တစ်ခုမှာ ဓါတ်ပုံတစ်ပုံထဲဘဲတင်တယ်။
    နှစ်ပုံမတင်ဘူး ပြီးရင် လိုက်ဖက်တဲ့စာကိုရေးတယ်။
    တစ်ပုံထဲတင်တယ်ဆိုတာက ကြည့်ရတဲ့သူကို စိတ်ထွေပြားမသွားအောင် ပုံတစ်ပုံထဲကို အရသာခံကြည့်လို့ရအောင်ပါ။
    ကျွန်တော့်ဆရာတစ်ယောက်ကပြောဘူးတယ်။
    တောင်တစ်လုံးရှိရာကို သွားနေချိန်မှာ တောင်ကိုလှမ်းကြည့် ကြည့်ပြီး အဝေးကြီးလိုသေးတယ်ဆိုပြီး စိတ်ဓါတ်မကျပါနဲ့တဲ့။
    ကိုယ်က ဒီတောင်ကို ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်မွေးပြီးသွားရင် ပိုပြီးခရီးတွင်ပါသတဲ့။
    သူ့ဖာသာသူ အမှတ်တွေရချင်သလောက်ရနေ ကိုယ်ရေးချင်တာ ရေးသင့်တယ်ထင်တာ မိတ်ဆွေတွေကို ပြောချင်တာ မျှဝေချင်တာဆိုတဲ့စိတ်ကလေးနဲ့သာရေးပါ။
    အချိန်တန်တော့လဲ နွားပိန်ကန်ပေမပေါ့နော်။
    စိတ်မကျနဲ့ အားတင်းထား……………………………………

  • manawphyulay

    March 30, 2011 at 12:40 pm

    moon ရေ …. ဒီမှာ ရေးကြသူ အတော်များများက ဝါသနာအရင်းခံလို့ ကွန်နက်ရှင်မကောင်းတဲ့ကြားက အင်တာနက်ဖိုး အကုန်ခံပြီး ရေးသားနေကြတာ များပါတယ်။ ပွိုင့်လိုချင်လို့ရယ်လို့ ဘယ်သူမှ စိတ်ထဲ မရှိကြတာတော့ အမှန်ပါ နောက်ပိုင်းဝင်လာတဲ့သူတွေက ပွိုင့်အတွက်နဲ့ စကားများကြတာလည်း မြင်ဖူးရင် မြင်ဖူးမှာပေါ့။ ပွိုင့်ထက် ကိုယ့်ရဲ့ အရေးအသား ဝါသနာပါဖို့ ရယ် စာပေတွေကို ဖတ်မှတ် လေ့လာ ဝေဖန်မယ်ဆိုရင် moon လည်း ပွိုင့်တွေ တိုးလာမှာပါ။ နောက်ပြီး ကိုယ်ပိုင်အမြင်လေးတွေ ဆွေးနွေးဖလှယ်ရင်းနဲ့ ဒီလောကမှာ ပျော်မွေ့လာမှာပါ။ မနောတို့လည်း အင်တာနက်ဆိုင်မှာ ၄၀၀၊ ၅၀ဝ ပေးပြီး ကွန်နက်ရှင်တက်မယ့်အချိန်ထိုင်စောင့်ရင်းနဲ့ အလုပ်ဆင်းဖို့ ကားခပဲ ချန်ပြီး သုံးကြည့်ပေါ့နော်။ (ဟီး မြှောက်ပေးနေပြန်ပြီ ပွိုင့်မတက်ပဲ ရှိတာလေးပါ ပြောင်သွားအောင်) မနောတို့လည်း ဝါသနာအရင်းခံပြီး သိသမျှလေး ဖောက်သည်ချနေရင်း ရွာထဲမှာ ပျော်မွေ့နေတဲ့ သူတစ်ယောက်ပါ။ အားမငယ်ပါနဲ့။ ခြေလှမ်းပေါင်းများစွာကို ခြေလှမ်းတစ်လှမ်းက စလှမ်းမှ ရောက်မယ်လို့ မနော ဒီနေရာကနေ ပြောလိုက်ပါရစေရှင်…………

  • manawphyulay

    March 30, 2011 at 12:52 pm

    ဦး naywoonni က ဒီနည်း သုံးလို့ ခုပြည့်သွားပြီလားဟင်….. တစ်ဆက်ထဲ ပြောလိုက်ပါဦးမယ် ဟိုတစ်ခါ ပြောတယ်လေ မနော တစ်သိန်းလိုချင်နေပြီလားဆိုတာ မှတ်မိသေးလား……….. ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်အတွက် တန်ရာ တစ်ခု ပြန်ရခဲ့ရင်တော့ မနော ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ လှူဖို့ ပြောထားပြီးပါပြီ …….. အဲဒီရလာခဲ့တဲ့အချိန်ကြရင် ဦးနီကိုလည်း အလှူအတွက် ဖိတ်ပါမယ်နော်……

  • nature

    March 30, 2011 at 1:31 pm

    သူကြီးရေ၊သူကြီးရဲ့အိပ်ထဲကဝိုင်းနှိုက်ဖို့တိုင်ပင်နေကြပြီ၊
    post ရေးတဲ့သူက ၈ဝ ကျနော်ကpost တော်တော်များများကိုလိုက်မန့်တော့၁ဝ စီရတယ်၊

  • padonmar

    March 30, 2011 at 1:55 pm

    လမင်းကဗျာရေ၊ အားမငယ်ပါနဲ့။ဘဝတူတွေပါကွယ်၊
    သဂျီးက ရွာသားတွေကို ကံစမ်းမဲလေးများလုပ်ပေးရင်ပေးနေမှာ။
    ူlog in မှန်မှန်ဝင်ပြီး စာတွေဖတ်နေလဲအရှုံးမရှိပါဘူး။

  • ဆူး

    March 30, 2011 at 2:47 pm

    ဒီဆိုက်မှာ ပထမဆုံး အကြိမ် ပိုစ်တင်တုန်းက ပိုစ်တခု အတွက် ၃၀ဝ ပေးတာလား မသိဘူး ပေးတယ်။ အဲဒီ တုန်းက စာသိပ်မရေးဖြစ်ဘူး။ သူများရေးတာ ဖတ်တယ်။ ကွန်မန်းလေး ပေးကြည့်တယ်။ ဒီဆိုက်က သရဲခြောက်မလား ထင်ရတယ်.. ဘယ်သူမှ စိတ်ဝင်စားမှု မရှိဘူး။ ဒီလိုနဲ့ ကွန်မန်းတွေ လိုက်ပေးတယ် စိတ်ထဲ ရှိတာ လိုက်ရေးတယ် ပျော်ပျော်နဲ့ ပေါ့ပေါ့ ပါးပါးလေး ကွန်မန်းပေးတယ်။ အဲဒီနောက်ပိုင်း လူတွေ စည်ကားလာတယ်။ လူမရှိတဲ့ ဆိုက်ဆိုရင် ပိုစ်တခု ၅၀ဝ ပေးတာတောင် ပျင်းလွန်းလို့ ဘယ်သူမှ လှည့်ကြည့်မှာ မဟုတ်ဘူး။ စည်ကားနေတဲ့ နေရာမိုလို့ ဝင်ရေးပြီး ဝင်ဖတ်နေကြတာပေါ့။ အပြန်အလှန်ဘဲ.. ပွိုင့်လိုချင်လို့ ဘယ်လောက်ရေးနေနေ.. ၈၀.. ၁ဝ ဆိုတဲ့ အကန့်အသတ်နဲ့ ဘာမှ ဖြစ်မလာဘူး။ ငွေ ၁သိန်းဆိုတာ ဘယ်လောက် အသုံးခံမလဲ ဘာလုပ်လို့ ရလဲ.. ဦးခိုင် အနေနဲ့ ပြောရရင်လည်း ၁သိန်းကို ဒေါ်လာ ၁၀ဝ နဲ့ ဈေးဖြတ်တယ်။ အဲဒီ ဒေါ်လာ ၁၀ဝ ဆိုတာ နိုင်ငံခြားမှာ ထမင်းစားရေသောက် တနေ့ စာ မပြောနဲ့ ဟိုလှည့်ဒီလှည့်နဲ့ ကုန်သွားတာဘဲ။ ဒီနိုင်ငံမှာ ဈေးတခေါက်ပတ်လိုက်ရင် ဆင်တအုပ်အသာလေးဘဲ..
    ပွိုင့် အကြောင်း တွေးပြီး ပွိုင့် အကြောင်း ရေးနေတဲ့ လူတွေက တနည်းအားဖြင့် လက်ညိုးသာ ထိုးနေတာ.. လက် လေးချောင်းနဲ့ ကိုယ့်ဟာကို ထိုးနေတာ.. သူများ အကြောင်း ပြောသာပြောပြီး ကိုယ့်လောဘ မသတ်နိုင်တဲ့ လူတွေ ဆိုတာ ပိုစ်တွေ စာလုံးတွေနဲ့သက်သေပြနေတာပါဘဲ။
    ခရီးတခါ ထွက်ဖို့ဆိုတာလည်း လူလည်း ပင်ပန်းတယ် ငွေလည်း ကုန်တယ်။
    ပြည်တွင်းခရီးဆိုလည်း နယ်မြေ အစိမ်းတခုကို သွားလို့ နေရာတကာ ငွေခင်းပြီး သွားရတာ တနည်းအားဖြင့် ပိုက်ဆံ သုံးပြီး သွားရတာ.. ကားငှားစီးမလား ထမင်းစားမလား စသဖြင့်ပေါ့..
    ပြည်ပ ခရီးစဉ်ဆိုတာ ပိုတောင် ဆိုးသေးတယ်.. ပိုက်ဆံတွေ အများကြီးကုန်တယ် ပြည်တွင်းမှာ ခရီးသွားရင်မှ ရေငတ်နေလို့ တွေ့တဲ့လူ ရေတောင်းသောက်လို့ရမယ်။ ပြည်ပမှာ လက်ထဲ ပိုက်ဆံ မရှိဘဲ ရေတောင် အလကား မရဘူး။ ပြည်ပမှာ ပိုက်ဆံ သွားရှာတာ မဟုတ်ဘူး ပိုက်ဆံ သွားသုံးတာ.. အဲဒီက ရလာတဲ့ ခရီးသွား အတွေ့အကြုံ ဗဟုသုတ ရသ စသဖြင့် ကိုယ်သိတာတွေ သူများ သိပါစေ ဆိုတဲ့ စိတ်နဲ့ ရေးပေးတယ်။ ဒီလို အကြောင်းတွေ မပြောချင်လို့ ဘာမှမပြောဘဲ တိတ်တိတ်လေး နေခဲ့တာ.. ဒီရွာက လူတွေ ပိုက်ဆံ ကိစ္စ ပြောလွန်းအားကြီးတယ်။ ပွိုင့်ဆိုတာ ဘာ တင်တင် သူ့ဟာသူ တက်သွားတာဘဲ။ ပေးပါ ပေးပါ လိုက်တောင်းထားတာ မဟုတ်ဘူး။ ဒီဆိုက်မှာ ပွိုင့်ပေးနေလို့ ရေးတာများ သိပါတယ် ဒါဆို တခြားဆိုက်ပြောင်းရေးပါလားလို့ ကပ်သီး ကပ်သတ် လာပြောကြလိမ့်မယ်။ တခြားဆိုက်ပြောင်းပါလားဆိုတဲ့ လူက ဆူး နောက်မှ ဒီဆိုက်မှာ စာရေးတဲ့ လူတွေ ဖြစ်လိမ့်မယ်။
    ဆူး ရဲ့ သူငယ်ချင်းက ပြောတယ်.. နင်ဒီမှာ မရေးနဲ့ ကိုယ့်ဟာကို ဘလော့ထောင်ပြီး ရေးပါလားတဲ့..
    ဆူး ပြန်ပြောတဲ့ စကားကတော့.. ငါစာရေးချင်တဲ့ စိတ်ပါအောင် လုပ်ပေးတဲ့ ဒီဆိုက်က ငါရဲ့ ပထမဆုံး လက်ဦးနေရာဘဲ.. ဒီနေရာကို ငါခွာမသွားဘူး။ တခြားမှာ ရေးရင်တောင် ဒီမှာ တင်ပေးမယ်လို့ ပြောလို့ သူငယ်ချင်းတွေက ဘာမှ မပြောကြတော့ဘူး။
    ရွာသား အဟောင်းတွေကတော့ ဒီဆိုက်ထဲမှာ ၂လ တခါလောက် မုန်တိုင်းထန်တတ်တယ် ဆိုတာကို သိပါလိမ့်မယ်..
    ဂူဂဲက ထူးဆန်းတာ ရှာပြီး တနေ့ တခု တင်ချင်တယ်ဆို တင်လို့ရတယ် လွတ်လပ် ပိုင်ခွင့် ဒါပေမဲ့ သူများ မတင်ရသေးတာ တော့ ဖြစ်ဖို့လိုတယ်။
    တနေ့ တနေ့ ပိုစ်တွေ အသစ်တင်တာ ဖော်ဝပ်မေးက ကော်ပီ မဟုတ်ဘူး ဦးနှောက်ထဲက ထွက်လာတဲ့ စာသားတွေကို ချရေးပေးတာ။
    ရွာထဲမှာ မကျေနပ်လို့ ပုံနဲ့ စာနဲ့ ရေးချင်ရာ ရေးတာလည်း ဦးနှောက်က အသုံးမကျရင် ထွက်လာမှာ မဟုတ်ဘူး။
    စာတခု ဖတ်မယ်ဆိုရင်.. စာဖတ်ဖို့ အတွက် အချိန်ပေးပြီး ဖတ်ရတဲ့ အတွက်.. ဒီစာ အတွက် ဗဟုသုတ ရသလား တွေးပါ။ ရီစရာ စိတ်အပန်းဖြေ စရာ ဖြစ်သလား တွေးပါ။ စိတ်ခံစားမှု ဝမ်းနည်း ဝမ်းသာ တခုခု ဖြစ်သလား တွေးပါ။ ဘာမှ မရဘဲ ဖတ်သာ ဖတ်တယ် အောက်ပိုင်းက မထွက်တဲ့ စာတွေ ဆိုရင် စာဖတ်သူတွေ အတွက် ဘယ်လို နေမလဲ.. အပျင်းပြေ သုံးနေတဲ့ အရာ.. အပျင်းမပြေဘဲ ငြီးငွေ့စေမယ် စိတ်ညစ်စေမယ် စိတ်တိုစေမယ်ဆိုရင် ဘယ်လို နေမလဲ.. အားလုံး ထွက်သွားကြလိမ့်မယ်။ ဆိုက်မှာ လူဝင်လူထွက် များပြီး ဖတ်နေကြတာ.. ဆွဲဆောင်မှု တခုခု မရှိဘဲ ဘယ်သူမှ စိတ်ရှည်ရှည်နဲ့ လာဖတ်မနေကြဘူး။ မဖြစ်စလောက် ပမာဏ ကို လက်ညိုးမထိုးနဲ့.. ဂဏန်းတွေသာ မြင်နေရတာ.. ဘယ်တော့ ရမှာလဲ.. ရတဲ့ ပိုက်ဆံ ဘယ်လောက် အသုံးခံမလဲ.. လွတ်လပ်စွာ တွေးနိုင်တယ်။

    သစ်ရွက်နဲ့ ဒုတ် ပိုစ် ထဲက လိုဘဲ.. ဒုတ်နဲ့ အရိုက်ခံရမှန်း သိရင် သစ်ရွက်ကို မျက်စောင်းမထိုးဘူး။ ဖျက်မှန်း သိရင် နောက်မလာဘူး။ ဒါလေးတော့ ကောင်းလို့ သနားလို့ ထားလိုက်အုန်းမယ် ဆိုလို့ကတော့ ယောင့်တက်လာမှာဘဲ။ ကျူပင်ခုတ် ကျူငုတ်မကျန် အမြစ်ပါ လှန်ရမယ်ဆိုတဲ့ အတိုင်းပါဘဲ။ ကိုယ့်ပိုစ်မှာ စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရှိတယ်။ ဘလော့ လုပ်တယ် ဆိုတာ ဒီပိုစ်မှာ ပေးမထားပေမဲ့.. ကိုယ်စိတ်ထဲမှာ ဘလော့ ဆိုတာ လုပ်ချင်တဲ့ လူ သတ်မှတ်ပြီး လုပ်လို့ရတယ်။
    စာရေးသူ တယောက်ရဲ့ အခွင့် အရေးပါဘဲ။

  • shan

    March 30, 2011 at 2:57 pm

    ဟင်း သားသားလဲစိတ်မောမိတယ် တဂယ်ကြောတာ….းဝ)

  • ယောလေး

    March 31, 2011 at 1:18 am

    ပွှိုင့်လိုချင်သူများ လမ်းဘေးတွေ ဈေးရောင်းရင် ပွိုင့်ရတယ်…..
    အိမ်မှာခွေး၊ကြောင်၊ကြက်၊ဝက်၊ငှက် မွေးရင် ပွိုင့်ရတယ်…

  • etone

    March 31, 2011 at 3:16 am

    တသိန်းကို မျှော်လင့်ပြီး ရေးမယ်ဆိုရင်တော့ ( ရွှေပြည်တော်ရယ် မျှော်လင့်တိုင်းဝေး) ဆိုတဲ့ သီချင်းထက် ပိုဝေးပါလိမ့်မယ် … ။ ဆိုက်ထဲ စဝင်ခါစက တစ်ခါမန်းရင် 50 ရတယ် … ပို့စ်တစ်ခုကို 300ရတယ်… ဒါပေမဲ့လည်း မယုံဘူးလေ အင်တာနက်ထဲ အယုံကြည်သိပ်မှမရှိပဲ … ဒါနဲ့ ရေးရင်းရေးရင်းကနေ ပို့စ် တပုဒ် ကို 100ဖြစ်သွားပါရော … အဲ့ဒါလည်း ဆက်ရေးနေရင်း … တပုဒ် 80 ပါတဲ့… ။ အမြဲဝင်ဖတ်နေတော့ သံယောဇဉ်ဖြစ်လာရော… ဒါနဲ့ ဆက်ရေးဖြစ်တယ် …။ တကယ် ရမှန်းမသိ မရမှန်းမသိတဲ့ပွိုင့်တွေ တအိအိတိုးလာရင်း တသိန်းလည်းပြည့်ရော… တကယ်ပေးပါတယ် … ။ ဆက်ရေးပါဦး….ပွိုင့်ကို မကြည့်ပဲ ရေးကြည့်… နောက်ပိုင်း သူ့ဘာသာသူ တအိအိပြည့်သွားလိမ့်မယ်… ။ 😀

    • bigcat

      March 31, 2011 at 4:08 am

      အီးတုံးတို့၊ ကိုပေါက်တို့ ကိုယ်ရဖူးတဲ့ ပွိုင့်ကြေးနဲ့ပတ်သက်ပြီး ဘယ်လိုစရေးဖြစ်တယ်၊ အဲဒီအချိန်က ခံစားမှု၊ နောက်ပြည့်သွားတော့ သဂျီးနဲ့ ဘယ်လို့ဆက်သွယ်တယ်၊ ပိုက်ဆံ ဘယ်လိုထုတ်တယ်၊ ဘာလုပ်တယ်ဆိုတာ ပို့စ်တင်ရင်ကောင်းမယ်။ သဂျီးကြိုက်ရင် ကြော်ငြာသဘောဖြစ်ပြီး sticky ပို့စ် ဖြစ်မဲ့အပြင် ပွိုင့်၅၀ဝတောင် ရနိုင်တယ်။

      • etone

        March 31, 2011 at 7:41 am

        မီးကလေ တသိန်းရတော့ ဘာဖြစ်လဲဆိုတော့ ပျော်တယ်ပေါ့နော် … အဟက်ဟက်… 😀 😀 ပျော်လွန်းလို့ ခုန်လိုက်တာ အိမ်ခေါင်မိုးပေါက်သွားတယ် … ထပ်ရေးဦးမယ်လို့လည်း စဉ်းစားထားတယ်ပေါ့နော် အဟက်ဟက်… 😛 ပို့စ်ရေးလို့ရတဲ့ ပိုက်ပိုက်နဲ့ စုပြီး ကားဝယ်မလို့ပေါ့နော် အခုတော့ ခေါင်မိုးပေါက်လို့ ပြင်လိုက်ရတာ ပို့စ် နှစ်ခါထုတ်စာလောက် ကုန်သွားတယ် ကွီကွီ ။ 😀

  • hmee

    March 31, 2011 at 2:23 pm

    အော်….ဆူကြနဲ.လေ ဝါသနာပါတာလေး ရေးခွင်.ရတာကိုပဲ ကျေးဇူးတင်နေတာ။ အားလုံးကတော. ပျွိုင့်ထက် စာရေးတာ ဝါသနာပါလို.ပါ။

  • kopauk mandalay

    March 31, 2011 at 5:11 pm

    ကိုယ့်အကြောင်းကိုယ် ပြန်ဖောက်သည်ချရမယ်ဆိုရင်
    တစ်ရက်ကို နှစ်နာရီ အင်တာနက်ဆိုင်မှာစာသွားရေးပါတယ်။
    တစ်နာရီကို 300ကျပ်ဆိုတော့ တစ်ရက် 600ကျပ်ကြပါတယ်။
    တနှစ်ကို 365ရက်မှာ 65ရက် အင်တာနက်ဆိုင်ကိုမရောက်ဘူးလို့သတ်မှတ်လိုက်ပါ။
    ရက်300×600ကျပ်=ဘယ်လောက်လဲ တွက်ကြည့်ပေါ့နော်။
    ဒါကအနည်းဆုံးနုန်းနဲ့တွက်တာပါ။
    တစ်ခါတစ်လေစာရေးရင်း စိတ်ပါလာလို့ လေးနာရီလောက်ထိုင်ဖြစ်တဲ့ရက်လဲရှိဘူးပါတယ်။
    တွက်ပြတာကတော့ တစ်သိန်းလိုချင်ယုံသက်သက် စာရေးနေကြတာမဟုတ်ပါဘူးလို့ပြောချင်တာပါ။
    သူကြိး မပေးလဲရေးနေတာပါဘဲ။
    အခြားသောဆိုက်တွေမှာလဲ ဘာမှမရဘဲရေးနေကြသူတွေအများကြီးပါ။
    မထင်မှတ်ဘဲ ကျနော် တစ်သိန်းပြည့်သွားတော့ သူကြီးက မတောင်းရဘဲ အမှန်တကယ်ပေးပါတယ်။
    ရတော့ ဝမ်းသာတာပေါ့ဗျာ။
    ရေးချင်တဲ့ဝါသနာအရ အဆင်ပြေနေရင် ရေးဘို့ အခွင့်အရေးရရင် ရေးအုံးမှာပါဘဲ။
    အပျင်းပြေ ဓါတ်ပုံလဲရိုက်ပါတယ်။
    စမ်းတင်ကြည့်တော့ အဝေးမှာရောက်နေသူများက ကိုယ့်နိုင်ငံက ပုံလေးတွေကြည့်တော့အလွမ်းပြေတယ်ပြောတော့ ကြုံတိုင်းရိုက် ကော်နက်ရှင်ကောင်းတိုင်းတင်ဖြစ်ပါတယ်။
    ဝါသနာပါတာကို လုပ်ရင်းနဲ့ သူကြီးတို့သတ်မှတ်တဲ့အတိုင်းပြည့်သွားလို့ ပိုက်ဆံပေးရင် ဝမ်းမြောက်ဝမ်းသာနဲ့ယူအုံးမှာဘဲ။
    ရအောင်လဲ ကြိုးစားအုံးမှာဘဲ။
    ဘာလို့လဲဆိုတော့ စီးပွားရေးလုပ်ပြီး ရလာတဲ့ ငွေနဲ့ ဒီဆိုက်မှာစာရေးလို့ လက်ဆောင်ပေးတဲ့ငွေ
    စိတ်ထဲမှာ ဝမ်းသာတဲ့ ခံစားချက်ခြင်းမတူလို့ပါဘဲ။
    ကျနော်ကတော့ ရဘူးတာ ဝမ်းသာတယ် ကျေနပ်တယ် ဘာလို့လဲဆိုတော့ ကိုယ်လက် ကိုယ့် ဦးနှောက် ကိုယ့်ခံစားမူ့ ကို်ယ့်အတတ်ပညာ ကိုယ့်အချိန်တွေကိုရင်းနှီးပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေဘဲရလာတဲ့ ငွေသန့်သန့်လေးမို့ ပါဗျာ။
    ဝါသနာပါသူများ ဆက်ကြီုးစားစေချင်ပါတယ်။
    သူကြီးရဲ့လက်ဆောင် ကို လူတိုင်းရစေချင်ပါတယ်။

  • windtalker

    June 4, 2011 at 5:33 am

    အေးဗျာ အရင်ကတော့ ပေါ့နော်
    သား က အင်တာနက် ဆိုင် ထဲ မှာ ထိုင်ပြီး အွန်လိုင်းဂိမ်း ကစားတာပေါ့နော် ဖေ့ဘုတ် သုံးတာပေါ့နော်
    တစ်ရက်ကြ ဘယ်ကနေ ရသလဲ တော့ မမှတ်မိတော့ဘူးပေါ့နော်
    mg ကို ဝင်ကြည့်မိတယ်ပေါ့နော်
    register လုပ်ရတာ လည်း လွယ်တယ်ပေါ့နော် ( ကွန်နက်ရှင်း ကောင်းခဲ့မယ် ဆိုရင် )
    မန်ဘာ ဖြစ်သွားပြီးနောက်ပေါ့နော်
    စဉ်းစားမိတာလေး တွေ ကို ဝေမျှ ချင်ရင် ရေးတာပေါ့နော်
    ရွာသူရွာသားတွေ မဖတ်ဖူးလောက် ဘူးလို ့ထင်တဲ့ ဟာသလေး တွေ ကိုလည်း တင်တာပေါ့နော်
    အိုဗျာ စုံနေတာပဲ စာဖတ်လိုက် ကွန်မင့်ပေးလိုက် ပေါ့နော်
    အဲ့လို ပေါ့နော်
    နေ ့တိုင်း လုပ်ရာ ကနေ ပေါ့နော်
    အခု ဆိုရင် ပေါ့နော်
    mg ကို တစ်ရက် ၃၊၄ ခါ လောက် မဝင်ရရင် မနေနိုင်တဲ့ ဘဝမျိုးကို ပေါ့နော်
    ရောက်သွားတာ ပေါ့နော်

Leave a Reply