မာတာပိတု ဂုဏော ….အာစရိယ ဂုဏော…(၁)

nigimi77March 31, 20111min2515

“တုတ်(ဒုတ်) သွားရှာစမ်း…..”

ကျွန်တော့်တို ့ ညီအကို တွေ မိမိ အရိုက်ခံရမည့် ဒုတ်အား မိမိကိုယ်တိုင် ခြံပတ်ပြီး ရှာကြသည်။
ကျိုးလွယ်မည့် ဒုတ်တော့ မရှာလိုက်နှင့် သူကိုယ်တိုင် အကောင်းဆုံး လက်ရွေးစဉ် ရှာဖွေဝယ်ယူ
ထားသည့် ရေစိမ်ထားသော ကြက်ဥကြိမ်လုံးနှင့် ညားပေလိမ့်မည်။
ထို ့ကြောင့် မျက်ရည်စက်လက်နှင့်ပင် မိမိတင်ပါး၊ ပေါင်၊ ခြေသလုံးတို ့နှင့် သင့်လျော်မည့်
ဝါးခြမ်းပြားအား လိုက်ရှာပြီး အဖေ့လက်သို ့ မိမိနှင့် တကွ ဒုတ်ကိုပါ ထိုးအပ်လိုက်ပြီးသည်နှင့်
ရိုက်ဖို ့ရွယ်ရုံရှိသေးသည် မျက်လုံးထဲ ပြာခနဲ မိုက်ခနဲ၊ မိမိ၏ ကလေး သဘာဝ ဆော့ကစားချင်
ခဲ့သော စိတ်အား အပြစ်တင်မိခြင်းနှင့် အတူ ပြန်လည်နောင်တရနေမိသည်။

အမေ၏ ကျောင်းစိမ်းထမီ အဟောင်းတို ့အား ပြန်လည်ပြုပြင် ချုုပ်လုပ်ထားသော မူလတန်းကျောင်းသား ဘောင်းဘီ အတို အစိမ်းလေးပေါ်သို ့ အဖေ၏ ရိုက်ချက်ပြင်းပြင်း
ကျရောက်သော အချိန်တိုင်း ဘာဆိုသည်ကို အတိအကျ မသိသော အရာတစ်ခုကိုပဲ တောင့်တ
မိခဲ့သည်။

“ဟဲ့ ….ငတုံး….နင့် အမ ဝမ်းကွဲတွေရဲ ့ချီးကို တနေ ့တကော် နင့်ကို ကျွေးရမယ်..”
အမ ဝမ်းကွဲများ စာ အလွန်တော်ကြသည်။ သူတို ့၏ အမေ ကျွန်တော့ အဒေါ်သည် ထုံထုံထိုင်းထိုင်း (ကျပ်မပြည့်သူ မဟုတ်ပါ) တစ်ယောက်ဖြစ်ပြီး ကြောင်ချီးကဲ့သို ့ ပျော့ပျော့လေးနှင့် နံသူ ဖြစ်သည်။ သူ ကလေး နှစ်ယောက် ရပြီးသော အခါတွင် ယောကျာင်္း၏
စွန် ့ပစ်ခြင်းခံခဲ့ရပြီး မိခင် (ကျွန်တော့ အဖွား) နှင့် အတူနေပြီး ကလေးများအား ထိန်းကျောင်းသည်။

ဘွဲ ့သာရခဲ့သော်လည်း ပညာရေးနှင့် ပတ်သပ်ပြီး မည့်သည့် အကြောင်းအရာမှ နားမလည်သော
အဒေါ်သည် လင်သား၏ စွန် ့ပစ်ခြင်းခံရပြီးနောက်တွင် ငြိမ်သက်စွာပင် မည်သည့် အရာကိုမှ ဝင်ပါ
ခြင်း မပြုတော့ပေ။ သားသမီးတို ့အား ပုံမှန် ကျောင်းထားပေးသည်။ ထူးခြားသည်မှာ အမတို ့ ့သည် မည်သူကမှ အထူးတလည် သင်ကြားပေးခြင်း ရိုက်နှက်ခြင်း သို ့မဟုတ် ဆိုဆုံးမခြင်းတို ့ကို
မပြုသော်လည်း၊ စာကျက်ချိန်တန်လျင် စာကျက်ပြီး ဆော့ကစားချိန်တွင် ဆော့ကစားကြသည်။
အတန်းမှန်မှန်အောင်ခဲ့သည့် အပြင် အတန်းထဲတွင်လည်း အမြဲလိုလို ပထမရကြသည်။
သူတို ့အမေ ကျွန်တော့ အဒေါ်သည် သားသမီးတို ့၏ ပညာရေးအား အလျင်းဝင်ရောက် စွတ်ဖက်ခြင်း မရှိခဲ့ပေ။ ယခုအခါ အမအကြီးမှာ အထွေထွေရောဂါကု ဆရာဝန်ဖြစ်နေပြီး၊
အမ အငယ်မှာ သွားဖက်ဆိုင်ရာ ဆရာဝန် ဖြစ်နေပြီ။

အမေသည် ဟင်းသီး ဟင်းရွက် လှီးဖြတ်သင်ရင်းနှင့် ကျွန်တော်တို ့အား စာသင်ကြားပေးလေ့ရှိ
သည်။ ကျွန်တော် အမေနှင့် စာသင်ရမှာ လွန်စွာကြောက်သည်။ အမေသည် သချာင်္ဆရာမဖြစ်သည်။ ကျောင်းစာသင်ခန်းတွင်းတွင် အလွန်စိတ်ရှည်ပြီး သင်ကြားမှုကောင်းသည်ဟု နာမည်ကြီးသော အမေသည်………………….။

အမေ၏ ကန်စွန်းရွက်သင်သော လက်ကိုင်အဝါ ဒါးပါးလေးမှာ ကျွန်တော်နှင့် အလွန် ရင်းနှီး
သော မိတ်ဆွေဖြစ်သလို အဖေ၏ ကြက်ဥကြိမ် ရေစိမ်မှာလည်း ကျွန်တော်၏ သလုံးသားတို ့နှင့်
အကြိမ်ကြိမ် ပွေ ့ဖက်ဖူးခဲ့သည်။

အမေက စာတတ်စေချင်သည်။   ထိုစကားစုမှာ  ဘယ်အချိန်က ဘယ်သူက ရိုက်သွင်းလိုက်သည်အား မမှတ်မိတော့ပါ။
စာတတ်စေချင်သည်မှာ မည်သို ့သော စာအား တတ်စေချင်ခဲ့သည်အား ယခု အချိန် အထိ နားမလည်ခဲ့ပါ။
 
မျက်လုံးထဲ မီးပွင့်ခဲ့ရသော တနင်္ဂနွေနေ ့ မနက်တိုင်းဟာ ကျွန်တော့ အတွက် အမုန်းဆုံး အချိန်တွေပါ။
တကယ်တန်းတော့ နဖူးကသွေး နှာခေါင်းပေါ်မှ ဖြတ်စီးဆင်းပြီး မျက်ရည်တွေနဲ ့အတူ ပျော်ဝင်ခဲ့တာ ကျွန်တော် တယောက်ထဲ မဟုတ်လောက်ပါ။
 
ပြင်းထန်သော ဆုံးမမှုတွေနှင့် ယဉ်ပါးစွာဖြင့် အထက်တန်းကျောင်းသား အရွယ်ရောက်လာသော အခါ သိစိတ်၏ ပုန်ကန်မှုက စတင်လာပါသည်။
 

5 comments

  • nature

    March 31, 2011 at 5:00 pm

    မြန်မာပြည်မှာတော့ခလေးတွေအကုန်လုံးနီပါးအရိုက်ခံဘူးတာပဲ၊ စာမရရင်အရိုက်ခံရတော့ နာမှာကြောက်ပြီးစာကျက်ဖြစ်ဘူးတယ်။

  • Gong Zhu

    April 1, 2011 at 6:01 am

    ခုကျောင်းမှာ ကလေူတွေကိုရိုက်ရင် ကလေးမိဘတွေက ကျောင်းမှာရန်လာလာတွေ့တယ်တော့ … သိလား

  • nature

    April 1, 2011 at 5:05 pm

    ဘယ်လိုပြီးသွားကြလဲ။

  • nigimi77

    April 1, 2011 at 5:09 pm

    ဘယ်လိုမှ မပြီးသေးဘူး။ ရေးဖို ့ စိတ်မပါသေးလို ့မရေးသေးဘူး။ ငါ့ ကို မေးရင် ပြောတာပါ။

  • char too lan

    April 2, 2011 at 4:54 am

    ဖတ်ရတာနဲ့ကို မျက်လုံးထဲမှာ မီးပွင့်သွားတယ် ကျနော်လဲ ငယ်ငယ်က အလွန်အကျွံရိုက်ခြင်း ခံရဖူးတယ် ။

Leave a Reply