၀ဝး၁၅ ……မိနစ်တစ်ဆက်ရှင်

လေး။ ။ ရှင့် ရှပ်အင်္ကျီက အကောင်းစားပဲ။ ရှင်နဲ့လည်း အရမ်းလိုက်တယ်။ အင်း
– ဘာဝတ်ဝတ် ရှင်က ကြည့်ကောင်းမှာပါ။

ကျွဲ။ ။ ဟုတ်လား၊ ဟီးဟီး။

လေး။ ။ ဟုတ်တယ်။ ရှင်က ညိုချော ချောတယ်။

မြှောက်ပင့်ပြောသည်ပဲဖြစ်ဖြစ်၊ အရှိအတိုင်း သုံးသပ်သည်ပဲဖြစ်ဖြစ်
ကျေနပ်စရာပင်။ အလှအပ ကြိုက်သော ကျွန်ုပ် နှင့် လှပ အပြောချိုသော
နှုတ်ခမ်းနီမလေးတို့ နှစ်ဦးသား အဝတ်အစား၊ ဖက်ရှင်တို့အကြောင်း
ရောက်တတ်ရာရာ စကားကောင်းနေမိသည်မှာ ၁ဝ မိနစ်ကျော် ကြာသွားလေသည်။

လေး။ ။ စကားပြောလို့ ကောင်းလိုက်တာရှင်။ ဒီကိုလာတဲ့သူတွေက စကား
သိပ်ပြောကြတာ မဟုတ်ဘူး။ အင်း – လေအေးစက် ပျက်ပြန်ပြီ ထင်တယ်၊ ပူလိုက်
အိုက်လိုက်တာ။ ရှင် မအိုက်ဘူးလား။

ကျွဲ။ ။ နည်းနည်းတော့ အိုက်တယ်။ အင်္ကျီ ချွတ်လိုက်အုံးမှပဲ။

လေး။ ။ ဟီဟိ၊ အခုမှတော့ ချွတ်မနေနဲ့တော့။ အချိန်စေ့တော့မယ်။

ကျွဲ။ ။ ဟင် – အချိန်စေ့တော့မယ်၊ ဟုတ်လား။ ဘာမှတောင် မလုပ်ရသေးဘဲ အချိန်က
စေ့တော့မှာလား။

လေး။ ။ ဘာမှမလုပ်ရသေးဆို ရှင်က ဘာမှမှ မလုပ်ဘဲ။ လွယ်ပါတယ်၊ လုပ်ချင်ရင်
ဆက်ရှင် နောက်တခု ထပ်ယူပေါ့ရှင်။

ကျွဲ။ ။ ဟ – ဘာမှမလုပ်ရသေးဘဲ ဆက်ရှင်တခု ပြီးသွားတယ် ဆိုတာတော့
မဟုတ်သေးဘူး ထင်တယ်။ ငါ့ကို အူ တူတူ အ တတ ထင်ပြီး ခွင်ရိုက်မယ် မကြံနဲ့။
ဒီမှာ – ရန်ကုန်မှာမွေးတဲ့ ရန်ကုန်သား ကွ။ ရန်ကုန်မှာနေ၊ ရန်ကုန်မှာ
ကြီးလာတာ အနှစ် ၃ဝ ပြည့်တော့မယ်။

လေး။ ။ တကယ်ပြောတာပါရှင်။ အချိန်က ပြည့်သွားပါပြီ။

ကျွဲ။ ။ ဆက်ရှင်တခုကို တနာရီ မဟုတ်ဘူးလား။

လေး။ ။ မဟုတ်ပါဘူးရှင်။ အဲ – ဟုတ်ပါတယ်ရှင်။ မဟုတ်ဘူးဆိုတာ ဟုတ်ပါတယ်ရှင်။

ကျွဲ။ ။ ဘာ မဟုတ်တာလဲ၊ ဘာ ဟုတ်ပါတယ်လဲ။

လေး။ ။ ဆက်ရှင်တခုကို တနာရီ ဆိုတာက လွှတ်တော်မခေါ်ခင်တုန်းကပါ။ အခု
လွှတ်တော်ခေါ်ပြီးတော့ အချိန်က ပြောင်းသွားပါပြီ။

ဟိုက် – ရှာလဘတ်ရည်။ လွှတ်တော် ဆိုပါလား။ အနှိပ်ခန်းတွင် အလုပ်လုပ်သူ
နှုတ်ခမ်းနီမလေးဆီက လွှတ်တော် ဆိုသောစကားသံ ထွက်လာသည်က ထူးခြားနေသည်။ သူက
ဆက်လက် ရှင်းချက် ထုတ်သည်-

လေး။ ။ လွှတ်တော် တခါ ကျင်းပရင် ၁၅ မိနစ်ပဲ ကြာတယ်တဲ့။ အဲဒါကြောင့်
ဒီမှာလည်း ဆက်ရှင်တခုကို ၁၅ မိနစ်ပဲ သတ်မှတ်လိုက်တယ်။ အလုပ်ရှင်က
သတ်မှတ်လိုက်တာပါ။

ကျွဲ။ ။ ဟိုက် – ဘာဆိုင်လို့လဲကွ။ လွှတ်တော်ဆိုတာက နိုင်ငံရေးသမားတွေ
သွားထိုင်၊ သွားငိုက်၊ သွား အိပ်တဲ့နေရာ။ မင်းတို့က အနှိပ်ခန်းလေကွာ။

လေး။ ။ ငွေကြေးကိစ္စ၊ အချိန်ကိစ္စတွေကတော့ ကျမလည်း မသိပါဘူးရှင်။ အလုပ်ရှင်
ပြောပြတာကတော့ တနိုင်ငံလုံးအတွက် ဆွေးနွေးညှိနှိုင်းငြင်းခုံရတဲ့
လွှတ်တော်တွေမှာတောင် ဆက်ရှင်တခုကို ၁၅ မိနစ်ပဲ သတ်မှတ်တယ် တဲ့။ ဒီတော့
လူတယောက်ကိုပဲ ဆားဗစ်ပေးရတဲ့ ဒီနေရာမှာ ဆက်ရှင်တခုကို ၁ နာရီ ဆိုတာ
များတယ် တဲ့။ ဒါကြောင့် ဒီမှာ ဆက်ရှင် တခုကို ၁၅ မိနစ် ဆိုပြီး
ပြောင်းလိုက်တာ တဲ့။

ကဲဘယ့်နှယ့်လုပ်ကြမလဲ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သူငယ်ချင်းမေးလ်ကရလိုတင်ပေးလိုက်တယ်

6 comments

  • cobra

    April 2, 2011 at 7:11 am

    တကယ်ဆိုရင်တော့….တကယ့်ကိုဟာသတစ်ခုပဲ
    ဖြစ်တာ့မဖြစ်နိုင်ပါဘူး။

  • meelay

    April 2, 2011 at 8:12 am

    ဒီပို့စ်မူရင်းက ဒီရွာကပါ ….

  • ogre

    April 2, 2011 at 11:52 am

    တင်ပြီးသားဆို…တောင်းပန်ပါတယ်..
    ပို့စ်ပိုင်ရှင်ရေ..အယ်ဒီတာကိုဖျက်ခိုင်းချင်ဖျက်ခိုင်းလိုက်ပါ..ဗျာ

  • PaukPhaw

    April 2, 2011 at 12:51 pm

    မှန်တာပြောရရင်တော့ မူရင်းက ဒီရွာက မဟုတ်ဘူးဗျ
    မိုးမခ မီဒီယာက ပါ

    ” ပြည့်တန်ဆာတစ်ဦးနှင့် တွေ ့ဆုံခြင်း” ဆိုလားပဲ

    အပိုင်း (၁)၊(၂) ရှိပါတယ်..

    အပြင်ကို လမ်းလျှောက်လေးဘာလေးထွက်ကြပါ..

  • nature

    April 2, 2011 at 2:12 pm

    အချိန်လျှော့လိုက်တော့ ဈေးရောမလျှော့ဘူးလား။

Leave a Reply