အိုင်စတိုင်းကို ဖြိုပြမယ့်သူ

kaiApril 2, 20113min13116

အကြိုက်ဆုံးပုံလေးတွေစုထားတာကနေ .. ခွဲထုတ်လိုက်တာပါ..။
ဟိုးအောက်ကသတင်းကို နားလည်သလို သုံးသပ် ပြန်ရေးပြမယ်ဆိုပါတော့..။ အဲဒါနဲ့ဆိုင်တဲ့ သငတ်း ၂ခုသုံးခုနဲ့ ဆိုင်တဲ့ကောမန့်ထားတာတွေဖတ်ပြီး ရေးမှာပါ..။

ဆိုတော့..
ဘာသာပြန်တာမဟုတ်ပါဘူးနော.။

ဇတ်လမ်းကဒီလို..။
ယူအက်စ် – အင်ဒီယားနာပူလစ်မြို ့မှာနေတဲ့ အသက် ၁၂နှစ် ချာတိတ်လေးတယောက်က .. အိုင်စတိုင်းရဲ့အကောင်းဆုံးသီအိုရီတခုဖြစ်တဲ့ နှိုင်းရသီအိုရီ(Theory of relativity)ကို မှားကြောင်းသက်သေပြမယ် ဆိုလိုက်ပါသတဲ့..၊
အဲဒီကလေးက..နယ်နယ်ရရတော့မဟုတ်ပါဘူး.. အသက်၁နှစ်ခွဲမှာ အေဘီစီဒီ-အယ်ဖာဘက် အစအဆုံးက ို ပြောင်းပြန်ရွတ်နိုင်ပြီး.. အသက်၃နှစ်မှာ ပူဇယ်(အရုပ်ကားဆက်)တာ အခု ၅၀၀ဝ ကိုအဖြေရှာပြနိုင်သူ ကားဆက်နိုင်သူဖြစ်ပါတယ်..။ အခုလောလောဆယ်မှာတေ့ာအိုင်ကျူအဆင့်အားဖြင့် အိုင်စတိုင်းထက်ပိုလို့.. အမှတ်၁၇ဝ ရထားသူပါတဲ့..။

အသက် ၈နှစ်မှာသချာင်္နဲ့ သိပ္ပံဘာသာရပ်မှာ  ကောလိပ်အဆင့်.( မြန်မာလို ၁၁တန်းအဆင့် ) ရှိခဲ့ပြီး အခုအသက် ၁၂နှစ်မှာတော့ အင်ဒီယားနာပြည်နယ် University-Purdue University Indianapolis တက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ပညာရေးနဲ့ ဘွဲ ့လွန်စမ်းသပ်လေ့လာတာတွေလုပ်နေသူဖြစ်ပါတယ်..။
သူက.. အိုင်စတိုင်းရဲ Einstein’s theory of relativity’ မှာအမှားရှိတယ်ပြောပြီး သူ့မှာ မှားကြောင်းအထောက်အထားကို သိနေပေမဲ့.. သချင်္ာ။ ရုပဗေဒပညာနဲ့ တွက်ချက်သက်သေပြဖို့ကြိုးစားနေပါတယ်လို့ ပြောပါတယ်..။
အဲဒီသီအိုရီဟာ.. အိုင်စတိုင်း အသက် ၂၆နှစ်မှာ ထုတ်ခဲ့တဲ့သီအိုရီဖြစ်ပြီး .. အဲဒီကနေ အချိန်ဆိုတာ မတည်မြဲဘူးဆိုတာနဲ့.. အလင်းနဲ့ပါတ်သက်တဲ့ ရူပဗေဒဆိုင်ရာသီအိုရီအများအပြား မွေးဖွားပေးနိုင်ခဲ့တာဖြစ်ပါတယ်.။

အခု ..အဲဒါမှာ အမှားရှိတယ်ပြောသူဟာ.. နောင် ၁ဝနှစ်အတွင်း သက်သေပြချက်ရှာတွေ့နိုင်ဖို ဖြစ်နိုင်ခြေရှိပြီး..အဲဒါနဲ့ နိုဗယ်ဆုရဖို့အတွက်လည်း တော်တော့ကို နီးစပ်သွားမယ်လို့.. ရူပဗေဒပညာရှင်တွေယုံကြည်ကြတာဖြစ်ပါတယ.်.။

သူ့မိသားစုတွေမျှာ သချင်္ာတော်သူတွေမရှိပဲ.. သူကသာ ထူးခြားနေတာဖြစ်ပါတယ်တဲ့..။
အိုင်စတိုင်းသီအိုရီထက်ကောင်းတာတွေ့ရင်တော့ ..ကမ္ဘာကြီးက.. ဒီထက်နေလို့ကောင်းတဲ့ အခြေအနေရောက်လာမယ်ဖြစ်ပြီး သိပ္ပံစွမ်းအားတွေနဲ့ .. လူနေမှုအသိုင်းအဝိုင်းတည်စောင့်နိုင်မှာပါ..။
အနည်းဆုံးတော့ .. တခြားဂြိုလ်တွေကို အချိန်တိုတိုနဲ့ လည်လည်သွား.. ပတ္နမြားတွေ..စိန်တွေသယ်ပြီး ဇယ်တောက်တန်းကစား နိုင်မယ်ထင်တာပါပဲ..။:)

စကားစပ်လို့ ပြောရရင်.. မြန်မာပြည်မျာလည်း အဲဒီလို ပါရမီရှင်တွေ ရှိတယ်ကြားဖူးပါတယ်..။ မောင်သချင်္ာဆိုလား.. သတင်းစာထဲ လွန်ခဲ့တဲ့အနှစ် ၂၅-၃ဝလောက်က ဖတ်ဖူးသလိုလိုပဲ..။
အခုခေတ်မှာ သိရင်တော့ ..ပြောကြပါနော.. သေချာရင် ..ယူအက်စ်ကို စပွန်ဆာလုပ် ခေါ်ပြီး ကျောင်းဆက်ထားပေးမယ်..။

 

Boy genius, 12, Challenges Einstein’s Theory of Relativity

The Internet has been abuzz today with the story of Jacob Barnett. Jacob has an IQ of 170, which is higher than Albert Einstein. As a matter of fact, he is currently working through “errors” in Einstein’s famous theory of relativity. This would be impressive for any student of electromagnetic physics at Indiana University. Jacob, however, is only twelve.

His classmates compare him to Doogie Howser. His mother makes the hourly trek to Indiana University-Purdue University Indianapolis twice daily in order to ensure he gets to his classes on time. He even has, of course, a spoof  Twitter account in his honor.

At eighteen months, Jacob began exhibiting some abilities. He could recite the alphabet backwards and could calculate the volume of cereal boxes off of the top of his head. However, he then began to withdraw into himself and was soon diagnosed with autism and later Asperger’s syndrome.

“We were so afraid Jake would be withdrawn from us forever, and so we set out to find out what was the spark that could light him up,” Kristine Barnett recalls.

That spark turned out to be astronomy. At three, Jacob discovered planets and the rest was, well, quantum history. By age eight he had advanced to college level mathematics and science. According to his mother, he taught himself all pertinent high school math courses in under a week. Yeah, wow.

Now, I am not a physicist and cannot offer conjecture as to if Mr. Barnett will reinvent Einstein’s theories. Still, just that he’s trying should be enough to give parents of autistic children hope that their kids will one day find a similar spark.

“I’m thankful that Jake has become the person he is and feel that, for all children with autism, we need to find the place where there is a little spark inside them,” Barnett says. “If we had listened to all the people that told us our son would always be in special ed, and would probably never escape the isolation of autism, how sad would that be?”

http://thefastertimes.com/tech/2011/03/30/boy-genius-12-challenges-einsteins-theory-of-relativity/

16 comments

  • juttue.gyi

    April 2, 2011 at 1:36 pm

    အဲဒီလောက်တောင်တော်ကြတာလားဗျာ လေးစားတယ်ဗျာ……..

  • kopauk mandalay

    April 2, 2011 at 4:41 pm

    ကိုခိုင်ရေ
    မလုပ်လိုက်ပါနဲ့။
    အသက်ကြီးမှ သိတာတွေမှားလို့ စာပြန်ကျက်နေရပါဦးမယ်။

  • bigcat

    April 2, 2011 at 7:24 pm

    ဟိုးတလောက မြန်မာပြည်က ဘုန်းကြီးကျောင်းတခုမှာ စကားပြော သီချင်းဆို ခုန်လည်းခုန်နိုင်တဲ့ ကြောင်တကောင်ဆိုတာ အင်တာနက်မှာ တွေ့လိုက်တယ်။ သဂျီးက စပွန်စာပေးမယ်ဆိုရင် ခေါ်လိုက်မယ်။ စပါယ်ရှယ်ကြောင်မိုလို့ သူ့ကိုထိန်းဖို့ လူဆယ်ယောက်လိုက်ရမှ ဖြစ်မယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 2, 2011 at 8:01 pm

    ဟုတ်ဘူးလေ သဂျီးမင်းရဲ ့
    Einstein’s theory of relativity’ ဆိုတာက
    အချိန်ဆိုတာ မတည်မြဲဘူးဆိုတာနဲ ့ အလင်းနဲ ့ပါတ်သက်တဲ့ ရူပဗေဒဆိုင်ရာသီအိုရီအများအပြား မွေးဖွားပေးနိုင်ခဲ့တာဖြစ်ပါတယ်.။
    အဲ့ဒါကို ဆိုလိုတာလား
    နောင်ဥပမာတစ်ခုလောက် ခပ်ပါးပါးလေးပြပေးပါလား
    သိခြင်လို ့ပါ
    ကျေးဇူးမမေ့ပါဘူး

    • kai

      April 2, 2011 at 9:38 pm

      နှိုင်းရသီအိုရီကို မွေးဖွားပေးတာက…
      အိုင်စတိုင်းငယ်ငယ်က…အဖြစ်အပျက်အတွေးတွေကပါ..။
      လူတယောက် ရထားစီးနေတယ်ဆိုပါစို့..။
      အဲဒီလူက..လမ်းဘေးကြည့်လိုက်ရင်… အရာဝတ္တုတွေက..တရိပ်ရိပ်နဲ့ ကျန်ခဲ့တာတွေ့ပါမယ်..။
      အဲဒါဘာလို့ဖြစ်တာလည်း..။
      နောက်တခုက… ရထား၂စင်း မိုင်နှုန်းတူတူ အပြိုင်မောင်းလာတယ်ဆိုပါတော့…
      အဲဒီရထား၂စင်းပေါ်က.. လူ၂ယောက်ဟာ.. ရထားရပ်နေတယ် ထင်ပါလိမ့်မယ်..။
      ဒါပေမဲ့ ..ရထားလမ်းဘေးကလူကတော့… ရထား၂စင်း အမြန်နှုန်းတခုနဲ့ရွေ ့တယ်ထင်နေမှာပါပဲ..။
      အဲဒါဘာလို့ဖြစ်တာလည်း..။
      အိုင်စတိုင်းပေါက်စက… အဲဒီလိုတွေးပါတယ်..။
      နောက်ဆုံး.. သူစဉ်းစားတာက… လူဟာ အရာဝတ္တုကို မြင်ရတယ်ဆိုတာ… အဲဒီက အလင်းပြန်လာတဲံ အလင်းကို မြင်ရလို့ဖြစ်တာမို ့… လူတယောက်ဟာ..အလင်းအလျှင်နဲံသာ ခရီးသွားနေတဲ့ ယဉ်တခုခုစီးနင်းနေရင်.. ဘာတွေဘယ်လိုမြင်ရမလည်း ဆိုတာပါတဲ့..။

      ဆိုတော့..
      အဲဒီမှာတင်..နှိုင်းရသီအိုရီပေါ်လာပါတယ်..။ အချိန်ဆိုတာ.. သူ့တည်နေရာဒေသမှီပြီး ..ပြောင်းနေတာပါတဲ့..။ အဲဒါကြောင့်.. စင်္ကြာဝဌာမှာ.. ဂြိုလ်တခုနဲ့တခု.. အချိန်မတူနိုင်ပါတဲ့လေ..။
      တည့်တည့်ပြောရရင်.. အဲဒီသီအိုရီအရ.. အချိန်ဆိုတာ မတည်မြဲပါတဲ့..။
      ဆိုတေ့ာ. အလင်းအလျှင်နားနီးလေ.. အချိန်ဟာ ဆွဲဆန့်လို့ရလေပေါ့..။

      ဥပမာ..လူတယောက်ဟာ..အလင်းအလျှင်နီးပါးနဲ့သာခရီးသွားနိုင်မယ်ဆိုရင်.. အဲဒီယဉ်ပေါ်မှာ ..တနှစ်ကြာရင်.. ကမ္ဘာပေါ်မှာ နှစ် ၁၀ဝ ဖြစ်နေနိုင်တာပါ..။
      အဲဒီသီအိုရီအရ.. အိုင်ဇက်နူတန်သီအိုရီတွေ တော်တော်များများ အတိုင်းအတာတခုအထိ…မှားကုန်ပါတယ်..။

      • bigcat

        April 2, 2011 at 10:18 pm

        အဟမ်း… နှိုင်းရသီအိုရီကို အိုင်းစတိုင်း သိတာ အတိတ်ဘဝကံ (ပါရမီ)နဲ့ ယခုဘဝကံ (ကြိုးကြိုးစားစားဆင်ခြင်တွေးခေါ်) ကြောင့်ပါ။
        သဂျီးပြောတဲ့ “လူဟာ အရာဝတ္တုကို မြင်ရတယ်ဆိုတာ… အဲဒီက အလင်းပြန်လာတဲံ အလင်းကို မြင်ရလို့ဖြစ်တာမို ့… လူတယောက်ဟာ..အလင်းအလျှင်နဲံသာ ခရီးသွားနေတဲ့ ယဉ်တခုခုစီးနင်းနေရင်.. ဘာတွေဘယ်လိုမြင်ရမလည်း ဆိုတာပါတဲ့..။” ဆိုတာနဲ့ ပတ်သက်လို့ စွန်းလွန်းဆရာတော်ကြီးကို ဘုန်းကြီးများ တရားစစ်မေးတာ သွားသတိရပါတယ်။ တချိန်မှာ မေးသူက လူတွေအရာဝတ္ထုတွေကိုမြင်တာ ပစ္စည်းတွေက မျက်လုံးထဲကို ရောက်တာလား၊ မျက်လုံးအကြည်ဓာတ်က ပစ္စည်းဆီသွားထိတာလားလို့မေးပါတယ်။။ ဆရာတော်က ပစ္စည်းက လာသည်မဟုတ်၊ မျက်လုံးအကြည်ဓာတ်ကလည်း သွားသည်မဟုတ်။ ပစ္စည်းရုပ်နဲ့ စက္ခုအကြည်ဓာတ် နှစ်ပါးပေါင်းစုံတိုက်မိ၍ မြင်ခြင်းဖြစ်သည်ဟု ဖြေတာဖတ်ဖူးပါသည်။
        သဲအင်းဂူ ဆရာတော်ကလည်း အခံဓာတ်နဲ့အတိုက်ဓာတ် နှစ်ခုတို်က်မိတော့ ဖဿဝေဒနာ ခံစားမှုဖြစ်သည်။ ပျက်သွားသည်၊ ထပ်ဖြစ် ထပ်ပျက်၊ ဖြစ်ပျက်သင်္ခါရ ဟုရည်ညွှန်းပါသည်။
        အိုင်းစတိုင်းသီအိုရီကို အရင်းခံ၍စဉ်းစားပါမည်။ အလွန်လျင်မြန်သော ရုပ်၏ဖြစ်ပျက်ခြင်းကို သူ့ထက်မနိမ့်သော လျင်မြန်နှုန်းဖြင့်သာ နှိုင်းယှဉ်လို့ရပါမည်။ စိတ်သည်သည် ရုပ်ထက် အဆပေါင်းများစွာ ဖြစ်ပျက်နှုန်းသာသောကြောင့် ရုပ်နာမ်ထိခိုက်မှုဖဿ ဝေဒနာအပေါ်တွင် ဆင်ခြင်တွေးခေါ်ပြီး ညဏ်ဖြစ်သည်။ နှုန်းခြင်းတူပါက သမာဓိသာဖြစ်မည်။
        ကမ္မဝါဒနှင့်ဆက်တွေးလျင်တော့ လူတိုင်းတွင် ရုပ်နာမ်ရှိသော်လည်း အတိတ်ကံ ပါရမီခြင်းမတူ၍ ကံဖြစ်သူ၊ ညဏ်ဖြစ်သူ အမျိုးမျိုးအထွေထွေ ကွဲပြားသွားသည်။

  • phantom

    April 3, 2011 at 5:45 am

    (အခုအသက် ၁၂နှစ်မှာတော့ အင်ဒီယားနာပြည်နယ် University-Purdue University Indianapolis တက္ကသိုလ်မှာ ဒေါက်တာဘွဲ့အတွက် ပညာရေးနဲ့ ဘွဲ ့လွန်စမ်းသပ်လေ့လာတာတွေလုပ်နေသူဖြစ်ပါတယ်..။) သူကြီးရယ် သူတို့က ဒီအရွယ်နဲ့ ဒီလောက်တော်တော့ ကျော်တက်လို့ရတယ် ဒီမှာ ဒီလောက်တော်ရင်ရော ??? အထဲရောက်သွားမယ်ထင်တယ်

  • shweminthar

    April 3, 2011 at 9:35 am

    အိုင်စတိုင်းကိုဖြိုလို့မရပါဘူး
    အိုင်စတိုင်းဆိုတာ ရှိခဲ့လို့သူ ဒီပညာရပ်တွေကို လေ့လာလို့ရနေတာပါ။
    အိုင်စတိုင်းထက် ပိုတိုးတက် ကောင်းမွန်အောင်သာ ကြိုးစားမယ် လို့ထင်ပါတယ်။

    • kai

      April 5, 2011 at 10:57 pm

      အင်း.. ဟုတ်ပါတယ်..။
      သူထုတ်ခဲ့တဲ ့သီအိုရီ.. မှားတယ်ပြောနေတာမို ့… သက်သေပြချက်နဲ့ ခြေဖျက်ရင်.. ရီလစ်တီဗတီသီအိုရီတော့ ပြိုချင်ပြိုမယ်..။ အိုင်စတိုင်းကိုဖြိုလို့တော့ မဖြစ်နိုင်ပါဘူး..။
      အိုင်စတိုင်းရဲ ့တခြားသီအိုရီတွေအများကြီးရှိသေးတာကိုး..။
      နာမယ်အကြိးဆုံးက…E=mC 2 (energy = mass x (speed of light)^2)တဲ့..။
      အဲဒါနဲ့ အနုမြူဗုံးဖြစ်သွားတာလို့ောတင် ပြောလို့ရတယ်.။

  • padonmar

    April 3, 2011 at 2:31 pm

    လွန်ခဲ့တဲ့ ၂-၃ နှစ်လောက်က မြန်မာပြည်က ၃ နှစ်သားကလေး မြန်မာစာ အင်္ဂလိပ်စာ တရုတ်စာ သင်္ချာတွေ
    ဖတ်တတ် တွက်တတ်နေတယ်ဆိုပြီး ဂျာနယ်ထဲဖတ်လိုက်ရတယ်၊ကလေးနဲ့ သူ့မိဘတွေပုံပါပါတယ်၊

  • unclegyi1974

    April 3, 2011 at 2:48 pm

    သတင်းဖော်ပြပေးတဲ့အတွက်ကျေးဇူးပါကိုခိုင်
    us က uk ထက်နှာတဖျားသာသွားပြန်ပါပေါ့
    uk မှာ ၁၁ နှစ်ခလေးမလေး တယောက်ကလည်း
    အိုင်ကျူ ၁၆၂ ဆိုဘဲ
    အိုင်းစတိုင်း ကမှ ၁၆၀
    ဆိုတော့ပိုငယ်လေပိုတော်လေခေတ်ကိုရောက်
    နေပြီနဲ့တူတယ်

  • MaMa

    April 4, 2011 at 5:19 pm

    ဓါတ်ပုံနဲ့ ပတ်သက်ပြီး သိချင်နေတာ အတော်ပဲ။ ဒီအသက်အရွယ်နဲ့ သူမတူအောင် အဲဒီလောက်တော်နေတာကို ဘယ်လိုအဖြေရှာမလဲ မသိဘူး။ သာမန်လူတစ်ယောက်ရဲ့ အိုင်ကျူက ဘယ်လောက်ရှိလဲ။ ကိုယ့်အိုင်ကျူကို သိချင်ရင် ဘယ်လို စမ်းသပ်ရမလဲ။ ခုတစ်လော အိုင်ကျူထက် အီးကျူက အောင်မြင်မှုမှာ ပိုအရေးပါတယ်လို့လဲ ကြားနေရတယ်။ ဗဟုသုတကြွယ်ဝတဲ့ သဂျီးရေ အဖြေပေးပါအုံး။

  • intro

    April 5, 2011 at 2:25 pm

    Where and how to determine our IQ score?

  • Gong Zhu

    April 5, 2011 at 7:11 pm

    ဘာပညာဒါနတွေလုပ်ခဲ့လို့ အဲ့ဒီလောက်တောင် ပညာပါရှိတွေရှိနေတာလဲမသိဘူးနော် … အဲ့လို ဉာဏ်ကောင်းရင်လည်းကောင်းသား ……..

    • kai

      April 5, 2011 at 11:03 pm

      IQ နဲ့ပါတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေ..
      http://en.wikipedia.org/wiki/Intelligence_quotient
      http://wilderdom.com/intelligence/IQWhatScoresMean.html
      http://hem.bredband.net/b153434/Index.htm

      ဆိုတော့.. အကြမ်းအားဖြင့်..အောက်ကအတိုင်းပါတဲ့..
      IQ Scores & Ratings

      What is a good IQ score? What is a high IQ score? What is a low IQ score? These are common questions, particularly after someone finds out their score from an IQ test.
      Lewis Terman (1916) developed the original notion of IQ and proposed this scale for classifying IQ scores:
      Over 140 – Genius or near genius
      120 – 140 – Very superior intelligence
      110 – 119 – Superior intelligence
      90 – 109 – Normal or average intelligence
      80 – 89 – Dullness
      70 – 79 – Borderline deficiency
      Under 70 – Definite feeble-mindedness

Leave a Reply