247 tusks shipped from Kenya seized

Zaw WonnaApril 3, 20111min1095
Photo: www.nation.co.ke

ကင်ညာနိုင်ငံမှ တင်သွင်းလာသော ဒေါ်လာ ၃.၃ သန်း တန်ဖိုးရှိ ဆင်စွယ် ၂၄ရ ချောင်း (အလေးချိန် ၂ တန်ကျော်) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျောက်ဖယား မြစ်အတွင်းရှိ မော်တော်ဘုတ် တစ်စီးပေါ်မှ ဧပြီလ ၁ ရက်နေ့က ဖမ်းဆီး ရမိခဲ့သည်။ ရေခဲရိုက် ငါးများထည့်သည့် ရာနှင့်ချီသော သေတ္တာများထဲတွင် ဆင်စွယ်များကို တွေ့ရှိရခြင်း ဖြစ်သည်။

ယခင်နှစ် မေလကလည်း ကင်ညာနိုင်ငံ Mombasa ဆိပ်ကမ်းမှတဆင့် တင်သွင်းလာသော ၂၀၀ဝ Kg အလေးချိန်ရှိသည့် ဆင်စွယ်များကို ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ အရ ထိုဆင်စွယ်များမှာ တန်ဇန်နီးယားနိုင်ငံတွင် ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းကြီး တစ်ခုဖြစ်သော Selous National Park မှ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း Jomo Kenyatta နိုင်ငံတကာ လေဆိပ်တွင် အလေးချိန် ၉၂ Kg ရှိသော ဆင်စွယ်များကို စင်ကာပူ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသား နှစ်ဦးထံမှ ဖမ်းဆီးရမိခဲ့သည်။

Ref: www.nation.co.ke

5 comments

  • juttue.gyi

    April 3, 2011 at 11:09 am

    အားပါးပါး နည်းတဲ့တန်ဖိုးမဟုတ်ဘူး မိုက်လိုက်တဲ့ကောင်တွေ ဒါလေးတောင် ကောင်းကောင်းမထိန်းသိမ်းနိုင်ဘူး အခုတော့ သွားပြီး နမျှောလိုက်တာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 3, 2011 at 2:25 pm

    အင်းးးး
    ဟဲဗီးကြီးတွေပါလား
    247 ချောင်းဆိုတော့
    123 ကောင်နဲ ့တစ်ဝက်ဖြစ်လိမ့်မယ်
    အကောင်တစ်ရာကျော်တောင်သတ်ခဲ့တာဘဲ
    လွန်ခဲ့တဲ့ နှစ်တုန်းက သတင်းတစ်ပုဒ်ဖတ်ရတယ်
    အာဖရိကမှာ
    ဆင်တွေကို သတ်တာ
    အစွယ်တွက်တင်မဟုတ်တော့ဘူး
    အသားတွေကို ကြပ်တိုက်ပြီးေတော့ စားဘို ့အတွက်ပါရောင်းလို ့ရတဲ့အတွက်
    ဆင်တစ်ကောင်ကို အသားချဉ်းသက်သက် ဒေါ်လာ ငါးထောင်ခြောက်ထောင်လောက်ရတယ်ပြောတယ်
    နောက်သတင်းတစ်ပုဒ်ကတော့
    ဘယ်နိုင်ငံလည်းမသိဘူး
    ဆင်တွေများလွန်းသွားလို ့ အစိုးရက ဆင်တွေကို သတ်မိန် ့တောင်ပေးရတယ်ပြောတယ်
    ခုသတင်းကရော
    ဘယ်လို နောက်ဆက်တွဲသတင်းတွေပါသေးလဲဗျ

  • ဆူး

    April 3, 2011 at 3:04 pm

    ဆင်တွေ မနည်းဘူး သေကြမှာဘဲနော်.. သနားဖို့တော့ ကောင်းတယ်။ သတ္တဝါတွေ လူလုပ်သမျှ ခံနေရတာ..

  • unclegyi1974

    April 3, 2011 at 3:45 pm

    အရင်းစစ်လိုက်တာလောဘ သူကခိုင်းသွားတာပါဘဲ
    ဝယ်သူရှိလို့ရောင်းသူရှိတာပါ ဝယ်သူတွေကဘယ်
    သူတွေပါလဲ
    အသိကလေးတွေမကပ်ကြသေးသမျှဆက်ဖြစ်နေ
    ကြအုန်းမှာပါပဲ

  • Gong Zhu

    April 5, 2011 at 7:05 pm

    ဆင်လေးတွေသနားပါတယ်နော် ………ဆင်တွေက အစွယ်ကို ဖြတ်လိုက်ရင် သေတယ်ဆိုလား ဘာဖြစ်တာဆိုလား … အဲ့ဒါဘာဖြစ်တာလဲ … ???

Leave a Reply