ထူးခြားတဲ့နှစ်….

hmeeApril 6, 20111min1068

ဒီနှစ်ဟာ အတော်ကို ထူးခြားတဲ့ နှစ်ဖြစ်ပါတယ်ဆိုတာ သတိထားမိပါသလား။ ကျွန်မတို. ကြုံလေ့ကြုံထ မရှိတဲ့ date လေးမျိုးကို တွေ.ရှိနေရပါတယ်။  “၁” ဂဏန်းသမားတွေ စိုးမိုးတဲ့……၁-၁-၁၁၊ ၁၁-၁-၁၁၊ ၁-၁၁-၁၁၊ ၁၁-၁၁-၁၁ တွေ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ.ကတော့ သူငယ်ချင်းတို.ရဲ. မွေးသက္ကရာဇ်ရဲ. နောက်ဆုံးနှစ်လုံးကို ခုရောက်ရှိနေတဲ့  အသက်နဲ.ပေါင်းလိုက်မယ်ဆိုရင် “၁၁၁” ကိုရမှာဖြစ်ပါတယ်၊ လူတိုင်းအတွက်မှန်နေတာဖြစ်ပါတယ်။ ( ဥပမာ – ကျွန်မ အခုရောက်နေတဲ့အသက် ၂၁ ၊မွေးတာက ၉ဝ …နှစ်ခုပေါင်းတော. “၁၁၁” ပါ။ နှစ်ပေါင်း (၈၂၃ ) နှစ်မှာမှ တခါကြုံနိုင်တဲ့ ဒီနှစ်ကို money bag year လို. ခေါ်ပါတယ်တဲ့။ ပြီးခဲ့တဲ့ January မှာ စနေ ၅ ရက်၊ တနင်္ဂနွေ ၅ရက်၊ တနင်္လာ ၅ရက် ဖြစ်နေခဲ့တာကို တွေ.ရမှာပါ။ မယုံကြည်ရင် calendar ကို ပြန်ကြည့်နိုင်ပါတယ်။

forward mail ထဲကို ရောက်လာတာလေးပါ။ သူငယ်ချင်းတွေ သိအောင်လို. ပြန်လည် မျှဝေတာပါ။

8 comments

  • nature

    April 6, 2011 at 5:45 pm

    ဒါဆိုဒီနှစ်ထဲမှာ၁ ဂဏန်းသမားတွေ ကြီးပွားဦးမယ်လို့ဆိုလိုတာများလား၊
    ၁ ဂဏန်းသမားတွေပေါင်းထားဦးမှ။ရွာထဲမှာ ၁ဂဏန်းသမားတွေ ရှိကြလားဗျို့၊ အမြန်ဆက်သွယ်ပါ။

  • မမလေး

    April 6, 2011 at 6:01 pm

    ရှိပါတယ် … ၁ ရက် ၁၁ လ မွေးဖွါးတာပါရှင် …

  • မမလေး

    April 6, 2011 at 6:06 pm

    တစ်နှစ်ပတ်လုံးကောင်းမှာလား … ဒါမှမဟုတ် ၁.၁၁.၁၁ အဲ့ဒီရက်မှကောင်းမှာလား … ကောင်းမယ်ဆိုလို့ပျော်လိုက်တာနော် … အဲ့ဒီနေ့ ဘာလုပ်ရင်ကောင်းမလဲ …

  • ဆူး

    April 6, 2011 at 6:11 pm

    မျက်စိ မှတ်ပြီး တရားမှတ်နေ.. အကောင်းဆုံးထဲက အကောင်းဆုံး ဖြစ်သွားလိမ့်မယ်။
    တရားမှတ်တော့ အကုသိုလ် မဖြစ်တော့ဘူးပေါ့.. အဲဒါပြောတာပါ။

  • intro

    April 8, 2011 at 3:41 pm

    ဟုတ်တယ်ဟ ဟီးဟီး၊ သိတဲ့လူတိုင်းလိုလို ၁၁၁ ရတယ်… ထူးထူးဆန်းဆန်းပဲ…

  • PaukPhaw

    April 21, 2011 at 12:46 pm

    1900 အစောပိုင်းမွေးတဲ့သူတွေ 111 မရဘူး
    ဥပမာ-1899

  • MaMa

    April 21, 2011 at 1:42 pm

    ၁ ဂဏန်းသမားအတွက် မိတ်ဖက်က ၂ဂဏန်းသမားလို့ ဆိုပါတယ်။ ၁ ဂဏန်းက နေ ကို ကိုယ်စားပြုတာဖြစ်ပြီး ၂ ဂဏန်းသမားကတော့ လ ကို ကိုယ်စားပြုတယ်လို့ ဆိုကြပါတယ်။ (၁ ဂဏန်း သမားတွေချည်းပဲ ဇာတ်လိုက်ဖြစ်နေလို့ ကိုယ့် ၂ ဂဏန်းကို ဂုဏ်ဖော်ပေးလိုက်တာ။ ဘဝတူ ၂ ဂဏန်းသမားများအတွက် ဝမ်းမြောက်ဖွယ်။)

  • kopauk mandalay

    April 21, 2011 at 3:54 pm

    ကိုပေါက်တော့ 3ဂဏန်းဆိုတော့ 1နဲ့2ပေါင်းရင်လဲရ
    ကြိုက်သလိုရသဗျာ

Leave a Reply