Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြားညပ်နေတဲ့ မြန်မာပြည်

kaiApril 7, 201114min1853

ကြားညပ်နေတဲ့ မြန်မာပြည်

မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်အင်အားအသုံးပြု (The use of force) ရတဲ့ ပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အိန္ဒိယသမုဒ္ဒရာ စစ်မျက်နှာမှာ မဟာဗျူဟာတန်ဖိုး (strategic value) အမြင့်ဆုံးနိုင်ငံတနိုင်ငံအနေနဲ့ သတ်မှတ်ထားခြင်း ခံရတဲ့ နိုင်ငံတနိုင်ငံလဲ ဖြစ်ပါတယ်။ မြန်မာ့အရေးကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ အချက်တွေပေါ်မှာပဲ မူတည်ပြီး တွက်ချက်စဉ်းစားမှု လုပ်လို့ မရနိုင်ပါ။ ပထဝီဝင်နိုင်ငံရေး (Geopolitical factors) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလဲ ဆက်စပ်စဉ်းစားမှု လုပ်ဖို့ လိုအပ်ပါတယ်။ သို့မှသာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးရှိမယ့် ချဉ်းကပ်မှုသဏ္ဍာန်သစ်တွေ၊ မဟာဗျူဟာအခင်းအကျင်းတွေကို ထိထိရောက်ရောက် ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

 

၂၀၁၁ ခုနှစ်၊ ကမ္ဘာ့နိုင်ငံရေးချိန်ခွင်လျှာ

 

ဝါရှင်တန်က ထုတ်ပြန်လိုက်တဲ့ National Military Strategy မှာ အာရှပစိဖိတ်ဒေသရဲ့ မဟာဗျူဟာအကျိုးစီးပွား (strategic interests) တိုးမြှင့်ရေး ပါရှိပြီး၊ တောင်အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာရုံစိုက်ရေး အချက်တွေ ပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော တပ်မတော်တည်ဆောက်ရး (military modernization) နဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ အချက်တွေကိုလဲ ထည့်သွင်းထားပါတယ်။

 

တချိန်တည်းမှာပဲ အာရှနိုင်ငံတွေအကြားက ကာကွယ်ရေးညွှန်ကြားချက် (defence guidelines) တွေကလဲ ပြုပြင်တိုးချဲ့မှုတွေ ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံက ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘော၊ ကင်းထောက်လေယာဉ်နဲ့ ရဟတ်ယာဉ်အမြောက်အမြား ဝယ်ယူဖို့ စီမံထားပါတယ်။ တောင်ကိုးရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကလဲ ရေငုပ်သင်္ဘောဝယ်ယူဖို့ စီမံချက်တွေရှိပြီး၊ မလေးရှားနိုင်ငံရဲ့ လက်နက်တင်သွင်းမှုက ရာခိုင်နှုန်းတက်လာပါတယ်။ စင်ကာပူနိုင်ငံကလဲ ရေငုပ်သင်္ဘော နှစ်စီး ထပ်ပြီး ဝယ်ယူအင်အားဖြည့်လာပါတယ်။ ဩစတြေးလျနိုင်ငံကလဲ ရေငုပ်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ တိုးချဲ့ဖို့ စီမံလာခဲ့ပါတယ်။

 

၂၀၁ဝ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၇၈ ဘီလီယံရှိပြီး၊ လက်နက်တင်သွင်းမှုကိန်းဂဏန်းတွေကို ထပ်ဖြည့်လိုက်ရင် အမေရိကန်ဒေါ်လာ ၁၅ဝ ဘီလီယံ အထက်မှာ ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေက ဆိုထားခဲ့ပါတယ်။ high seas operations အတွက် နယူးကလီးယား ပါဝါသုံး လေယာဉ်တင်သင်္ဘော သုံးစီးကို ၂၀၁ရ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ ပြုလုပ်ထားတဲ့ စီမံချက်အရ ပထမဦးဆုံး လေယာဉ်တင်သင်္ဘောကို ၂၀၁၁ ခုနှစ်မှာ အပြီးတည်ဆောက်နိုင်မယ်လို့ ခန့်မှန်းချက်တွေ ရှိပါတယ်။ အမေရိကန်ရဲ့ F-22 ဂျက်တိုက်လေယာဉ်ဒီဇိုင်းကို ပုံစံတူယူထားတဲ့ J-20 stealth jet fighter ကို ဇန်နဝါရီလမှာ စမ်းသပ်ခဲ့ပါတယ်။

 

အင်အားကြီးနိုင်ငံဖြစ်တဲ့ အိနိ္ဒယနိုင်ငံရဲ့ စစ်အသုံးစရိတ်ဟာလဲ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိရှိပြီး၊ ၃၃ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ဖို့ စီမံချက်ရှိပါတယ်။ scorpene submarines တည်ဆောက်မှုများ ရှိပြီး၊ anti-aircraft submarine နဲ့ စစ်လက်နက်ပစ္စည်းအများအပြား ဝယ်ယူမှုတွေ ရှိပါတယ်။ ဘိုအင်းလေကြောင်းကုမ္ပဏီအပါအဝင် လေကြောင်းကုမ္ပဏီတွေမှာ ဂျက်တိုက်လေယာဉ် ၁၂၆ စင်း မှာယူထားဆဲပါ။

 

အာရှအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အကြားက စစ်အင်အားအပြိုင်အဆိုင် တိုးချဲ့မှု (arms race) ဟာ အာရှပစိဖိတ်ဒေသမှာ ရှိတဲ့ နိုင်ငံတွေရဲ့ စစ်ရေးတာဝန်ရှိသူတွေ၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ နိုင်ငံရေးသမားတွေအတွက် မလွဲမသွေ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေဖြစ်ပါတယ်။

 

 

တရုတ်အိနိ္ဒယ ဆက်ဆံရေး (Sino- Indian Relations)

 

၁၉၅ဝ ကာလတွေမှာ တရုတ်နဲ့ အိနိ္ဒယ နှစ်နိုင်ငံအကြားမှာ တတိယကမ္ဘာရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေးရင်းနဲ့ ကောင်းမွန်ခဲ့ကြပါတယ်။ ဒါပေမယ့် တိဘက်ခေါင်းဆောင် ဒလိုင်လားမားကို အိန္ဒိယသမ္မတ နေရူးက ခိုလှုံခွင့်ပေးမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြားက သံတမန်ဆက်ဆံရေး ပျက်ယွင်းလာခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ အိနိ္ဒယအုပ်ချုပ်ခံ နယ်တွေကို တရုတ်တပ်တွေ ဝင်ရောက်တပ်စွဲလာတဲ့အခါမှာ အိနိ္ဒယက Forward Policy ကို ကျင့်သုံးပြီး၊ တရုတ်တပ်တွေကို ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံကလဲ armed co-existence policy ကို ကျင့်သုံးပြီး၊ စစ်ရေးအရ ထိပ်တိုက်ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ပွဲပြီးဆုံးသွားခဲ့ပေမယ့် အိန္ဒိယဘက်က humiliating defeat အနေနဲ့ သတ်မှတ်ထားဆဲပါ။

 

၁၉၆၄ခုနှစ်မှာ တရုတ်နိုင်ငံက နယူးကလီးယားလက်နက်နိုင်ငံ (nuclear weapon state) ဖြစ်လာချိန်မှာ အိနိ္ဒယက စစ်ရေးအရ ခြိမ်းချောက်မှုအနေနဲ့ သတ်မှတ်ခဲ့ပါတယ်။ ဆယ်နှစ်အကြာမှာ အိန္ဒိယနိုင်ငံကလဲ နယူးကလီးယား လက်နက် ပိုင်ဆို်ငတဲ့ နိုင်ငံ ဖြစ်လာခဲ့ပကါတယ်။ ၁၉၇၀၊ ၁၉၈ဝ ကာလတလျှောက်မှာ နှစ်နိုင်ငံအကြား nuclear arms race တွေ ဖြစ်ပွားခဲ့ပြီး၊ ၁၉၈ဝ နှောင်းပိုင်းမှာမှ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ fair and reasonable settlement ပြုလုပ်ဖို့အတွက် ပူးတွဲအလုပ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ဒီအလုပ်အဖွဲ့ရဲ့ ထောက်ခံချက်တွေဖြစ်တဲ့ ၁၉၉၃ ခုနှစ် Maintenance of Peace and Tranquillity နဲ့ ၁၉၉၆ ခုနှစ် Confidence Building Measures ဆိုင်ရာ စာချုပ်တွေကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

 

ဒီလိုအပြုသဘောဆက်ဆံရေးတွေ ရှိနေပေမယ့် နှစ်နိုင်ငံဆက်ဆံရေးဟာ ပါကစ္စတန်အရေး၊ တိဘက်အရေးနဲ့ ဟိမဝန္တာတောင်တန်း တောင်ပိုင်းနဲ့ Aksai Chin Plateau တို့မှာရှိနေတဲ့ နယ်နိမိတ်အငြင်းပွား ဒေသ နှစ်ခုနဲ့ ပတ်သက်ပြီး ပြေလည်မုတွေ မရှိခဲ့ပါဘူး။ အိနိ္ဒယဘက်က မဟာဗျူဟာ အမြင်မှာ တရုတ်နိုင်ငံဟာ အိန္ဒိယကို ခြိမ်းချောက်နိုင်တယ် ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမှုတွေ ရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးကလီးယား စမ်းသပ်မှုတွေ ဖြစ်ပွားနေချိန်မှာ၊ ကာကွယ်ရေးဝန်ကြီးက တရုတ်ဟာ အိနိံ္ဒယရဲ့ ရန်သူနံပါတ် () လို့ သတ်မှတ်ပြောဆိုခဲ့ပါတယ်။

 

တရုတ်နိုင်ငံက မဟာဗျူဟာလေ့လာသူတွေကလဲ ဂျပန်၊ ဩစတြေးလျနဲ့ အိနိ္ဒယနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှာ ရှိနေပြီး၊ ပစိဖိတ်မှာကလဲ အမေရိကန်ရဲ့ ပါဝါရှိနေတာကြောင့် မဟာမိတ်တန်ဖိုး (alliance values) ပြောင်းသွားခဲ့ရင် တရုတ်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်လို့ တွက်ဆထားကြပါတယ်။ အာရှနိုင်ငံရေးအခင်းအကျင်းမှာ ပေါ်ထွက်လာတဲ့ အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျ နိုင်ငံတို့အကြားက trilateral security dialogue အခင်းအကျင်းတွေ၊ အင်ဒိုဂျပန် မဟာမိတ် အခင်းအကျင်းတွေ ပါဝင်နေတဲ့ Asian-Pacific trilateralism ဟာ တရုတ်နိုင်ငံကို စစ်ရေးအရ ဝိုင်းဝန်းပိတ်ဆို့မှု ပြုလာနိုင်တယ်လို့ ယူဆထားကြပါတယ်။

 

၂၁ ရာစုမှာ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြားမှာ စစ်ရေးအပြိုင်အဆိုင်အင်အားတိုးချဲ့မှုတွေ ကြီးမားလာခြင်းရဲ့ အဓိက အရေးကတော့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်မှုပဲ ဖြစ်ပါတယ်။ အိနိ္ဒယ သမုဒ္ဒရာနဲ့ ပတ်သက်ရင် တရုတ်နဲ့ အိန္ဒိယကို two scorpions in a bottle လို့ စစ်မဟာဗျူဟာ အသိုင်းအဝိုင်းက သတ်မှတ်ထားပါတယ်။ အိနိ္ဒယ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရဲ့ survival ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့ အရှေ့မြောက်ပိုင်းဒေသ ပဲဖြစ်ပါတယ်။ လက်ရှိ အိနိ္ဒယနိုင်ငံရဲ့ စီးပွားရေးအင်အား (economic power) ဟာ ရေနံတင်သွင်းမှုပေါ်မှာ မူတည်နေပါတယ်။ လက်ရှိမှာ နိုင်ငံတွင်းလိုအပ်ချက်ရဲ့ ၆၅ ရာခိုင်နှုန်းက ပင်လယ်ကွေ့ဒေသကနေ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီးတင်သွင်းရတာပါ။ ၂၀၁၅ မှာဆိုရင် ၇၅ ရာခိုင်နှုန်း အထိ တင်သွင်းဖို့ လိုအပ်လာမယ်လို့ သတ်မှတ်ထားကြပါတယ်။

 

တပြိုင်နက်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှာ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ကလဲ အိနိ္ဒိယသမုဒ္ဒရာကို တည်မှီနေတာ ဖြစ်ပါတယ်။ အဲဒီမှာမှ တရုတ်နိုင်ငံက ဆိပ်ကမ်းတွေကို အဝင်အထွက်လုပ်နေတဲ့ သင်္ဘောတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ဟာ မလက်ကာ ရေလက်ကြားကနေ ဖြတ်သန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် Malacca Dilemma ဟာ တရုတ်မဟာဗျူဟာ ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအတွက် ကြီးမားလှတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။ မလကာရေလက်ကြားနဲ့ အိန္ဒိယသမုဒ္ဒရာကို အိနိ္ဒယနဲ့ အနောက်နိုင်ငံတွေက ထိန်းချုပ်သွားနိုင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးအင်အားပြိုလဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်ရေးကို စတင်စီမံလာခဲ့ကြပါတယ်။

 

အိန္ဒိယသမုဒ္ဒရာနှင့် အပြိုင်အဆိုင် စစ်အင်အားတိုးချဲ့မှုများ

 

တရုတ်နိုင်ငံ People’s Liberation Army Navy (PLAN) ရဲ့ ရေရှည်မဟာဗျူဟာဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာကို ဖြန့်ကျက်ထိန်းချုပ်ထားနိုင်ရေးမှာ ပုလဲသွယ်မဟာဗျူဟာက အဓိက ကျပါတယ်။ ဒီဗျူဟာအရ တရုတ်ပြည်မကနေ ပါရှန်းပင်လယ်ကွေ့အထိ SLOC (Sea Lines of Communication) တလျှောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ မဟာဗျူဟာအရ ပူးတွဲခြင်း၊ ဆိပ်ကမ်းတည်ဆောက်ခြင်း စတာတွေ ပြုလုပ်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဟိုင်နန်ကျွန်းက military facilities တွေ တိုးမြှင့်မှု၊ ဗီယက်နမ်အရှေ့ပိုင်းက Woody ကျွန်းပေါ်မှာ airstrip တိုးချဲ့မှု၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာ container shipping facility တည်ဆောက်မှု၊ မြန်မာနိုင်ငံ၊ ရခိုင်ဒေသမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မှု၊ ပါကစ္စတန်နိုင်ငံ ၊ ဂျီဝါဒါဆိပ်ကမ်း စတောတွေဟာ ဒီဗျူဟာရဲ့ အခင်းအကျင်းတွေ ဖြစ်ပါတယ်။

 

တရုတ်ရေတပ်ကို offshore waters (Green Water) Navy Status ကနေ High Seas (Blue Water) Navy Status အထိ မြှင့်တင်ရန် ကြိုးပမ်းမှုတွေ ပြုလုပ်ခဲ့ရာကနေ nuclear-powered aircraft carrier တည်ဆောက်ရေး စီမံကိန်းတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဟိုင်နန်ကျွန်းတောင်ပိုင်းက Sanya ရေတပ်စခန်းမှာ nuclear-powered ballistic missile submarines (SSBNs) တည်ဆောက်မှုတွေ ရှိနေပါတယ်။

 

အိန္ဒိယ နိုင်ငံကလဲ light aircraft carrier တည်ဆောက်မှု၊ missile-armed submarines တည်ဆောက်မှု တွေ ပြုလုပ်ပြီး three dimensional nuclear strategic capability ကို တိုးမြှင့်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ နှစ်သုံးဆယ်ရေငုပ်သင်္ဘောတည်ဆောက်မှု စီမံကိန်းကို အကောင်အထည် ဖော်ပြီး၊ project-15 B လို့ခေါ်တဲ့ စစ်သင်္ဘော တည်ဆောက်မှုစီမံကိန်းတွေကိုလဲ ပြုလုပ်နေပါတယ်။ Land-based naval aviation ဗျူဟာကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းပြင်ဆင်မှုတွေ ရှိနေပါတယ်။

 

စစ်အင်အား အပြိုင်အဆိုင် တိုးချဲ့ရုံမက အရေးကြီးတဲ့ မဟာဗျူဟာ ဒေသတွေ ထိန်းချုပ်ရေးတွေကိုလဲ ပြုလုပ်နေကြပါတယ်။

 

မဟာဗျူဟာဒေသများ

 

အိနိ္ဒယနဲ့ တရုတ်နိုင်ငံအကြားမှာ စစ်ရေးပဋ္ဋိပက္ခတွေ ဖြစ်လာခဲ့ရင် အရေးကြီးတဲ့ မဟာဗျူဟာ ဒေသ သုံးခုရှိပါတယ်။ ပထမတခုက အမ်ဒမန်ကျွန်းစုပေါ်က Port Blair ဖြစ်ပါတယ်။ ဒီဒေသဟာ မလက္ကာရေလက်ကြားနဲ့ ရေမိုင် (၅၀၀) အကွာမှာ ရှိပြီး၊ India’s East Command အတွက် အချက်အချာအကျဆုံး နေရာ ဖြစ်ပါတယ်။

 

ဒုတိယတခုက တိဗက်ဒေသ ဖြစ်ပါတယ်။ ၂၀၁၀၊ ဩဂုတ်လမှာ Qinghai- Tibet ရထားလမ်းကတဆင့် တရုတ်လေတပ်အတွက် အရေးကြီးတဲ့ combat readiness materials တွေကို နေရာရွှေ့ပြောင်း ချထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တိဘက်မှာ တရုတ်ရဲ့ လေတပ်အခြေစိုက်စခန်း လေးခုရှိရာက၊ အောက်တိုဘာလမှာ လေတပ်အခြေစိုက်စခန်းတခုကို ထပ်မံ တည်ဆောက်ထားခဲ့ပါတယ်။

 

တတိယတခုက မြန်မာနိုင်ငံဖြစ်ပါတယ်။ တရုတ်နဲ့ အိနိ္ဒယအနောက်အုပ်စုတွေရဲ့ အကြားမှာ အရေးကြီးဆုံး ဖြစ်တဲ့ Burma factor ဆိုတာကို စစ်မဟာဗျူဟာ ရှုထောင့်ကနေ မဖြစ်မနေ ထည့်သွင်းစဉ်းစားကြပါတယ်။ အန်ဒမန်ကျွန်းစုတွေနဲ့ ရေမိုင် သုံးဆယ်အကွာမှာရှိတဲ့ ကိုးကိုးကျွန်းနဲ့ မြန်မာ့ပင်လယ်ရေပိုင်နက်ထဲက ဟိုင်းကြီးကျွန်းတွေက အိနိ္ဒယသမုဒ္ဒရာမှာ ဖြစ်ပွားလာနိုင်ချေရှိတဲ့ future conflicts တွေရဲ့ decisive victory ကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

 

ဒီကျွန်းတွေပေါ်မှာ တရုတ်ရေတပ်ရဲ့ naval facilities, radars နဲ့ signal-intelligence posts တွေသာ ရှိနေမယ်ဆိုရင် အိနိ္ဒယတပ်နဲ့ အနောက်အုပ်စုတပ်တွေရဲ့ လှုပ်ရှားမှုတွေအားလုံးကို တရုတ်က မျက်ချေမပြတ်စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေနိုင်မှာဖြစ်ပါတယ်။ တရုတ်ရေတပ်ကို carrier strike force, land-based naval aviation ဗျုဟာတွေနဲ့ ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့ ဆိုတာကလဲ မြန်မာနိုင်ငံ လေတပ်စခန်းတွေကို အခြေပြုတဲ့ air cover မရှိမှ ဖြစ်နိုင်မှာပါ။ ဒါကြောင့် Burma factor ဟာ ၂၁ရာစု strategic challenges ဗဟိုချက်မမှာ ရှိတဲ့ အိနိ္ဒယသမုဒ္ဒရာတွင်းက strategic rivalries တွေရဲ့ အရေးအကြီးဆုံး strategic decisive factor ဖြစ်နေပါတယ်။

 

နိဂုံး

 

အခုလို စစ်ရေးအရ၊ နိုင်ငံတကာ လုံခြုံရေးအရ စိုးရိမ်မှုတွေ မြင့်မားလာကြတဲ့ ၂၀၁၁ ခုနှစ်မှာ၊ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကလဲ ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာ အမေရိကန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ အစိုးရသစ်ကို ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ ချဉ်းကပ်မှုမျိုးစုံတွေ အပြိုင်အဆိုင် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီလိုကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေအကြားမှာ တိုင်းပြည်တိုးတက်ရေး၊ စစ်ရေးအရ ကြားမညပ်စေရေး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးတည်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေလဲ ပေါ်ထွက်လာသင့်ပြီ ဖြစ်ပါတယ်။

 

ကြားညပ်ပြီး စုပ်ပြတ်သပ်ချုံးချုံးကျနေတဲ့ မြန်မာပြည်ကို ကယ်တင်နိုင်သူတွေဟာ မြန်မာနိုင်ငံသားတွေပါပဲ။ အပြန်အလှန် စွပ်စွဲမှုတွေ၊ စိန်ခေါ်မှုတွေ၊ တဘက်နဲ့ တဘက် အနိုင်ယူလိုမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ ရလဒ်ထွက်ပေါ်လာရေးကို မစဉ်းစားပဲ ရလဒ်ဖြစ်အောင် ဦးဆောင်သူအနေနဲ့ သတ်မှတ်ခံချင်မှုတွေ၊ နဖားကြိုးထိုးခံမှုတွေကနေ ဖောက်ထွက်ပြီး၊ မြန်မာနိုင်ငံသားတွေ အချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှု၊ အသိအမှတ်ပြုမှု၊ ဘုံအကျိုးစီးပွား ရှာဖွေနိုင်မှုတွေ ပေါ်ထွက်လာတဲ့ တနေ့မှာ ကြားညပ်နေသော်လည်း ဘက်မလိုက်တဲ့ မူဝါဒကို အခြေခံသော ခေတ်မှီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်လာနိုင်မှာ ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါတယ်။

 

ခင်မမမျိုး (၆၊ ၄၊ ၂၀၁၁)

 

(စာရေးသူသည် ယူကေနိုင်ငံ အခြေစိုက်၊ စစ်ရေးလေ့လာသူတဦးဖြစ်ပြီး China and Indian Ocean: Strategic Interests in the 21st Century စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါသည်)

3 comments

  • timothy

    April 7, 2011 at 11:39 am

    တရုပ်၊ကုလား။ဒီလူမျိုး၂စုသည်ကမ္ဘာ့လူဦးရေအများဆုံးရှိတဲ့နိုင်ငံများဖြစ်ပါတယ်။
    လူမျိုးကြီး၊ယဉ်ကျေးမှုအရရော၊လူနေမှုစနစ်ကအစနှစ်ပေါင်းများစွာယဉ်ကျေးမှုနက်ရှိုင်းတဲ့
    အဓိကရနိုင်ငံကြီးများပါဘဲ။
    ဒီ၂နိုင်ငံကိုရောက်ဖူး၊ကိုယ်တွေ့မြင်ဘူးမှနှစ်ပေါင်းများစွာကစနစ်တကြတည်ဆောက်ထားတဲ့
    ခမ်းနားကျော်ကြားသောအဆောက်အဦ၊လူနေမှုစနစ်များကိုကိုယ်တွေ့နားလည်နိုင်မှာပါ။
    ဒီကမ္ဘာ့အေရာမနိုင်ငံကြီး၂နိုင်ငံကြားမှာမြေစာပင်အဆင့်တောင်ပထဝီသဘောအရမရှိနိုင်တဲ့
    မြန်မာပြည်ဟာအင်မတန်နေထိုင်တပ်မှကမ္ဘာမှပြောက်ကွယ်မသွားမှာပါဘဲ။
    ဗမာပြည်ဟာတချိန်ကသမာသမတ်ရှိပြီး၊၁၉၅ဝခုနှစ်နောက်ကိုင်းမှာကမ္ဘာ့ကုလသမဂ်ဂရဲ့အရေးပါ
    လေးစားမှုကိုရရှိတဲံနိုင်ငံအဆင့်ကိုရောက်ခဲ့ပါတယ်။အရှေ့အာရှမှာအတိုးတက်ဆုံးထိပ်တမ်းနိုင်ငံ
    အဆင့်မှာရှိခဲ့ပါတယ်။
    အခုစစ်အာဏာရှင်အဆင့်ဆင့်တို့ရဲ့မိုက်တွင်းနက်မှုကြောင့်တချိန်ကရွှန်းရွှန်းတောက်ခဲ့တဲ့ဗမာပြည်ဟာ
    သူများတံထွေးခွက်ထဲအဖတ်ဆယ်မရအောင်ကိုမျောနေပ်ပြီ။သွားလေသူဗိုလ်ချုပ်(အောင်ဆန်း)
    တစ်တစ်ခွခွပြောသွားတဲ့×နိုင်ငံဆိုတာထက်အများကြီးဆိုးနေပါပြီ။
    တကယ်ဗမာပြည်ကိုတိုးတက်ပြီးသိက္ခါသမာဓိရှိရှိနဲံဒီနိုင်ငံကြီး၂နိုင်ငံကြားနေနိုင်ဘို့
    ဒီမိုကရေစီအစိုးရရှိမှဖြစ်နိုင်မှာပါ။
    လူထုရဲ့သဘောတူညီချက်ကိုလေးစားစွာရယူနိုင်တဲ့အစိုးရကောင်းသာလျှင်လူထုစည်းလုံးညီညွတ်မှုကိုကိုရယူနိုင်ပါမယ်။
    တနိုင်ငံလုံးနိုင်ငံကာကွယ်ရေးအတွက်လိုအပ်လျှင်နာရီပိုင်းအတွင်းစစ်ပြင်ဆင်မှုအချိတ်အဆက်မိမိနဲ့ရှိနိုင်မဲ့တနိုင်ငံလုံးအမျိုးသား၊အမျိုးသမ္မီးများအားလုံးပါဝင်နိုင်တဲ့စစ်ပညာသင်ထားဘို့လိုပ်တယ်။
    ဒီမိုကရေစီအစိုးရရှိမှဥပဒေတွေ၊စစ်မှုထမ်းဥပဒေတွေပြထမ်းလုပ်ဆောင်နိုင်မှာပါ။
    ဘယ်သူမှတရားဥပဒေရဲ့အထက်မှာမရှိဘဲ၊သမ္မတ၊ဝန်ကြီး၊ဝန်ကလေး၊ရုံးစရေးကြီး၊ပြာတာရဲ့
    သားသ္မီးအားလုံးတပြေးညီနိုင်ငံတည်ဆောက်မှု၊ကာကွယ်ရေး၊တွေကိုတာဝန်သိသိပျော်ပျော်ရွှင်ရွှင်
    ထမ်းဆောင်ပေးနိုင်မှာပါ။
    အခုလိုဖက်ဆစ်စစ်အာဏာရှင်ကိုကျတော်တို့မတိုက်ထုပ်နိုင်လျင်ဗမာနိုင်ငံဟာဒီနိုင်ငံကြီး၂နိုင်ငံ
    စစ်အားပြိုင်ဆိုင်မှုကြားမှာ၊
    တရုပ်ကြီးကုလားကြီးနှာချီချောင်ဆိုးလိုက်ယုံရှိသေးတယ်၊ဒီမှာအချင်းချင်းပြစ်သတ်လို့အင်အားသုညဘဲရှိတော့၊
    မကြာခင်မှာတရုပ်၊ကုလားကြီးတို့ကဝါမြိုစားခံရမဲ့ကိန်းဘဲရှိပါကြောင်း၊
    အရှိကိုအရှိအတိုင်းတင်ပြနှိုးဆော်လိုက်ရပါတယ်ခင်ဗျား။

  • nature

    April 7, 2011 at 4:31 pm

    နိုင်ငံရေးနဲ့စစ်ရေးဗဟုသုတတော်တော်ရပါတယ်၊ ဒါဖတ်ပြီးဗုံးခိုကျင်းကြိုတူးထားချင်စိတ်ပေါက်လာတယ်၊ မြေပုံလေးနဲ့တွဲပြနိုင်ရင်ပိုကောင်းမှာ၊

Leave a Reply