Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Bungee Jump

nigimi77April 9, 20111min4037

Bungee  Jump
 
အဲဒါက ဘာလဲ ဆိုတော့  ….ရုန်းအားကောင်းတဲ့ သားရေကြိုး (elasticity  Rope)  ရဲ  ့တစ်ဖက်ကို  လူရဲ  ့ ကိုယ်ခန္တာ ဒါမှ မဟုတ်  ခြေထောက်မှာ ချည်ပြီးတော့ မြင့်မားတဲ့ နေရာကနေ ခုန်ချပြီး
မြေပြင် (သို ့) ရေပြင်နဲ ့ ထိလုနီးချိန်မှာ ကြိုးရဲ  ့ ရုန်းအားကြောင့် အပေါ်ကို ပြန်ဆွဲတင်ရင်း ပြန်ကျရင်းနဲ ့  သားရေကြိုးကို ပေးလိုက်တဲ့ ဆွဲဆန် ့အား ကုန်သွားတဲ့ အထိ နိမ် ့လိုက်မြင့်လိုက်နဲ  ့
ရင်ခုန်မှု၊ စွန် ့စားမှု တို ့ကို သာယာစေတဲ့  Outdoor Sports တမျိုးပါပဲ။  Bungee  Game လို ့လည်း ခေါ်ကြပါတယ်။  Bungee  (သို ့)  Bungy လို ့လည်း ရေးသားကြတယ်။
 
သမိုင်းကြောင်း အနေနဲ ့ဆိုရင်…..1979 ခုနှစ်မှာ  England နိုင်ငံ  Oxford University ရဲ  ့ စွန် ့စားအားကစား ကလပ် အဖွဲ  ့ဝင် ၄ ယောက်က  အမေရိကန်နိုင်ငံ  Sanfransisco ရှိ 
The Golden Gate Bridge  ရဲ  ့ အပေါ်မှ ခုန်ချပြတဲ့ အချိန်ကနေ ဒီ အားကစားနည်းဟာ စတင်ခဲ့တယ်လို ့ အဆိုရှိတယ်။  အဲဒီနောက်  ၈ နှစ်လောက် ကြာပြီးတဲ့ အခါ  Newzeland မှ
A.J  Hackett ဟာ   ပြင်သစ်နိုင်ငံမှာ ရှိတဲ့  ၁၁ဝ မီတာ မြင့်တဲ့  The Eiffel Tower  ကနေ ခုန်ဆင်းပြခဲ့ပြီး  Mass communication  (Mass Comm) မှာ ဖော်ပြခံခဲ့ရတယ်။
အဲဒီနောက်မှာတော့  Hackett ဟာ မွေးရပ်မြေဖြစ်တဲ့  Queen`s  Town မှာ   Hackett – Bungee Club ကို  တည်ထောင်ပြီးနောက်  ၄ရ မီတာမြင့်တဲ့  Kawarau River  မှာရှိတဲ့ တံတားပေါ်ကနေ
လူ အယောက် ၅ဝ ကို  Bungee  Jump ခုန်တဲ့ နည်းစနစ်ကို ပြသပေးပြီး  ပေါ်ပြူလာ ဖြစ်လာစေမဲ့   Leisure sports  ကို စတင်ခဲ့ပါတယ်။
 
Bungee  Jump အားကစားနည်း ဟာ  South Pacific မှာရှိတဲ့  ကျွန်းနိုင်ငံ Republic of Vanuatu  ရဲ  ့ Pen Te coast  မြို ့သားတွေရဲ  ့ နှစ်စဉ်နှစ်တိုင်း Spring ရာသီဥတုမှာ  ကျင်းပတဲ့ 
Adult Festival မှာ  ရိုးရာဖြစ်လာခဲ့ပါတယ်။    အဓိက ရည်ရွယ်ချက်ကတော့ ယောကျာင်္းသားတွေရဲ  ့ ရဲရင့်မှုကို ပြသပြီး အရွယ်ရောက်ပြီဆိုတာကို ပြသတာပေါ့။
 
Bungee  Jump ဟာ  အဲဒီနောက်ပိုင်း ဟယ်လီကော်ပ်တာ ပေါ် ၄၄ဝ မီတာ အမြင့်ကနေ အမြင့်ခုန် ခုန်တဲ့ အပြင် စံချိန်သစ် တွေဟာ ဖြစ်ပေါ်လာပြီး  လတ်တလောမှာ အစုလိုက် အပြုံလိုက် ခုန်ချခြင်း အပြင် စက်ဘီးစီးပြီးတော့ ခုန်ချတာတွေ စသဖြင့်  ဖြစ်ပေါ် လာခဲ့တယ်။
 
ကျုပ်လဲ  ခုန်ဖူးတယ်ရှိအောင် ခုန်ခဲ့တယ်။   အခကြေးငွေကတော့ လက်ရှိမြန်မာငွေနဲ ့တွက်ရင် တခါခုန်ရင် ၃ သောင်း ကျော် ကျသင့်တယ်။  ခုန်ဖို ့ စာရင်းပေးပြီး
နောက်မှာ  ကျမ်းမာရေးကောင်းမကောင်း၊ နှလုံးရောဂါ ရှိသလား ဆိုတာတွေ မေးမြန်းတယ်။ ပြီးရင်  စာချုပ် ချုပ်ရတယ်။  တကယ်လို ့ အကြောင်းအမျိုးမျိုးကြောင့်
သေဆုံးခဲ့ရင် မိမိသဘောနှင့် အဆိုပါ ကစားနည်းကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း။  Club မှာ တာဝန်မရှိကြောင်းကို မှတ်ပုံတင် ကဒ် ကို Copy ကူးပြီး စာချုပ်မှာ လက်မှတ်
ထိုးရတယ်။ 
 
ပြီးတဲ့ အခါ  ကိုယ့်ရဲ  ့ ကိုယ် အလေးချိန်ကို ချိန်တွယ်ပြီးတဲ့ နောက်  သင့်တော့မည့် ရုန်းအားရှိတဲ့  (elasticity  Rope)  ကို ရွေးချယ်ပေးတယ်။
အရမ်းရဲတင်းတဲ့သူတွေ ဒါမှ မဟုတ် ခုန်ဖူးတဲ့ သူတွေက ခြေထောက်မှာပဲ Safety Belt တွေ ချည်ဖို ့ စာရင်းပေးကြတာပေါ့။
ကျုပ်က ပထမဆုံးခုန်မှာဆိုတော့ သူတို ့က  ပုခုံးရယ် ခါးရယ် ပေါင်ခွကြားကို တွဲပေးပြီး မြီးညှောင့်ရိုး နေရာကနေ ဂျိတ် ချိတ်တဲ့ဟာကို ပဲ ခွင့်ပြုတယ်။
ပြီးတဲ့ အခါကြတော့ လက်ဖျံမှာ Sticker ကပ်ပေးလိုက်တယ်။  အလေးချိန်နဲ ့ အတူ ဘယ်လို ကြိုးမျိုးကို ရွေးချယ်ပေးရမယ် ဆိုတာကို ပေါ့။
အတွက်မှားရင် တကိုယ်လုံး အဆစ်တွေ ဆွဲဆောင့် ဖြုတ်သလို  ဖြစ်နိုင်တာကြောင့်ပါ။ 
 
ဓါတ်လှေကားနဲ ့ အပေါ်ကို ရောက်လုနီးလေ အောက်မှာ မြင်ရတာတွေက အစက်အပြောက် လောက်မြင်ရလေ ဖြစ်မှ ဖြစ်ပါ့ မလားလို ့ သံသယစိတ်က
ဝင်လာချင်ပေမဲ့ ပတ်ဝန်းကျင်ကို လေ့လာလိုက်တော့  လေဒီ အလန်းဇယားလေးတွေ ၃ ယောက်ကို တွေ ့ရတော့ ဟန်ကိုယ့်ဖို ့ လုပ်နေရရော။
 
အပေါ်ဆုံးကို ရောက်လာတဲ့ အခါ ကိုယ့်အရှေ  ့မှာ ခုန်နေသူတွေ၊ ခုန်ဖို ့ပြင်နေသူတွေ၊  ငိုယိုနေတဲ့ မိန်းကလေးတွေကို တွေ ့ရပါတယ်။
စောစောက ကျုပ်နဲ ့ တလှေထဲစီး တစ်ခရီးတည်း လာတဲ့ လေဒီ ဂါးဂါး လေးတွေဟာ ဒူးညွတ်ကျပြီး ငိုပွဲဆင်တော့တာပဲ။ မခုန်ဘူး ပြန်ဆင်းမယ်ပေါ့။
ငါဟဲ့ နိဂိမိ ဆိုပြီး  နည်းပြတွေ အရုပ် တစ်ရုပ်လို လက်မောင်းက ဆွဲခေါ်တာကို လိုက်သွားပြီး သူတို ့ပေးတဲ့ ဟာတွေကို ကိုယ်မှာသိုင်းဝတ်ပြီး သကာလ….
ဒီမှာ ကိုယ့်လူ… အောက်မှာလဲ စာချုပ် ချုပ်ပြီးသားပေမဲ့ ကြိုတင် ပြေပြလိုက်မယ်…. ကျုပ်ပြောပြတဲ့ဟာကို တသဝေမတိမ်း လိုက်နာပါ… မဟုတ်ရင် အောက်ရောက်
တဲ့ အခါ ခေါင်း ရှာမရ ဖြစ်မှာစိုးတယ်တဲ့…..။ အရင့်အရင်ကလဲ  ခုန်ခဲ့ဖူးတဲ့ စီနီယာတွေ ရဲ  ့  ခေါင်းဟာ ပွင့်ထွက်ပြီး ရေထဲက ငါးတွေ စားတော်ခေါ်လိုက်တယ် ဆိုပဲ။
 
ကျုပ်လဲ ရှေ  ့တိုးရအခက် နောက်ဆုတ်ရ အခက် မထူးပါဘူး  ဒုတိယ အကြိမ် ငါဟဲ့ နိဂိမိ ကွ လို ့…..။
 
ခုန် တဲ့ အစွန်အဖျားကနေ ခြေလှမ်းကျဲကြီး ရ လှမ်းလောက် ရှိမလားပဲ… ပြေးပြီး ခုန်ခိုင်းပါတယ်။
 
အနောက်ကနေ တွန်းချ လိုက်သလား ကိုယ့်ဖာသာပဲ ပြုတ်ကျ သွားသလား မဝေခွဲနိုင်ခဲ့ပါဘူး….။
 
ရှိသမျှ အားအင် ဝမ်းခေါင်းထဲက အသံကုန် အော်ဟစ်ပြီးတော့ကို ဘယ်လိုမှ မဖော်ပြနိုင်တဲ့ ကြောက်ရွံ  ့မှု တို ့နဲ ့အတူ  အောက်ဖက်မှာရှိတဲ့ ရေပြင်ပေါ်ကို မြန်ဆန်တဲ့
အရှိန်နဲ  ့ ကျဆင်းလာတာ  ရေပြင်နား ရောက်ခါနီးလေ နောင်တ တွေက စက္ကန် ့ပိုင်း အတွင်း မရေမတွက်နိုင်လောက်အောင် ဝင်လာခဲ့ပေမဲ့………
ရုတ်တရက် သားရေကြိုးက  အပေါ်ကို ပြန်ပြီး ရုန်းကန်ဖို ့ အစပြုလိုက်တဲ့ အချိန်မှာ ပထမ ခံစားချက်ထက် အဆပေါင်းများစွာ ပိုမိုပြင်းပြတဲ့ ကြောက်ရွံ  ့မှုဟာ……..
ခြေကားယား လက်ကားယား အထက်အောက် ဆင်းလိုက်တက်လိုက်နဲ ့ ၃ ကြိမ်လား ၄ ကြိမ်လား မမှတ်မိပါ။  နောက်ဆုံး ရုန်းအားကုန်သွားပြီး ကျုပ်ဟာ ရေပြင်ကနေ
လူအရပ် ခါးတဝက်လောက် အနေအထားမှာ ဆန် ့ဆန် ့ကြီး ငြိမ်နေခိုက် လှေကလေး တစ်စီးက လူနှစ်ယောက်နဲ ့လာပြီး ဂျိတ်ကိုဖြုတ် လှေပေါ် ကျုပ်ကို တင်ပြီး ကမ်းကို
ပြန်တက် တဲ့ အခါ မတ်တပ် ရပ် ရပ် ချင်းပဲ ဒူးညွတ် လဲကျပါတော့တယ်…..။
 
အကူအညီနဲ ့ ခုံတစ်ခုံမှာ ထိုင်ပြီးနောက် ဘယ်သူ ့ကိုမှ  စကားလဲ မပြောနိုင် ငေးကြောင်ကြောင်နဲ ့ မိနစ် အတော်ကြာ အရှေ ့မှာ အသင့်ရှိတဲ့  ယမကာခွက်ကို
တဟုတ်ထိုး မော့ချလိုက်ပါတော့တယ်…………………။
 
အဲဒီနေ ့က စပြီး  ၄ ရက် တိတိ အိပ်မက်ထဲမှာ  ချောက်(ဂျောက်) ထဲကို ပြုတ်ကျတာ အကြိမ်ကြိမ်အခါခါပေါ့…….။
 
အခွင့် အရေးရှိရင် ထပ် ခုန်ချင်ပါသေးတယ်………..။

သမိုင်း ကိုးကား   ။     www.naver.com

ဓါတ်ပုံ ကိုးကား   ။     www.naver.com

7 comments

  • bigcat

    April 10, 2011 at 3:34 am

    ကိုနိဂိမိရေးမှပဲ သိချင်နေတာလေး သိလိုက်ရတယ်။ ကျေးဇူးပါဗျို့။ ၁၉၉ဝ ခုနှစ်အစောပိုင်းကာလ ဗိုလ်ချုပ်ခင်ညွှန့်လက်ထက် ကျောင်းသားအားကစားပွဲလား အမျိုးသားအားကစားပွဲလားမသိဘူး ဖွင့်ပွဲမှာ အမျိုးသမီးအနုပညာရှင်တွေ လေထီးခုန်ဖို့လုပ်ကြတယ်။ တီဗွီမှာပြတော့ စစ်သီချင်းတွေဆိုလို့၊ လေ့ကျင့်ခန်းတွေလုပ်လို့ ရဲရဲတောက်ပေါ့။ တကယ်လည်း လေယာဉ်ပေါ်ရောက်တော့ ကိုနိဂိမိရဲ့ လေဒီဂါးဂါးတွေလို ဖြစ်ကုန်ပြီး နောက်ကနေ တွန်းချရတယ်ပြောတယ်။ အဆိုတော် နှင်းနုနုနိုင်တို့၊ အကော်ဒီယံအုန်းကျော်သမီးတွေ ပါတယ်မှတ်မိတယ်။ လေ့ကျင့်ရင်းနဲ့ အမျိုးသမီးတယောက် အကျမတော်ဖြစ်ပြီး ခြေကျိုးသွားလို့ အစီအစဉ်ဖျက် လိုက်ရတယ်ကြားတယ်။
    ကျနော်ကတော့ ခင်ဗျားလို ဘန်ဂျီးလည်း မခုန်ရဲဘူး၊ လေထီးဆိုဝေလာဝေးဘဲ။ ဒါပေမဲ့ မြန်မာပြည်မှာ ရေကူးသင်တန်းတက်တော့ နောက်ဆုံးနေ့မှာ သင်တန်းသားတွေ ဒိုင်ဗင်စင်ပေါ်ကနေ တဦးချင်း ခုန်ချရတယ်။ သူများတွေ ကို့ယို့ကားယားဖြစ်တာ သဘောကျပြီး ငါ့အလှည့်တော့ လုပ်ရမဲ့အတူတူ မစဉ်းစာဘူး ခုန်ချမယ်လို့ စဉ်းစားထားပေမဲ့ တကယ်တမ်းကြတော့ အောက်ကြည့်လိုက် အပေါ်မော့ အသက်ရှုလိုက်၊ ပြန်ငုံ့လိုက်နဲ့ နောက်ဆုံး ဆရာစိတ်မရှည်ဖြစ်ပြီး တွန်းချမှ ဝက်ကျကျတယ်။ ကျကျခြင်း မကြောက်ဘူးဗျ၊ အတွန်းခံလိုက်ရလို့ ထောင်းခနဲဒေါသထွက်သွားတယ်။ နောက်တော့မှ ရေပြင်အပြာကြီးကို ကုန်းကုန်းကြီးကျရင်းမြင်မှ ကြောက်သွားတာ။ ရေထဲရောက်တော့ ကြောက်တာထက် စိုးရိမ်တာ၊ ဝမ်းနဲအားငယ်တာ ပိုတယ်ထင်တာပဲ။ အဲဒီလိုမျိုးသေရင်တော့ ရေသတ္တဝါဖြစ်ပြီး သဂျီးလက်ချက်မိမှာပဲဗျို့…

  • nozomi

    April 10, 2011 at 3:53 am

    အင်္ဂလန်မှာ မြန်မာမိန်းကလေးတစ်ယောက် ခုန်တဲ့သတင်း ကြားပြီးစိတ်ဝင်စား နေတာ အရေးအသားလဲကောင်း ဗဟုသုတလဲရတဲ့အတွက် ကျေးဇူးတင်ပါတယ်

    တစ်ခုစိတ်မကောင်းဖြစ်ရတာက ဒီတပတ် (၁၀-၄-၁၁) voice မှာ ဖတ်လိုက် ရတယ် ဒီဆောင်းပါးကိုဖတ်ပြီး အရမ်းသဘောကျသွားတာနဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က ပုလဲကွန်ဒို ၉ လွှာက ဘာကြိုးမှ မပါဘဲ ခုန်ချတာ သေသွားတယ် တဲ့

  • nigimi77

    April 10, 2011 at 4:58 am

    ကျုပ် ၅ လွာမှာ…..ညညဆိုရင် တစ်ယောက်ထဲ ဆိုတော့ နဲနဲ…. 🙁

  • nature

    April 10, 2011 at 5:01 am

    ကိုယ်တွေ့ရေးထားတာ တော်တာ်အသဲယားဘို့ကောင်းပါတယ်၊ ကျနော့်အမြင်တော့ ဒါဟာ ချမ်းသာတဲ့သူတွေ ငွေကုန်ခံပြီးကိုယ့်ဒုက္ခကိုယ်ရှာတယ်လို့မြင်ပါတယ်၊ ဘာပဲဖြစ်ဖြစ်ခုန်ချရဲတဲ့သတ္တိကိုတော့ချီးမွမ်းပါတယ်။

  • noob

    April 10, 2011 at 6:43 am

    အမှန်အတိုင်းပြောရရင် ပွင့် ကို လက်ထက်မလား ခုန်ချမလားဆို ပွင့် ကိုပဲ လက်ထက်ပရစေ

  • kai

    April 10, 2011 at 6:55 am

    စမ်းသပ်နည်း အသစ်တွေ့ပဟ..။
    မြန်မာပြည်က .. အရိယာဆိုတဲ့ ပုဂိ္ဂုလ်တွေ..ခုန်ခိုင်းကြည့်ဖို့ကောင်းတယ်..။
    ကြိုးကဖြုတ်ပြီးပြီးခြင်း.. မျဉ်းတားထားတဲ့.. လမ်းကြောင်းအတိုင်း… ၃လှမ်းလျှောက်ပြပါ..ဆိုပြီးရောပေါ့..။ 🙂

  • fighternk

    July 19, 2011 at 3:58 pm

    မြန်မာနိုင်ငံမှာကော ဒီလိုအားကစားရှိရင် သိပ်ကောင်းမှာပဲ။

Leave a Reply