“တေလေဌက်”

maung hninkharrApril 10, 20111min600

ဒီညမှာ

တေလေဌက်တွေ ရီဝေနေရဲ့ ။

ဒီလိုည

တေလေဌက်က ရင်ဖွင့်နေရဲ့ ။

ဒီလိုည

တေလေဌက်က ကြီစီုးနေရဲ့ ။

Mama I’m commin home တဲ့

မေ့လျော့ခဲ့ ကြာညောင်းလု…..

ဖန်ခွက်ချင်းထိသံဟာ

တေလေဌက်ရဲ့ ဂီတပေါ့ ။

ယိုင်နဲ့စွာ အပြန်

ဒီ ကဗျာဟာ ….

တေလေဌက်ရဲ့ တမ်းချင်းဖြစ်နေလေရဲ့ ။  ။

 

 

 

“မလိုအပ်လျှင် မလေးနက်ပါနဲ့

Tissue စလို ဘဝက ပါးပါးလေး

မလိုအပ်လျှင်မလေးနက်ပါနဲ့

သင်….. ပင်ပန်းမှာစိုးမိ

 

သင်လည်း …. Charger နဲ့လူသား

တစ်ချိန် Chargen Down မှာ

မလိုအပ်လျှင်မလေးနက်ပါနဲ့

 

သင့်ဘဝ သင် မီးထိုးပါ

အစီအစဉ်မကျ လောက ၊ လိုက်ပါစဉ်

သင် ……

မလိုအပ်လျှင်မလေးနက်ပါနဲ့ ။  ။