နှစ်ကူးမှာ ဘာလုပ်ကြမှာလဲ

manawphyulayApril 10, 20111min812

ဪ…..
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လို့လာပြီ
နှစ်သစ်မှာ
ငါ ဘာတွေလုပ်မလဲ
စဉ်းစားဖို့ လိုလာပြီ
အခုမှ စဉ်းစားရမှာ
တချို့ကပြောကြတယ်
ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
ကျွန်မအထင်ကတော့ ပြီးမယ် မထင်ဘူး
ဘာလို့လဲဆိုတော့ အတိတ်ဆိုတာ လူတိုင်းမှာ ရှိတယ်လေနော်
တမ်းတဖို့မှ မဟုတ်တာ၊ အနာဂတ်လဲဒီလိုပဲ စိတ်ကူးယဉ်နေရုံနဲ့
ဘာမှမဖြစ်လာဘူးလေ၊ အဓိက ကတော့ ယခုလက်ရှိအချိန်ဟာ
အရေးကြီးဆုံးပဲလေ ဒီတော့ ဘာပဲလုပ်လုပ် အမှားအမှန် ခွဲခြားသိမြင်ပြီး
မကောင်းမှုကို အဝေးကရှောင်ပြီး
အသိတရားလေး ကိုယ်မှာကပ်ပြီး တစ်နေ့ထက် တစ်နေ့ အောင်မြင်တိုးတက်မှု
ရှိဖို့ လိုအပ်နေတယ်လို့ ကျွန်မ သဘောပေါက်လိုက်မိပြီ

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနိးကာလ၊ နှစ်ဟောင်းကို စွန့်ခွာပြီး နှစ်သစ်မှာ
ခြေမချခင် လမ်းဆုံမှာ ခြေစုံရပ်ပြီး ဆင်ခြင်သုံးသပ်ရပါမယ်။ နှစ်ဟောင်းကနေ
နှစ်သစ်ကို ကူးပြောင်းခွင့်ရတာဟာ နှစ်ဟောင်းမှာ ငါ မသေခဲ့လို့ပဲ၊ နှစ်ဟောင်းမှာ
မသေခဲ့ပေမဲ့ နှစ်သစ်ကိုရောက်တာနဲ့ ငါ့အသက်တစ်နှစ်ကြီးလာပြီ၊ သေဖို့ တစ်နှစ် ပိုနီးလာပြီ။
နှစ်သစ်ရဲ့ ရက်စွဲတစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို
လွန်မြောက်ခဲ့ပေမဲ့ နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ်။ နှစ်ဟောင်းမှာ ငါဘာတွေ လုပ်ခဲ့လဲ။ ငါ့အတွက် ဘာအကျိုးတွေ ခံစားရလဲ။ စဉ်းစားဖို့ လိုလာပြီနော်။ ပြီးတော့ နှစ်သစ်မှာရော အချိန်တွေ ဖြုန်းမှာလား။
အချိန်တွေ သုံးမှာလား။ ကိုယ်လုပ်ချင်တဲ့ အလုပ်၊ ကိုယ်လုပ်သင့်တဲ့ အလုပ်ဆိုတာ မသေခင်ကာလလေးမှာပဲ
လုပ်ပိုင်ခွင့်ရှိပါတယ်။ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ ခုလို နှစ်ဟောင်းကုန်ကျူး နှစ်သစ်ကူးတော့မဲ့
အချိန်ကာလမှာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားတဲ့ သေခြင်းတရားကိုလည်း သတိရနေမိတယ်။
ဒါကြောင့် သင်တို့အားလုံးကော မသေခင် ဘာလုပ်ကြမလဲ ဟင်……………………..

2 comments

  • eros

    April 10, 2011 at 1:26 pm

    မမနော နှစ်ကူး သင်္ကြန်မှာ ဘာလုပ်မလဲလား၊ မသေခင်ဘာလုပ်မလဲလား။

  • manawphyulay

    April 10, 2011 at 1:57 pm

    နှစ်ကူးပြီး နောက်တစ်နှစ်ရောက်တဲ့အတွင်း မသေခင်ပေါ့ မောင်လေးရဲ့ ဒါနဲ့ သင်တန်းတက်ခွင့်ဖရီးကတ်ပို့လိုက်တာ ရလား…

Leave a Reply