တပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်းများ (၉.၄.၂၀၁၁), interesting news (9.4.2011)

erosApril 10, 20112min945

NDF က ဒေါက်တာမြတ်ဉာဏ်စိုးက လွှတ်တော်မှာ ပြောပြီးသောစကားများ ဘွာခတ်လို့ မရဘူးဟုပြော။

အဆိုပါသတင်းတွင် NDF က ဒေါက်တာမြတ်ဉာဏ်စိုးကို လွှတ်တော်တွင်း အဆိုတင်သွင်းမှုများ ၊မေးခွန်းများနှင့်ပတ်သက်ပြီး weekly eleven ဂျာနယ်ကမေးမြန်ထားသည်များကို တင်ပြထားပါသည်။
သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=7983:2011-04-10-09-28-48&catid=42:2009-11-10-07-36-59&Itemid=112

မြန်မာ့စီးပွားရေးဦးပိုင် ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ ပိုင်သည့် အမှတ် ၂၃၂ ဘတ်စ်ကား၅စီးလုယက်ခံရ။

မော်တင်၊ပန်းဆိုးတန်း၊သာကေတ၊ ယုဇနဥယျာဉ်မြို့ တော်၊ ဒဂုံဆိပ်ကမ်းမြို့ နယ်သို့ ပြေးဆွဲသည့် အမှတ် ၂၃၂ ပါရမီလိုင်း မှ ကား၅စီးသည် သာကေတမြို့ နယ် မင်းနန္ဒာလမ်းမပေါ် ရှိ ၁ဈေးကွေ့ မှတ်တိုင် နှင့် ရန်အောင်မှတ်တိုင် ကြားတွင် ၂၀၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့ ည ရ နာရီ ၄၅ မိနစ် မှ ၈ နာရီ ၄၅ မိနစ် အကြား တစီးချင်းစီ ရာဇာ အမည်ရှိ အဖွဲ့မှ တုတ်၊ ဓား၊ စတားဝက်အူလှည့်ပုံစံ သံချွန်များ ကိုင်ဆောင်ပြီး ခြိမ်းခြောက်ခြင်း၊ ငွေများ တောင်းယူခြင်းနှင့် မှန်ရိုက်ခွဲခဲ့ရသည် ဟု weekly eleven ဂျာနယ် သတင်းဆိုက်တွင်ဖော်ပြထားသည်။ စုစုပေါင်းငွေကျပ် ၅၀၀၀ဝ လုယက်ခံခဲ့ရသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=7973:2011-04-10-04-53-13&catid=43:2009-11-10-07-39-09&Itemid=111

မြန်မာနိုင်ငံတွင် ရေနံသိုက် စည်ပေါင်း ၃.၂ ဘီလျံ နှင့် သဘာဝဓာတ်ငွေ့ ၈၉.၇၂၂ ထရီလျံ ကုဗပေရှိမည်ဟု ခန့်မှန်း

အဆိုပါ သတင်းတွင် စွမ်းအင်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ရေနံသိုက် စည်ပေါင်း ၃.၂ ဘီလျံ နှင့် သဘာဝဓာတ်ငွေ့ ၈၉.၇၂၂ ထရီလျံ ကုဗပေရှိမည် ဟု weekly eleven ဂျာနယ် သတင်းဆိုက်တွင်ဖော်ပြထားသည်။ အဆိုပါ သတင်းထဲတွင် မြန်မာနိုင်ငံ တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်နေသော နိုင်ငံခြားကုမ္ပဏီများ စာရင်းနှင့် လုပ်ကွက်များ၊ ထုတ်လုပ်မှု ပမာဏအားဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=7976:2011-04-10-06-45-26&catid=42:2009-11-10-07-36-59&Itemid=112

ဈေး၊ စူပါမားကတ်များနှင့် ရှောပင်းမောလ်များတွင် ရက်လွန်နှင့်စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ရောင်းချခြင်းကို တွေ့ရှိပါက မည်သူမဆို တိုင်ကြားနိုင်

ဈေး၊ စူပါမားကတ်များနှင့် ရှောပင်းမောလ်များတွင် ရက်လွန်နှင့်စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ရောင်းချခြင်းကို တွေ့ရှိပါက မည်သူမဆို သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ပြီးချက်ချင်း အရေးယူပေးသွားမည်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်ဟု weekly eleven ဂျာနယ် သတင်းဆိုက်တွင်ဖော်ပြထားသည်။ အရေးယူရာတွင် ရောင်းချသူ၊ တင်သွင်းသူ၊ထုတ်လုပ်သူများအား အရေးယူသွားမည်ဟု ဆိုပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=7974:2011-04-10-05-07-09&catid=42:2009-11-10-07-36-59&Itemid=112

ဒီဇယ်ပီပါတင်ကား မီးလောင် သိန်း ၁၀၀ဝကျော်ဖိုး ဆုံးရှုံး

ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ ကားလမ်းတည့်တည့်တွင် မတ် ၂ဝရက်က ဒီဇယ်ပီပါ အလုံး ၇ဝကျော် တင်ဆောင်လာ သော ကားကြီးတစ်စီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး သိန်း ၁၀၀ဝကျော်ဖိုး ဆုံးရှုံး ခဲ့ကြောင်း Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

Home

စွန့်ပစ်ပလတ်စတစ်မှ စက်သုံးလောင်စာဆီ မြန်မာနိုင်ငံတွင် ပထမဆုံး စမ်းသပ်ထုတ်လုပ်အောင်မြင်

မုံရွာခရိုင် ဘုတလင်မြို့နယ်တွင် စွန့်ပစ် ပလတ်စတစ်မှ စက်သုံးလောင်စာဆီဖြစ်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ငွေ့လောင်စာ၊ မီးထိုးဆီထုတ်လုပ်နိုင် သောစက်ရုံကို ချင်းတွင်းဓာတုလုပ်ငန်းမှ ဓာတုအင်ဂျင်နီယာ ဦးသန့်ဇင်ထွန်း B.E (Chemical Engineering) က တီထွင်အောင်မြင်ခဲ့သည်ဟု Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။ ဈေးကွက်အဆင့် ထုတ်လုပ်ချင်သူများ အနေ ဖြင့် ချင်းတွင်းဓာတုလုပ်ငန်း ဖုန်း ဝ၉ ၇၃ဝ ၅၉၄၄၃၊ ဝ၉- ၂၁၇၃၉၆၅ တို့သို့ ဆက် သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Home


မြန်မာငွေတန်ဖိုး လာမည့်သုံးလအတွင်း မပြောင်းလဲနိုင်သေး

မြန်မာငွေတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် လာမည့်သုံးလအတွင်း အပြောင်းအလဲတစ်စုံတစ်ရာ မရှိဘဲ လက်ရှိတန်ဖိုး ဝန်းကျင်၌ပင် တည်ရှိနေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဈေးကွက်လေ့လာသူများက သုံးသပ်ကြောင်း မြန်မာတိုင်း(မ်) သတင်းဆိုက်တွင်ဖော်ပြထားပြီး အဆိုပါသတင်းတွင် လက်ရှိငွေကြေးလဲလှယ်မှု နှုန်းများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအခြေအနေများဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.myanmar.mmtimes.com/2011/news/513/news08.html


မောင်မြန်မာစက်ဘီးနဲ့ အောင်ပွဲခံခဲ့တဲ့ ရွှေခေတ်ကိုသာလွမ်း

မောင်မြန်မာစက်ဘီးနဲ့ အောင်ပွဲခံခဲ့တဲ့ ရွှေခေတ်ကိုသာလွမ်း ခေါင်းစဉ်ဖြင့် ဆရာ ဝင်းလွင်အောင်မှ မြန်မာတိုင်း(မ်) သတင်းဆိုက်တွင် လက်ရှိမြန်မာဘောလုံးအသင်း၏ အခြေအနေကို ပီပီပြင်ပြင် ဝေဖန် သုံးသပ်တင်ပြသွားပါသည်။

http://www.myanmar.mmtimes.com/2011/sport/513/sport08.html


မြင့်တက်လာသည့် အပူရှိန်ကြောင့် ရုတ်တရက်သေဆုံးမှုများရှိနေ

မြင့်တက်လာသည့် အပူရှိန်ကြောင့် ရုတ်တရက်သေဆုံးမှုများရှိနေဟု weekly eleven ဂျာနယ် သတင်းဆိုက်တွင်ဖော်ပြထားသည်။ အဆိုပါ သတင်းတွင် အပူချိန်မြင့်တက်နေချိန် ဆောင်ရန်ရှောင်ရန်များ၊ အပူချိန်မြင့်တက်နေချိန်ဓာတ်ဆားရည် အသောက်လွန်သဖြင့် အသက်ဆုံးသောအကြောင်းပါရှိပါသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=7972:2011-04-10-04-42-15&catid=42:2009-11-10-07-36-59&Itemid=112

5 comments

  • intro

    April 10, 2011 at 3:14 pm

    ကောင်းတယ်ဗျိုု့… စိတ်ဝင်စားစရာလေးတွေကို စုပေးတော့လဲ အဆင်ပြေတာပဲ…

  • eros

    April 11, 2011 at 12:24 pm

    အားပေးရင်တော့ ဒါမျိုးလေးဆက်လုပ်သွားမယ် စိတ်ကူးတယ်။ ကူးတင်များလည်းလျော့သွားမလားပေါ့။ အားမပေးရင်တော့ မလုပ်ဘူးစိတ်ကူးတယ်။ ရွာသူ ရွာသားများ မှတ်ချက်ပေးကြကုန်။

  • ဆူး

    April 11, 2011 at 3:12 pm

    အားပေးသွားပါတယ်။ လုပ်ပါ.. တခါတည်း တစု တစည်းထဲ ဖတ်ရတာပေါ့။

  • kai

    April 12, 2011 at 5:07 am

    ဒီသတင်းတိုရေးနည်းက .. Twitter လိုပေါ့…။ လူကြိုက်များမှာပါ..။ ဆက်တင်ပါခင်ဗျား..။
    တကယ်က.. မန္တလေးဂေဇက်က ..တွစ်တာ စမ်းလုပ်နေတာရှိတယ်..။ အခုကတော့ .. သူများဆီက..အလိုအလျှောက်ယူနည်း(RSS)နဲ့တင်နေတာပဲ..။
    http://www.MandalayGazette.net

  • cobra

    April 12, 2011 at 7:25 am

    ကောင်းပါတယ်…လုပ်ပါ…ဆက်လုပ်ပါ

Leave a Reply