Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိဗ္ဗာန်ဘာနဲ့တူသလဲ

ashinindakaApril 11, 20111min2585

ဆရာတော်
ကဲ၊ ဒုတိယပြဿနာ ရှင်းသွားပြီဆိုရင် တတိယပြဿနာဖြစ်တဲ့
နိဗ္ဗာန်ဟာ  မည်သည့်တရားနဲ့ တူပါသလဲဆိုတဲ့ အချက်ကို
ဆက်ရှင်းကြရလိမ့်ဦးမယ်။
နိဗ္ဗာန်ဆိုတဲ့တရားဟာ အထက်က ရှင်းပြခဲ့သလိုဘဲ
ဒီလောကကြီးနဲ့ သတ္တိ၊ အရည်အချင်း၊ အသွင်အပြင်၊ ဂုဏ်လက္ခဏာတို့မှစ၍
ဘယ်ဘက်ကမျှ မတူဘဲ လုံးလုံးဆန့်ကျင်နေတဲ့တရား ဖြစ်နေလေတော့
နိဗ္ဗာန်ကို ယခုတွေ့မြင်နေကြတဲ့ အရာဝတ္ထုတွေ၊ ရုပ်ဝတ္ထုတွေနဲ့
ဘယ်လိုမှနှိုင်းယှဉ်ပြလို့တော့ မဖြစ်ပေဘူး ဒကာကြီးရဲ့။
ဒါပေမဲ့ ဥပမာကလေးတစ်ခုနဲ့တော့ ရှင်းပြရလိမ့်မယ်။
ဒကာကြီးနားထောင်ပေတော့။
ဒကာကြီး
မှန်ပါ့၊ နာလျက်ပါဆရာတော်

ဆရာတော်
ရှေးက ဘုရင်ကြီးတစ်ပါးရှိသတဲ့။
ဒီဘုရင်ကြီးဟာ အခြားဘုရင်အဆူဆူက ကြောက်ရွံ့ ရိုသေပြီး
လက်ဆောင်ပဏ္ဏာတွေ ကြို့ရလောက်အောင် ဘုန်းတန်ခိုးကြီးသတဲ့။
ရွေငွေ ကျောက်သံပတ္တမြားတွေဆိုတာကလဲ
ခန့်မှန်းရေတွက်လို့ မရနိုင်အောင် ပေါသတဲ့။

စစ်သည်အင်အားကလဲ အလွန်ကြီးမားတောင့်တင်းသတဲ့။
သူ့ကို လုပ်ကျွေးပြုစုကြတဲ့ မောင်းမမိဿံကလဲ ထောင်သောင်းမကဘူးတဲ့။
အချက်အပြုတ်အကျော်အမော်တွေကလဲ ရသာမျိုးစုံတဲ့
ခဲဘွယ်ဘောဇဉ် ချိုချဉ် ယမကာတွေကို အမျိုးပေါင်း
မရေမတွက်နိုင်အောင် စီမံပြီး ပွဲတော်များ ဆက်သကြရသတဲ့။
ဒီလို အမျိုးမျိုးသော စည်းစိမ်ချမ်းသာတွေကို ခံစား စံစားနေရတဲ့ဘုရင်ကြီးဟာ

တနေ့ကျတော့ ကုဋ္ဌနူနာရောဂါ စွဲကပ်လာသတဲ့။
ဒီရောဂါစွဲကပ်လာတာနဲ့တပြိုင်နက် ဘုရင်ကြီးဟာ အထက်ကပြောခဲ့တဲ့
စည်းစိမ်တွေကိုလဲ မခံစားနိုင်တော့ဘူး။
မောင်းမမိဿံတွေနဲ့လဲ မပျော်ပါးနိုင်တော့ဘူး။
နောက်ဆုံးအာရုံငါးပါးမှာ ဘယ်အာရုံမှ မခံစားနိုင်တော့ဘူး။
ဒီစက်ဆုတ်ရွံရှာဖွယ်ကောင်းလှတဲ့ ရောဂါအတွက် အချိန်ရှိသ၍
စိတ်နှလုံးဆင်းရဲနွမ်းရိနေရသတဲ့။

နောက်ဆုံးတော့ ဘုရင်ကြီးဟာ ကျန်းမာရေးနဲ့ ထီးနန်းစည်းစိမ်ကို
လဲပစ်ရသည်အထိ ကျန်းမာအောင်လုပ်မယ်ဆိုပြီး
သန္နိဋ္ဌာန်ချလိုက်သတဲ့။

အဲဒီလို သန္နိဋ္ဌာန်ချပြီးတဲ့နောက်
ဘယ်သူမဆို သူ၏ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လို့ရှိရင်
ထီးနန်းစည်းစိမ်နဲ့တကွ သူ့ရဲ့ ရတနာရွေငွေတွေကိုပါ
ဆုလာဘ်အဖြစ်နဲ့ရလိမ့်မယ် လို့ တိုင်းပြည်အတွင်း ကျေညာလိုက်သတဲ့။
သူကိုယ်တိုင်ကတော့ ရောဂါဝေဒနာကင်းရှင်းသွားပြီး
အရင်ကလို ကျန်းမာလာဒါနဲ့တပြိုင်နက် ထီးနန်းကို စွန့်ပြီး
ရသေ့အသွင်နဲ့ တောရမှီးနေတော့မယ်လို့ စိတ်ကို ပိုင်းဖြတ်ထားသတဲ့။

ဒီလို ကျေညာလိုက်တော့ သမားတော်ကြီးတွေဟာ
ဘုရင့်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ကြရှာဘူးတဲ့။
နောက်ဆုံး သမားတော်ကြီးတစ်ဆူရောက်လာပြီး
ဘုရင်ကြီးရဲ့ ရောဂါကို သုံးလနဲ့ပျောက်ကင်းအောင် ကုသနိုင်ပါတယ်၊
တကယ်လို့ သုံးလနဲ့ပျောက်ကင်းရင် အရှင်မင်းမြတ်
ကတိထားတော်မူတဲ့အတိုင်း ထီးနန်းကိုသာ ပေးပါ။

မပျောက်ရင် ကျွန်တော်မျိုးရဲ့ ဦးခေါင်းကို ဖြစ်ပစ်ပါဘုရား လို့
လျှောက်ထားပြီး ကု သတဲ့။
ဒီသမားတော်ကြီးဟာ တကယ့်ကို ကျွမ်းကျင်တတ်မြောက်တဲ့
သမားတော်ကြီးဆိုတော့ ပြောတဲ့အတိုင်းဘဲ သုံးလလဲ ကြာရော
ဘုရင်ကြီးဟာ ပကတိအတိုင်း ကျန်းမာသွားသတဲ့။
ရောဂါနဲ့ပတ်သက်လို့ ဘာအငုတ်အရင်းမှ မရှိတော့ဘူးတဲ့။

ဒါနဲ့ဘုရင်ကြီးက သူ့ကတိအတိုင်း ထီးနန်းနှင့်တကွ
ရတနာ ရွှေငွေတွေကို သမားတော်ကြီးလက်ထဲ အပ်ပြီး တောထွက်ကာ
ရသေ့ဘဝနဲ့ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်မှာ
ကျောင်းသင်္ခမ်းကလေးဆောက်ပြီး တရားကျင့်နေသတဲ့။
သူ့ရဲ့စိတ်ဓာတ်ဟာလဲ ချမ်းသာသုခနဲ့ အလွန်ပြည့်စုံနေသတဲ့။

ဒီတော့ ဘုရင်ကြီးဟာ ထီးနန်းစည်းစိမ်နှင့်တကွ ရတနာရွေငွေတွေထက်
ကျန်းမာရေးဟာ တကယ်ကျတော့ တယ်ပြီး အဘိုးတန်ပါကလားလို့
ကိုယ်တွေ့သိမြင်နားလည်လာပြီး
အော်၊ လောကတွင် ကျန်းမာခြင်းထက်
အဘိုးတန်တဲ့ရတနာကား မရှိချေတကား လို့
ဥဒါန်းကျူးလိုက်သတဲ့။

(ထို့နောက် ဆရာတော်က ဒကာကြီးအား)
ကဲ ဒကာကြီး၊ တကယ်ဘဲ ကျန်းမာခြင်းဆိုတဲ့တရားဟာ ဒီဘုရင်ကြီး ဥဒါန်းကျူးသလို လူတစ်ဦးတစ်ယောက်အား စိတ်ဓာတ်အားဖြင့်
ချမ်းသာသုခနဲ့ပြည့်စုံအောင် ဖန်တီးနိုင်ရဲ့လား။
ဒီတရားဟာ အမှန်ကော ရှိရဲ့လား။
ဒကာကြီး
ဒီဘုရင်ကြီးပြောသလို တကယ်ပဲ လူတွေရဲ့ စိတ်ဓာတ်ကို
ချမ်းသာသုခပေးနိုင်တဲ့ အဘိုးဖြတ်လို့ မရကောင်းတဲ့
ကျန်းမာခြင်းဆိုတဲ့တရားရှိကြောင်းကို
ကိုယ်တိုင်အတွေ့အကြုံနဲ့ဝန်ခံပါတယ်ဆရာတော်။
ဆရာတော်
ကဲ ဒါဖြင့် ဒီကျန်းမာခြင်းဆိုတဲ့တရားဟာ
ဘယ်လိုပုံပန်းသဏ္ဍာန်ရှိတယ်ဆိုတာကို ဒကာကြီးပြောပြနိုင်ပါ့မလား။
ဒကာကြီး
ဒီကျန်းမာခြင်းဆိုတဲ့တရားမှာ အသွင်သဏ္ဍာန် ရုပ်ဒြဗ်ရယ်လို့
မျက်စိနဲ့ကြည့်လို့တော့ မမြင်ရပါဘူးဘုရား။
ဒါပေမဲ့ ဒီတရားရဲ့ အကျိုးကျေးဇူးကိုတော့ ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူးဘုရား။
ဆရာတော်
ကဲ ဒကာကြီးပြောတဲ့အတိုင်း ကျန်းမာခြင်းဆိုတဲ့တရားဟာ တကယ်ရှိပြီး
ဒီတရားရဲ့ အကျိုးကျေးဇူးကို လူသားတွေဟာ ခံစားနေရသော်လည်း
ဘယ်သူကမျှ ကျန်းမာခြင်းဆိုတဲ့တရားဟာ ဘာနဲ့တူတယ်၊
ဘယ်လို ကိုင်တွယ်စမ်းသပ်လို့ရတယ်၊ ဘယ်လို အဖိုးတန်တယ်ဆိုတာကို
ကိုင်တွယ်ပြသလို့ မဖြစ်သလိုပဲ နိဗ္ဗာန်ဆိုတဲ့တရားဟာလဲ
စကြာဝဠာကြီးအတွင်းမှာရှိတဲ့ သတ္တဝါအနန္တတို့ခံစားနေကြရတဲ့
ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့တကွ
အခြားဒုက္ခတွေကပါ လွတ်ငြိမ်းအောင်ဖန်တီးနိုင်တာကတော့ မှန်ပါတယ်။

ဒါပေမဲ့ ဒီနိဗ္ဗာန်ဆိုတဲ့တရားဟာ ဖြူတယ် ဝါတယ် နီတယ် ညိုတယ်လို့လဲ
ပြောပြလို့ မဖြစ်နိုင်ဘူး။ လုံးတယ်၊ ပြားတယ်၊
ရှည်တယ် တိုတယ်လို့လဲ ပြောပြလို့မဖြစ်ဘူး။
ဒီတရားကို ရတဲ့လူမှဘဲ ကိုယ်တိုင်တွေ့ကြုံခံစားပြီးသိအပ်တဲ့ တရားဘဲ ဒကာကြီးရဲ့။

ကဲ နိဗ္ဗာန်ဟာ ဘယ်လိုအဆင်းသဏ္ဍာနဲ့ ပြည့်စုံသလဲ ဆိုတဲ့
ဒကာကြီးရဲ့ ပုစ္ဆာနဲ့ပတ်သက်ပြီး ဒကာကြီး ရှင်းသွားပြီလား။
ဒကာကြီး
မှန်ပါ၊ ဆရာတော် ယခုပြလိုက်တဲ့ ဥပမာနဲ့ဘဲ ရှင်းသွားပါဘီ ဆရာတော်။
ထို့နောက် တရားနာပရိသတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။

အရှင်အရိယဓမ္မ ၏ ဗုဒ္ဓဝါဒပြဿနာများမှ ကူးယူဖော်ပြပါသည်။

5 comments

  • bigcat

    April 11, 2011 at 4:45 am

    သဂျီးက နောက်ဆုံးပေါ် Apple Mac pro computer လောက် အရှင်ဘုရားရဲ့ နိဗ္ဗာန်က မြန်လို့လားတဲ့။ မေတ္တာရှေ့ထားပြီး အတ္တဝါဒီ သဂျီးအား ဆုံးမတော်ပေးမူပါ အရှင်ဘုရား…

    • ashinindaka

      April 11, 2011 at 6:21 am

      သဂျီးက ဂလိုလား။ ဟိုတလောက ရုရှမှာ မြေကြီးတူးတာ ငရဲပြည် တွေ့ရှိပြီလို့ ပြောတယ်နော်၊ သတိထား။

      • kai

        April 11, 2011 at 7:00 am

        အဲဒါ လုပ်ကြံအာရွှီးဇတ်လမ်းကြီးလို့..အထောက်အထားနဲ့ မှားနေကြောင်း..ထောက်ပြ ပြန်တင်ပေးတာ တပည့်တော်ပါဘုရာ့..။ 🙂

  • thethtet87

    April 12, 2011 at 12:29 pm

    ကျေးဇူးတင်ပါသည်ဘုရား။တပည့်တော်အနည်းငယ်သဘောပေါက်ပါပြီဘုရား။

Leave a Reply