မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေကြောင်း ခင်မင်စွာဖြင့် နှုတ်ခွန်းဆက်ပါသည်

လင်းဝေApril 11, 20111min24133

အားလုံးကို ပျော်ရွှင်စေကြောင်း ဆုမွန်ကောင်းတောင်းလို့ နှုတ်ခွန်းဆက်လိုက်ပါရစေ။

သင်္ကြန်ပိတ်ရက်တွေမှာ အရေးကြီးတဲ့ မေးလ်တွေစစ်ဖို့ကလွဲလို့ အင်တာနက်ကို လုံးလုံးမသုံးတော့ပါဘူး။
အဖွဲ့သားများလည်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။ အဝေးမြေရောက် ရွှေမြန်မာများလည်း သင်္ကြန်ကိုလွမ်းရင်း ပျော်ရွှင်ပါစေကြောင်း ပို့သမေတ္တာထားလိုက်ပါတယ်။

မြန်မာသင်္ကြန် ( ရန်ကုန်သင်္ကြန် )ကတော့ Wet&Wild ဖြစ်တဲ့နေရာတွေမှာ ဖြစ်လို့ အရသာပြောင်း ပုံသဏ္ဍာန်လွဲသွားပါပြီ။ သို့သော် တို့များတော့ အုန်းလက်မဏ္ဍပ်လေးဆောက်ပြီး ကလေးတွေပက်၊ လူကြီးတွေ မုန့်လုပ်၊ အရက်ဘီယာလေးသောက်ရင် ပျော်ပါးစွာနဲ့ သင်္ကြန်ကို ဖြတ်သန်းပါတော့မယ်။

သင်္ကြန်အပြီးမှာ လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲဆိုတာလည်း နားစွင့်လိုသူတွေ နားစွင့်ကြပေါ။ သမ္မတအသစ်ကြီးက လုပ်မှာပါတဲ့။ ဘာတွေမေးလို့ ဘာတွေဖြေပြီး ဘာတွေ သိရမလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါ။ မေးမည့်သူများကသာ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ ဟိုဖက်က အလုပ်လုပ်နေသူများကတော့ သေချာပြင်ဆင်ထားမှာပါ။ ဘာတွေကို ဘယ်လိုဖြေကြမယ်ဆိုတာ။

သင်္ကြန်မဏ္ဍပ်သွားမယ့်သူများလည်း လုံခြုံရေးကစလို့ အခြားမတော်တဆမှုများမဖြစ်ရလေအောင် ရန်မဖြစ်ပဲ ပျော်ရွှင်နိုင်အောင် နေကြဖို့ သတိထားကြပါလို့ လည်း အကြံပေးပါရစေ။

နှစ်သစ်မှာ ဘာတွေသစ်လာမလဲ ဆိုတာလည်း ထင်မြင်ချက်များပေးထားနိုင်ပါသေးတယ်။

အထူးသဖြင့် အရက်မူးပြီး ရေဆင်းမကူးကြပါနဲ့။ အရက်မူးနေသူ ရေထဲဆင်းရင် ရင်ဆို့က အဆို့ှရှင်က အပေါ်ကိုတက်လာတက်ပြီး လေပြွန်ကို ညှစ်လိုက်သလိုဖြစ်ကာ အသက်ရှုကြပ်လို့ သေတတ်ပါတယ်တဲ့။ ရေကူးဘယ်လောက်ကျွမ်းကျင်ပါစေ ရေထဲကို အရက်မူးပြီး မဆင်းသင့်ပါဘူးတဲ့။
အသိမိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းများကိုလည်း လက်ဆင့်ကမ်း သတိပေးလိုက်ကြပါလေ။

အထူးအားဖြင့် အပျို လူပျို အပျိုကြီး လူပြိုကြီးများ ချစ်သူရည်စား တွေ့လို့ ဘဝသက်တာ ကြင်ဖော်များလည်း ဖြစ်နိုင်ကြပါစေ။
(ကိုယ်တော့ သင်္ကြန်မှာ ချစ်သူဖြစ်သွားတာပဲ )

အခုတော့လည်း အသက်ကထောက် ကလေးတွေကလည်း ရလာတော့ သင်္ကြန်မှာ အုန်းလက်မဏ္ဍပ်မှာပဲ ထိုင်တော်မူလို့ ကလေးတွေကို ကြည့်ပြီး ငြိမ်နေတော့တယ်။

ကဲမင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေဗျား။

33 comments

  • kopauk mandalay

    April 11, 2011 at 11:00 am

    ကျက်သရေရှိသောသင်္ကြ်န်ရက်များမှာ မင်္ဂလာရှိသောနှစ်သစ်ကိုရောက်ရှိပါစေ
    ရွာထဲနေသူအားလုံးအတွက်ဆုတောင်းပေးပါကြောင်း

    မန်းလေးက ပေါက်ကရတွေရေးနေတဲ့ ကိုပေါက်

  • ကျွန်တော်ကတော့ အမိမြေက သင်္ကြန်ဆိုတာကိုလည်း မကြုံမဆုံနိုင်သလို နိုင်ငံရပ်ခြားက မြန်မာသင်္ကြန်ဆိုတာကိုလည်း နွှဲ မပျော်နိုင်တဲ့ သင်္ကြန်ဝေးဝေး လူသားတစ်ယောက်မို့ ခုလိုလေးပဲ ဆုတောင်းလိုက်ပါတယ်..

    ပျော်တတ်သူများ ပျော်ကြပါစေ၊ ကုသိုလ်ယူလိုသူများလည်း ကုသိုလ်တွေရကြပါစေ၊ ချစ်သူတွေလဲ ယှဉ်တွဲပျော်မြူးနိုင်ကြပါစေကြောင်း…….

    ရှူံးနိမ့်မှုများနဲ့… လူ = တစ်ယောက်တည်း… လူ

  • manawphyulay

    April 11, 2011 at 1:34 pm

    “အခုတော့လည်း အသက်ကထောက် ကလေးတွေကလည်း ရလာတော့ သင်္ကြန်မှာ အုန်းလက်မဏ္ဍပ်မှာပဲ ထိုင်တော်မူလို့ ”
    အသက်က ထောက်လာတာတောင် တရားစခန်းလေး ရိပ်သာလေး ဝင်ဖို့စိတ်မကူးဘူး။ ဘယ်နှယ် မဏ္ဍပ်မှာထိုင်မှာလဲ ပြောပါဦး။ နှစ်သစ်မှာ အားလုံးပျော်ရွှင်ချမ်းမြေ့ပြီး လူတိုင်း လူတိုင်း စိတ်ကောင်းထားနိုင်ကြပါစေလို့ မနောဖြူလေးမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်

  • ဆူး

    April 11, 2011 at 3:52 pm

    မင်္ဂလာ နှစ်သစ်ပါ..
    မင်္ဂလာ ရှိသော နေ့များစွားကို ပိုင်ဆိုင် နိုင်ကြပါစေ။
    သင်္ကြန် အတွင်းမှာလည်း ဘယ်မှ မလည်ဘဲ အိမ်တွင်းအောင်းမှာ ဖြစ်ပါတယ်။
    ဒီနှစ်တော့ ခရီးသွားတာ ဆက်နေလို့ အိမ်တလှည့်နေအုန်းမယ်။ သူများတွေ သွားလို သူတွေ ဖြောင့်ဖြောင့် သွားနိုင်အောင်။
    သင်္ကြန် ဆိုတာ ရေပက်တယ် ဆိုတာ ဟုတ်မှ ဟုတ်ရဲ့လားလို့ ထင်ရတဲ့ ရပ်ကွက်မှာ နေတာ ဆိုတော့.. လူလည်း မမြင် ကားလည်း မမြင် ဆူသံညံသံ မကြားနဲ့.. အိမ်ကလည်း တရာစခန်း ရိပ်သာနဲ့ မခြားလှပါဘူး။ စာအုပ်တွေ ရှာဖတ်ပြီး ဒီမှာ တင်ပေးမလားလို့ တွေးထားတယ်။ လုပ်နိုင်မလုပ်နိုင်တော့ မသိသေးဘူး။ စိတ်ကူးသက်သက်ဘဲ ရှိသေးတယ်။ အခုတော့ အလုပ် တက်နေလို့ အားတဲ့ အချိန်လောက်ဘဲ ခဏ ဝင်သုံးနိုင်သေးတယ်။ သင်္ကြန်ရက်ကတော့ နေ့တိုင်းအားလို့ အချိန်တိုင်း တရားမှတ်ရမဲ့ ကိန်းရှိတယ်။

    • kai

      April 11, 2011 at 4:34 pm

      မနေ့ကတော့ ..ဆန်ဒီယေးဂို မှာ မြန်မာတွေလုပ်တဲ့ သင်္ကြန်ပွဲသွားဖြစ်တယ်..။
      အဲဒီက လာအိုဘုန်းကြီးကျောင်းမှာ တိုင်းရင်းသားတွေ သင်္ကြန်ပွဲလုပ်တာပါ..။

      ကလေးတွေ.. အိုးမဲမသုတ်ကြပဲ..ပေါင်ဒါ လိုက်သုတ်နေကြလေရဲ့..။
      သတင်းတင်ပေးဦးမယ်.။

      မင်္ဂလာရှိသော သင်္ကြန်ဖြစ်ပါစေကြောင်း ခင်မင်စွာဖြင့်ပြန်လည် နှုတ်ခွန်းဆက်ပါသည်။

  • KoNyeinChan

    April 11, 2011 at 5:08 pm

    နှစ်သစ်မှာ ရွာသား/သူအပေါင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ ့ပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း ပို ့သလိုက်ပါတယ်..
    (ရွာထဲမှာ တယောက်နဲ ့တယောက် အချစ်မဝင်ဘဲ အပြစ်မြင်နေကြရင်လည်း သင်ပုန်းချေလိုက်ကြပါတော့)..
    လာမယ့်ဗုဒ္ဓဟူးနေ ့က ပီနန်းဘုန်းကြီးကျောင်းပွဲပါ..

  • တညင်သား

    April 11, 2011 at 5:51 pm

    နှစ်သစ်အခါသမယ မှာ လိုအင်ဆန္ဒတွေနှင့် တလုံးတဝကြီးပြည့်စုံနိင်ကြပါစေလို့ စုတောင်းလိုက်ပါတယ်.. ရွာသား/ရွာသူ အပေါင်းတို့ခင်ဗျားးးးးးးးးးးးးးးးး

  • nature

    April 11, 2011 at 6:08 pm

    နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ပြည့်စုံပါစေ၊ ချမ်းသာသုခအပေါင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်၊ ကျွန်ုပ်ပြုလုပ်ခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုကို ရွာသူရွာသားအပေါင်းကို အမျှပေးဝေပါ၏၊ -အမျှ ၊အမျှ၊ အမျှ -ယူတော်မူကြပါကုန်လေ့ာ၊ ရွာသူရွာသားအပေါင်းတို့ ပြုလုပ်ခဲ့သမျှသော ကောင်းမှုကုသိုလ် အစုစုကို ကျွန်ုပ်က သာဓုခေါ်ပါ၏၊ – သာဓု၊ သာဓု၊ သာဓု။

  • nigimi77

    April 11, 2011 at 8:17 pm

    ယနေ ့မှစပြီး တရက်လျင် နာရီ ၂ဝ Online တွင် ရှိနေပါမယ်။

    ကုလားဗြဟ္မာကြီး ခေါင်းဆေးပွဲမှာ အပြစ်မဲ့ ပြည်သူတွေ ဗုံးခွဲ သတ်ဖြတ်ခြင်း မခံရရင်ကောင်းမယ်။

    • bigcat

      April 12, 2011 at 12:55 am

      လေးနာရီ offline နေမယ်ဆိုတော့ မလွန်ဘူးလား။ တနေ့ နှစ်နာရီလောက် အိပ်ရရင် တော်ပြီပေါ့။

  • meelay

    April 12, 2011 at 3:18 am

    နှစ်သစ်မှာ ရွာသူရွာသားများအားလုံး ကျန်းမာပြီး ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် … နှစ်ဟောင်းမှာ ရှိခဲ့တဲ့ မကျေနပ်မှုတွေကိုလဲ ချေဖျက်နိုင်ကြပြီး နှစ်သစ်မှာ ပျော်ရွှင်စရာကောင်းတဲ့ တွေ့ဆုံမှုများနဲ့ စတင်ကြပါစို့ …………. 🙂

  • shwepyithu

    April 12, 2011 at 5:18 am

    ဒီပို့စ်လေးပိုင်ရှင်နှင့်အတူ ရွာသူ ရွာသားများအားလုံး ဒီနှစ်သစ်မှ စ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ရွှင်လန်းပြီး ဘေးဘယတွေ ကင်းဝေးကြပါစေ၊ ကောင်းကျိူးလို်အင်တွေ ပြည့်ဝကြပါစေလို့ မြန်မာပြည်က
    ရွှေပြည်သူမှ ဆုတောင်းပေးလိုက်ပါတယ်။ မီးလေးပြောသလိုပဲ နှစ်ဟောင်းမှာ ရှိခဲ့တဲ့ မကျေနပ်မှုတွေကိုလဲ ချေဖျက်နိုင်ကြပြီး နှစ်သစ်မှာ ပျော်ရွှင်စရာကောင်းတဲ့ တွေ့ဆုံမှုများနဲ့ စတင်ကြပါစို့ နော်။

  • parlayar46

    April 12, 2011 at 5:51 am

    သင်္ကြန်မှာလုပ်ဖြစ်မယ့်ဟာတွေက ငယ်ငယ်တုန်းကသင်္ကြန်တွေကို ခဏခဏသတိရမိမယ်။ ကော်ဖီနဲ့ ဆေးလိပ်ကို ပုံမှန်ထက် သုံးဆလောက်သောက်မိမယ်။ စာအုပ်ပုံကြီးသွားဖွပြီး ဖတ်ပြီးသားစာအုပ်တွေကို ပြန်အရသာခံမိမယ်။ ပြီးတော့ နှစ်ဆန်းတရက်နေ့ရောက်မှပဲ ဒီသင်္ကြန်လဲ ငါတော့ သိပ်အကျိုးရှိအောင်မနေဖြစ်ပါလားလို့ အစဉ်အလာမပျက် နောင်တသံလေးနဲ့ စဉ်းစားမိမယ်။ အားလုံးနှစ်သစ်မှာ ကျန်းမာချမ်းသာပါစေ။

  • char too lan

    April 12, 2011 at 12:35 pm

    မင်္ဂလာအပေါင်းနဲ့ ခညောင်းကြမယ် ့နှစ်သစ်ဖြစ်ပါစေ……………..
    HAPPY NEW YEAR !!
    ~ ~ မူးကြမယ့် ပုလင်းသံ ပျံ ့လွင့်လို့နေ ~ ကူပြောင်းစတန်ခူးလေမှာ ….
    တစ်ယောက်တစ်လက်မို့ ကမ်းကာလှမ်းသောက်ကြစဉ် … မသောက်ဘူးပြောပီးး
    အန်အောင်သောက်သူရေ……. ခေါင်းကြီးစိုက်လို့ မသောက်ဘူးပြောပီးးး အန်အောင်သောက်သူရေ………… ~ ~
    အဘပုတို့ ဦးကြောင်ကြီးတို့ နဂျီမ တို့အတွက် သီချင်းစပ်ပေးထားတာ 🙂

  • eros

    April 12, 2011 at 1:43 pm

    မင်္ဂလာနှစ်သစ်ပါ။ ဒီသင်္ကြန်မှာ eros အိမ်မှာပဲနေဖြစ်ပါတယ်။

    • kai

      April 12, 2011 at 7:15 pm

      အိမ်မှာ မနေကြပါနဲ့.. ထွက်ပါ..လည်ပါ.. ပျော်ပါ..သုံးပါ..ဖြုန်းပါ..။ ငွေလိုရင်.. ကိုယ်တိုင်စုထား..ရှာထားတာကို သုံးပါ..။ မိဘဆီကတောင်းပါ..။ Boyfriend/Girlfriend ဆီကယူပါ..။ 🙂
      ပျော်ကြပြီးရင်.. အလုပ်လုပ်ပါ.. ငွေရှာပါ.. ပညာရှာပါ…။

      ဒီလိုနဲ့ တိုင်းပြည်တွေ.. စီးပွားရေးတွေ.. အလုပ်အကိုင်တွေ..ငွေကြေးတွေလည်ပါတ်စီးဆင်းရတာဖြစ်ပါတယ်..။
      ယူအက်စ်အပါအဝင်..ဖွံ ့ဖြိုးပြီး..ဖွံ ့ဖြိုးဆဲနိုင်ငံတွေဟာ.. အလုပ်ပိတ်ရက်ရှည်တွေမှာ.. လူတွေဈေးဝယ်ထွက်ဖို့..တိုက်တွန်းရပါတယ်..။
      ခရီးသွားဖို့တိုက်တွန်းရပါတယ်..။ ငွေတွေသုံးကြဖို့ တိုက်တွန်းရပါတယ်..။ အဲဒီအညွှန်းကိန်းတွေဟာ ..တိုင်းပြည်စီးပွားရေးမှာ အင်မတန်အရေးပါပါတယ်..။

      မန္တလေးဂေဇက်ကလည်း.. တကမ္ဘာလုံးကမြန်မာတွေကို .. ကွန်မြူနတီ မိသားစုအသိုက်အဝန်းထဲ.. သင်္ကြန်ပွဲလုပ်ကြဖို့.. မိတ်ဆုံစားကြဖို့.. ပျော်ကြဖို့.. တိုက်တွန်းပါကြောင်း…။

      • ဆူး

        April 13, 2011 at 12:39 pm

        ယနေ့ အလှူ ကိစ္စနဲ့ ရန်ကုန်မြို့က နေ မိုင် ၅ဝလောက် ဝေးတဲ့ နေရာက ဘုန်းကြီးကျောင်းကို ဆွမ်းကပ်ပြီး အပြန်မှာ မြို့ထဲမှာ သရဲ ခြောက်နေပါကြောင်း
        ရေပက်တဲ့ မဏပ် သိပ်မရှိဘူး ကားလည်း ရှင်းတယ်။
        လမ်းမှာ ပြိုင်ကားလိုတောင် မောင်းလို့ရတယ်။
        ပိုက်ဆံတွေ သုံးပြီး လူမရှိ ကားမရှိနဲ့ ကုန်သွားတာဘဲ အဖတ်တင်မယ်။

  • nigimi77

    April 12, 2011 at 8:23 pm

    သဂျီး အဲလို မကျပ်နဲ ့လေ။ ကျုပ် ရှိတာလေးနဲ ့ အကုန်ဝယ်ပြီး အိမ်မှာ အေးအေးဆေးဆေးနေတာ
    အစာမကြေဘူးလား။ သူ ့ဂေဇာတ် သရဲချောက်နေလို ့ သချို င်္းစောင့်လဲ လုပ်ပေးရသေးတယ်။
    လူပါးတုန်း ဝင်တန်းစီမယ် ကြံသေး Post ပါးပါးလေးတောင် တင်လို ့မရဘူး။
    သဂျီးညစ် … ကျုပ် Post တင်မရတာ သိကြားတောင် ဖင်ပူပြီး ဆင်းလာမယ်လို ့ပြောတယ်။
    ခွေးရေ ပုရပိုက်မှာ ဂင်းနစ်စံချိန်တင်လိမ့်မယ်…။

  • eros

    April 13, 2011 at 1:51 pm

    အဓိက ကတော့ မဆူးရေ ကုန်ကျစားရိတ် ပိုတက်လာလို့ဖြစ်မယ်။ ပြီးတော့ မနှစ်တုန်းက ကိစ္စကလည်းရှိသေးတယ်လေ။

  • kopauk mandalay

    April 13, 2011 at 4:31 pm

    ပျော်ပျော်ရွှင် အရက်သောက်ကြတဲ့ပွဲ
    မပါနိုင်သူ တစ်ယောက်ကလွမ်းနေဆဲ။

  • eros

    April 14, 2011 at 1:23 pm

    ဦးပေါက်ကလည်း ပါချင်ရင် ဝင်ပါလိုက်ပေါ့ဗျာ။ မနေ့ညက သင်္ကြန်မိုးကြည့်လိုက်သေးတယ်။ တနင်္ဂနွေနေ့မှာ မောင်တို့ချယ်ရီမြေ ကြည့်ဦးမယ်ဗျာ။ အားလုံးပဲ မင်္ဂလာ သင်္ကြန်၊ မင်္ဂလာမြန်မာနှစ်သစ်ဖြစ်ပါစေ။

    ဒါနဲ့ ဂျဂါး မစပ်၊ ကျွန်ဒေါ့ ချစ်ချစ်က မန္တလာသူ ဂျ။

  • လင်းဝေကျော်

    April 15, 2011 at 7:15 am

    ဒီနေ့တော့ နည်းနည်း အမူးပြေလာလို့ အင်တာနက်ပေါ်တက်ပြီး မိတ်သဟာအပေါင်းကို နှုတ်ခွန်းထပ်မံဆက်လို့ သင်္ကြန်ဆိုတာ ဘာပဲဖြစ်ဖြစ်ပျော်စရာပါလို့ ပြောပါရစေ။
    တို့တော့ ပျော်နေပါတယ်။

  • kai

    April 15, 2011 at 7:26 am

    ယူအက်စ်မှာတော့ အရက်ကို သောက်လေကြို်က်လေပဲ..။ ဆေးလိပ်ကတော့ ..ဘေးလူတွေထိတာမို ့..တော်တော့်ကို ကန့်ကွက်ကြပါတယ်..။
    အရက်ကတော့ ..ကိုယ်ဖြစ်ကိုယ်ခံလေ…။
    ဆိုတော့ ..ပွဲတော်နေ့တွေ… ညည နှိုက်ကလပ်တွေ..ဘားတွေရှေ ့ဆို.. ည၁၁နာရီလောက်ကနေ.. မနက် ၂-၃နာရီအထိ..ရဲတွေ ဒိုင်လျှိုလေးနဲ့.. အပြင်က ကားနဲ့ထိုင်စောင့်နေတာ..။
    အဲဒီအချိန် ကလပ်ကထွက်လာတဲ့ကား.. ဖမ်းစစ်… အကုန်လိုလို အမူးသမားမိတာပဲ.။ အဲဒီလိုနဲ့.. သမ္မတ ဘုရှ်တောင်မိဖူးတယ်..။
    ဒဏ်ငွေမြက်မြက်ကလေးဆောင်ခိုင်းတာပေါ့..။
    အဲဒီလိုနဲ့.. တိုင်းပြည်အတွက်..ဝင်ငွေရှာတာ…။

    ဒါပေမဲ့.. ပါ့ဗလစ်ပွဲ.. ကလေးတွေရှိတဲ့ပွဲ အရက်သောက်လို့မရပါဘူး..။
    မိလို့ကတော့..ဒန်တန်တန်ဖြစ်သွားမယ်..။
    ဒါကြောင့်.. အယ်လ်အေ သင်္ကြန် အရက်မပါဘူး..။
    ဘယ်သူမှလည်း မသောက်ဘူး..။

  • kopauk mandalay

    April 15, 2011 at 11:09 am

    ဒါနဲ့ ဂျဂါး မစပ်၊ ကျွန်ဒေါ့ ချစ်ချစ်က မန္တလာသူ ဂျ။
    အရေးထဲကြော်ငြာဝင်နေပါတယ်။
    ဒါဆို မြို့ယောက်ဖပေ့ါကွယ်

    • eros

      April 15, 2011 at 1:38 pm

      ဟဲဟဲဟဲ ဒါပေါ့။ မင်ဂလာ သဂျန်ဘာ ဦးပေါက်။

      မဒမ်ပေါက် ကို အသာခေါက်လို့ တောင်သမန်အင်းမဆင်းပဲ အိုဗျ မဏ္ဍပ်မှာ DJ သားစိုးရဲ့ ရောသမမွှေ နတ်ဒိုးလေးနဲ့ ပျော်ကြရအောင်လား ဦးပေါက်ရဲ့။

      ဆိုင်းကြိုက်တဲ့ မောင်….မောင်….မာင်……..ာင်………င်………….

  • shwepyithu

    April 15, 2011 at 11:21 am

    “သင်္ကြန်မဏ္ဍပ်သွားမယ့်သူများလည်း လုံခြုံရေးကစလို့ အခြားမတော်တဆမှုများမဖြစ်ရလေအောင် ရန်မဖြစ်ပဲ ပျော်ရွှင်နိုင်အောင် နေကြဖို့ သတိထားကြပါလို့ လည်း အကြံပေးပါရစေ”………………….
    စကားစပ်မိလို့ မထူးဆန်းပေမဲ့ ထူးခြားတာလေး ပြောပြချင်တယ်။ ညီမလေးတွေက သူတို့ ကုမ္ပဏီရှေ့မှာ ပေ20လောက် မဏ္ဍပ်လေးထိုးပြီး ကလေးတွေ အပျော်ရေကစားရအောင် စီစဉ်ပေးတယ်။ သူကနောက်ပြီး ငါတို့ လုံခြုံရေးအတွက် ရဲစခန်းက ရဲတွေ သွားငှားထားရင်ကောင်းမလားလို့ပြောတယ်။ အကြိုနေ့မနက်အစောကြီး ရေပိုက်တောင် မဆင်ရသေးဘူး။ ရဲသုံးယောက် ရောက်လာပါလေရော။ သူ့အမျူးိသားက မင်းသွားခေါ်ထားတာမဟုတ်လားတဲ့။ အားလုံးက နောက်နေတယ်ပဲထင်တာ။ နောက်မှ ပြည်သူတွေ လုံခြုံရေးအတွက် လာစောင့်ပေးတာ။ သုံးရက်လုံးစောင့်ပေးမှာတဲ့။ အကြိုနေ့ဘယ်သူမှမပက်သေးလို့ နောက်နေ့မှ လာပါလို့ ပြန်လွှတ်လိုက်ရတယ်။ အစောကြီး လဘက်ရည်တော့ တိုက်လို်က်ရတာပေါ့လေ။ ဒီနေ့တော့ မဏ္ဍပ်ကို မုန့်သွားပို့တော့ ယူနီဖောင်းအပြည့်နဲ့ စောင့်နေတာ တွေ့ခဲ့တယ်။
    အပြောင်းအလဲတွေထဲက ထူးခြားတဲ့ အဖြစ်အပျက်လေးမို့ပြောပြတာပါ။ ခါတိုင်းနှစ်တွေ တခါမှဒါမျိူးမလာဖူးဘူးလေ။ တို့ပြည်သူတွေ လုံခြုံရေး တကယ်ပဲ ကာကွယ်ပေးခံရတော့မှာလား။

    • kai

      April 15, 2011 at 5:07 pm

      ရဲလာစောင့်တာ ကောင်းတဲ့လက္ခဏာပါ…။
      ဒီမိုကရေစီနိုင်ငံတွေက အဲလိုပဲ..။ ရဲလည်း.. လူတွေကြောင့် အလုပ်ရတယ်ဆိုပြီး ..လူထုကို ထမင်းရှင်အဖြစ် လေးစားတဲ့စိတ်ဝင်လာတာပေါ့..။
      နောက်ဆို.. ဆန္ဒပြတာတွေ.. ဒို့အရေးတွေလုပ်ရင်လည်း ရဲခေါ်ထားပေါ့..။
      ယူအက်စ်မှာ ဒီလိုပဲ သပိတ်မှောက်မယ်ဆို..ရဲကို ကြိုသတင်းပေးခေါ်ရတယ်…။
      သူတို့က လုံခြုံရေးအပြင် လမ်းကြောင်းရှင်းတာပါတာဝန်ယူကြတယ်….။

  • shwepyithu

    April 16, 2011 at 5:25 am

    ရဲက အဲလိုခေါ်လို့ရလို့လား။ ခုကမခေါ်ဘဲလာတာပါ။ ဟိုးတခါ သူခိုးတက်လို့ ရဲခေါ်တော့ တော်တော်ခေါ်ယူရတယ်။ ပြီးမှရောက်လာတယ်။ ရုပ်ရှင်ထဲကအတိုင်းပဲ။ ပြီးတော့ အိမ်ကလူအုပ်ကြီးကိုတွေ့ပြီး သူခိုးကိုမိရင် သိပ်မရိုက်ကြပါနဲ့ဗျာတဲ့။ ရဲက။ ပြီးတော့ ပြန်သွားတယ်။

  • dream

    April 16, 2011 at 5:48 am

    အိမ်မက်တော့ ဒီနှစ်သင်္ကြန်အိမ်မှာပဲနေတယ်
    ဥပုသ်ကျောင်းတော့နေ့တိုင်းသွားတယ် ညစာတော့မစားဘဲမနေနိုင်လို့ ကျောင်းတွင်းဥပုသ်ပဲစောင့်ပါတယ်။
    ဒီနေ့ အိမ်မှာ မုန့်ကျွေးလို့ ရွာသူရွာသားတွေကို သတိရပြီး အွန်လိုင်းတက်လာတာ။
    အချိန်ရရင် အမရပူရမှာ ကျောက်ကျော လာစားလှည့်ကြနော်။

  • ဆူး

    April 16, 2011 at 7:50 am

    အိပ်မက်ကျွေးတာ စားဖို့ အိပ်လိုက်အုန်းမယ်။ အိပ်မက်ထဲမှာ စားမယ်။
    အမရပူရ ဆိုတာ ချက်ချင်း ကောက်ခါ ငင်ခါမရောက်နိုင်လို့ အိပ်မက်ထဲမှာ ဆုံပြီး လာစားမယ်နော်။

  • eros

    April 16, 2011 at 1:10 pm

    အရေးထဲ တယ်လီပသီနည်းနဲ့ စတုဒီသာ လုပ်နေကြတယ်။

  • ဆူး

    April 16, 2011 at 1:15 pm

    ဦးလေးက မနာလို ဘူး နဲ့တူတယ်။

    • eros

      April 16, 2011 at 1:36 pm

      လာပြန်ပြီ ဒီဦးလေး. လူငယ်လေးပါဆို…

Leave a Reply