အမှတ်တရ ၄၅ ကျပ်
၁ဝ တန်းအောင်ပြီးပြီးချင်း ကျမရဲ့ဖေဖေ နယ်မှ ရန်ကုန်ပြောင်းမိန့်ထွက်လာပါတယ်။ ရန်ကုန်ကို ကျောင်းပိတ် ရက်ရှိမှ တခါတလေ လာရတဲ့ကျမတို့ ညီအစ်မ ရန်ကုန်မှာနေရတာ့မယ်ဆိုတော့ ပျော်လိုက်ကြတာ။ ပစ္စည်းတွေ သိမ်းဆည်း ပြီးအလုပ်တွေရှုပ်နေရင်းတောင် အချိန်ကုန်နှေးတယ် ထင်ခဲ့တာ။ ဒီလိုနဲ့ကျမတို့မိသားစုရန်ကုန်ရောက်လာခဲ့ကြတော့တယ်။ ရန်ကုန်ရောက်တော့ ဖေဖေ့ဌာနကပေးမဲ့အိမ် မလွတ်သေးလို့ လှည်းတန်းက အမေဘက်ကတော်တဲ့ အဒေါ့်အိမ်မှာ ကျဉ်းကျဉ်းကျပ်ကျပ်နေကြရတယ်။ အရင် နယ်တွေမှာ ဌာနကပေးတဲ့အိမ်တွေက ခြံနဲ့ ဝင်းနဲ့ ၊ ဌာနဆိုင်ရာကားလေးနဲ့ကြီးပြင်းခဲ့ရတဲ့ ကျမတို့ ညီအစ်မနှစ်ယောက်အတွက် ရန်ကုန်ဆိုတာ တခြားကမ္ဘာတစ်ခုလိုဖြစ်နေခဲ့တယ်။ ရန်ကုန်ရောက်ပြီး ၁ လ လောက်ကြာတော့ မေမေက အိမ်နားလေးက English Speaking သင်တန်းကိုလိုက်အပ်ပေးတယ်။ နယ်မှာ နေတုန်း က ဖေဖေကနေ့တိုင်း အင်္ဂလိပ်စာသင်ပေးတော့ သင်တန်းတက်တာ ၁လောက်ရှိတော့ အင်္ဂလိပ်လို နည်းနည်း ပြောရဲဆိုရဲရှိလာတယ်။ အဲဒီအချိန်မှာ သတင်းစာက အလုပ်ကြေငြာ တစ်ခုကိုသွားတွေ့တယ်။ Position က Merchandiser တဲ့။ ၁ဝ တန်းအောင် ၊ အင်္ဂလိပ်လိုအနည်းငယ်နားလည်ရမယ်ဆိုတော့ ကိုယ့်အရည်အချင်းနဲ့ ကွက်တိဖြစ်နေတယ်။ တိုတိုပြောရရင် အလုပ်သွားလျှောက်လိုက်တယ် ၊ အလုပ်ရသွားတယ် ။ လခက တစ်လ ၅၅၀ဝ ကျပ်၊ သုံးလစာချုပ် ။ တက္ကသိုလ်မတက်ခင် အလုပ်လုပ်ရမယ်။ ပိုက်ဆံရမယ်။ ပျော်သလားမမေးနဲ့။ ကျမတို့က ဝန်ထမ်းမိသားစုဖြစ်လို့ မေမေကစည်းစနစ်အရမ်းကြီးတယ်။ ကျမတို့ညီအစ်မ ကျောင်းနေသက်တမ်း တလျှောက် မုန့်ဖိုးရဖူးတဲ့အကြိမ် လက်ချိုးရေလို့ရတယ်။ ဘယ်လိုကြောင်းပြချက်နဲ့မှ မေမေ့ဆီက ပိုက်ဆံတောင်းလို့မရဘူး။ ဒီလိုနဲ့အလုပ်ဆင်းရတော့ မေမေ့ဆီက ပိုက်ဆံတောင်းရတယ်။ လခရရင် လခအကုန်အပ်ပါမယ်ပေါ့။ အဲဒီမှာမေမေက ကားခအတွက် သေချာ တွက်ကြည့်ပြီးတော့ ၁ဝ ရက်အတွက် ၄၅ ကျပ်ပေးပါတယ်။ ထမင်းချိုင့်လည်းထည့်ပေးတော့ အဆင် ပြေပါတယ်။ ပိုက်ဆံမကိုင်ဖူးလို့ အပိုလည်းမသုံးတတ်ပဲကိုး။ ကျမအလုပ်က အခုအင်းယားမြိုင်ထဲက ဟိုတယ် တခုရဲ့ခြံဝင်းထဲမှာ။ လင့်ခ်လမ်းမှတ်တိုင်နဲ့နီးနီးလေး။
ဒီလိုနဲ့ကျမဘဝအတွက် အမှတ်တရနေ့ရောက်လာပါတော့တယ်။ အဲဒီနေ့မတိုင်မီတစ်ရက် ရုံးဆင်းခါနီးတော့ တာဝန်ခံက မနက်ဖြန်ထမင်းချိုင့်ထည့်မလာနဲ့ ၊ ဆင်ဖြေဖုံးဘက် Marketing ဆင်းရမယ်။ အားလုံးကို ဆိုင်မှာနေ့လည်စာကျွေးမယ်လို့ပြောပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့ကမေမေ့ဆီမှာ ပိုက်ဆံ ၄၅ ကျပ်ထုတ်ရတဲ့ရက်။ ပြီးတော့အဲဒီနေ့ရုံးမသွားခင် မေမေ့သူငယ်ချင်းတစ်ယောက် လာလည်လို့ ကျမကိုသူ့ကားလေးနဲ့ အလုပ်ကိုပို့ပေးခဲ့တယ်။ ထမင်းချိုင့်လည်းမထည့်ရဘူး ၊ ကားခလည်းမကုန်ဘူး ၊ တော်တော်ဟန်ကျတယ်။ ရုံးရောက်တော့ ကား ၃ စီးနဲ့ရှေ့နောက်တန်းစီပြီးထွက်ကြတယ်။ တာဝန်ခံက ပထမဆုံးကားနဲ့ပါသွားတယ်။ ကျမတို့ကားကနောက်ဆုံး။ ၁နေရာ ၊ ၂ နေရာ၊ အလွဲအချော်မရှိ အရမ်းပျော်စရာ ကောင်းတယ်။ နောက်ဆုံး နေရာကထွက်ပြီး ထမင်းဆိုင်သွားမယ်လဲလုပ်ရော ရှေ့ကကားနှစ်စီး ဘယ်ရောက်သွားလဲမသိ မျက်ခြည်ပြတ်သွားတယ်။ အဲဒီအချိန်တုန်းက အခုလို လက်ကိုင်ဖုန်းမရှိတော့ တာဝန်ခံကိုဆက်သွယ်လို့မရဘူး။ အဲဒီတော့ကားပေါ်ပါလူအားလုံးရဲ့ဆုံးဖြတ်ချက်အရ ဆိုင်တစ်ဆိုင် မှာနေ့လည်စာစားမယ် ၊ ကိုယ့်ဟာကိုယ်ရှင်း ၊ နောက်နေ့မှတာဝန်ခံဆီက ပိုက်ဆံပြန်ထုတ်ကြမယ်။ ဆိုင်ရောက်တော့ ကျမတို့အဖွဲ့ခေါင်းဆောင်က နောက်နေ့ပိုက်ဆံပြန်ထုတ်ရင် အရှုပ်အရှင်းမဖြစ်ရ လေအောင်ဆိုပြီး အားလုံးအတွက် ခေါက်ဆွဲကြော်တစ်ပွဲစီမှာပေးပါတယ်။ အားလုံးပျော်ရွှင်ရီမောနေကြချိန်မှာ ကိုယ့်ဝမ်းနာကိုယ်သာသိ အိတ်ထဲမှာပိုက်ဆံ ၄၅ ကျပ်ပဲ ပါတဲ့ ကျမပြုံးတောင်မပြုံးနိုင်ဘူး ၊ စားပြီးလို့ ပိုက်ဆံ လည်းရှင်းရော ခေါက်ဆွဲကြော်တစ်ပွဲ ၄၅ ကျပ်တဲ့။ ကျမ စိတ်ပေါ့ပါးသွားလိုက်တာများ ဘယ်လို ပြောပြရမလဲ တောင်မသိတော့ဘူး။ အပြန်ကားခ (၂ ကျပ်လား ၃ ကျပ်လား မမှတ်မိတော့ဘူး) မရှိတာတောင် စိတ်မပူ တော့ဘူး။ ငွေရေးကြေးရေးနဲ့ပတ်သက်ရင် အကြွေးမတင်စေနဲ့ ချေးငှားပြီး မသုံးနဲ့ ဆိုတဲ့မေမေရဲ့ စကားရင် ဝယ်ပိုက်ပြီး လင့်ခ်လမ်းမှတ်တိုင်နားကနေ လှည်းတန်းထိ ခြေလျင် လျှောက်ပြန်ခဲ့ရတဲ့ လွန်ခဲ့သော ၁၈ နှစ်ရဲ့နေ့တစ်နေ့ကတော့ ကျမရင်ထဲက အမှတ်တရပါပဲ….
22 comments
akswe
April 11, 2011 at 12:14 pm
ပေါ်လာသေးတယ် ပိစိကွေးရယ် လူပျောက်တိုင်တော.မလို.။
စာမရေး ပိုစ်.မတင်တာကြာ တဲ.သူတွေကို အိမ်သာဝင်ရင်း
ဘာရယ်မဟုတ် လျှောက်ရေတွက် ကြည်.နေတာ တိုက်တိုက် ဆိုင်ဆိုင် mg ကိုဖွင်.တော.
ပိစိကွေးရဲ.ပိုစ်.တွေ.ရလို. ဝမ်းသာပါဧ။် ဂေါ်ဂိ ဂါ်ဂိ ။အရင်လိုပြန်ပြီးကလောင်(ကီးဘုတ်)စွမ်းလေးပြပါဦး
Yin Nyine Nway
April 11, 2011 at 12:31 pm
ဒီလိုပဲ ကော်နက်ရှုင်ကောင်းရင် လာတင်လိုက်
ဝင်ငွေလေးကောင်းရင် ဖွင့်လိုက်
တခါတခါ ပိုစ်လေးရပါတယ်
ကိုကို ကော်နက်ရှင်က ….ဟွန်း
ဒါကြောင့် ယဉ်ငြိမ်းနွေးလည်း တခါတခါ ပျောက်ရတယ်
akswe
April 11, 2011 at 12:34 pm
ပျောက်တဲ.အထဲမှာပါတယ်နော် ယဉ်ငြိမ်းနွေး
နောက်ကို ဂဒီးဂဒီး တွေ.ပါရစေ။
eros
April 11, 2011 at 12:47 pm
ပိစိကွေးခြင်းမှားနေတယ်ထင်တယ်။
ဆူး
April 11, 2011 at 3:19 pm
အခု ရေးတဲ့ ပိစိကွေးက ဟို ပိစိကွေး မဟုတ်ဘူး အဘဆွေရဲ့.. အခု ပိုစ်တင်တဲ့ မပိစိကွေးက အသက် ၃၄လောက် ရှိရောပေါ့..
ဟိုပိစိကွေးက ခေးမလေး..
bigcat
April 12, 2011 at 1:09 am
ပိစိကွေး တယောက်ထဲပါတဲ့၊ ကိုကြောင်ကြီးကို သတင်းပို့ပြီးသွားပါပြီ။
အသိမိန်းခလေး တယောက်လည်း ရုံးအဆင်း မြို့ထဲကနေ သင်္ကကျွန်းကို အိမ်အပြန် ကားခမရှိလို့၊ ပြီးတော့ တက္ကဆီကလည်းမပေးချင်လို့ လမ်းလျောက်ပြန်တာ အိမ်ကို ညမိုးချုပ်မှရောက်တယ်။ သူ့အမေက စိုးရိမ်တကြီးနဲ့ မျှော်လို့တဲ့။ ပိစိကွေးလျောက်ခဲ့တဲ့ ခရီးနဲ့ သူ့ခရီး ဘယ်ဒင်းက ပိုဝေးမလဲမသိဘူးနော်..
unclegyi1974
April 13, 2011 at 4:01 pm
အင်းသူကမှ ၄၅ ကျပ်ပါသေး
ကျွန်တော်တုန်းကလက်ဖက်ရည်ဆိုင်ထိုင်
အပြီဟဲပြီးမှပိုက်ပိုက်ကမပါလာဖူး
ဂျာနယ်ရောင်းတဲ့အသိကောင်လေးဆီက
ပိုက်ဆံချေးပြီးပြန်ခဲ့ရတယ်
အမှတ်တရပါပဲ
akswe
April 14, 2011 at 12:25 am
ပိစိကွေးတွေတော. ရောကုန်ပါပြီ ကာယကံရှင်ကလည်း ဘာမှ မပြောဘူး
ဒါဆိုရင်တော. ဟုတ်မှာပါ ဆူးပြောဒါ ဘာတဲ. အတက်က ၄၃ ဆိုလား ခေးမလေးဆို
ပြန်ပြောမှာပေါ. ၊ အရင်ပီစီကွေးက ဘယ် ရောက်သွားလို.လည်း။
uncle gyi ရေ ပိုဆိုးတာရှိသေးတယ်
ကောင်မလေးနဲ. အစဉ် ပြေစမှာ ပေါ. ကျောင်းအဆင်း မုန်. ကျွေးပါရစေဆိုတော.
တို.က ဟဲဗီးမရဘူး လိုက်တ် လောက် ပဲဆိုတာနဲ. အရင်လှည်းတန်းက ရွှေနှလုံးသား မှာ ကျွေးတော.
မမ က ရွှေတောင် ခေါက်ဆွဲနှစ်ပွဲ ပေါင်မုန်.ထောပတ်သုတ် ပေါက်စီနဲ. အသားပေါင်း နက်စ်ကော်ဖီ လေးပါ လွေးလိုက်လို. ပါတဲ.ဇစ်ပိုမီးချစ်လေး ဇေယျာသီရိ လမ်းထိပ်က ထီဆိုင်မှာ ပေါင်ပြီး ရှင်းလိုက်ရပါရော လား။လမ်းတော.မလျှောက်လိုက်ရဘူး မယ်မင်းကြီးမက အိမ်အထိပြန်ပို.ပေးလို.။
ဆူး
April 14, 2011 at 2:55 am
အဘဆွေ ကောင်မလေးက ဗိုက်တော်တော် ဆာနေပုံရတယ်နော်။ အားကြီး စားနိုင်တာဘဲ..
weiwei
April 14, 2011 at 3:41 am
အဘဆွေလေသံကြည့်ရတာ မယ်မင်းကြီးမ အစားကြီးတာကိုကြောက်ပြီး အဆက်ဖြတ်လိုက်ပုံပဲ … 😛
pisikway
April 14, 2011 at 3:15 am
ကျမက MG မှာအခုမှ Register လုပ်ပြီး Post နှစ်ခုပဲတင်ဘူးသေးတာပါ။ ပိစိကွေးဆိုတာ ကျမအလုပ်ဝင်ခါစ သူများတွေနောက်ပြီးခေါ်တဲ့နာမည်ပါ။ နာမည်တူသွားရင် sorry ပါ။ Register လုပ်တော့ ဘာ Message မှ မပြလို့ ဒီနာမည်ပဲယူလိုက်တာပါ။
akswe
April 14, 2011 at 8:43 am
pisikway ရေ စတာစိတ်မဆိုးနဲ.နော် ၄၃နှစ်မဟုတ်တာလည်းသိပါတယ်
ရေးတာတွေလည်း အားပေးနေပါတယ်
နာမည်တူတာ အကြောင်း မဟုတ်ပါ
ကြိုဆိုပါတယ်ဗျာ။
ဆူး
April 14, 2011 at 7:09 am
မမ ပိစိကွေး.. အီးမေး လိပ်စာ မတူလို့.. ဘာမှ မပြောတာပါ။
နာမည် ကိုတော့ ပြောင်းလဲလို့ရပါတယ်။
akswe
April 14, 2011 at 8:37 am
ဆူးရဲ. အရင်ကမိန်းကလေးတွေက ခုခေတ်လို အစားကို တို.ကနန်း ဆိတ်ကနန်းစားတာမဟုတ်ဘူး
စားပြီဆိုတွယ်တာပဲ။ မုန်.ဟင်းခါး အကြော်နဲ. ၆ပွဲ ကုန်အောင်စားနိုင်တဲ. မိန်းကလေးသူငယ်ချင်းရှိဘူးတယ်။ပွဲကြီးတွေနော်။
မဝေကတော. sixth sence ရနေလားမသိဘူး
ဘာဖြစ်တယ်ဆိုတာတန်းပြောနိုင်တာဘဲ။
တကယ်တော့ထားခဲ.တာသူပါ။ ပိုကျွေးနိုင်တဲ.company ပိုင်ရှင် ဂျပန်နဲ.ယူသွားတယ်
ပြီးခဲ.တဲ.၂နှစ် ကပြန်တွေ.တော. ပုတ်လောက်ဖြစ်နေပြီ။ထားခဲ.သူကျေးဇူးရှင်မကြီး ကိုချောကလက်နှစ်တောင်.နဲ.ကန်တော.ခဲ.တယ်။
kai
April 14, 2011 at 9:48 am
ကြည့်ရတာ မှန်လေခြင်းဆိုပြီး တွေးနေပုံပဲ..။ 🙂
စကားမစပ်.. ဆရာဆွေတို့ ဒေသမှာကော သင်္ကြန်မကျဘူးလားဗျ…။
အဟမ်း..
ဒီပို့စ်လေးနဲ့ ဆက်စပ်ပြောရရင်တော့ ..အိပ်ထဲ ၄၅ကျပ်တန်ထည့်ထားနိုင်ပြီး…
ဖျက်သိမ်းပြီ ဆိုတော့ ပက်လက်လန်ကျမလိုဖြစ်သွားတဲ့ သူငယ်ချင်းကိုလည်း ပြန်မြင်ယောင်မိတယ်..။ 🙂
ဆူး
April 14, 2011 at 1:28 pm
၄၅ကျပ်တန် ဖျက်သိမ်းတာ ဟုတ်လို့လား..
၂၅ကျပ်တန် ၃၅ကျပ်တန် ဖျက်သိမ်းသွားတာပါ။
၄၅ကျပ်တန် ၉ဝကျပ်တန်တွေက ဆူး ၅နှစ် ၆နှစ် အထိ မြင်မိတယ်။
၅နှစ်မှာ ၈၈ အရေးအခင်းဖြစ်တာ ဆိုတော့.. ၈၈ နောက်ပိုင်းမှာတော့ ပိုက်ဆံ ဖျက်သိမ်းတာ မရှိဘူး ထင်တယ်။ မထုတ်တော့ဘဲ သိမ်းသိမ်းသွားတဲ့ စနစ်နဲ့ ပျောက်သွားအောင် လုပ်လိုက်တာ လို့ ထင်ပါတယ်။
ငှက်ကြီး
April 14, 2011 at 2:55 pm
ဖိုးလှကြီးနဲ့ဆရာစံ ၉ လပဲခံ….ဆိုတဲ့စကားပုံ မကြားမိဖူးနဲ့တူတယ်။
တရားဝင်ဖျက်သိမ်းလိုက်တာပါ။ အိမ်ကဗီဒိုထဲမှာ ၄၅ကျပ်တန်နဲ့၉ဝတန်တွေရှိနေတုန်းပဲ ။ နို့မို့ဆိုရင် ထုတ်သုံးတာကြာပေါ့။
ဆူး
April 14, 2011 at 2:08 pm
အဘဆွေ အခုတော့ ထားခဲ့ ခံရတာ ဟုတ်သလို လို ဖြစ်နေပြီ ပေါ့လေ.. ဟုတ်လား..
ဒါနဲ့ စကားမစပ်.. မိန်းကလေးတွေ ဘာလို့ အဲလောက် အစားပုတ်ရတာလဲ..
ထူးဆန်းတယ်နော်။ ဒီခေတ်က ဆီမစားရတာနဲ့.. အငန် ကြောက်ရတာနဲ့ အစားလျော့ရတာနဲ့.. အမျိုးမျိုး.. ဒါတောင် ဝနေကြတယ်။ အဲဒီ တုန်းက လူတွေ ဝမှာ မကြောက်ကြဘူးလား မသိဘူးနော်။ ဒါမှ မဟုတ် ဘယ်လောက် စားစား မဝ ကြလို့နဲ့တူတယ်။
akswe
April 14, 2011 at 6:35 pm
သဂျီးတို.တွေးကြည်.လိုက်ရင် ကွက်တိဘဲ ဗေဒင်ဟောစားရင် နံမည်ကြီးမှာ။
ဟုတ်တယ် အဲဒီလိုပဲတွေးမိတယ်..
ဘုရား ဘုရား…… ငါကံကြီးလို.ပါလား နို.မို.ဆို အခုဒါကြီးနဲ.နှစ်ပါးသွားနေရပြီ မွေးထားတာတွေကလည်း မျောက်ရှုံးလေး တွေ သုံးကောင်တောင်
သူနဲ.သာအကြောင်းပါလို.ကတော. အခုလိုဒီက ခြေတံရှည်လေးတွေနဲ. ဟောင်းဒူးယူဒူးနိုင်တော့မှာ မဟုတ်ဘူး ကံကောင်းလို. ဟား ဟား။
ကိုခိုင်ရေ ဒီမှာလည်း သင်္ကြန် နဲနဲတော.လုပ်ကြပါတယ် ဒါပေမယ်.စုပြီးလုပ်ကြတာမဟုတ်ဘူး၊
လန်ဒန်မှာ တစ်ခု ဘာမင်ဟန်မှာ တစ်ခု အောက်စဖိုဒ့် တစ်ခုဆိုသလိုပေါ. ဘာစတုဒီသာမှလည်းမရှိပါဘူး
စုပြီးဈေးရောင်းကြတာပါ ပြီးတော.ဝါသနာရှင်တွေ ဆိုကြ ကကြတယ်။ ဟောလ် ကြိးတစ်ခုငှားပြီး
လုပ်တာ ဝင်ကြေး ၁ဝပေါင် ပေးရတယ် ။ နယ်ကတစ်ချို.ကတော.ရှိတဲ. ကော်မြူနတီလေးနဲ.ဘဲ
နီးရာဘုန်းကြီးကျောင်းမှာ နဲနဲ နဲ.ကျဲကျဲ စတုဒီသာကျွေးကြတယ် ကိုခိုင်တို.ဆီလောက်တော. မစည်ပါဘူး စည်းလုံးမှုလည်းမရှိကြဘူး။
nigimi77
April 14, 2011 at 7:45 pm
၄၅ ကျပ်တန် ဖျက်သိမ်းလို ့ ပက်လက်လန်တာကတော့ ကိုယ်တွေ ့ပဲ။ ဈေးကောင်းပေးလို ့ အဖေက ခြံတခြံ
ထုတ်လိုက်တာ ဝယ်သူက ကြိုသိနေသလားပဲ။ ၄၅ ကျပ်တန်တွေနဲ ့ပဲ ချေသွားတာ။
ကိုဆွေပြောလို ့ ကျုပ်လဲ ပုတ်လောက်ကြီးကို သတိရသွားတယ်။
ရည်းစားဦးလို ့ပြောရမလားပဲ။
တက္ကသိုလ် တက်ချိန်မှာတော့ မွှေလွန်းအားကြီးခဲ့လို ့ လူတွေရောနေတာနဲ ့ အထက်တန်း ဘဝလောက်က
ဖွန်ကြောင်ခဲ့တာတွေကို ပြန် အမှတ်ရတာပဲ။
ကျုပ်တို ့ ကျောင်းက နေ ့တဝက်ဆိုတော့ ကျောင်းဆင်းရင် အိမ်မပြန်ဘူး။
အိတ်ထဲ အသင့်ထည့်လာတဲ့ အဝတ်အစားတွေကို ထုတ်ဝန်ပြီး စိန် ့ဖလိုးမီးနား မိန်းကလေး ကျောင်းဆင်းချိန်
ကို သွား ပြီး ကြူ ကျတာပေါ့။ အဲဒီတုန်းက သူလဲ သူ ့ခေတ်သူ ့အခါ Queen ပေါ့ဗျာ။
ဒီလိုနဲ ့ပဲ ကံထူးရှင် ကျုပ်က ရည်းစားဖြစ်ခွင့်ရခဲ့တာပေါ့။
ပထမဆုံး အပြင်မှာ ချိန်းတွေ ့မယ်ဆိုလို ့ အမေပေးတဲ့ မုန် ့ဖိုးလေး ကိုင်ပြီးသွားတာ………
မမဘုရားက ဆွေတော်မျိုးတော် တသိုက်လုံးကို ခေါ်ချလာရော။
ကျုပ် လက်သံပြောင်တာကို ကြားလို ့ပဲလား….ဒါမှမဟုတ် ဦးဏှောက်ဖောက်စားချင်လို ့လားပဲ….။
ပါတာလေး ပြောင်တဲ့ အပြင် လက်က ဟာလေးတွေပါ အပေါင်ဆိုင်မှာ ထားလိုက်ရတယ်။
၂ ခေါက်ပဲ ချိန်းတွေ ့လိုက်ပြီး ကျုပ်လဲ သွေးပျက်သွားတာလဲပါ….သူ ့လမ်းထဲက သူငယ်ချင်းတစ်ယောက်က
မင်းကို သက်သက် စားနေတာလို ့ ပြောတာလည်း ပါတော့ အလိုက်သိစွာနဲ ့ပဲ ခြေရာဖျောက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂လပိုင်းမှာ လှည်းတန်းဖက်မှာ ဝယ်စရာရှိလို ့သွားရင်း စတိုးဆိုင်တခုကို ဝင်တော့……..
ဒီ စည်ပိုင်းကြီးကို ရင်းရင်းနှီးနှီး တွေ ့ဖူးပါတယ်ပေါ့…….သေချာကြည့်လိုက်တော့
ကျုပ်ရဲ ့ အလွန် ခန် ့ချောတဲ့ ငယ်ရုပ် (ကြေငြာဝင်တာ) က မပျောက်လို ့လား မသိ… သူက စပြီး မှတ်မိတယ်ဗျ။
ဟယ်…နင် ရုပ်လည်း မပြောင်းဘူးနော်…အိမ်ထောင်ကျနေပြီလား လို ့မေးရော….။
ကျုပ်လဲ အခုထိ လူပျိုကြီး စစ်စစ် ဖြစ်ပါကြောင်းပေါ့…..။
သူက ကလေး ၃ ယောက်ရနေပြီ……။
တကယ့်ကို စည်ပိုင်းပုကြီး နဲ ့ကို တူနေတာ။
နှုတ်ဆက်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာ ကျုပ်တယောက်ထဲ တွေးပြီး ကြိတ်ကျေနပ်မိနေပါတော့တယ်….။
ဘုရား…ဘုရား…….ကံကောင်းလို ့………………။
akswe
April 14, 2011 at 8:17 pm
အခုတော.လည်းလွမ်းလို.ကျန်ခဲ.ရတာကို ဝမ်းသာပါတယ်လေပေါ.ကွယ် ဟီးးဟီး
ဒါတောင်သူကပြောသေးတယ် သူ.ကြောင်.မိန်းမတွေကိုစိတ်နာပြီးအခုလိုတစ်ယောက်တည်း
အထီးကျန်နေရတာ စိတ်မကောင်းပါဘူး သူ.အပြစ်တွေပါဘာညာပေါ.၊ကိုယ်.စိတ်ထဲကတော.ကျိတ်ပြီး ကျေးဇူးကြီးပါပေ.မမရယ် နို.မို.ခုလောက်ဆို ရာဝင်အိုးမှာ ဖားလတက် ကပ်သလိုနေတော.မှာ လို. .ဟီး
ဆူးပြောတာ ဟုတ်တယ်
အရင်က မိန်းကလေးတွေ အစားပုတ်ကြတယ် ဝလည်းသိပ်မဝကြဘူး
အဆီရှောင်တာ တို. ပိန်ဆေးသောက်တာတို. ဒိုင်းယက်တို. ဘာတို.လည်းသိပ်မကြားဖူးဘူး
အခုချိန်လို အကင်တွေ ကိုရီးယား ဂျပန် ထိုင်းစာတွေလည်း ခေတ်မစားသေး တော.
ဝက်သားဒုတ်ထိုး၊ မုန်.ဟင်းခါး၊ အသုတ်စုံ၊ပေါက်စီ၊အသားပေါင်း၊ကော်ပြန်.၊စမူဆာအီကြာ(ရှလွတ် ပြောရင်းစားချင်လာဘီ) ဒါတွေပဲလှိမ်.တွယ်ကြတာပဲ၊ ငယ်သူငယ်ချင်းမိန်းကလေး တော်တော်များများ
အခုထိ ဂျပိန်တွေချည်းဘဲ။နဲနဲပါးပါးဝတဲ.သူငယ်ချင်းမတစ်ယောက်ကိုတော.ချစ်စနိုးနဲ. ဝိုင်းပြီး ရွက်ဝါ လို.နံမည်ပေးထားကြတယ် သူမသိခင်ကတော.သဘောတွေကျပြီး တပြုံးပြုံး နဲပေါ. နောက်မှ
ရွာဝက်လို.ခေါ်မှန်းသိသွားတော. ငိုလိုက်တာ အော်ကွေ.ကျည် နှစ်ပွဲ နဲ.ဒိန်ချဉ်တစ်ခွက် ဝင်သွားမှ အငိုတိတ်တယ်။
ဆူး
April 15, 2011 at 3:30 am
အဘဆွေကလည်း ကလေး အမေ ဆိုမှတော့ ဝ လာမှာပေါ့..
ဒီက အမျိုးသမီး တော်တော် များများက ကလေး အမေ ဆိုရင် သိကို သိသာတယ် ဝဝ တွေကြီးဘဲ။
နောက်ပြီး ဒီခေတ် အစားအစာ တွေမှာ.. မပျော်ဆီ တွေ မသိမသာ စားနေရလို့လား မသိဘူး.. ဝယ်စားတုန်းကတော့ ပဲဆီ စစ်စစ် ဆိုင်က ရောထားလို့ စားအုန်းဆီ ဖြစ်ပြီး ဗိုက်ထဲ ရောက်တော့ ပြန်မထွက်ဘဲ ဗိုက်မှာ ကပ်ပြီး ဝဝ ကြီးတွေ ဖြစ်နေကြတယ်။