“ဒို့ခေတ်ကို ရောက်ပြီ” ကဗျာနှင့်ပတ်သက်၍ စစ်ဝေး၏ စကား

Good IdeaApril 11, 20111min21315

ဟိုတနေ့က ကဗျာဆရာ စစ်ဝေးရဲ့ “ဒို့ခေတ်ကို ရောက်ပြီ” ကဗျာကို

ပို့စ်အဖြစ် တင်လိုက်တော့ ဂေဇက်ရွာသားတချို့
ထင်မြင်ချက်တွေ ပေးကြတယ်။ အဲဒါတွေကို ဆရာစစ်ဝေးက ဖတ်ကြည့်ပြီးတော့ စာဖတ်သူတွေကို စကားအနည်းငယ် ပြောပါရစေ ဆိုပြီး စာရေးလာတဲ့အတွက် ပို့စ်အဖြစ် တင်ပေးပါတယ်။
မှတ်ချက်။ ။ ဒီစာဟာ ရေးသူအာဘော်သာ ဖြစ်ပါကြောင်း။
အားလုံးကို လေးစားလျှက် …
Good Idea
……………………………………………………..
အားလုံးပဲ မင်္ဂလာပါ။ ဒို့ခေတ်ကို ရောက်ပြီ ကဗျာနဲ့ ပတ်သတ်လို့ စကားအနည်းငယ် ပြောပါရစေခင်ဗျ။ ကျနော် အဲဒီကဗျာကို ဘာကြောင့် ဖွဲ့ဖြစ်သလဲဆိုတာကို မိတ်ဆွေတွေကို အရင်ရှင်းပြချင်ပါတယ်။
ဘာကြောင့် ရေးဖွဲ့သလဲ
၂၀၁ဝ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်း စစ်အစိုးရက လွှတ်တော်ခေါ်ပေးပြီး နေပြည်တော်မှာ လွှတ်တော်အစည်းအဝေး ကျင်းပကြတယ်။ ရွေးကောက်ပွဲ မလုပ်ခင်ကတည်းက စစ်အစိုးရ ရွေးချယ်တဲ့လမ်း၊ ဖော်ဆောင်နေတဲ့လမ်းဟာ ဒီမိုလမ်း မဟုတ်ဘဲ တံလျှပ်ကို ရေထင်အောင် မျက်လှည့်ပြနေတဲ့ စစ်တပ်ကြိုးကိုင် အတုအယောင် ဒီမိုကရေစီလမ်းသာ ဖြစ်တယ်လို့ ကျနော် ယုံကြည်တယ်။ အဲဒါကြောင့် ကျနော် ခံစားမိတာက တကယ် စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ လူငယ်တွေ နိုင်ငံရေးမှာ နိုးထကြ ဦးဆောင်ကြဖို့ လိုတယ်လို့ ခံစားမိတဲ့အတွက် ရေးဖွဲ့ဖြစ်တာပါ။
မကြိုက်ရင်တော့ ဆောရီးပါ
မိတ်ဆွေ မကြိုက်တာတော့ ကျနော်လည်း မတတ်နိုင်ပါ။ ဘာလို့ဆိုတော့ မိတ်ဆွေ အကြိုက် ရေးဖွဲ့ထားတာ မဟုတ်ဘဲ ကျနော်နှလုံးသားထဲက လာတဲ့အတိုင်း ရေးဖွဲ့ထားလို့ပါပဲ။
ကိုယ့်နှလုံးသားကို ကဗျာက မဖမ်းစားနိုင်လို့ မကြိုက်တာက မကြိုက်ပိုင်ခွင့် ရှိပါတယ်။ “ကျနော်တော့ မကြိုက်ဘူးဗျာ” လို့ ပြောခွင့်ရှိပါတယ်။ ဒါပေမယ့် “ပေါရဲလိုက်တာ” ဆိုတဲ့ အဆင့်အတန်းမရှိ သေးနုပ်သိမ်ဖျင်းတဲ့ စကားမျိုး မှတ်ချက်မပေးသင့်ဘူးလို့ မြင်ပါတယ်။
တကယ်လို့ “ပေါရဲလိုက်တာ” လို့ပြောသူဟာ ကဗျာလင်္ကာ
ဝေဖန်သူတဦး ဖြစ်နေခဲ့ရင်တော့ ကျနော့်ကဗျာအပေါ် စနစ်တကျ
ဝေဖန်နိုင် သုံးသပ်နိုင်ပါတယ်။
အခု အထက်ကအတိုင်း ကျနော်ပြောခဲ့တာကို ရန်တွေ့တယ်လို့ မယူဆစေလိုပါ။ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာ
ကျနော် မြင်ရသလောက် မြန်မာအများစုမှာ သွားပုပ်လေလွင့် ပြောတတ်တဲ့ အကျင့်ဆိုးကြီး အမြစ်တွယ်နေပါတယ်။
ရေးသူက ဘယ်သူမှန်းမသိ၊ သူက ဘာကို ရည်ရွယ်သလဲဆိုတာလဲ သဘောပေါက်အောင် မစဉ်းစား (ဝေဖန်ချင်ရင် သေချာဖတ်ပြီး စဉ်းစားဖို့ လိုပါတယ်) ပါးစပ်က အနုတ်လက္ခဏာဆောင်တဲ့ စကားတွေနဲ့ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ပစ်လိုက်တာပဲ။ အဲဒါဟာ ကျနော့် ကဗျာမှ မဟုတ်ပါဘူး ဘယ်ကိစ္စမှာပဲ ဖြစ်ဖြစ် မကောင်းပါဘူး။
ကျနော် ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့သဘောနဲ့ ပြောဆိုနေတာ မဟုတ်ဘူးနော် မိတ်ဆွေများ။ အားလုံး စကားပြောဆို ဝေဖန်ရာမှာ သတိထားဖို့၊ အသိတရား ရှိစေချင်လို့ ပြောတာ ဖြစ်ပါတယ်။
“လွပ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိတယ်။ လွပ်လပ်စွာ ဆဲပိုင်ခွင့်တော့ မရှိဘူး” လို့ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောဆိုထားတယ် မို့လားဗျ။
ဝေဖန်ချင်ရင် အပြုသဘောဆောင်ပြီး ဝေဖန်တာ အကောင်းဆုံးပါဗျာ။
ကျေးဇူးတင်ပါတယ်
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျနော့်ကဗျာကို ဖတ်ရှုပြီး ကောင်းသည် ဆိုးသည် ဝေဖန်ပေးတဲ့အတွက် ဂေဇက်က ကဗျာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်။
အားလုံးကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ ကြပါစေ…
စစ်ဝေး

15 comments

  • nigimi77

    April 11, 2011 at 12:06 pm

    ဒါနဲ ့ နေပါဦး ကဗျာဆရာ ကိုစစ်ဝေးက ဘာလို ့ လူလုံးဖျောက်ပြီး တဆင့်ခံ ရှင်းလင်းရတာလဲ ။

    လုပ်ပါဗျ။ ကိုယ်ရောင်လေး ပြပါဦး။ ဆွေးနွေးချင်ပါတယ်။

  • ငှက်ကြီး

    April 11, 2011 at 2:27 pm

    ဆက်ရေးပါ..ဘယ်သူဘာပြောပြော ကျနော်ကတော့အားပေးနေပါတယ်။

  • sniper2011

    April 11, 2011 at 2:47 pm

    ကိုစစ်ဝေး
    ဒို့ခေတ်က၊လူငယ်တွေခေတ်ကခုမှရောက်တာလား။လွတ်တော်ခေါ်ပြီးမှလား
    အရင်ကကိုစစ်ဝေးတို့ကအိပ်နေကြတာလား။ခုအခြေအနေကိုအကောင်းကြီးလို့ကျွန်တော်မပြောပါဘူး ။နိုင်ငံအချို့ကနိုင်ငံတွေမှာတောင်ေ ရွးကောက်ပွဲနိုင်တဲ့သူကိုတောင်ဖယ်မပေးတဲ့ အာဏာရှင်တွေအများကြီး ။ပေးလာတဲ့အခွင့်အ ရေးသေးသေးလေးကိုကြီးလာအောင်။ တိုင်းပြည်အတွက်အကျိုးရှိ်လာအောင်
    လုပ်ရမယ်ကိုစစ်ဝေး။
    ဒေါ်အောင်ဆန်းစုကြည်ကိုခေါင်းဆောင်တင်ထားတဲ့ကိုစစ်ဝေး
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲသပိတ်မှာက်တာ
    စီးပွားရေးပိတ်ဆို့တာ
    အလုံးစုံပျက်သုံးရေးဆိုတဲ့ဆုံးဖြတ်ချက်တွေလုံးဝမှားတယ်လို့ထင်တယ်
    တကယ်တော့ဦးသန်းရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာမဟော်သဓာ ဇတ်တော်ထဲကကလေးလုကြတဲ့

  • nigimi77

    April 11, 2011 at 2:53 pm

    ကျုပ်လဲ ဘယ်သူ ဘာပြောပြော အမုန်းခံပြီးတော့ကို ဝေဖန်ပေးနေပါတယ်။

    အားပေးတဲ့သူ ရှိသလို ရှုံ ့ချတဲ့သူရှိမှ သဘာဝတရားက ဘက်မျှမှာပေါ့။

    ဆက်သာရေး ကျုပ်လည်း ဆက်ပြီး ဝေဖန်မယ်။ ဉာဏ်မှီ သလောက်လေး။

  • nigimi77

    April 11, 2011 at 2:56 pm

    အဲလိုပဲလေ။ ဘာလုပ်လုပ် ဘာမှ မဖြစ်ရင် နောက်တက်လာတဲ့ လူငယ်တွေကို လူငယ်တွေခေတ် ဘာခေတ်
    ညာခေတ်ဆိုပြီး အချွန်နဲ ့ “မ” ပေးရတာ။

  • sniper2011

    April 11, 2011 at 2:57 pm

    (အဆက်)
    ဘီးလူးမတွေကြီးဘဲ။အမေအရင်းနဲ့တူတဲ့။(မြန်မာပြည်ကိုသားလိုချစ်တဲ့(ဗိုလ် အောင်ဆန်း)လိုလူ(၁)ယောက်မှမပါဘူး။အဲဒီတော့လွတ်တော်ထဲဝင်ဦးသန်း
    ရွှေရဲ့လူတွေကိုကောင်းအောင်ဆွဲဆောင်နိူင်အောင်ကြိုးစားစေချင်တယ်ကိုစစ် ဝေး။ဒေါ်စုလမ်းစဉ်အတိုင်းဆိုရင်ငါးပါးမှောက်လိမ့်မယ်။

    • bigcat

      April 12, 2011 at 12:20 am

      သန်းရွှေလူတွေအောက်ကို ဆွဲမယ်ပြောတာနဲ့တူရဲ့….. ဆွဲထား၊ တခါဆွဲရင် သုံးသိန်းရမယ်။

      • bigcat

        April 15, 2011 at 1:30 am

        ကယ်ကြပါအုံးဗျို့။ သူတို့ သန်းရွှေအောက်ဆွဲတာ အားမရလို့ ကျုပ်ကိုပါလိုက်ဆွဲနေတာ အပေါ်ကဟာလေး ပြုတ်သွားပါတယ်။ ပြန်တင်ပေးကြပါအုံး ရွာသားတို့……

  • nigimi77

    April 11, 2011 at 3:10 pm

    အုပ်ချုပ်သူက လဲ အကျင့်ပျက်။

    ဆန် ့ကျင်သူက လဲ အကျင့်ပျက်။

    ပြည်သူက လဲ အကျင့်ပျက်။

    ပျက်သူက များနေတာ လောလောဆယ် စိတ်လျှော့ ကိုရင်။

    နောက်ဆက်တွဲ ကောင်းစေချင်ရင် နောက် မျိုးဆက်ကို အရင် ပြုပြင်။

    မနှိုင်းအပ်ပေမဲ့ ဘုရား ဆိုတာ လူက ဖြစ်တာ။

    သန်းရွှေဆိုတာလဲ ပြည်သူပြည်သားကနေဖြစ်တာ။

    ဘယ်နေရာကို ရောက်သွားတဲ့ ဘာကောင် မဆို ပြည်သူ ပြည်သား ကနေ ဖြစ်လာတာချည်းပဲ။

    အဲဒီနေရာကို ရရင် လူတိုင်း အဲလို ဖြစ်မှာပဲ လို ့ ဆိုချင်ရင် သမိုင်းတစ်လျှောက်မှာ ကျုပ်တို ့ လေးစားအပ်တဲ့

    လူတွေ ရှိခဲ့မှာ မဟုတ်ဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 11, 2011 at 3:19 pm

    ဆန်ရှင်တွေကိုပြန်ဖွင့်ပေးဘို ့ပြောတဲ့
    အကောင်မသားတွေ အကောင်မသမီတွေရေး
    ဆန်ရှင်ကြောင့် စီမံကိန်းတွေလုပ်မယ်
    စီမန်ကိန်းတွေလုပ်လို ့
    ဒေသခံတွေကို ထိုက်တန်တဲ့လျှော်ကြေးတွေမပေးရင် ဒေသခံတွေ နစ်နာရင်
    အဲ့ဒီလူတွေရဲ ့နစ်နာမှု ့ကို
    ဘယ်သူ ့အမေကိုဖာခံခိုင်းပြီးပေးဆပ်မလဲကွဟေ

  • nigimi77

    April 11, 2011 at 3:29 pm

    ပေါ်တော်မူ အခုမှပဲ ပေါ်လာတယ်။ ကျုပ် စောင့်နေတာ တပိုင်း ကုန်ပြီ။

    စိ်တ်လျှော့ ငါ့ရှင် စိတ်လျှော့။

  • kai

    April 12, 2011 at 4:02 am

    http://myanmargazette.net/46115/creative-writing/poetry-songs

    အဲဒီမှာ မူရင်းကဗျာ တင်ထားတဲ့လင့်ခ်ရှိပါတယ်.။ ဖတ်ကြည့်နို်င်ဖို့ပါ..။

    ရကြောင်း ကဗျာလေးထဲ.. “ဒို့ခေတ်” လို့ ၂ခါရေးထားပြီး.. “တို့လူငယ်”လို့တခါရေးထားပါတယ်..။
    ဒို့ရယ်..တို့ရယ် တွဲသုံးတာမှာ ရည်ရွယ်ချက်ရှိသလား .. သိချင်သား..။

    အင်း..
    ကဗျာရည်ရွယ်ချက်တော့ ကြိုက်ပါတယ်..။

  • sniper2011

    April 12, 2011 at 6:21 am

    ဆန်ရှင်ပိတ်တာကိုသဘောတူတဲ့သူရေ။ဆန်ရှင်ကကျုပ်တို့ပြည်သူတွေဘဲထိ ခိုက်တာ။ခင်ဗျားဟာကြီးတွေကိုမထိခိုက်ဘူး။စီမံကိန်းတွေလုပ်လို့လျှော် ကြေးမပေးရင်ခင်ဗျားဓါးနဲ့ထွက်ခုတ်ပါ။အမေရိကားကဆရာတွေလုပ်ရင်အားလုံး
    မှန်ပါသည်ဆိုရင်တော့ကျုပ်တို့မျက်စိတွေ။ဥိးနှောက်တွေပိတ်ထားလိုက်ဗျာ
    ကျယ်ရမဲ့မျက်စိဘဲကျယ်ပြီး။မကျယ်ရမဲ့ဟာကြီးမကျယ်နဲ့ဗျာ။

    • bigcat

      April 13, 2011 at 2:44 am

      ဟား ဟား ဟား…. စောင့်လိုက်အုံး နောက်တနှစ်……
      အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို နောက်ထပ် သက်တမ်း တိုးလိုက်ပေမဲ့လို့ အစိုးရအဖွဲ့ထဲက အရပ်သား ဝန်ကြီးတွေကိုတော့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာတွေ တနှစ်တာကာလ ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။ အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ ဆက်ရှိနေဦးမှာ ဖြစ်သလို တဖက်မှာ အဆင့်မြင့် တာဝန်ရှိသူချင်း သံတမန်ရေး ဆက်ဆံနိုင်ဖို့ လမ်းဖွင့်လိုက်တာလို့ လေ့လာသူတွေက ယူဆပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

      မနေ့ကလုပ်တဲ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ အီးယူရဲ့ အရေးယူဒဏ်ခတ်မှုတွေကို နောက်တနှစ် သက်တမ်း တိုးလိုက်ပေမဲ့လို့ တဖက်မှာ မြန်မာအစိုးရသစ်အနေနဲ့
      အရပ်ဖက် အစိုးရတရပ်လို အားကောင်းလာပြီး အပြောင်းအလဲတွေအတွက် မူဝါဒသစ်တွေ ချမှတ်နိုင်ရေးကို အားပေးသွားလိုတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့်လည်း သံတမန်ဆက်ဆံမှုမှာ အဓိက ကြားခံဖြစ်မယ့် မြန်မာနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့အတွင်း အရပ်ဖက်ဝန်ကြီးတွေ အပေါ် အီးယူက ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှု တနှစ် ရပ်စဲသလို ဒီလူတွေရဲ့ ပိုင်ဆိုင်မှုထိန်းချုပ်ဖို့ ဆိုတဲ့ အရေးယူမှုကို တနှစ်တာ ဆိုင်းငံ့ထားဖို့ အီးယူ ဥရောပသမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။

      အီးယူအနေနဲ့ မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုအချို့ လျှော့ပေးလိုက်ပြီ ဆိုပေမဲ့လည်း အဓိကကျတဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုတွေ၊ လက်နက် ရောင်းချမှုပိတ်ဆို့တာတွေနဲ့ အစိုးရကို ဖွံ့ဖြိုးရေး အကူအညီ တိုက်ရိုက် ထောက်ပံ့တာတွေ ပိ်တ်ပင်ထားတာတွေ၊ အစိုးရအတွင်း ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ သူတို့နဲ့ ပတ်သက်သူတွေကို ဗီဇာပိတ်တာ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ အစိုးရပိုင်နဲ့ အစိုးရနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ပိ်တ်ပင်တာ အစရှိတာတွေကိုတော့ နောက်တနှစ် သက်တမ်း တိုးလိုက်ပါတယ်။ အခုလို အရေးယူမှုတွေကို နောက်တနှစ် သက်တမ်းတိုးလိုက်တာ ဟာ အချိန်နဲ့အညီ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟေ့ဂ် (William Hague) က ပြောပါတယ်။

      “လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားရှိနေတဲ့ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုကို သက်တမ်းတိုးဖို့ သဘောတူခဲ့ကြပါတယ်။ ဒါကြောင့် အီးယူ ဥရောပသမဂ္ဂအနေနဲ့ ကျနော်တို့ရဲ့ ဆွေးနွေး တင်ပြချက်တွေကို အရေးယူ အသိအမှတ်ပြုတဲ့အတွက် ကျေနပ်အားရမိပါတယ်။”

      အီးယူအနေနဲ့ မြန်မာအစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေကို အဆက်မပြတ် စောင့်ကြည့်သွားမှာ ဖြစ်သလို အီးယူရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း အဆက်မပြတ် သုံးသပ်သွားမှာ ဖြစ်တယ်လို့လည်း ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

      မြန်မာ့အရေးဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် Burma Campaign UK ညွန်ကြားရေးမှူး မာ့က်ဖာမနာ (Mark Farmaner) ကတော့ ဒီဆုံးဖြတ်ချက်တွေကို ကြည့်ရင် မြန်မာနို်င်ငံမှာ အပြောင်းလဲတွေ မဖြစ်မချင်း အရေးယူမှုတွေကို ရုတ်သိမ်းမှာ မဟုတ်ဘူးဆိုတဲ့ ဥရောပသမဂ္ဂရဲ့ ရှင်းလင်းတဲ့ သဘောထားဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

      “မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ဆက်ထားဖို့ အီးယူ ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို Burma Campaign UK အဖွဲ့ကြီးအနေနဲ့ ကျေနပ် အားရမိပါတယ်။ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲတွေ မဖြစ်မချင်း စီးပွားရေးအရ ဒဏ်ခတ်မှုတွေကို ဆက်လုပ်သွားဦးမယ် ဆိုတဲ့ ရှင်းလင်းတဲ့
      သဘောထား ဖြစ်ပါတယ်။ ဒါ့အပြင့် အီးယူရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ ကြိုးပမ်းမယ် ဆိုတာလည်း တွေ့ရပါတယ်။ ဒါဟာ ကျနော်တို့ ဟိုတုန်းကလည်း လိုလားတဲ့အချက်ပါ။”

      ဥရောပသမဂ္ဂအနေနဲ့ အဆင့်မြင့် တာဝန်ရှိသူတွေ မြန်မာနိုင်ငံကို စေလွှတ်တာကို အရင်က ပိတ်ပင်ထားခဲ့ပေမယ့်၊ အခုလို အဲဒါကို ပြန်ရုတ်လိုက်ပါတယ်။ ဒါကြောင့်လည်း အီးယူအနေနဲ့ မြန်မာအစိုးရသစ်နဲ့ တိုက်ရိုက်ထိစပ် ဆွေးနွေးသွားမယ်ဆိုတဲ့ လက္ခဏာကို မြင်ရပါတယ်။ မာ့က်ဖာမနာ ကတော့ ဒီအချက်ကိုကြည့်ပြီး အီးယူ ဖက်က သဘောထား ပျော့ပြောင်းလာတာလို့ မယူဆပါဘူး။ တကယ် အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အီးယူဖက်ကလည်း ပြောင်းလဲမယ်ဆိုတဲ့ လက္ခဏာ ပြချက်ဖြစ်တယ်လို့ ပြောပါတယ်။

      “ဒီအချက်က အရေးယူမှုတွေကို လျှော့ပေးလိုက်တာ မဟုတ်ပါဘူး။ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ အားလုံးကို ဆက်ထားဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အချို့ကိုပဲ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်တာ ဆိုင်းငံ့တာပါ။ ဒီအချက်ကလည်း သိပ်အရေးပါတဲ့အချက် မဟုတ်ပါဘူး။”

      အီးယူရဲ့ ဆုံးဖြတ်ချက်ထဲမှာ အရပ်သားဝန်ကြီးတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု တနှစ်သက်တမ်း ရုတ်သိမ်းပေးတယ် ဆိုတဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးက လွဲလို့ အခြားဘယ်သူတွေ ပါဝင်သလဲ ဆိုတာတော့ အတိအကျ မဖော်ပြထားပါဘူး။ ဒါ့ပေမဲ့ အစိုးရအဖွဲ့ထဲမှာ အရပ်သားဝန်ကြီး ဆိုလို့

      ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ ပညာရေးဝန်ကြီး ဒေါက်တာမြအေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်နဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီး ဦးတင့်ဆန်းတို့ပဲ ရှိတယ်လို့ ပြောနိုင်ပါတယ်။

      နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုယ်တိုင်က အရင် စစ်တပ်က ဖြစ်ပေမဲ့ အရပ်ဖက်ဝန်ထမ်း အဖြစ် အတော်ကြာကြာ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ကျန်ဝန်ကြီးအတော်များများက လက်ရှိ အရပ်ဝတ်ဆိုပေမဲ့ စစ်ဖက်က လာသူတွေဖြစ်ပါတယ်။

      http://www.voanews.com/burmese/news/Burma-EU-sanctions-04-12-11-119739179.html

  • unclegyi1974

    April 13, 2011 at 3:35 pm

    ရေးတဲ့သူကလည်း လူငယ်တွေပဲရည်ညွှန်း
    မှာပေါ့ တကယ်တမ်းနောက်လှည့်မကြည့်စတမ်း
    လုပ်နိုင်တာလူငယ်ပဲလေ အသက်ကြီးသွားတဲ့
    လူကြီးတွေကတကယ်လုပ်ဟေ့ဆိုရင်အကြံပေး
    နိုင်တာကလွှဲရင်ဘာလုပ်န်ုိင်တော့လို့တုန်း
    ဒါကြောင့်ယနေ့လူငယ်နောင်တနေ့နိုင်ငံခေါင်း
    ဆောင်လို့ပြောကြတာပေါ့

Leave a Reply